03 May 2016

တပ်မတော် ပြိုကွဲစေရန် ခွဲထုတ် ဖြိုဖျက်ခြင်းများ နည်းလမ်းမျိုးစုံဖြင့် လုပ်နိုင်၍ သတိရှိရန် တပ်ချုပ် သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စကားပြောကြားနေစဉ် (ဓာတ်ပုံ − Senior General Min Aung Hlaing FB)
 
 

တပ်မတော် ပြိုကွဲစေရန် ခွဲထုတ် ဖြိုဖျက်ခြင်းများ နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်ပြီး တပ်မ တော်၏ စည်းလုံး ညီညွတ်မှု ပျက် ပြားစေရန် လုပ်ဆောင်လာနိုင် သ ဖြင့် သတိရှိကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် က ပြော ကြားလိုက်သည်။
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က မေလ၂ ရက်တွင် ရန်ကုန် တိုင်း စစ်ဌာနချုပ် အနော်ရထာ ခန်းမ၌ ရန်ကုန် တပ်နယ် ရှိ အရာ ရှိ၊ စစ်သည် မိသားစုများ အားတွေ့ ဆုံ အမှာစကားပြောကြားရာတွင် အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ လျှောက်လှမ်းနေ သည့် နိုင်ငံရေး စနစ် မှန်မှန် ကန် ကန်၊ ခိုင်ခိုင်မာမာ ရှိစေရန် နည်း လမ်း တကျ ပူးပေါင်းဆောင်ရွက် နေသော တပ်မတော် ၏ ရပ်တည် ချက်၊ လုပ်ဆောင်ချက်များ အပေါ် အထင်အမြင် လွဲမှား သုံးသပ်သူ အချို့သည် တပ်မတော် ပြိုကွဲ အောင် ခွဲထုတ်ဖြိုဖျက်ခြင်း နည်း လမ်းမျိုးစုံဖြင့် လုပ်ဆောင် ပြီး တပ်မတော် စည်းလုံး ညီညွတ်မှု ပျက်ပြားအောင်၊ တပ်မတော် ‘အား’ ပျော့သွားအောင် လုပ် ဆောင် လာနိုင် သဖြင့် သတိတရား ရှိကြရန်နှင့် တပ်တွင်း စည်းလုံး ညီညွတ်မှုကို အလေးထား လုပ် ဆောင်ရ မည်ဖြစ်ကြောင်း တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။


 
တပ်မတော် ကာကွယ်ရေးဦး စီးချုပ် က ၂၀၁၅ ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲ အကြို၊ ရွေး ကောက် ပွဲနှင့် ရွေးကောက်ပွဲ အ လွန် ကာလများ၌ မိမိတို့၏  အ ခြေခံ သဘောထား ရပ်တည်ချက် များကို ထုတ်ဖော် ၍ လွတ်လပ်ပြီး တရားမျှတမှု ကို ဖော်ဆောင်ပြသ နိုင်ခြင်း မှာ တပ်မတော် ၏ ဂုဏ် ပင်ဖြစ်ကြောင်းနှင့် ပါတီစုံ ဒီမိုက ရေစီ စနစ် ၌ သက်တမ်း ကာလ တစ်ခု အတွက် အစိုးရ ကို ပြည်သူ များ ဆန္ဒ အရ မဲပေးရွေး ချယ်ခဲ့ ကြောင်း ၊ပြည်သူ့ ဆန္ဒကို ဖြည့်စွမ်း နိုင်သော အစိုးရ သည် ရေရှည်ခိုင် မြဲမည်ဖြစ်ကြောင်း ဆိုသည်။ 

ထို့ ကြောင့် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံ တွင် အချို့နိုင်ငံရေး ပါတီ၊ အစိုးရ များသည် သက်တမ်း နှစ်ကြိမ်၊ သုံးကြိမ် ၊ လေးကြိမ် စသည်ဖြင့် ကြာရှည် ခိုင်မြဲပြီး အချို့မှာ သက် တမ်း ကာလ မပြည့်မီ မှာပင် ကျရှုံးမှုများ လည်း ရှိကြောင်း ဆက် လက်ပြောကြားသည်။

