01 May 2016
ရဟန္တာ နှင့် ပုဂ္ဂိုလ်ထူး များ ကောင်းကင်တွင် ဈာန်ပျံခြင်း
 Zaw Win's photo.
တစ်ခါက. ကိုဘအောင် . Page.တစ်ခုမှာ နိုင်ငံခြားသားများ ကလေ့လာ ပါတယ် ဆိုတဲ့ ဗုဒ္ဓ ဘာသာ ရဟန်းတော်များ  ကောင်းကင်တွင် သွား ခြင်း( သူတို့ အခေါ် ) သုတေသနပြုလုပ်ထားတယ် ဆိုတာကို ဖတ်လိုက် ရတယ်။ သူငယ်ချ င်းတွေလည်း ဖတ်လိုက်ကြရမှာပါ .။
သူတို့ရဲ့သုတေသန မှတ်ချက် က. ဘာပေးထားသလဲ ဆိုတော့ ၊ ထို ဗုဒ္ဓ ဘာသာ ဘုန်းကြီးများ သည် ဝတ်ရုံ ထားသော အဝတ် ကို လှုပ်ခတ်၍ ကောင်း ကင်တွင် သွားလာကြသည် လို့ ဆိုသကိုးဗျ ( အင်း ... ဒါလောက်လေး နဲ့ များ သုတေသန လုပ်နေသေးတယ်)
 အောက်မှာ တစ်ယောက်က ဘာကွန်မန့် ဝင်ရေးလိုက် သလဲ ဆိုတော့ ... " ကောင်းကင် ဈာန်နဲ့ကြွတာ သူ့ကျ မှ ငှက်ဖြစ်ရတော့တယ် " ကိုဘအောင် ဖတ်ပြီး အတော် သဘောကျ မိပါ တယ်.. ဒီ သုတေသန နဲ့ ဒီ ကွန်မန့် ကို နောက်တော့ တွေးပါတယ် ။ ဒါကို လက်ခံနိုင်လောက်တဲ့  ဖြေရှင်း ချက် များပေးနိုင် ပြနိုင်သလား ဆိုတာ....
ကိုဘအော င်အခု ရှင်းပြမယ် ဆိုရင်တော့.... လုံးလုံးပြည့်စုံ မှန်ကန်တဲ့ အဖြေ တစ်ခု အဖြစ် လက်မခံ ရင်နေ.. အနောက်တိုင်း သုတေသနပြုချ က်ထက် သာပြီး စာဖတ်သူကျေနပ်နိုင်လောက်တဲ့ အဖြေဖြစ်
မှာပါ....
ကျနော်တို့ ခြေလှမ်း တစ်ခု ကို သတိပဌာန် တရားရှုတဲ့ အခါမှာ ဓမ္မာနုပသ၁နာ ရှု့နည်း အရ မူလ ဘူတဖြစ် တဲ့ ဓာတ်ကြီးလေးပါး ရဲ့သဘောကို ဒီလို မြင်ရပါတယ်....
 ခြေ တစ်လှမ်းပေါ့ဗျာ ... အဆင့်တွေ က   ကြွတယ်..ဆွဲတယ်.. လှမ်းတယ်..ချတယ်.. ထိတယ်.. အဲ့ဒီ အဆင့်တွေ မှာ မူလဘူတ ဓာတ်ကြီးလေးပါး ရဲ့ သဘော နဲ့ သတ္တိတွေ ဘဲဗျ ။ ဒါကို မှတ်တဲ့ အခါမှာတော့....
လှမ်းမဲ့ခြေ အကြွမှာ  ပေါ့ပြီး ပါလာတယ် ။ ဒါက  တေဇော ဘဲ သူ့မှာ ပေါ့ပါးတဲ့ သတ္တိရှိတယ် ... 
ဆွဲတာ လှမ်းတာ ကတော့ ဝါယော ဘဲ သူက လှူပ်ရှား တွန်းထိုး တဲ့ သတ္တိ ရှိတယ် ။ ချမယ်လို့ သိတဲ့ အချိန် ခြေထောက်ဟာ လေး နေတဲ့ ခံစားမှူကိုသိလိုက်တယ်။  လေးတာ က ဖွဲ့စည်း ယိုစီး တဲ့ အာပေါ ရဲ့သတ္တိ ၊ နောက်တော့ ချလိုက်တယ် ။  
ုကြမ်းနဲ့. မြေနဲ့ ထိမှုကို သိလိုက်တယ် ဒါကတော့ ပထဝီ လို့ခေါ်တဲ့  မြေဓာတ် ရဲ့သတ္တိ ခက် မာ နူး ညံ့
ပထဝီ  တဲ့ဗျ ဒီတော့ ကျနော်  ဒီ  အထဲမှာ တေဇော ရဲ့ သတ္တိ ကိုဘဲ ယူလိုက်မယ်......
 တေဇော ဆိုရင် ပူတာလဲ  တေဇော အေးတာ လည်း တေဇော ပါဘဲ ဒီနေရာမှာ အအေးတေဇော ဆိုတာကို
ကျနော်ယူလိုက်မယ် ...
 ကုသိုလ်.. အကုသိုလ် ဟာ ဘာလဲ.. ?    ဆိုတဲ့   post   .မှာ...............
