10 September 2017

ရခိုင် ပြည်နယ် အရေး-ဆွေးနွေးမှုမှ အဖြေရှာ စကားဝိုင်း ဆွေးနွေးပွဲမှ စကားသံများ


Myawaddy Media Group မှ စီစဉ်ပြုလုပ်သည့် ရခိုင်ပြည်နယ် အရေး-ဆွေးနွေးမှုမှ အဖြေရှာ Talk on Rakhine Issue: Discussion on Finding Solutions စကားဝိုင်း ဆွေးနွေးပွဲအား ယနေ့ နံနက်ပိုင်းတွင် 
ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ Gandamar Wholesale Grandballroom ၌ ကျင်းပသည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် တက်ရောက် လာကြသူများ၏ ဆွေးနွေးမှု စကားသံများကို ဖော်ပြလိုက်ပါသည် ။



ဦးသန်းအေး
ဘူးသီးတောင်၊ မောင်တော ဆိုတာ မြန်မာမြေဖြစ်ပါတယ်။ ဘူးသီးတောင် ဆိုတာ ဘူးသီး သီးတဲ့တောင်ပေါ့ ။ မောင်တော ကျတော့ အဲဒီမှာ အုပ်ချုပ်ရေးမှူး မောင်တော ဆိုတာ အုပ်ချုပ်ရေးမှူးရဲ့ အမည် စွဲပြီး ခေါ်တာပါ။ ရသေ့တောင် ဆိုတာ ရသေ့တွေ နေတဲ့တောင်ပေါ့။ 

ဒါကြောင့် ကျွန်တော်ပြောချင်တာက မောင်တော၊ ရသေ့တောင်တွေဟာ အစဉ်အလာအနေနဲ့ ရခိုင်နဲ့ အခြားလူနည်းစု တိုင်းရင်းသားတွေရဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ အစ္စလာမ်နယ်မြေ၊ မွတ်စလင် နယ်မြေ မဟုတ်ပါဘူး။ 

အဲဒီတော့ ဥရောပမှာ ဥရောပ ပြည်သူလူထုက လူဦးရေကြောင့် ကွဲတာတွေ ရင်ဆိုင်လာရပြီး အစ္စလာမ်ကြောင့်ရော ပါတာပေါ့။ အခုဖြစ်နေတာက ရေခဲတောင်ကြီးရဲ့ ထိပ်ပိုင်းလိုပေါ့။ ကမ္ဘာကို လွှမ်းမိုးနိုင်ဖို့ ရည်ရွယ် ချက်လို့ မြင်တွေ့ လာရပါတယ်။ ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင် တောင်ပိုင်း၊ နိုင်ဂျီးရီးယားတို့မှာလည်း ဒီလိုပဲ၊ ဒီ နယ်မြေခွဲတဲ့ ပြဿနာကြုံတွေ့ တယ်။

 နောက်တစ်ချက် ကျွန်တော်ပြောချင်တာက ဒီလိုဆွေးနွေးတာ အရေးပါတယ် လို့လည်း ပြောချင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၆ဝ တုန်းက ဘူးသီးတောင်၊ မောင်တောဒေသမှာ ဒေသခံ ဗမာ တိုင်း ရင်းသားတွေနဲ့ ရခိုင်တိုင်း ရင်းသားတွေရဲ့ လူဦးရေ အချိုးဟာ မွတ်စလင် ဘာသာဝင် ဘင်္ဂါလီရွှေ့ပြောင်း နေထိုင်သူတွေရဲ့ လူဦးရေအချိုးနဲ့ နှိုင်းယှဉ်ပါက ၉၇း၃ သာရှိတာကို နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။ 

ဆိုလိုတာက ဒေသခံ တိုင်းရင်းသား လူဦးရေက ၉၇ ရာ ခိုင်နှုန်းနဲ့ မွတ်စလင် ဘင်္ဂါလီ လူဦးရေက ၃ ရာခိုင်နှုန်းပါ။ ဒါပေမဲ့ အခုတော့ လူဦးရေ အချိုးက ၃း၉၇ ကိုပြောင်းပြန် ဖြစ်သွားပါပြီ။ အခုဆိုရင် ဒေသခံ တိုင်းရင်းသားတွေက ၃ ရာခိုင်နှုန်းသာ ရှိပြီး ဘင်္ဂါလီ အခြေချ နေထိုင်သူတွေက ၉၇ ရာခိုင်နှုန်းအထိ ရှိလာပါပြီ။ ဒါဟာ အခြေအနေမှန်ပါပဲ။ ဒါတွေကိုတော့ နိုင်ငံတကာ မီဒီယာတွေက ဘယ်တော့မှ မဖော်ပြပါဘူး။



