11 May 2016

မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.





တစ်ကယ်လို့..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...
 

တစ်ကယ်လို့..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...
 

တစ်ကယ်လို့..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...
 

တစ်ကယ်လို့..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
 

တစ်ကယ်လို့..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅)သမား...
 

တစ်ကယ်လို့..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...
 

တစ်ကယ်လို့...လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...
 

တစ်ကယ်လို့..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...
 

တစ်ကယ်လို့..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...



Do You Believe in Numerology?
 
နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကို ရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်.. ခေါင်းမာတယ်.  ရိုးသားတယ်. . တစ်ဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..

လူတွေ အားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တစ်ခါ တစ်ရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတစ်ပါးရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူး. မိမိကိုယ်ကို ယုံကြည် တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ် ရွှယ်ရွှယ် နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထပ်ဖြစ်ကြတာများပါတယ်..

အမြင်မတူတဲ့ သူတွေနဲ့ ပြဿ          နာတက်ရတာကို နှစ်သက်တယ်..
အငြိုး အတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..
မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတတ်ပါတယ်..
မင်းသာ အမျိုးသား ဆိုရင်..အရမ်း နာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေ မှာဖြစ်ပြီး ..လူတိုင်း က မင်းကို လေးစားနေပါလိမ့်မယ်..

မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တစ်ယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှ သည်.. ဟိုအပေါ် ပါလီမန်တွေထိ ကို မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော် များများ ကို မင်းက တစ်ဖတ်ကန်း ခတ်အောင် သိနေတတ်တယ်လေ..


ဒါပေမယ့်..မင့်ရဲ့ ဘ၀မှာ..တစ်ချို့လူတွေက မင်းဘ၀ နှိမ့်ကျသွားအောင်..နာမည် ပျက်သွားအောင် လုပ် တာမျိုး..ကြုံရတတ်ပါတယ်... ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့ မနာလိုမှုကြောင့်ပါပဲ..

မင့်ရဲ့ မိသားစု ဘ၀က အေးချမ်းလွန်းပါတယ်.. မင်းဟာ အဖော်မွန်ကောင်း ကို ပိုင်ဆိုင်ပြီ.. ချစ်စဖွယ် သားသမီးတွေ နဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရား ကို ကိုယ်ရှိုင်းသူ တစ်ယောက်ပါပဲ..

မင်းရဲ့ အကောင်းဆုံး အဖော်မွန် နံပါတ်တွေ ကတော့.. 4, 6, 8 ...သင့်တင်တဲ့ သူတွေကတော့.. 3, 5, 7!!!


Do You Believe in Numerology?
 
နံပါတ်(၂)
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်.. ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာ လ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့.. ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...

မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အလွန်နည်းတယ်..မင်း ဘ၀မှာ ပြန်ပြီး သုံးသပ်သင့် စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရ ခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့ အခြေအနေ ကို လိုက်ပြီး မင်းဟာ အမြဲ တမ်းပြောင်းလဲနေတယ်..

တစ်ကိုယ်ကောင်းဆန်ပြီး.. အနုပညာ ဘက်မှာ အား အတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို
ညက်ညောပြေပြစ်တယ်.

မင်းရဲ့ အပြုအမှုတွေဟာ လ လို့ပဲ.. နေ အလင်းရောင် ပျောက်မှ လ ထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ် ကျနေတဲ့ အချိန်ဆို ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီ ဆိုရင် မင်းဟာ သူတို့ ဘ၀ထဲ က ပျောက်ကွယ် သွားတက်တယ်..

မင်းဟာ.. ငြိမ်းချမ်းမှု ကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်.....
(ကျနော် ဆိုလိုတာက မင်းရဲ့ ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).

တစ်ကယ့်လို့များ..ဘုရားတရား ကို နက်နက်ရှိုင်းရှိုင်း လုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူ တစ်ဦးပါ... အများစုသော မင်းရဲ့ စကားလုံးတွေဟာ ပျော်ရွှင်မှုတွေ ဆီကိုပဲ ဦးတည်နေတာပါ..!
တစ်ခါ တစ်ရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတတ်သူ တစ်ဦးပါ.

မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ် မှာ ကျင်လည်မယ့်သူ တစ်ဦးပါ...
မင်းဟာ အချစ် ကို အရမ်းကြီး မယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထပ် ပြီးတဲ့ အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲ ခံစားနေတက်သူတစ်ဦးပါ..

မင်းဟာ မိန်းကလေး ဆိုရင်တော့..မိသားစုမှာ တာဝန်သိ အမျိုးသမီးတစ်ဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာ ဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင် လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှ မဟုတ် ပြောင်းပြန်လည်း ဖြစ်နေတတ်ပါတယ်..

ဆိုလိုတာက. မိသားစုကောင်းစားဖို့ အတွက် မင်း ဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့ သူတစ်ဦးပါ...
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတစ်ပါးရဲ့ စိတ်ကို ခံစား နားလည်ပေးနိုင်တယ်.. လူတွေ နဲ့ လိုက်လျော ညီထွေနေတတ်တဲ့သူ တစ်ဦးပါ...

မင်းရဲ့ အကောင်းဆုံး အဖော်မွန် ကတော့ 2, 5, 9 ..တခြားသူတွေနဲ့ ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်း ပါတယ်..!!!


Do You Believe in Numerology?
 
နံပါတ် (၃)
နှလုံးသား မာကျောပြီ.. တစ်ကိုယ်ကောင်းဆန်တတ်တယ်.. ဒါပေမယ့် ဘာသာတရား ကို ကိုင်းရှိုင်း တတ်သူ တစ်ဦးပါ.. တိုးတက်မှုကို မြတ်နိုးတဲ့သူ တစ်ဦးပါ.. မင်းဟာ မိသားစုပြဿ      နာတွေ ကို လျှော့ကျဖို့ လိုလားပေ မယ့်.. ပြဿ          နာတိုင်း  က မင်းဆီကနေပဲ မြစ်ဖျား ခံတတ်တာ များပါတယ်..

မင်းဟာ သြဇာ အာဏာကြီးမားပြီး.. နှစ်လိုဖွယ် မျက်နှာထား ကို ပိုင်ဆိုင်သူ တစ်ဦးပါ.. ဒါကြောင့်.. ဘယ်နေရာ ကို သွားသွား.. မင်း အလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..

မင်းဘ၀ မှာ မွေးဖွားလာ ကတည်းက တခုခု ကို ရဖို့ အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတတ်တယ်..
မကြိုးစားဘဲနဲ့ ရလာတာ ဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်.... အရွယ်ရောက်လာတဲ့ အခါမှာ.. မင်းဟာ ကိုယ့်ထက် ငယ်ရွယ် သူတွေကို ဆိုဆုံးမ တက်တယ်..

ဘာကြောင့်လဲ ဆိုတော့.. ကြီးတဲ့သူ ကို ငယ်သူက ရိုသေမှုပြသရတာ ကို မင်းဟာ နှစ်သက်လို့ပဲ.. အဲလို လည်း မင်းဟာ စံပြနေလေ့ ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျ အားဖြင့်တော့.. မင်းဟာ အေးဆေး တည်ငြိမ်တဲ့သူ တစ်ယောက် မဟုတ်ပါဘူး..

မင်းနဲ့ ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့ အလုပ်တစ်ခုပါ..မင်းဟာ စိတ်ဓါတ် မာတဲ့ ပြိုင်ဘက် တယောက်လိုပဲ...
ဒါပေမယ့်လည်း.. တစ်စုံ တစ်ယောက်ရဲ့ အပြုအမှုကို မင်းသဘောကျသွားပြီ ဆိုလည်း.. မင်းတို့နှစ်ယောက် ရဲ့ ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတတ်ပါတယ်...

မင်းဟာ အမြဲလိုလို..သူတစ်ပါး ဆီက လေးစားမှုကို ရရှိနေတတ်သူ တစ်ဦးပါ.. မင်းဘ၀ မှာ ရန်သူတွေ.ပြဿ         နာတွေ အများကြီး ရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည် မခံပါဘူး..
ဘာကြောင့် လည်းဆိုတော့.. မင်းက ပါရမီရှင် တစ်ယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင် လွန်း ပါတယ်..

