01 May 2016

ဂျာမဏီ နဲ့ အမေရိကန် တို့ ဘာသာရေးကြောင့် အမှောင်ချထားခဲ့တဲ့ ဗုဒ္ဓဘာသာဝင် အိုင်းစတိုင်း

Pan Chitthu's photo.


လူ တစ်ယောက် ၏ အသိဥာဏ်နှင့် ယှဉ်၍ ဘာသာ တရား ကိုးကွယ် မှု့ကွဲပြားကြလေသည်။

အဲလ်ဘတ်အိုင်းစတိုင်း ကို ဂျာမဏီ နိုင်ငံ အမ်းမြို့မှာ( 1879 ) ခုနှစ် မတ်လ ( 14 ) ရက်နေ့တွင် ဖွားမြင် ခဲ့ပါ သည်။ သူဧ။် မိဘ များသည် ရဟူဒီ ( ဂျူးလူမျိုး ) နွယ်ဖွားများ ဖြစ်ကြပြီး လျှပ်စစ် ပစ္စည်း အရောင်းဝယ်လုပ်ငန်း လုပ်ကိုင်ခဲ့ကြလေသည်။


အိုင်းစတိုင်း သည် ငယ်စဉ် ကလေးဘ ၀တွင် အလွန် ထုံထိုင်းလေးလံရုံသာ မက စကားလည်း နည်းလှ လေ သည်။ အခြား ကလေးများလို ဆော့ကစားခြင်း မရှိပဲ တစ်ယောက် တည်း တွေးနေ ငေးနေ တက်သည်။ 

မူလတန်း စတက်သည့် အခါတွင် လည်း ဥာဏ်ထိုင်းသည် ဟု ဆရာ များဧ။် မှတ်ချက်ပေး ခြင်းကို ခံရလေ သည်။ သို့သော် သူသည် အသက် ( 6 ) နှစ်သား အရွယ်တွင် တယော ထိုးခြင်း ကို စတင် သင်ကြားနေပြီ ဖြစ်ပြီး ဂီတ ကိုလည်း မြတ်နိုး တန်ဖိုး ထားတက်နေပြီ ဖြစ်သည်။

သူသည် သင်္ချာဘာသာရပ် တွင် အလွန် ညံ့ဖျင်းပြီး ခေါမ နှင့် လက်တင် ဘာသာ သင်ကြားရာမှာ လည်း စိတ်ဝင်စားမှု မရှိခဲ့ချေ။ သူ့ကို ဦးလေးဖြစ်သူ Jakob က အက္ခရာ သင်္ချာ နှင့် ဂျီသြမေတြီ သဘောတရားများကို နားလည်အောင် ရှင်းပြပေးခဲ့သည့် အတွက် အိုင်းစတိုင်း သည် သင်္ချာ ဘာသာ ကို ဆရာ များ အံ့သြလောက် သည် အထိ ထူးချွန်လာခဲ့ပြီး ပညာ ဆက်လက် သင်ကြား နိုင်ခဲ့လေသည်။


အိုင်းစတိုင်း သည်ကား ၂၀-ရာစု အစောပိုင်း အဏုမြူစွမ်းအင် ကဏ္ဍ ၏ ဖခင်ကြီးပေတည်း။ ရုပ်ဒြပ် တို့သည် အလင်းရောင် ၏ အလျင်နှုန်း နီးပါး ခုန်ပျံ လှုပ်ရှားပြီ ဆိုလျှင် ထိုဒြပ်၏ အလေးချိန် ပမာဏနှင့် အလင်း၏ အမြန်နှုန်း နှစ်ထပ်မြှောက်ကိန်းနှင့် ညီမျှသော အံ့မခန်း စွမ်းအားကို ထုတ်လွှတ်နိုင်သည် ဟူသော သဘော ကို ရှာဖွေတွေ့ရှိ ခဲ့သူ အာဂ ပညာရှင်ကြီးပေတည်း။ 

သူပြောသော ရုပ်ပြ ပစ္စည်း၏ အသေးအမွှား ဆုံး အရွယ်အစား မှာ ပရမာ အဏုမြူဖြစ်သည်။ အဏုမြူ သည် မြဲ သည်၊ မပြိုကွဲ မပျက်စီးနိုင် ဟူသော နိယာမ အယူအဆ ကို လက်တွေ့ဖြိုခွဲ ပြိုလဲစေသူဖြစ်သည်။

