26 December 2015

အာဏာပိုင်တွေရဲ့ သိက္ခာ အတွက် အလုပ်သမားလေး ၂ ဦး ကို သေဒဏ်ပေးတာ - (စီအက်စ်အိုင်အယ်လ်အေ)

Nan Aye Kyi's photo.


လိပ်ကျွန်း လူသတ်မှု မှာ သက်သေ အထောက်အထား ခိုင်လုံမှု မရှိဘဲ... မြန်မာ အလုပ်သမား လူငယ် ၂ ဦး ကို သေဒဏ်ပေးလိုက်တဲ့ စီရင်ချက်ဟာ ဒေသခံ အာဏာပိုင် နဲ့ ဒေသတွင်း သြဇာညောင်းသူတွေ ရဲ့ သိက္ခာ အတွက် ဆုံးဖြတ်လိုက်တာ လို့ လူမှုကွန်ရက် က စီအက်စ်အိုင်အယ်လ်အေ အကောင့် ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါ က ဒီဗွီဘီကို ပြောပါတယ်။

စီအက်စ်အိုင်အယ်လ်အေ ဟာ လိပ်ကျွန်း လူသတ်မှု နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ဆွဲထုတ်ရင်း လူသိ များ လာတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ တစ်ခုဖြစ်ပြီး လက်ရှိ ကြည်ရှုသူ ပရိသတ်ပေါင်း ၆ သိန်းကျော် ရှိနေ ပါတယ်။

စီအက်စ်အိုင်အယ်လ်အေ အကောင့် ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါ ကို ဒီဗွီဘီ က ဆက်သွယ်မေး မြန်း ထားပါတယ်။

ကော့စမွီခရိုင် တရားရုံး ရဲ့ ဆုံးဖြတ်ချက်ပေါ် ဘယ်လိုမြင်ပါသလဲ။
“ကျနော့်အနေနဲ့ ကတော့ ဘာမှ မအံ့သြမိပါဘူး၊ အောက်ခြေ တရားရုံးတွေ က ဒီလိုပဲ လုပ်နေကျ၊ ဒေသ တွင်း အာဏာပိုင်တွေ၊ သြဇာ ကြီးမားသူတွေ က အောက်ခြေ တရားရုံးရဲ့ ဆုံးဖြတ်ချက် ကို ၀င်ရောက် စွက်ဖက်နိုင်တော့ သေချာတယ် မှားဖမ်းထားတဲ့ လူငယ် ၂ ယောက် ကို လွှတ်ပေးမှာမဟုတ်ဘူး၊

 လွှတ်ပေးလိုက်ရင် ရဲတပ်ဖွဲ့ရော၊ ခရိုင် တည်ငြိမ်အေး ချမ်းရေးကောင်စီ (လက်ရှိ အစိုးရ) ကိုရော၊ အာဏာ ပိုင် အဖွဲ့တွေရော မျက်နှာပျက် စရာတွေ ဖြစ်နေတယ်။ တစ်ဘက် မှာ ခရိုင်တည်ငြိမ်အေးချမ်းရေးကောင် စီမှာ လည်း တခြားပြဿ နာတွေ ဖြေရှင်းရမှာတွေ အများကြီးရှိသေးတယ်၊


ဒါကြောင့် ဒီ ကလေး ၂ ယောက်ကို လွှတ်ပေးမှာမ ဟုတ်ဘူးလို့ ကျနော် ထင်ထားတယ်လေ။ လက်ရှိအခြေ အနေ မှာ ဆင်းရဲသားရွှေ့ပြောင်း အလုပ်သမားလေး ၂ ယောက်ထက် သူတို့ ရဲ့ နာမည်တွေ၊ ဂုဏ်သိက္ခာတွေ က ပိုပြီး အရေးကြီးနေတယ်။”