မင်းဟာ ပိုက်ဆံကို အနည်းငယ် ပို မက်မောတဲ့ အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေ နဲ့.. မင်းဟာ နပန်းလုံးနေရတက်တယ်...

မင်းဟာ အမျိုးသားတစ်ဦး ဆိုရင်တော့..အားလုံးဟာ ပြီးပြည့်စုံနေပါပြီ.. မိသားစု ကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့ အချိန်ကုန် လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူ မပါပါ). ပြီးတော့ မင်းဟာ စံပြ တစ်ယောက်ဖြစ်နေပါလိမ့်မယ်..
တစ်ကယ်လို့..မင်းဟာ အမျိုးသမီး ဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ..

မင်းဟာ လွတ်လပ်မှု ကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံ စူးစိုက်လုပ်တတ်သူ
ပြီးတော့.  ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...

မင်းရဲ့ အကောင်းဆုံး အဖော်မွန် ကတော့... 6, 9. သင့်တော်တဲ့ အဖော်မွန် ကတော့..1, 3, 5!!!


Do You Believe in Numerology?

နံပါတ် (၄)
မင်းလည်းပဲ ခေါင်း အလွန်မာတဲ့သူ တစ်ဦးပါပဲ.. အလုပ်ကို အရမ်းကြိုးစားတယ်. .ဒါပေမယ့် ဘ၀ ရဲ့ အရေး ကြီး တဲ့ ကိစ္စတွေ မှာတော့ ကံမကောင်းတတ်ပါဘူး.. အေးဆေးနေ တတ်တယ်..ကူညီ တတ်သူဖြစ်ပေ မဲ့ ..စကားပြောတာက ပွင့်လင်းလွန်း ပါတယ်..

အမျိုးသား ဆိုရင်တော့ အဲဒီ အတွက်နဲ့ပဲ.. တစ်ခြားလူတွေကို စိတ်အနှောက်ယှက် ပိုဖြစ်စေပြီ.. မင်းကိုထားပြီ
အဝေးကို ပြေးသွားတတ်ကြပါတယ်.. မင်းဟာ တစ်ခါတစ်ရံမှာတော့.. တစ်ခြားလူတွေနဲ့ သူတို့ရဲ့ ပြဿ      နာတွေ ကို ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....

အချိန်တိုင်း လိုလို မင်းဟာ အမျိုးသမီး မိတ်ဆွေတွေ နဲ့ အချိန်ဖြုန်းနေတတ်ပြီး ..အမျိုးသမီးငယ်တွေ နဲ့ ပျော်ရွှင် ရတာကို နှစ်သက်သူ တစ်ဦးပါ.. မင်း သူငယ်ချင်းတွေဟာ မင်းရဲ့ အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေး ကို ပြေးသွားတတ်ကြပါတယ်..

အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုးရာမဲ့နေပြီ ဆိုတာ..အသေအချာ ပါပဲ..အဲဒီအတွက်.. လုံးဝသတိပြုပါ .. မင်းရဲ့ စီတ်ထားကောင်း ကတော့.. မိသားစုနဲ့ သူငယ်ချင်းတွေကို ကူညီတတ်တာ ပါပဲ..

မင်းဟာ ငယ်ရွှယ်စ ဉ်မှာပဲ.. အချစ်ကို တွေ့ရှိတတ်ပါတယ်.. မင်း ဘ၀မှာ တစ်ခါ တစ်ရံ အဆင်မပြေမှုတွေ နဲ့ ပြည့်နက်နေတတ်တယ်.. ဥပမာ.. မင်းဟာ ဘွဲ့ တစ်ခုခု ရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်.. အောက်ခြေ အလုပ်ကို လုပ်နေရတာမျိုးပေါ့..

ဒါပေမယ့်..မင်းရဲ့ မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင် ပါတယ်.. အဓိက သတိ ထား ရမယ့် လူတွေ ကတော့.. မင်းရဲ့ကြင်နာတက် တဲ့ စိတ်ထား ကို အခွင့်ကောင်းယူမယ့် သူတွေကိုပါပဲ..

