03 December 2015

တန်ဘိုး

 သကျသီဟ အရှင်အရိယာလင်္ကာရ's photo.


 တစ်ခါတုန်းက သူဋ္ဌေးကြီး တစ်ဦးဟာ သူ ပိုင်ဆိုင်တဲ့ အဖိုးတန် စိန် ရတနာတစ်ပွင့် ကို ယူပြီး သူရဲ့လူယုံ တစ်ယောက် ကို ဈေးထဲမှာ သွားရောင်းခိုင်းခဲ့ ပါတယ်။ 

ဒီ စိန်ရတနာ ကို ဈေးထဲ က ဈေးသည် တစ်ယောက်ယောက် ထံမှာ သူတို့ပေးနိုင် တဲ့ ဈေးထက် နည်းနည်း ပါး ပါး ပိုတောင်းပြီး ရောင်းခဲ့ပါ လို့ မှာလိုက်တယ်။ ပြီးရင် သူတို့ ဘာပြောလဲ ငါ့ထံပြန်ပြီး သတင်းပို့ပါ လို့ လည်း မှာလိုက်တယ်။ 

လူယုံလည်း သူဋ္ဌေးကြီး မှာလိုက်တဲ့ အတိုင်းပဲ ဈေးထဲသွားကာ ပထမဆုံးတွေ့တဲ့ ဖရဲသီးသည် ထံမှာ သွား ပြီးရောင်းလိုက်ပါတယ်။

ဖရဲသီး သည် က သူမှာ ပိုက်ဆံ မရှိလို့ ဒီ ဖရဲသီးများ နဲ့ လဲမယ် ဆိုရင်တော့ လဲနိုင်ပါတယ်၊ ခင်ဗျား စိန်ကို ဖရဲသီး ၉လုံးထိ ကျွန်တော်ပေးနိုင်ပါတယ်ပြောတယ်။ လူယုံ ကတော့ ၁၀ လုံးပေးရင် ကျွန်တော်ရောင်းမယ် လို့  ဆိုပြီး သူပေးတာထက် နည်းနည်း ပိုပြီးတောင်လိုက်တယ်။ 

အဲဒီ အခါဖရဲသီးသည် က ၁၀ လုံးတော့ မပေးနိုင်ဘူး ခင်းဗျားကျောက် က သေးသေးလေး၊ စားလို့လဲ ရတာ မဟုတ်ဘူး၊ ခင်းဗျားရောင်းချင်ရောင်း မရောင်းချင်နေလို့ ပြောလိုက်တယ်။ လူယုံ လည်း သူဋ္ဌေးကြီးထံပြန် လာပြီး အကျိုး အကြောင်းပြောပြတယ်။ 


သူဋ္ဌေးကြီး လည်း ပြုံးလျက် နောက်ထပ် တစ်ဦးထံ မှာ သွားပြီးရောင်းဖို့ စေလွတ်လိုက်ပြန်တယ်။ ဒီ တစ် ခါတော့ လူယုံ ဟာ အ၀တ်အထည်ရောင်းနေတဲ့ လူထံမှာ သွားပြီးရောင်းပြန်တယ်။

အ၀တ်အထည်ရောင်းတဲ့သူ ကလည်း သူ့မှာ ပိုက်ဆံ မရှိလို့ အ၀တ်အထည်နဲ့ လဲမယ်ဆိုရင်တော့ အထည် ၉ထည် နဲ့ လဲပါ့မယ် လို့ပြောလေတယ်။ ဒါနဲ့လူယုံ ကလည်း နည်းနည်း ပိုပေးပါ ၁၀ ထည်ရရင် ရောင်း ပါ့မယ် လို့ ပြောတယ်။ 

အထည်ရောင်းသူ ကတော့ ၁၀ ထည်တော့ မပေးနိုင်ဘူး ခင်းဗျားကျောက် က ၀တ်လို့လည်း ရတာ မဟုတ် ဘူး လို့ ပြန်ပြောလိုက်ပြန်တယ်။ 

ဒါနဲ့ လူယုံလည်း သူဋ္ဌေးကြီး ကို အကျိုးအကြောင်း ပြန်ပြီး ပြောပြခဲ့တယ်။ ဒီ အခါမှာတော့ သူဋ္ဌေကြီးဟာ ရတနာ ကုန်သည် တစ်ဦးထံ သွားရောင်းပါ လို့ ခိုင်းလိုက်တယ်။

ရတနာ ကုန်သည် ထံရောက်တော့ ရတနာကုန်သည် က စိန်ပွင့် ကို ယူပြီးကြည့်လိုက် တာနဲ့ အင်မတန် အဖိုး တန်တဲ့ ကျောက်ကောင်း တစ်ပွင့်မှန်း သိသွားတယ်။ 

ဒါကြောင့် ဒီကျောက်ဟာ အင်မတန် တန်ဖိုးကြီးပါတယ်။ ဒီကျောက် နဲ့ တန်တဲ့ တန်ဖိုး ပစ္စည်းပေးနိုင်လောက်အောင် သူ့မှာ မရှိပါဘူးလို့ ပြောတယ်။

ဒါနဲ့ လူယုံ ဟာ အံ့သြစွာ နဲ့ သူဋ္ဌေးကြီးထံ ပြန်လာပြီး အကျိုးအကြောင်းပြောပြပါတယ်။ အဲဒီအခါ ကျမှ သူဋ္ဌေးကြီး ဟာ ဒီကျောက်ရဲ့တန်ဖိုး ကို ငါ အရင်ကတည်းက သိပြီးသားပါ၊ ဒါပေမဲ့ ဒီလို တန်ဘိုးရှိ တဲ့ ကျောက် ကို လူတွေ ဘယ်လို သဘောထားလဲ၊ ရတနာတွေ ရဲ့ တန်ဖိုး ကို သိမြင်နိုင်ရဲ့လား ဆိုတာကို သိချင်စိတ် ရှိလို့သာ စမ်းသပ်ကြည့်တာပါလို့ ပြောပြပါတယ်။

ဆိုလိုတာ ကတော့ တန်ဘိုး ရှိတဲ့ ရတနာ ဆိုတာ တန်ဘိုး သိသူတွေ လက်ထဲရောက်မှသာ တန်းဘိုး ရှိ ပါ တယ်။ 

တန်ဖိုး မသိတဲ့ သူတွေ လက်ထဲရောက်သွားရင်တော့ တန်းဘိုး မရှိ ဖြစ်သွားတတ်ပါတယ်။

ထို့အတူ ပါပဲ ဘုရား တ၇ား သံဃာ   ဆိုတဲ့ ရတနာ သုံးပါး ဟာလည်း တန်ဘိုး မသိသူတွေ လက်ထဲမှာ တန်ဘိုး မရှိ ဖြစ်နေရတတ်ပါတယ်။

တန်ဘိုးသိ လို့ တန်ဘိုး ထားနိုင်ကြပါစေ...............



မှီငြမ်း > အရှင်ပညာဝုဓ (ဓမ္မရိပ်သာ)

သကျသီဟ အရှင်အရိယာလင်္ကာရ


No comments:

Post a Comment