ကော့စမွီခရိုင် တရားရုံး ရဲ့ စီရင်ချက် ဟာ ထိုင်းနိုင်ငံ ရဲ့ ပုံရိပ်ကောင်းဖို့ အတွက် အကာအကွယ်ပေးနေ တာများလား။

“မဟုတ်ပါဘူး၊ နိုင်ငံ့ သိက္ခာ နိုင်ငံ့ ပုံရိပ်ကို အကာအကွယ်ပေးတာထက် ဒေသတွင်း လက်ရှိ အာဏာရှိ သူတွေ ရဲတွေက သူတို့ သိက္ခာ အတွက် လုပ်နေတာ။ သူတို့ က နိုင်ငံ အတွက်ပြောပြီး သူတို့ကိုယ် သူတို့ ကာကွယ်နေတာ၊ နယ်မြေတွင်း သြဇာ အာဏာရှိသူတွေကပါ ဒီ အမှုမှာ ပါဝင် ပတ်သက်နေတာ၊ ရဲတပ်ဖွဲ့က လူမှားပြီး ဖမ်းတာ မဟုတ်ပါဘူး ဆိုတာကိုပြချင်တာ၊

ဒီအန်အေ ကိစ္စမှာ ဒေါက်တာ ဖွန်းထစ် ကိုယ်တိုင် က လက်မခံဘူး ဆိုတာတောင်မှ ခုလို စီရင်ဆုံးဖြတ် လိုက်တာလေ၊ တရားခံ အဖြစ် စွပ်စွဲ ခံရတဲ့ မြန်မာ လူငယ် ၂ ယောက် နဲ့ စာလိုက်ရင် သူတို့မှာ ငွေရှိတယ်၊ သေနတ်ရှိတယ်၊ အာဏာ ရှိတယ်၊

ဒါပေမယ့် ဒါဟာ အောက်ခြေ တရားရုံး အဆင့် မှာပဲ စွက်ဖက်လို့ ရမယ်၊ နောက်ထပ် အဆင့်မြင့် တရားရုံး (အယူခံရုံး) နဲ့ အဆင့်အမြင့်ဆုံး (တရားလွှတ်တော်ရုံး) မှာတော့ ဒေသ အာဏာပိုင်တွေ သွားပြီး စွက်ဖက် လို့မ ရဘူး၊ ကလေးတွေ က နောက်ထပ် ၂ ဆင့်ထိ အယူခံ ၀င်လို့ ရသေးတယ်။”


အဲဒီ ၂ ဆင့် မှာကော လွှတ်မြောက်နိုင်ဖို့ အခြေအနေ ရှိပါသလား။

“ရှိပါတယ်၊ ကျနော် လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် က ထိုင်းနိုင်ငံမှာ ဖြစ်ပျက် ခဲ့တဲ့ လူသတ်မှု တစ်ခုကို ပြန်ပြောပြ ချင်တယ်။

ရှယ်လီအန်း (Sherry Ann) ဆိုတဲ့ ထိုင်း အမေရိကန် ကပြား မလေး အသတ် ခံခဲ့ရတဲ့အမှုပါ၊ အဲဒီတုန်းက လူ ၆ ယောက်ကို တရားခံ အဖြစ် ဖမ်းဆီးပြီး သေဒဏ် အပြစ်ပေးခဲ့တယ်။ အမှန်က လူမှားပြီး ဖမ်းတာဖြစ်တယ်။

အပြစ်ပေး ခံရသူတွေဟာ အဆင့်မြင့် တရားရုံးထိ အဆင့်ဆင့် တက်ပြီး အယူခံ ၀င်ခဲ့တဲ့ အတွက် နောက်ဆုံး ၆ ယောက်စလုံး ပြန်လွတ် လာခဲ့တယ်။ ဒီ ခိုတောင် အမှု (လိပ်ကျွန်း အမှု) ကိုလည်း တချို့က ဒုတိယ ရှယ်လီအန်း အမှုလို့တောင် တင်စားပြောဆိုကြတယ်၊