ဦးကိုကိုလှိုင်
ကျွန်တော်တို့ အနေနဲ့ နှစ်ဖက် စလုံးကို ရှုမြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ပါပဲ နိုင်ငံတစ်ကာ မီဒီယာ တွေက ဒီအဖြစ်အပျက်ကို ဖော်ပြနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ တစ်ဖက်တည်း ကိုပဲ ပြောရမှာ စိတ်မကောင်းပါဘူး။

 ဒေသခံ တိုင်းရင်းသားတွေက လူနည်းစုတွေ ဖြစ်နေပြီး စစ်မှန်သော လူနည်းစုတွေ ကသာ ၉၃ ရာခိုင်နှုန်းကို အာရုံစိုက်ပါတယ်။ ဒါဟာ ဘာကြောင့် ကျွန်တော့်ရဲ့ ခေါင်းစဉ်ကို ဒေသခံ ဇာတ်လမ်းအဖြစ် ရွေးလိုက် ရတယ် ဆိုတာပါပဲ။ ကျွန်တော်တို့ဟာ ဘာသာရေး ကိုင်းညွတ်မှုမှာ စံပြတွေ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးမှာရှိတဲ့ အပြစ်မဲ့ မြေစာပင် ပြည်သူတွေက သားကောင်တွေပါပဲ။ 

ဘယ်သူတွေက တရားခံလဲ။ အစွန်းရောက် အကြမ်းဖက် သမားတွေနဲ့ ကောက်ကျစ် ယုတ်မာတဲ့ နိုင်ငံရေး သမားတွေက အဲဒီဒေသတွေမှာ မတည်မငြိမ် ဖြစ်စေဖို့အတွက် သူတို့ရဲ့ ရည်မှန်းချက် ကိုယ်စီ ပြည့်မြောက်စေဖို့ နည်းလမ်း အမျိုးမျိုး အသုံးပြုပြီးတော့ လူစု လူဝေး ပဋိပက္ခတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး တင်းမာမှုတွေ မဖြစ်ဖြစ်အောင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ 

အဲဒီ အမှန်တရားကို ကျွန်တော်တို့ အသိအမှတ် ပြုရပါမယ်။ အဲဒီ အပြစ်မဲ့ ပြည် သူတွေ ကြားညပ်မှာကို 
ကျွန်တော်တို့ မလိုချင်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ အဲဒီ ဘာသာ တရားတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် စည်းလုံးမှု ရှိဖို့လိုပါတယ်။ 

ကျွန်တော် ဘာသာစကား မှတ်ပုံတင်ရေးအတွက် ကုတ်နံပါတ် ၉၃၆ ဒါမှမဟုတ် ၆၃၉ ကို ကြိုးစား ကြည့်တဲ့အခါမှာ ဒီဘာသာစကားဟာ ဘင်္ဂါလီ အာသံစကားရဲ့ အောက်မှာ ရှိတဲ့ ဘာသာစကား ဆိုတာကို တွေ့ရပါတယ်။ 



ဒါပေမဲ့ အဲဒီ ဘာသာစကားဟာ စစ်တကောင်း စကား နဲ့ ခပ်ဆင်ဆင် တူပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ စကားဟာ စစ်တကောင်း က လာတာမို့ပါ။ ရိုဟင်ဂျာလူမျိုး ဆိုတာ တစ်ကယ်တော့ မရှိပါဘူး။ ဒီကိစ္စရပ်ဟာ ဒီခေတ်မှာ ဘာကြောင့် လာဖြစ်ရတာလဲ ဆိုတာလည်း အလွန် ရှင်းလင်းပါတယ်။ ဒီကိစ္စဟာ သဘာ ပတိ ပြောခဲ့ သလိုပါပဲ။ 