ဒါကြောင့်..မင့်နဲ့ ပတ်ဝန်းကျင် ဆက်ဆံရေးကို အထူးသတိပြုပါ.. အမျိုးသမီး ဆိုရင်တော့.. မင်းဟာ ပညာ ရပ်ပိုင်း နဲ့ အနုပညာပိုင်းမှာ ထွန်းပေါက်နိုင်ပါတယ်.. မင်းဟာ..စိတ်ရှည်တယ်. . ခေါင်းမာတယ်. . ရှေးရိုး နည်းနည်း ဆန်ပြီး.. အစီအစဉ် တကျ လုပ်ကိုင်တတ်သူ တစ်ယောက်ဖြစ်တယ်...

မင်းရဲ့ အကောင်းဆုံး အဖော်မွန်တွေ ကတော့.. 1, 8.သင့်တော်တဲ့ သူတွေကတော့...5, 6, 7!!!


Do You Believe in Numerology?
 
နံပါတ် (၅)
မင်း ဟာ မင့်ပတ်ဝန်းကျင် မှာ ကျော်ကြားတဲ့သူ တစ်ဦးပါ.. မင့်ရဲ့ နှုတ်ထွက် စကားလေးနဲ့တင်..မင်း အလို ရှိ ရာ ကို ရနိုင်ပါတယ်..မင်းဟာ စီးပွားရေး အမြင်စူးရှသူ တစ်ဦးလည်း ဖြစ်တယ်.. ဒါပေမယ့်.. မင်းဟာ စနစ် ရှိတာတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တတ်သူပါ.

တစ်ကယ်လို့ စီးပွားရေး လုပ်ငန်းတစ်ခု ကို တည်ထောင်မယ် ဆိုရင်လည်း..အောင်မြင်မယ့်သူပါ..
ပြီးတော့ ဟာသဥာဏ် ရွှင်တဲ့သူ လည်းဖြစ်နေပြန်ရော့.. မိသားစုနဲ့သူငယ်ချင်းတွေ အတွက်တော့.. မင်းဟာ တစ်ကယ့် ကယ်တင်ရှင်ကြီး တစ်ဦးပါပဲ..

တစ်ကယ်လည်း.. မင်းဟာ လက်တွေ့ ကျကျ ကူညီတတ်သူ တစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေ တတ်ပေမယ့်.. ဘ၀ ကို တည်ဆောက်မယ် ဆိုတဲ့ အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ ရွှေးချယ် တတ် သူပါ...

မင်းဟာ လက်ထက်ပြီးတာတောင် မှ ကျော်ကြားနေဦးမယ့်သူပါ..အဲဒီ အတွက်.. သတိထားရမယ့် အချက် ကတော့ မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေး ပါပဲ.. အသိတရား နဲ့ ထိန်းချုပ် ရင်တော့..အရာအားလုံး အဆင်ပြေနေ ပါလိမ့်မယ်...

မင်းဟာ လူတိုင်းနဲ့ ပုလဲနံ သင့်ပါတယ်..ဘာကြောင့်လည်း ဆိုတော့.. နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေ လို့ပဲ.. ပြောင်းလဲမှုနဲ့ လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှု အပြည့်ရှိ တဲ့ မျက်နှာ ပိုင်ရှင်ပေါ့...

အတွေ့ အကြုံ ကနေ မင်းဘ၀ ကို တည်ဆောက် ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့ အကြုံတွေကပဲ..
မင်းရဲ့ အကောင်းဆုံး ဆရာ သမားတွေဖြစ်နေလေရဲ့...

မင်းရဲ့ အကောင်းဆုံး အဖော်မွန် ကတော့.... 1, 2, 9. သင့်တော်တဲ့ သူ ကတော့. 6, 8!!!



Do You Believe in Numerology?

နံပါတ် (၆)
အိုး... မင်း ပျော်ရွှင်ဖို့ အတွက်ပဲ မွေးဖွားလာတာပါလား.. မင်းဟာ တစ်ခြားလူရဲ့ ခံစားချက် ကို ဂရုမစိုက် တတ်သူ တစ်ဦးပေါ့..ဆိုလို တာက မင်း ဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့ သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာ ပဲဖြစ်ဖြစ်.. အောင်မြင်မယ့်သူ တစ်ဦးပါ..