ဒါကြောင့် မြန်မာ လူငယ် ၂ ယောက် အနေ နဲ့ စိတ်မပျက်ဖို့ ပြောချင်ပါတယ်။ ဒါဟာ အစပိုင်းပဲ ရှိပါသေး တယ်၊ ရှေ့ဆက်ရင်ဆိုင်ရမယ်၊ နောက်ထပ် တရားရုံးတွေမှာ အတွေ့ အကြုံတွေ အများကြီးယူရဦးမယ်။”


စီအက်စ်အိုင်အယ်လ်အေ အနေနဲ့ ထိုင်း လူမျိုး တယောက်ဖြစ်ပြီး လိပ်ကျွန်း လူသတ်မှု မှာ မြန်မာ အလုပ်သမား ၂ ယောက်ဘက် ကနေ ရပ်တည်ပြောဆိုနေတဲ့ အပေါ် ထိုင်း လူမျိုးတွေက ထိုင်း အာဏာ ပိုင်တွေ က ဘယ်လိုပြောဆိုကြပါသလဲ။

“ကန့်ကွက်တဲ့ လူလည်း ရှိပါတယ်၊ ထောက်ခံတဲ့လူလည်းရှိပါတယ်၊ ခြိမ်းခြောက် တာတွေလည်း ခံရပါ တယ်။ ကိုယ့်လူမျိုးဘက်က မနေဘဲ မြန်မာ ဘက်ကို အရေးပေး တာတို့၊ ၀တ္တရားနှောင့်ယှက် တာတို့၊ ကိုယ့်နိုင်ငံကိုယ် နာမည် ပျက်အောင်လုပ်တယ် တို့ ဘာညာပေါ့ဗျာ။

ကျနော့် ဘက်ကနေ ထောက်ခံတဲ့လူကတော့ ပိုများတယ်ဗျ၊ ဒါပေမယ့် ကျနော် ကတော့ ဘယ်နိုင်ငံ ဘယ် လူမျိုးဆိုပြီး မူတည်ပြီး လုပ်နေတာ မဟုတ်ပါဘူး။ တရားမျှတမှု နဲ့ အမှန်တရား က အဓိကပါ။ အမှန်တရား ဟာ အမှန်တရားပါပဲ။”

အခုလိုအချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်ကော ဘာများပြောစရာရှိပါသေးလဲ။

“လူငယ် ၂ ယောက်ဘက်က လူတွေအနေနဲ့ စိတ်ဓာတ် မကျပါနဲ့ ဆက်ပြီး ရင်ဆိုင်ပါလို့ ပြောချင်ပါတယ်။ ကျနော့်ဖေ့စ်ဘွတ်ခ်ပေါ် က ထိုင်း လူမျိုး အများစု ကလည်း မြန်မာ လူငယ် ၂ ယောက်ဘက် က ရပ် တည်ကြတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားတွေအနေ နဲ့ ဥပဒေ ဆိုင်ရာ ဗဟုသုတတွေ ရှာဖွေလေ့လာ ထားသင့်ပါတယ်။

အာဏာပိုင်တွေ၊ ရဲတွေက ခြိမ်းခြောက်တာ ချော့မော့တာတွေ ကို အလွယ်တကူ လက်မခံပါနဲ့၊ ကိုယ့်မှာ အသိပညာ မရှိရင် ဥပဒေ နားမလည်ရင် အလွယ်တကူ လူမှားဖ မ်းဆီး ခံရသူ ဖြစ်တတ်ပါတယ်။

ဝင်း နဲ့ ဇော်တို့ရဲ့ အဖြစ်အပျက် ကိုကြည့်ပြီး သင်ခန်းစာ ယူနိုင်ပါတယ်။


Credit- မျိုးချစ်မြန်မာလူငယ်အသင်း
Moe Khaing >fb စာမျက်နှာမှ
 Nan Aye Kyi
 
 

No comments:

Post a Comment