ဗြိတိသျှ အိန္ဒိယ လူမျိုး၊ ပါကစ္စတန် အိန္ဒိယလူမျိုး ဆိုတဲ့ အဲဒီအချိန် သမိုင်းကာလမှာ ရခိုင်ပြည်နယ် မြောက် ပိုင်းက မွတ်စလင် လို့ လူမျိုးစု တစ်စု သတ်မှတ်တဲ့ နိုင်ငံရေး အရ လှုံ့ဆော်မှုပဲဖြစ်ပါတယ်။ ဒီနိုင်ငံ လွတ် လပ်ရေး မရခင် အချိန်ကတည်းက မူဂျာဟစ်ဒင် လှုပ်ရှားမှုလို့ ခေါ်နေခဲ့ကြပါတယ်။ ဒါဟ ကျွန်တော်တို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ကြိုးပမ်းမှု မအောင်မြင်တဲ့အခါ နိုင်ငံရေးအရ ဆက်ပြီး ကြိုးပမ်းကြပါ တယ်။ တိုးတက်လာအောင် လုပ်တယ်။ ဖန်တီးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ သူ တို့တွေ တရားဝင်ဖြစ်ဖို့ အတွက် နိုင်ငံရေးအရ သီးသန့် အမှတ်အသား လိုအပ် နေပါတယ်။ 
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ဥပဒေနဲ့ ကိုက်ညီတဲ့ သူတွေကို ကျွန်တော်တို့ လက်ခံပါတယ်။ နိုင်ငံသား ဖြစ်ရေးကို ကျွန်တော်တို့ မငြင်းဆန်ခဲ့ပါဘူး။ သူတို့အားလုံးကို တရားမဝင် ဝင်ရောက်လာတဲ့ သူတွေလို့ ကျွန်တော်တို့ မဆက်ဆံပါဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ကာ မီဒီယာတွေက မှားယွင်းစွာ ငြင်းခုံနေကြတာပဲ ဖြစ်ပါတယ်။



ဒေါက်တာဂျာ့က် ပီ၊ လိုက်ဒါ
ဒီအကြောင်းအရာဟာ လှုပ်ရှားမှု တစ်ခုကနေ မွေးစား အသုံးပြုခဲ့လို့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှု ဆိုတာဟာလည်း အဓိက အားဖြင့် နိုင်ငံရေး လှုပ်ရှားမှုပါပဲ။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီး တဲ့နောက်မှာ ရခိုင်ပြည်မှာ ရှိတဲ့ ရခိုင် လူမျိုးတွေနဲ့ မွတ်စလင်တွေဟာ ပြည်နယ်ထဲမှာ မရှိကြပါဘူး။ သူတို့
 တွေဟာ တစ်ဖက်နဲ့ တစ်ဖက် ပြိုင်ဆိုင်နေကြတာပါ။ နိုင်ငံရေးမှာ လွှမ်းမိုးမှု ရရှိဖို့ ပြိုင်ဆိုင်နေကြတာပဲ ဖြစ်ပါတယ်။




ဒေါက်တာ ယဉ်ယဉ်နွယ်
ကျွန်မကတော့ သမ္မတကြီး ဦးသိန်းစိန် ရဲ့ ပထမကော်မရှင် ရခိုင်ကော်မရှင်မှာ ပါဝင်ခဲ့ပါတယ်။၂ဝ၁၂ မှာ ဒီကော်မရှင် ဖွဲ့စည်းပြီးတော့ ကျွန်မတို့ အစီရင်ခံစာတွေ ပြုစုခဲ့ပါတယ်။ မြန်မာ Peace စင်တာကနေ ၂ဝ၁၃ မှာထုတ်ခဲ့ပါတယ်။ 

အဲ့ဒီ အစီရင်ခံစာမှာ ကျွန်မတို့ လုပ်ငန်း စီမံချက် ဆိုပြီးတော့ ပါပါ တယ်။ နိုင်ငံသားဖြစ်မှု အတွက်ရော အားလုံးတော်တော် များများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြပါတယ်။ ဒီ ဘင်္ဂါလီ အသိုက်အဝန်း ကရော၊ ရခိုင် အသိုက် အဝန်းကရော လက်ခံကြပါတယ်။ ထူးဆန်းတာက လက်ရှိ ဒေါက်တာ ကိုဖီအာနန် ကော်မရှင် က 
ကျွန်မပဲ မပါဘူး။ အင်တာလာမဗျူးဘူး။ အမှန်ကို မကြားချင်ဘူးလားတော့ မသိဘူး။ 

အဲ့တော့ ကျွန်မ ဒီဆွေးနွေးချင်တာပေါ့။ ဒီ Issue တွေမှာ ကျွန်မ သမိုင်းပညာရှင်လောက်တော့ နက်နက် 
ရှိုင်းရှိုင်း မသိဘူးပေါ့လေ။ အဲ့တော့ ကျွန်မ မှတ်ချက်ပြုလိုတာပေါ့၊ ဆွေးနွေးလိုတာ ဒီနိုင်ငံသား ကိစ္စမှာ 
တည်ဆဲနိုင်ငံ သား ဥပဒေနဲ့ပဲ သွားရမှာပါ။

