01 May 2016

မြန်မာ ကို ဒုက္ခရောက်စေနိုင်တဲ့ တရုတ် အမေရိကန် အားပြိုင်မှု

နေ လင်း အောင်'s photo.
မြန်မာနိုင်ငံ အား ပြန်လည် တိုးတက်စေရေး အတွက် စစ်ဖက်ခေါင်းဆောင်များ ရေးဆွဲ အကောင် အထည်ဖော် ခဲ့သော မဟာဗျူဟာ အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်းသည် တန်ဖိုး ကြီးမားကြောင်း သုံးသပ် မိသည် ။  သေမြေကြီး  ရှင်ရွှေထီး ဆိုသလိုပင် .. ။

နိုင်ငံ အတွက် အဖြစ်သင့်ဆုံး အဓိက စီးပွားရေးမှာ စိုက်ပျိုးရေး ကိုသာ အခြေခံရမည် ဆိုသည်ကို စစ်ခေါင်းဆောင် များသိကြသည် ။ သယံဇာတ ဆိုသည်မှာ ဆေးမြီးတို စီးပွားရေး အဖြစ်သာ .. ။

သို့သော်လည်း ရင်းနှီးမှုငွေကြေး မလုံလောက်မှု၊ ပိတ်ဆို့ခံ စီးပွားရေး နှင့် ပြည်တွင်းစစ် တို့ကြောင့် လိုရင်း ကိုမရောက် .. ။ 

စီးပွားရေး ပိတ်ဆို့ခြင်းအား ဖြေလျှော့နိုင်ရန် အတွက် ဒီမိုကရေစီ လမ်းကြောင်းအား ဖောက်လုပ်ခဲ့သည် ။
ပြည်တွင်း စစ်မီးငြိမ်းရန် နှင့် ရင်းနှီးငွေကြေး အတွက် ရန်ဘက်နှစ်နိုင်ငံဖြစ်သော ယိုးဒယား နှင့် တရုတ် ကို ရေနက် ဆိပ်ကမ်း ကမ်းလှမ်းခဲ့သည် ။

သမိုင်း တစ်လျှောက်တွင် မြန်မာနိုင်ငံနှင့် စစ်ပွဲ အကြိမ်ကြိမ်ဖြစ်ခဲ့သော အနှီ ရန်ဘက်နိုင်ငံ နှစ်နိုင်ငံ ၏ ထောက်ပံ့မှုကြောင့် လက်နက်ကိုင် အဖွဲ့ များ တည်ရှိနေမှု ကို အဆိုပါ အပေး အယူဖြင့် အဆုံးသတ်စေ မည် ဟူသော တစ်ချက်ခုတ် သုံးချက်ပြတ် အစီအမံဖြစ်သည် ။

သို့သော် .. စီအိုင်အေ ၏ စနက်ကြောင့် မြစ်ဆုံလို ၊ လက်ပံတောင်းတောင်လို တရုတ် ၏ မြန်မာနိုင်ငံ တွင်း စီးပွားရေး များ ထိခိုက်လာသော အခါ တွင် အနောက်ဖက် ပင်လယ် ထွက်ပေါက်ဖြစ်သော ကျောက်ဖြူရေ နက် ဆိပ်ကမ်းအား လက်မလွှတ်လိုသော တရုတ် ၏ တုန့်ပြန်မှု ကို ကိုးကန့် ကချင် တအောင်း အေအေ အဖြစ် ရင်ဆိုင်ရတော့သည် ။


 
အမေရိကန်  အနေနှင့်လည်း တရုတ် ၏ အနောက်ဖက် ပင်လယ်ထွက်ပေါက် ရရှိမှုကို မခံစားနိုင်ပေ ။ ထို့ကြောင့် လူ့ အခွင့် အရေး ၊ လူမျိုးရေး၊ ဘာသာရေး ပြဿ         နာများအား ရခိုင်နယ် တွင် ဖြစ်ပွားစေရေး ၊ ရှုပ်ထွေးစေရေး နည်းလမ်း မျိုးစုံဖြင့်ဆောင်ရွက်နေသကဲ့သို့ ဘင်္ဂလားဒေ့ရှ်နှင့် လည်း အပေးအယူ များ ပြု လုပ်ခဲ့ကြသည် ။

ဗိုလ်ချုပ်နေဝင်း လက်ထက် ကတည်းက ရန်ကုန် ~ မန္တလေး အမြန်လမ်း ဖောက်လုပ်ရေး မဟာဗျူဟာ ကို ချ မှတ် ခဲ့ခြင်းဖြစ်သော် လည်း တရုတ်နှင့် အမေရိကန် ၏ အားပြိုင်မှုကြောင့် အကောင် အထည် မဖော်နိုင်ခဲ့ သည့် ဖြစ်ရပ် အား သတိပြုသင့်သည် ။

ကွန်မြူ ၊ ဒီမို အားပြိုင် မှုကြောင့် ကူမင်တန် ပြဿ         နာပေါ်ပေါက်ခဲ့ခြင်းကို သတိပြုသင့်သည်။ နာဂစ် တွင် ဧရာဝတီ ပင်လယ်ထွက်ပေါက်အား ခြေကုပ် မရခဲ့သော ၊ မြန်မာ့ အတွင်းရေး အား အရှေ့ဘက် ထိုင်းနိုင်ငံမှ ဝင်ကြည့်၍ အဆင်မပြေသော အခါ အနောက်ဘက် ဘင်္ဂလားမှ ဝင်ရန် အမေရိကန် ၏ဆောင်ရွက်မှု နှင့် တရုတ် ၏ တုန့်ပြန်မှု အပေါ် မူတည်၍ ဖြစ်ပေါ်လာသော ပြဿ        နာ   အရပ်ရပ်အား အစိုးရ အနေနှင့် မှန်ကန် စွာ ကိုင်တွယ်နိုင်ရန် အလွန်အရေးကြီးပေသည် ။


မှန်လျှင် .. မြန်မာ့ခေတ်ပြန်ရောက်မည် ။
မှားလျှင် .. တစ်နိုင်ငံလုံး စစ်တလင်းဖြစ်မည် ။

နေ လင်း အောင်

 

No comments:

Post a Comment