မင်းဟာ ကြင်နာတတ်ပါတယ်..(ဒါပေမယ့် မင့် စိတ်ထဲမှာ ကောင်းတယ်လို့ ထင်တဲ့ လူတွေ အပေါ်မှာသာ) .....ရုပ်ရည် အရမ်းချော မောနေတတ်ပြီး.. ဘ၀ ဟာလည်း. ကံကောင်းခြင်းတွေ စုနေတတ်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့ အတူ လာတယ်လို့ ပြောလို့ရနိုင်ပါတယ်..

မင်းရဲ့ စိတ်ထားနဲ့ ခန္ဓာဟာ အချစ် ကိစ္စတွေမှာ လှိုက်လှိုက် လှဲလှဲ ရှိလှပါတယ်.. တစ်ခြားနံပါတ်တွေ ရဲ့ ချစ်ခြင်းမေတ္တာ ကို ခံရတတ်ပါတယ်...ဒါပေမယ့်.. မင်းဟာ အမျိုးသား ဆိုရင်တော့.. လက်ထပ်တဲ့ အချိန်အထိ မိန်းကလေးငယ်များ နဲ့ ရင်းရင်း နှီးနှီးနေရတာကိုနှစ်သက်တဲ့ သူတစ်ဦးပါ..

အမျိုးသမီးသာ ဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထပ် တာကို စောစော စီးစီး ရင်ဆိုင် ရတတ်ပါတယ်.. ကြင်နာတတ်သူတွေပဲ မင့် ဘ၀ထဲကို ၀င်လာပါလိမ့်မယ်.. ယေဘုယျ အားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ ဆည်းလည်းလေး ပါပဲ... စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ.. အိမ်ထောင်မှုနိုင် နင်းသူ. .ဆုံးဖြတ်ချက်ကောင်းမွန်သူ တစ်ဦးပါပဲ...

ကုန်ကုန်ပြောရရင်.. မင့်ရဲ့ အကြင်နာတွေနဲ့..ဒီ ကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားပေးနိုင်သူ တစ်ယောက်ပါပဲ...

မင်းရဲ့ အကောင်းဆုံး အဖော်မွန်တွေ ကတော့.. 1, 6, and 9. သင့်လျော်တဲ့ သူတွေကတော့.. 4, 5!!!



Do You Believe in Numerology?

နံပါတ် (၇)
မင်းဟာ ဆွဲဆောင်မှု ရှိသူ.. ယထာဘူတ ၀ါဒီ တစ်ယောက်ပါ.. မိမိကိုယ့်ကို ယုံကြည်တတ်တယ် ..ပျော်ပျော် ရွှင်ရွှင်နေတတ်ပြီး ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ..

ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင် နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ.. မင်းရဲ့ပြဿ        နာ ကတော့..မင့်ရဲ့ဒေါသစိတ် ပါပဲ..

အမျိုးသမီး ဆိုရင်တော့. အထက်က အချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်.. မင်းဟာ.. မင့် မိဘ အတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက မိသားစု ကို အရမ်း တန်ဖိုးထား တက်တာပါ)

အရွယ်ရ လာတာနဲ့ အမျှ မင်းရဲ့ အဆင့်အတန်း ကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ.. အမျိုးသား တစ်ဦးသာ ဆိုရင်တော့ အမျိုးသမီး ထုကြား မှာ ရေပန်းစားမယ့် သူပါ..ဘက်စုံ ထူးချွန်သူ တစ်ဦးလည်းဖြစ်နေ ပါတယ်..

နံပါတ် (၇) သမား အများစု ဟာ သူတို့ရဲ့ အိမ်ထောင်သည် ဘ၀မှာ အဆင်မပြေကြတာများပါတယ်..
အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀ကို တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ ဘ၀မှာ အရာအားလုံး ရှိနေပေမယ့်.. အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျ မှုတွေ ကလည်း ရှိနေတက်ပြန်ရော့.. 