သူ့လို လူမျိုး က အနာဂတ် ဗုဒ္ဓသာသနာအရေး ကို မည်သည့် အကြောင်း တရားများကြောင့် ဟောကိန်း ထုတ် ခဲ့ သည် ကို ကျွန်ုပ်တို့ အတိအကျ မသိရသော်လည်း သိပ္ပံပညာရှင်တို့ မည်သည် သူတို့တွေ့ရှိသည့် သဘာဝ တရား များကို ဆရာစား မချန် မကွယ်မထောက် ထုတ်ဖော်ပြောပြတတ်သော ဓလေ့စရိုက် ကိုကား ခန့်မှန်းနိုင်ပါသည်။

အဲလ်ဘတ်အိုင်းစတိုင်း ရဲ့ ၁၉၀၅ ခုနှစ်၌ ထုတ်ဖော် တင်ပြခဲ့တဲ့ အထူး ရက်လတီဗတီ (Special Relativity) သီအိုရီ တွင် အလင်းအလျဉ် ကို စကြဝဠာ ဆိုင်ရာ ကိန်းသေ အလျဉ် အဖြစ် သတ်မှတ် ခဲ့တယ်။ 

ရာစုနှစ် တစ်ခုကြာမျှ အထိ စိန်ခေါ် စမ်းသပ်မှုတွေကို ခံနိုင်ရည် ရှိခဲ့တဲ့ တစ်လောကလုံး ဆိုင်ရာ နိယာမ အဖြစ် ရပ်တည် ခဲ့တယ်။ စကြဝဠာ နဲ့ စကြဝဠာ အတွင်းရှိ ဖြစ်ပျက်မှု အရာရာ အတွက် ရူပဗေဒ ဆိုင်ရာ စံနှုန်း သတ်မှတ်ချက် တစ်ခုအဖြစ် တည်ရှိခဲ့တယ်။ 

အမှုန် အရှိန်ပေးစက်ကြီး တည်ရှိရာ ဂျီနီဗာမြို့မှ ဂရန်ဆက်ဆို မြို့ အထိ မိုင် ၅၀၀ ရှည်လျား တဲ့ မြေအောက် လိုဏ်ခေါင်း ထဲမှာ နူထရီနို ရောင်စဉ်တန်း ၁၅,၀၀၀ ကို ပစ်လွှတ်ပြီး ၃ နှစ် စမ်းသပ်ခဲ့ခြင်း ဖြစ်တယ်။ 

အလင်း အလျဉ် က တစ်စက္ကန့် ကို ၂၄၀,၀၀၀ မိုင်ဝန်းကျင် လျင်မြန်စွာ ပြေးလွှားနိုင်တယ်။

ထို စမ်းသပ်ချက် ကို လုပ်ကိုင်နေရင်း ဗုဒ္ဓဟောကြားခဲ့သော စကြဝဠာ အနန္တနှင့် အဆုံးအစ မရှိသော စကြာဝဋ္ဌာတွေ အကြောင်းကို လက်ခံယုံကြည်လာလေသည်။

အက်တမ် ထက် သေးငယ်သော အနုမြူ ကို စတင်တွေ့ရှိခဲ့သော အိုင်းစတိုင်း ဟာ အိန္ဒိယမှ ထုတ်ဝေခဲ့သော စာအုပ်များ မှ လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ကျော် က အနုမြူထက် အဆသန်းပေါင်း များစွာ သေးငယ်သော အက်တ မ်အမှုန်လေးများကို မှန်ပြောင်း မပါပဲ ဗုဒ္ဓ ရဲ့ ရဲဝံ့သော ထုတ်ဖော်ချက်နှင့် သူရဲ့ စမ်းသပ်ချက် ဟာ ထပ်တူ ကျနေလေသည်။


အိုင်းစတိုင်း ၏ အဆို-
အနာဂတ် ကာလ၏ ဘာသာတရား ကား သဘာဝလောကဓာတ် တစ်ခွင်လုံး အတွက် အဖြေပေးနိုင်စွမ်း ရှိသော အယူဝါဒ တစ်ရပ်သာ ဖြစ်လိမ့်မည်။ အနှီ ဘာသာတရား သည် ပုဂ္ဂလ ဓိဋ္ဌာန် အယူ အဆဖြင့် ဖန်တီး တီထွင် ထားသော ဖန်ဆင်းရှင် ဘုရားနှင့် မသက်ဆိုင်စေသင့်၊ 


တစ်ယူသန် အစွဲအလမ်း များနဲ့ ယင်းတို့မှ ပေါက်ဖွား ခဲ့သော ကျိုးကြောင်းဆက် ပညာကို လည်း ကျော်လွှား လွန်မြောက် ရလိမ့်မည်။ ထို ဘာသာတရားသည် သဘာဝလောကဓာတ် (ရုပ်တရား)နှင့် တစ်ကွ ၀ိညာဉ် (အသိ-နာမ်) တရား တို့ကို လွှမ်းခြုံ၍ ဒိဋ္ဌဓမ္မ အားဖြင့် အဓိပ္ပါယ်ပြည့် ၀သော ပေါင်းစပ် ညီညွတ်မှု ကို ဖော်ဆောင်နိုင် စွမ်း ရှိရပေလိမ့်မည်။