နိုင်ငံ ဖြတ်သန်းနေရသည့် လက်ရှိ အခြေအနေ တွင် တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ လုပ်ဆောင်ရန် များစွာ ကျန်ရှိနေပြီး ဒီမိုကရေစီ စနစ်ကို လက်ခံခိုင်မြဲစေလိုပါက လက်နက်ကိုင် ပဋိပက္ခ များ ချုပ် ငြိမ်းရေး၊ တရား ဥပဒေလေးစား လိုက်နာရေး လုပ်ထုံး လုပ်နည်း များနှင့် အညီ လုပ်ကိုင်ရေး တို့ကို အလေးထား ရမည်ဟု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က ဆို သည်။

အချို့ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများ သည် တိုင်းရင်းသား များ၏ အခွင့် အရေး တောင်းဆိုမှု အပေါ် မူတည်ဖြစ် ပေါ်လာသော်လည်း အချို့ အဖွဲ့ အစည်းများသည် ဥပဒေ တွင်ပြဋ္ဌာန်းပေး ထားပြီးဖြစ် သည့် အချက်အလက် များကို မျက်ကွယ်ပြု၍ အတင်းတောင်းဆိုမှု များ ရှိကြောင်းနှင့် ယင်း အပေါ်တွင် အချို့ အဖွဲ့အစည်း များက သွေးထိုး ရန်တိုက်၍ အမုန်း တရားကြီးမားစေရန် လုပ်ဆောင်နေခြင်းသည် တိုင်းရင်း သား စည်းလုံး ညီညွတ်မှုကို မခိုင်မြဲစေရန် လုပ်ဆောင်နေခြင်းဖြစ်၍ များစွာ အန္တရာယ်ကြီး မားကြောင်း လည်း ဆက်လက်ပြောကြားသည်။

ထိုသို့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ကို ထိခိုက်စေမည့် ပြုမူ ပြောဆိုရေးသား လုပ်ဆောင်မှု များ မဖြစ် ပွားစေရန် ကြပ်မတ် ထိန်းသိမ်းရန် လိုအပ်ပြီး တပ်မ တော်သား စစ်မှုထမ်းများ အနေ ဖြင့် တစ်ဦးချင်း ကိုယ်ရေး ကိုယ် တာ ကိစ္စရပ်များ အပါအ၀င် ပြော ဆိုနေထိုင် လုပ်ကိုင်မှု အားလုံး ကို စဉ်းစား ဆင်ခြင် ထိန်း သိမ်းလုပ် ဆောင်ခြင်းဖြင့် ပြည်သူနှင့် စည်း လုံး ညီညွတ်မှု ခိုင်မာအောင် တည် ဆောက်ကြရန် တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က တိုက်တွန်း ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးရဲထွန်း က ‘‘ဟို တစ်လောက ဦးရွှေမန်း ဖေ့စ်ဘွတ်ခ် မှာရေး တာကို ရည်ညွှန်း တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်’’ဟု ခန့်မှန်းသည်။ ထို့ အပြင် ဦးရဲထွန်း က ‘‘နိုင်ငံရေး ပါတီတွေ ကို ရည်ညွှန်းပြောတာ NLD အ ပြင် တခြား တိုင်းရင်းသားပါတီ တွေကို ရည်ညွှ န်းပြောတာလည်း ဖြစ်နိုင်ပါတယ်။

 ဘာလို့လဲ ဆိုရင် NLD က ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်မယ်ပြောတယ်။ ဒီမိုကရေစီ ဖက်ဒရယ် စနစ် သွား မယ်ပြော တယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ ကလည်း ဒီမိုကရေစီ ဖက်ဒရယ်စနစ် သွားမယ်ပြော တယ်။ အသေးစိတ် သဘောတူ၊ မတူ ရှင်းရှင်း လင်းလင်း မရှိသေး ပေမယ့် ယေဘုယျ ရည်ညွှန်းပြောတာလည်း ဖြစ်နိုင်ပါတယ်’’ဟု သုံးသပ်သည်။

 http://www.7daydaily.com/story/63787



No comments:

Post a Comment