ဒါကလည်း..ဘုရားသခင် က မင်းကို အရာအားလုံး မျှတအောင် ပေးထားတဲ့ သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက် ကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် မင်း တယောက်လောက်ပဲ အိမ်ထောင်ရေး မသာ ယာတာ မျိုးတွေ့ရတတ်ပါတယ်.. ဒါကြောင့်.. ကြင်ဖော် ကို စောင့်စားနေတာထက်.. ကိုယ် နဲ့ လိုက်လျော ညီထွေမယ့် သူကို စောစော စီးစီး ရှာထားသင့် ပါတယ်...

အဲဒီလိုမှ မလုပ်ချင်ဘူး ဆိုရင်တော့..မင်းဟာ ဘ၀ ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာ ပါပဲ ..ဒါကြောင့်..ဒီကိစ္စ နဲ့ ပတ်သက်ပြီး သေချာ ဂရုစိုက် အလေးထားသင့်ပါတယ်.. မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတတ် တဲ့ လူတစ်ယောက် ပါ..

မင်းဟာ ဒီ ကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူ တစ်ဦးပါ..

မင်းရဲ့ အကောင်းဆုံး အဖော်မွန်တွေ ကတော့.. 2. သင့်တော်တဲ့ အဖော်မွန်ကတော့.. 1,4 !!!



Do You Believe in Numerology?

နံပါတ် (၈)
မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်း ပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်း ကို နားလည်နိုင်မှာ မဟုတ် ပါဘူး.. သူတစ်ပါး ကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင် လှပါတယ်.. မင်းရဲ့ ငယ်စဉ် ဘ၀ဟာ ဆင်းရဲနုံချာနိုင်လှပါတယ်..

အခြေအနေ က မပေးဘူး ဆိုရင်တော့.. မင့်ရဲ့ မိဘတွေကိုတောင် စောစီးစွာ လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုး အဖြစ်အပျက်တွေက မင့်ဘ၀ ထဲမှာ မကြာ ခဏဖြစ်နေမယ့် အရာတွေပါ..

ဒီပြဿ       နာတွေ   ကပဲ မင်းရဲ့ ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ ကို တစ်ခြားနည်းနဲ့ လေ့လာ သင်ယူနိုင်ပါလိမ့်မယ်.

မင်း ဟာ တရားမျှတမှု အတွက် တိုက်ပွဲဝင်ရဲတဲ့သူ တစ်ဦးပါ..ဒါပေမယ့် အဲဒီ တိုက်ပွဲမှာပဲ ကျဆုံးနိုင်သူ လည်း ဖြစ်နေပြန်ေ၇ာ့.

ပုံမှန် အားဖြင့်..မိတ်ဆွေတွေနဲ့ ဆက်ဆံ ရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီး.. ဘ၀ကို လည်း..အထီးကျန် စွာ ဖြတ်သန်းနေရမယ့် သူပါ.. ပြီးတော့ တစ်ပါးသူကို ကူညီဖို့ အသင့်ရှိနေသူ တစ်ဦးပါ..

မင်း အိမ်ထောင်ကျတဲ့ အခါမှာတော့ (အဲဒါ ကလည်း.. အများအားဖြင့် အလယ်အလတ် အရွယ် မှာပဲ ဖြစ်ပွားတတ်ပါတယ်) မင့်ရဲ့ ကံကြမ္မာဆိုး အနည်းငယ်ဟာ လွင့်ပျောက် သွားသလို ခံစားရပါလိမ့် မယ်. .ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှု ကို ရရှိပါလိမ့်မယ်..

မင်းဟာ မမျှော်လင့်တဲ့ အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..( အမှုအခင်းများ ..အဆိပ်ရှိ သတ္တ၀ါများ..မတော်တဆ ထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)

သိုပေသိ.. မင်းဟာ စည်းကမ်း လိုက်နာတဲ့သူ..လုံ့လ၀ီရိယ ရှိသူ.ရဲရင့်သူ.. ခွန်းအား ဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ.. အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီ ကို ခေါ်ဆောင်သွားမှာပါ.. မင်းဟာ မိသားစုရဲ့ အဓိက အစိတ်အပိုင်း တစ်ခုပါ.. အားကိုးရဆုံး သူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာ တစ်ဦးလည်းဖြစ်နေပြန်ရော့...