 ပြည်ထောင်စု မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီဖြစ်တဲ့ အမည် ကိုပဲ သုံးရမှာပါ။ ရခိုင်မှာ ဘင်္ဂါလီတွေက 
ရိုဟင်ဂျာ လို့ပဲခေါ်ခေါ် ဘယ်လိုပဲ ခေါ်ခေါ် တရားဝင်တော့ အသိအမှတ်မပြုဘူး။ ဒီ ဘင်္ဂါလီတွေကို ဒီလိုမျိုးအမည်ကို အတင်းတောင်းခံပြီးတော့ နိုင်ငံတော် အစိုးရကနေ ဥပဒေကို ပြောင်းပေးဖို့ ဆိုတာ ကတော့ Sorry ပါ။ 

ကျွန်မနိုင်ငံ အများအပြားမှာ တာဝန် ထမ်းဆောင်ဖူးပါတယ်။ ဒီလို အဓိပ္ပာယ် မရှိတာမျိုး မကြားဖူးပါဘူး။ 
ဒါကတော့ သက်သက် အနိုင်ကျင့်တာပဲ။ ကျွန်မတို့ နိုင်ငံကို သက်သက် အနိုင်ကျင့်တာပဲဖြစ်ပါတယ်။
 ကျေးဇူးအများကြီး တင်ပါတယ်။




ဒေါက်တာ အေးချမ်း
ပထမ တစ်ချက်ကတော့ ရိုဟင်ဂျာတွေက သူတို့ အမည်သူတို့ တပ်မယ်။ မှည့်ခေါ်မယ် ဆိုတဲ့ ကိစ္စ၊ လူ့အခွင့် အရေးက လူတွေမှာ လူမျိုးတွေမှာ အခွင့်အရေး ရှိတယ်ပေါ့။ သူတို့က ရိုဟင်ဂျာ လို့ သူတို့ကိုယ် သူတို့ ခေါ် မယ် ဆိုတော့ ဒါက မှန်ကန်တဲ့ အမည်မဟုတ်ဘူး ဖြစ်နေတယ်။ 

ဘင်္ဂါလီ စာပေမှာ ၁၇ ရာ စု စာပေမှာ ရှင်းထားတာ ရှိပါတယ်။ ရခိုင်လို ရိုရှန်း၊ ရိုဟန် ဆိုတာ ရခိုင်ပေါ့။ ဂျာ ဆိုတာ လူပေါ့။ ရခိုင်သားပေါ့။ ရခိုင် အမျိုးသားပေါ့။ ဘင်္ဂါလီ မှာက ဒီဝေါဟာရကို သူတို့ အမည် ပါလို့ တောင်း ခံခွင့် မရှိပါဘူး။ ဒီတရား ဥပဒေ စိုးမိုးရေး အာဏာပိုင် အဖွဲ့အစည်းတွေကို အစုလိုက် အပြုံလိုက် အုံကြွတိုက်ခိုက်တာပဲ။ မွတ်စလင် မဟုတ်သော လူနည်းစု အဖြစ်နဲ့ မွတ်စလင် မဟုတ်သော လူတွေက လူနည်းစုသည် ဘင်္ဂါလီ နွယ်ဖွားတွေက လူများစု ဒါကို ကျွန်တော်လည်း ရှင်းပြချင်ပါတယ်။ 

အလယ်သံကျော်ရွာမှာ ရွာသားတွေ ထောင်ဂဏန်းနဲ့ ညဘက်ကြီး ထွက်လာပြီး ရခိုင်တွေကို ခြိမ်းခြောက်တာပေါ့။ အဲဒီမှာ ရဲက တပ်စုလေး တစ်စုပဲ ရှိတယ်။ အဲဒီမှာ လူတစ်ထောင်ကျော်က လာပြီး ခြိမ်းခြောက် တယ်။ လက်နက်လည်း ကိုင်ထားသေးတယ်။ ရိုင်ဖယ်ပါတယ်။ ဓားတွေ၊ ဓားရှည်တွေ ပါတယ်။ 

အဲဒီတော့ ကျွန်တော် မေးချင်တာက နိုင်ငံတစ်ကာ အသိုက် အဝန်းကို မေးချင်တာ။ ဥပဒေ စနစ်ရှိလား၊ ဒီလို ထောင်ဂဏန်း နဲ့ ဒီလိုလာပြီးတော့ ခြိမ်းခြောက်တာ ဥပဒေ ရှိလား။ ဘယ်လို လုပ်မလဲ ကျွန်တော်မေးကြည့်ချင်ပါတယ်။ 

