25 December 2015

အိပ်ထ မတင်ဟာ မလုပ်သင့်သော အားကစားဖြစ်

Yoyarlay's photo.
 

အမေရိကန် စစ်တပ်မှနေပြီးတော့ ၎င်းတို့ ရဲ့ စစ်သား များကို အိပ်ထမတင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းအား စတင် တားမြစ်လိုက်ပါပြီ။ သူ့ကို Si...t-up လို့ အင်္ဂလိပ် လို ခေါ်ပါတယ်။ ယင်း အားကစားနည်း ဟာ ကြောရိုး နဲ့ ကြောရိုး တစ်လျှောက် အာရုံကျော အပေါ် ဆိုးကျိုး သက်ရောက်စေတာကို လေလာ တွေ့ရှိပြီးတဲ့နောက်မှာ တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်။

ယင်း အားကစားနည်း ဟာ ဗိုက်ကြွက်သား၊ ပေါင်ကြွက်သားများ အတွက် အဓိက ဖြစ်ပြီး ကစားလာကြရာ တကယ်တန်းကျတော့ သူဟာ ထင်မှတ်မထားနဲ့ ဘေးထွက် ဆိုးကျိုးရှိစေကြောင်း ဆိုပါတယ်။

အမေရိကန် စစ်သားပေါင်း အယောက် တစ်သောင်း ကို စောင့်ကြည့် လေ့ကျင့်စေခဲ့ပြီး ၎င်းတို့ရဲ့ ကျော ရိုးအောင့်ခြင်း၊ ခါးနာခြင်း တို့ရဲ့ အဓိက တရားခံဟာ ယင်း အားကစားနည်း ဖြစ်နေတာကို လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ ကျောရိုး ကို ပရက်ရှာဖြင့် ဖိတဲ့ သဘောသက်ရောက်ပြီး အာရုံကြောကိုပါ ထိခိုက်ပါတယ်။


ဒါကြောင့်မို့ ယင်း အားကစား ကို push up ရဲ့ plank pose လိုခေါ်တဲ့ နည်းလမ်း နဲ့ အစားထိုး မှာ ဖြစ်ကြောင်း ဆိုပါတယ်။

သူက ဒိုက်ထိုးခြင်း ကို တံတောင်ဆစ် အသုံးပြုပြီး တစ်လည့်စီ ကျတဲ့ နည်းလမ်းဖြစ်ပြီး ယင်း နည်းလမ်းကို https://youtu.be/uco2g3YexwA ကနေ ကြည့်ရှုနိုင်ပါတယ်။

ဒါကြောင့်မို့ လက်ရှိ sit-up အိပ်ထ မတင် ပြုလုပ်နေသူများ အနေနဲ့ ယင်းသို့ ပြုလုပ်ခြင်းကို ရှောင်ကြဉ်နိုင် ရန် သတင်းပေး တိုက်တွန်းလိုက်ရပါတယ်။
.
Ref : dailymail
http://www.dailymail.co.uk/…/Are-sit-ups-BAD-Exercise-outda…
အောင်ခမ်း (ရိုးရာလေး)www.yoyarlay.com
‪#‎aungkham_yyl‬
‪#‎health_yyl‬
‪#‎exercise_yyl


 

No comments:

Post a Comment