မင်းရဲ့ အကောင်းဆုံး အဖော်မွန် ကတော့.. 1, 4, and 8. သင့်တော်တဲ့ အဖော်မွန် ကတော့ 5!!!



Do You Believe in Numerology?
 
နံပါတ် (၉)
မင်း ကတော့ ဒီ ကမ္ဘာလောကကြီးမှာ သဟဇာတ မဖြစ်ဆုံး လူသား တစ်ဦးပေါ့.. မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်း ကို ကြံ့ခိုင်လွန်းသူ တစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူ တစ်ဦးလည်းဖြစ်ပြန်ရော့..

မင်းဟာ အလုပ်ကို အရမ်းကြိုးစား လုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကို လည်း ခက်ခဲစွာ ရယူ ရမယ့်သူ တစ်ဦးပါ.. သာမန် အားဖြင့်တော့ ငယ်ရွယ် စဉ်မှာ မင်းဟာ မိသားစုပြသနာတွေ နဲ့ လုံးပန်းနေရတတ် ပါတယ်..ပြီးတော့ ဘ၀ ဟာလည်း. ရုန်းရင်း ဆန်ခတ်မှုတွေ နဲ့ ပြည့်နှက်နေပါတယ်.. 

ဒါပေမယ့် မင်း အလိုရှိတာကို ရရှိတဲ့ အချိန်ကစပြီးတော့ မင်းရဲ့ ဘ၀ လုံးဝပြောင်းလဲ သွားပါ လိမ့်မယ်.. မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစား ခံရဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်နေပါလိမ့်မယ်..

စိန်ခေါ်မှုတွေကို  နှစ်သက်ပြီး.. ပြိုင်ဘက်တွေကို အလဲ ထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ် မှာတော့ မင်းဟာ အရမ်း ကို ပေတေမယ့် ကလေး တယောက်ပါ.. မိဘက မကြာခဏ ရိုက်နက် ဆုံးမရသူ.. ရန် ခဏခဏ ဖြစ်တက်သူ တစ်ဦးပေါ့..

မင့် ဘ၀ဟာ ဒဏ်ရာ အနာတ၇တွေ နဲ့ ပြည့်နက်နေ သလိုပါပဲ.. ဒါပေမယ့်.. အရွယ်ရောက် လာတဲ့ အခါ မှာတော့.. မင်းဟာ အေးဆေး တည်ငြိမ်လာပြီး .. ယောကျာ်း ပီသစွာ နေထိုင်ပြန်ရော့..

ချစ်ခြင်းမေတ္တာ ကတော့ မင်း အတွက် လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေး အလုပ်..ဘဏ် အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲ ဆိုတော့ လူတွေက မင့်ကို ယုံကြည့်ကြ လို့ပါပဲ..

မင့်ရဲ့ မိသားစု ဘ၀ ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင့် ကလေးတွေ အတွက်တော့ စိုးရိမ် ရပါလိမ့်မယ်.. မင်းဟာ လူလူချင်း စာနာတက်သူ..စိတ်ရှည် သူ..ပညာ ဥာဏ်ကြီးမား သူ..နားလည် ခွင့်လွတ်ပေးနိုင်သူ တစ်ဦးပါ...

မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိ တရားမထားပဲ လူတွေ အပေါ် အလုပ် အကျွေးပြုဖို့ မွေးဖွား လာသူ တစ်ဦးပါ... မင်းဟာ အံ့ဖွယ် စိတ်ကူး စိတ်သန်းတွေမှာ လူတိုင်း အတွက် စံပြတစ်ယောက်ပါ..

မင့်ရဲ့ အကောင်းဆုံး အဖော်မွန် ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့ အဖော်မွန် ကတော့ 2!!!





(မြန်မာ့ ရိုးရာဗေဒင် ပညာရပ်)
 ဗေဒင်ဝါသနာအိုး

No comments:

Post a Comment