အင်တာဗျူး လုပ်ပြီးတော့ ရွာလူကြီး တွေကို၊ ခနောင်ဆိပ်ရွာ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဒီရွာက ဟိန္ဒူ လူနည်းစု နေတဲ့ ရွာပါ။ မောင် တောမြို့နယ်ကပါ။ သူ့ကို မေးကြည့်ပါတယ်။ သူက ဘာပြောလဲဆိုတော့ ဟိန္ဒူ အမျိုးသား ၁ဝ၆ ဦး အသက် ဆုံးရှုံး ခဲ့ရပါတယ်တဲ့။ အသတ် ခံရတယ်။ မိန်းက လေး ရှစ်ဦးကို ဖမ်းသွားပြီး အစ္စလာမ်ဘာသာ ကို အတင်းပြောင်းခိုင်းတယ်။ မုဒိမ်းကျင့်တယ်။ ဘင်္ဂလားဒေ့ရှ်ကို ပို့လိုက်တယ်။ 

အဲဒီ မိန်းကလေး ရှစ်ဦး ကော့ဘဇာခရိုင် အိုကရာမှာ အခု ရှိနေတယ်။ ဟိန္ဒူခေါင်းဆောင်က ကော့ဘဇာ 
ခရိုင် က ကြိုးစားနေတယ်။ အဲဒီ မိန်းကလေး ရှစ်ဦး ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အဲဒါ ရွာလူကြီးက သူပြောတာပဲ။ ကျွန်တော်က တော့ဘာမှ ညာစရာ မရှိပါဘူး။ 

ဘင်္ဂလားဒေ့ရှ် တပ်က စစ်သံမှူးက ရက်စက်ကြမ်းကြုတ်မှု လို့ ပြောပါတယ်။ အကြမ်းဖက် သမားတွေကြတော့ ဘယ်လို လုပ်မလဲ။ ဟိန္ဒူ နဲ့ ဗုဒ္ဓဘာသာ လူနည်းစုတွေကို အကြမ်းဖက်မှုတွေကို ဘယ်လို လုပ်မလဲ။ ဒီစစ်တကောင်း တောင်ကြောတွေမှာ ဘယ်လို လုပ်မလဲ။ ဘယ်လို တရားရေး ကိစ္စတွေ လုပ်ပေးမလဲ။
 ကျေးဇူး တင်ပါတယ်။



ဒေါက်တာ နေဇင်လတ်
ကျွန်တော် ကတော့ ဒေါက်တာ နေဇင်လတ်ပါ ။ CSIS ဥက္ကဋ္ဌ နိုင်ငံတစ်ကာ လေ့လာရေးဌာန ကျွန်တော်တို့ ဖြေရှင်းချက် ရှာဖွေဆွေးနွေးပွဲမှာ အကြမ်းဖက်မှုက ရှိနေပြီ။ နှစ်နိုင်ငံ နှိုင်းယှဉ်တာ နှစ်နိုင်ငံ GDP နှိုင်းယှဉ် တာတွေ မဟုတ်ပါဘူး။ သမိုင်း ကိစ္စ ဆွေးနွေးဖို့နေရာ မဟုတ်ပါဘူး။ 

ကျွန်တော် မိနစ် အနည်းငယ်လောက် ဆွေးနွေးချင်ပါတယ်။ မကြာသေးခင်က ရက်အနည်းငယ်က ဆိုရင် 
နိုင်ငံ အချို့ အာဆီယံ နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ပါဝင်လာကြတယ်။ အဲတော့ ဒီ အကြမ်း
ဖက်မှု ဒီ ပဋိပက္ခမှုတွေဟာ လျင်မြန် စွာ ကြီးထွားလာတယ်။ 

ဘယ်လိုကျော်လွှားမလဲ။ ဘယ်လိုဖြေရှင်းမလဲ။ ဒါဟာ ပြည့်ပြည့် စုံစုံပေါ့။ ဒီမှာ သိပ် အများကြီးတော့ မပြောချင်ပါဘူး။ မီဒီယာက အသိုက်အဝန်း တစ်ခုကို ဘက်လိုက်တယ်။ ဘယ်လို ဖြေရှင်းမလဲ။ အကောင်းဆုံး ဖြေရှင်းနည်း ဘယ်လိုရှာမလဲ။ နိုင်ငံရေး၊ သံတမန်ရေး၊ အခြား နည်းလမ်းတွေနဲ့ ဒါ လုပ်ရမှာပါ ကျေးဇူးတင်ပါ တယ်။


crd#ရဲမိုး လွင်

No comments:

Post a Comment