 ဗုဒ္ဓဘာသာသည် ထို အရည်အချင်း များနှင့် ပြည့်စုံသည် ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိသော ဘာသာတရား တစ်စုံ တစ်ရာ ရှိသည် ဆိုပါလျှင် ထို ဘာသာ တရားကား ဗုဒ္ဓဘာသာ ပင် ဖြစ်ပေလိမ့်မည်" ' ဟု ရဲဝံ့စွာ ဗုဒ္ဓဘာသာ ကို ထုတ်ဖော်ခဲ့လေသည်။

ထိုသို့ သက်မှတ်ချက် ကို ဂျာမဏီ က လက်မခံခဲ့ပေ။
၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာ အာဏာရလာသည့် အခါတွင် လူမျိုးကြီး ၀ါဒများ ပြန်လည် ခေါင်းထောင် လာသည့် အတွက် အိုင်းစတိုင်း သည် အမေရိကန် ကို အပြီးအပိုင် ထွက်ခွာသွားခဲ့လေသည်။


သူသည် အမေရိကန် ပရင့်စတန် တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေရင်း ဒုတိယ ကမ္ဘာစစ်ကြီး အစပျိုးနေ ချိန် ၁၉၃၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီ ရုစဗဲ့ ဆီသို့ အဏုမြူဗုံးနှင့် ပတ်သက်၍ သတိပေးစာ ရေးသားခဲ့သည်။ 

သူ၏ စာကြောင့် သမ္မတ ရုစဗဲ့သည် မန်ဟက်တန် စီမံကိန်း ကို ရေးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ် သည်။

၎င်း အဏုမြူဗုံး (သို့) အက်တမ်ဗုံး ကို ထုတ်လုပ်နည်းသည် အိုင်းစတိုင်း ၏ ကမ္ဘာကျော် ညီမျှခြင်းဖြစ်သည့် E=mc2 ဆိုသည့် ဒြပ်ထု စွမ်းအင် တူညီခြင်း နိယာမ တရားပင်ဖြစ်သည်။
 

သူသည် စစ်ကြီးပြီးသည့်နောက်တွင် အဏုမြူစွမ်းအင် ကို ကောင်းသည့် ဘက်တွင် အသုံးချရန် တိုက်တွန်း ခဲ့လေသည်။ ထို့နောက် သူ၏ ပေါင်းစပ် စက်ကွင်း သီအိုရီ ကို တင်ပြခဲ့သည်။ ထို သီအိုရီ သည် ရှင်းလင်း လွယ်ကူမှု မရှိသည့် အတွက် လူအများ နားမလည်ခဲ့ချေ။ 

ထို သီအိုရီကို ပို၍ ရှင်းလင်းလွယ်ကူအောင် ထပ်မံရှင်း မပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ် တွင် အိုင်းစတိုင်းသည် ပရင်စတန် ဆေးရုံကြီးပေါ်မှာ သေဆုံးသွားခဲ့လေသည်။

အိုင်းစတိုင်းသေဆုံးပြီး အိုင်းစတိုင်း ရဲ့ ဦးနှောက်ကို အလွှာလိုက် ခွဲခြမ်း စိတ်ဖြာပြီး ထူးခြားသော ဦးနှောက် ပိုင်ရှင်ဖြစ်၍ အိုင်းစတိုင်း ၏ ဇနီးဖြစ်သူနှင့် သား၂ယောက် အမေရိကန် သိပ္ပံ ပညာရှင်များ က ခေါ် ယူမေးမြန်းသော အခါ အိုင်းစတိုင်း သည် ဂျာမဏီ မှာ နေစဉ် ကတည်းကပင် ဗုဒ္ဓဘာသာ ကို သက်ဝင် ကိုးကွယ်နေသူအဖြစ် သိခဲ့ရသည်။

ထို အကြောင်းအရာ ဂျာမဏီနှင့် အမေရိကန် တို့က ကမ္ဘာကျော် တစ်ဦးက ဗုဒ္ဓဘာသာဝင် ဖြစ်နေသည်ကို လူသိမည် စိုး၍ ထို စုံစမ်းမှု့ကို အမှောင် ချလိုက်လေတော့သည်။




သိုက်ဖွား

 Pan Chitthu

No comments:

Post a Comment