29 December 2015

အစောင့်တွေတောင် အထဲ မ၀င်ရဲတဲ့ ကြောက်စရာ အကောင်းဆုံး ကမ္ဘာ့ အကျဉ်းထောင်


 အစောင့်တွေတောင် အထဲ မ၀င်ရဲတဲ့ ကြောက်စရာအကောင်းဆုံး ကမ္ဘာ့အကျဉ်းထောင်

ပီနက်စ်ဆီရူဒက်ဘာရီရို့စ်လို့ ခေါ်တဲ့ အကျဉ်းထောင် ဟာ အယ်ဆာဗေဒိုးနိုင်ငံက မာရာဆယ်ဗာထရူချာ လူဆိုး ဂိုဏ်းသားတွေချည်း ပဲ နေထိုင်တဲ့ ကမ္ဘာပေါ် က အန္တရာယ် အရှိဆုံး အကျဉ်းထောင် တစ်ခု ဖြစ်ပါ တယ်။

ဒီထောင် ကို ထောင်သား ၈၀၀ လောက် နေထိုင်ဖို့ ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ပေမယ့် ခုချိန် မှာတော့ အကျဉ်းသား ပေါင်း ၂၅၀၀ လောက်နေထိုင်နေကြပြီး သူတို့ ဘာသာ ဆေးရုံတွေ၊ ပေါင်မုန့်ဖုတ် လုပ်ငန်းတွေနဲ့ သီးသန့်နေထိုင် နေတာမို့ ဘယ်အစောင့်မှ အထဲ ကို မ၀င် ရဲဘူးလို့ သိရပါတယ်။

အယ်ဆာဗေဒိုးနိုင်ငံ မှာ ၁၂ နှစ်ကြာ ဖြစ်ပွား ခဲ့တဲ့ ပြည်တွင်းစစ် ၁၉၉၂ မှာ ရပ်တန့် သွားပြီးတဲ့နောက် နိုင်ငံတွင်း က လူသတ်မှုဖြစ်ပွားမှု ရာခိုင်နူန်း က မြင့်တက်လာ ခဲ့ပါတယ်။

ပီနက်စ်ထောင်ထဲ မှာ နေထိုင်နေကြတဲ့ မာရာ ဂိုဏ်းသားတွေ ဟာ မျက်နှာ နဲ့ ခန္ဓာကိုယ် မှာ တက်တူးတွေ အပြည့် ထိုးထားပြီး ဒီ တက်တူးတွေ ကို ကြည့်ရင် သူတို့ ဘာ အလုပ် လုပ်သလဲ ဆိုတာ နဲ့ ဘယ်လို ပြစ်မှုတွေ ကျူးလွန်ခဲ့လဲ ဆိုတာ သိနိုင်တယ်လို့ ဆိုပါတယ်။ 

ဒီထောင်ထဲက မာရာ ဂိုဏ်းသားတွေ ဟာ သူတို့ဘာ သူတို့ သီးသန့်ဒေသလေးတစ်ခုအဖြစ် ဖန်တီးထားပြီး ပေါင်မုန့်ဖို၊ ဆေးရုံ၊ ၀ပ်ရှော့တွေ နဲ့ ပြန်လည်ထူထောင်ရေး စခန်းတွေ ကိုလည်း ကိုယ်ပိုင် အဖြစ် ဖန်တီး ထားကြတာ ဖြစ်ပါတယ်။


အယ်ဆာဗေဒိုး အစိုးရ ရဲ့လုံခြုံရေး တပ်ဖွဲ့ တွေ လုပ်နိုင်တာက ပီနက်စ်ထောင် အပြင်ဘက် မှာ နေပြီး ထောင် သားတွေ အပြင် ကို ထွက်မလာစေဖို့ စောင့် ကြည့်တာပဲ ဖြစ်ပါတယ်။

အယ်ဆာဗေဒိုး မှာ ကိစ္စ တစ်ခုကြောင့် အဖမ်း ခံရမယ် ဆိုရင်တောင် အစိုးရ က ဒီလူကို အဲ့ဒီထောင်ထဲ ထည့်လိုက်ပြီး အပြင်လောက နဲ့ အဆက် အသွယ်ပြတ်အောင် လုပ်လိုက်မှာပဲ ဖြစ်ပါတယ်။

အယ်ဆာဗေဒိုး အစိုးရ ရဲ့ ကြေညာချက်အရ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း လူသတ်မှုပေါင်း ၉၁၁ မှု ဖြစ်ပွား ခဲ့ပြီး ၅၂ မှု က သြဂုတ်လ ၂၃ ရက်တစ်ရက်တည်း မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အယ်ဆာဗေဒိုး မှာ ဒီနှစ် ဇန်န၀ါရီလ ကနေ ပြီးခဲ့တဲ့ သြဂုတ်လ အထိ လူသတ်မှုပေါင်း ၄,၂၄၆ မှု ဖြစ်ပွား ခဲ့တာမို့  ရှစ်လတာ အတွင်း တစ်ရက်ကို လူသတ်မှု ၁၇.၅ မှု လောက် ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး ၂၀၁၄ ဇန်န၀ါ ရီ ကနေ သြဂုတ်လ အထိ လူသတ်မှု ဖြစ်ပွားနူန်းနဲ့ နှိုင်းယှဉ်မယ် ဆိုရင် ၆၇ ရာခိုင်နူန်းလောက် မှုခင်းဖြစ် ပွား မှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်မှာ အယ်ဆာဗေဒိုး မှာ မာရာ နဲ့ ဘာရီရို ၁၈ ဆိုပြီး လူဆိုးဂိုဏ်း နှစ်ဂိုဏ်း ကွဲသွား ခဲ့ တာမို့ ၂၀၁၃ နှစ်လယ်ပိုင်း မှာ တစ်နေ့ ကို လူသတ်မှု ၅ မှုလောက် ဖြစ်တော့တဲ့အထိ လူသတ်မှုဖြစ်ပွား နူန်း ကျဆင်းသွားခဲ့ပါတယ်။

ဒီနှစ် မှာတော့ အယ်ဆာဗေဒိုး ဟာ ဟွန်ဒူးရပ်စ်ကို ကျော်ဖြတ်ပြီး ကမ္ဘာပေါ် က အန္တရာယ်အရှိဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး လူပေါင်း တစ်သိန်းမှာ လူသတ်မှု ဖြစ်ပွားနူန်း ၉၀.၄ အထိ ရှိနေတယ်လို့ သိရပါတယ်။

Source – Dailymail
http://www.searchmyanmar.com/link/frame/cid/51233

No comments:

Post a Comment