စိတ် မှီသော နှလုံးအိမ် တွင် အအေးဓာတ် ထွက်အောင် ပြုလုပ်ခြင်း သည် ကုသိုလ် ဓာတ်ကို ခံစား ရခြင်းဖြစ် ပြီး   ..   စိတ်  မှီသောနှလုံးအိမ် တွင် အပူဓာတ် ထွက်အောင်ပြု လုပ်နေခြင်းသည် အကုသိုလ်ဓာတ် ကို ခံစားရခြင်းဟု ကျနော်ရှင်းပြဘူးပါတယ် ။
 ဒီတော့ ကုသိုလ်  အကုသိုလ်  ထဲက စိတ်မှီသောနှလုံးသား တွင် အအေးတေဇောကို စိမ့်ထွက်အောင်  ပြုလုပ်နိုင်သော ကုသိုလ် ဓာတ် နဲ့  ရှင်းရပါ့မယ် ။
မဟာကုသိုလ်  လို့ခေါ်တဲ့ ဈာန် အပိုင်းမှာ....................... 
ဘုရားရှင်က. .. 
နောက် ဒုတ်ယ ဈာန်  မှာ ဆိုရင်တော့ စမ်းရေပေါက်က ရေစိမ့်ထွက်သလို .. အအေးဓာတ် ပိုလာသည်
လို့ပြပါတယ်။ စဉ်ဆက်မပြတ်နှလုံးသားက အအေး ဓာတ် ထုတ်လုပ်နိုင်မှုကြောင့် တေဇော ရဲ့သတ္တိဝင်ပြီး
ရုပ်ကြီး ကိုပေါ့ပါး တက်ကြွစေခဲ့တာပါ။
ရဟန္တာကြီးတွေ ကောင်းကင်ပျံ ကြွနိုင်သလို ဗုဒ္ဓ ဘာသာဝင် မဟုတ်သော ပုဂ္ဂိုလ်ထူးကြီးများ လည်း
ကောင်းကင် ဈာန် ရကြတာပါဘဲ။
ဒါဆိုရင်........တူညီတဲ့ အစွမ်းသတ္တိ တစ်ခုတော့ ရှိမှာပါ  မဟာယာန တိဘက် လားမား မှတ်တမ်းများ မှာလည်း  တိဘက်  ဘုန်ူတော်ကြီးတွေ ဘာ  အကူအညီ မှ မပါဘဲ ရေပြင်ပေါ်မှာ ဒီ အတိုင်းဖြတ်ကြွ သွားကြ တယ် ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိတာပါဘဲ....
ဒီနေရာမှာ ပီတိ ဆိုတာလေး ထည့်ပြောခြင်တယ်ဗျ........................
ပီတိ ဆိုတာ ချမ်းသာ ပါဘဲတဲ့ ။  မိမိ စိတ်က လိုခြင်လို့ ပုံဖော်ပြီးတောင်တ တဲ့  အာရုံ  နဲ့ ဖြစ်လာတဲ့  အာရုံ ဟာ အချိုး တည့်သွားချိန် နှလုံး စိတ်ဝမ်းအေးချမ်းမယ်နှစ်သက်သွားမယ် ။
 အဲ့ဒိ အချိန်ဟာ ချမ်းသာ တဲ့ အချိန် ဘဲတဲ့ ချမ်းသာဖြစ်လို့ ပီတိကို စားရ တဲ့ အချိန်မှာ စိတ်မှီသောနှလုံးသား တွင် အအေးဓာတ် ထွက်ပြီး ခန္တာကိုယ်ပေါ့ပါး လွပ်လပ် သွားပြီး မြေ နှင့် ခြေသည် ထိသည် ဟုပင် မထင်ရ လို့ပြောကြပါတယ် ။  ဒါက တင်စားတာ မဟုတ်ပါ ချမ်းသာ ရဲ့အရှိုန် ပါဘဲ ။
ဈာန် အပိုင်းမှာကြည့်ရင် ပုဂ္ဂိုလ်ထူးများဟာ အိမ်ထောင် သားမွေး လူမှုရေး ကိစ္စ များစွန့်. ရတာ စားပြီး အပူ အပင်မဲ့ ချမ်းသာကို ခံစားနေကြ သဖြင့် ခန္တာကိုယ်ပေါ့ပါး လာပြီးကောင်းကင် တွင် သွားလာနိုင် ကြခြင်းဖြစ် သည်။
ရဟန္တာ သည် ကိလေသာ ကို အကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်သော်လည်း ရဟန္တာ မဟုတ်သော ပုဂ္ဂိုလ်ထူး
များ သည် ကိလေသာ မကုန်သေး သဖြင့် နှလုံးသား တွင် အပူတေဇော ထွက်ပါက ရထားသော ဈာန် သည်
နိမ့်ကျနိုင်ပါသည် ။
 ထို့ကြောင့် ရုပ်ပေါ့ပါးမှု မရှိတော့ဘဲ  ကောင်းကင်  ပျံနိုင်ခြင်း  စွမ်းအားပျောက်ကွယ်နိုင်ပါသည်။
ကိုဘအောင်  တင်ပြချက်  ကို သုံးးသပ်ကြည့်ပါက တေဇော အဟုန် သည်ပေါ့ပါးသော သတ္တိ ရှိသဖြင့်
စိတ် မှီသောနှလုံးသား တွင် အအေးဓာတ် ကို စဉ်ဆက် မပြတ် ထုတ်လွှတ်နိုင်သူသည် ခန္ဓာကိုယ်ပေါ့ပါး ကာ
ရေပေါ်ဖြတ်ကြွခြင်း ကောင်းကင်ပျံ နိုင်ခြင်းများပြု လုပ်နိုင်သော အစွမ်းသတ္တိထူး ကို ရပါသည်။
ထို သတ္တိကား အအေးတေဇော သတ္တိ ပင်ဖြစ်ပါသည်။
 လေးစားစွာဖြင့်
.( ကို ဘ.ေ အ.ာ င် )
 Kapiya Gyi BaThaw
No comments:
Post a Comment