18 September 2017

လူနည်းစု '' မြို '' လူမျိုးများ အကြောင်း


ရခိုင် ရိုးမ တွင် ရခိုင်လူမျိုး အပြင် မြို ၊ သက်၊ ခမီ၊ ဒိုင်းနက်၊ သက္ကမနှင့် ကမန် လူမျိုးစု တို့ နေထိုင်ကြသည်။၎င်းတို့ အနက်မှ ကျ မ တွေ့ဘူးသော မြို လူမျိုး အကြောင်းကိုတင်ပြပါမည်။

မြို လူမျိုးတို့ကို မြန်မာနိုင်ငံ ရခိုင်ရိုးမ တွင် သာမက ဘင်္ဂလားဒေရ့် အရှေ့တောင်ဘက်ရှိ (စစ်တကောင်းတောင်တန်း Chattagong)နှင့် အိန္ဒိယ အရှေ့မြောက်ဖျား တောင်တန်းများတွင် အခြေချ နေထိုင်ကြကြောင်း
ဖတ်ရှု ခဲ့ရသည်။ 

အဓိက အသက်မွေးဝ မ်းကျောင်း လုပ်ငန်းမှာ စူးထိုးတောင်ယာ လုပ်ငန်းဖြစ်ပြီး တောင်ပေါ်တွင်သာ နေထိုင် ကြသည် ။ မြေပြန့်ဒေသတွင် မနေလိုကြပေ။ တောင်ယာ ရှိသော တောင်တန်းများပေါ်တွင် ရွှေ့ပြောင်းနေ ထိုင်ကြသည်။

မြို လူမျိုးများ နေသည့် ဒေသတွင် ငွေကြေး သုးံစွဲမှုထက် ကုန်ပစ္စည်းချင်း ဖလှယ်ခြင်းကို ပိုတွေ့ရသည်။ဥပမာ ...  တစ်အိမ်မှ ဆန် နှင့် တစ်ခြားအိမ်မှ အသီးအနှံ၊ သား၊ ငါး၊ ဒန်အိုး၊ ဒန်ခွက်၊ ဆီ၊ ဆား စသည်တို့ကိုဖလှယ်ကြသည်။

 မောင်တော၊ ဘူးသီးတောင် ဒေသတွင် မြို လူမျိုးတည်သော ဒိန်ချဉ် မှာ နာမည်ကြီးသည်။ သူတို့နေသည့် အိမ်မှာ ဝါးလှေကား၊ ဝါးထရံ၊ ဝါးကြမ်းခင်း စသည့် ဝါး ကိုအခြေပြု ဆောက်ထားသည်။ ဝါးတိုင် များကို အသုးံပြုကာ ဆောက်ထားသည်။ ဓာတ်ပုံများစွာ ရိုက်ယူခဲ့သော်လည်း ယခုကျမ လက်ထဲတွင် မရှိပါ။

မြို လူမျိုးတို့သည် ပျားဖွတ်ခြင်း၊ ငှက်ဖမ်းခြင်း အပင်တက်ခြင်း စသည့် မုဆိုးအတတ်ပညာ ကျွမ်းကျင်ကြ သည်။ ဒါ့အပြင် ဝါးကြောဖြင့် ယက်သော၊ ပလိုင်း ၊တောင်း၊ ငါးဖမ်းသည့်မြံုး စသည့် ကုလားထိုင်၊ ထရံ စ 
သည့် လက်ယာမှာပြောင်မြောက်ကျွမ်းကျင်ကြပါသည်။








အရွယ်ရောက်ကာစ မြို လူငယ်များသည် ဦးခေါင်း ထိပ်ပေါ်တွင် ဆန်ထုးံ ထုးံကြသည်။ ပန်းပန်ကြသည်။
ကွမ်းဝါး သဖြင့် နုတ်ခမ်း အရောင်မှာ အနီရောင် ရဲနေပြီး၊ အများစုမှာ ကိုယ်အထက်ပိုင်း ဗလာနှင့် နေကြ သည်။ ခါးတောင်းကြိုက်ကြသည်။ ဓား လွယ်ကြသည်။ ဝါးပလိုင်း လွယ်ကြသည်။ 

ကျ မ အလုပ်မှ နိုင်ငံခြားသား အရာရှိ တစ်ဦးက ကျမ အား ''I saw very beautiful Mro boy in kanyin Chaung Market'' လို့ပြောဖူးသည်။ ဘယ်လိုကြောင့် Beautiful လို့ပြောတာလဲ ဆိုတော့ တော်တော်ကြည့်ကောင်းလို့၊ အသားအရည် လှလို့ ပလိုင်း နှင့် ဓားနှင့် ချိတ်လွယ် ထားပြီး ကညာချောင်းဈေး အတွင်းတွေ့ လိုက်စဉ် သူ့မှာ ထူးဆန်းလွန်း သဖြင့် တဒင်္ဂ ကြက်သေသေသွားခဲ့ပါသတဲ့။

 မြို အမျိုးသမီး ဓာတ်ပုံ ကို Google image မှ ကူးယူဖော်ပြပါသည်။

ယခင်က မြို အမျိုးသမီးများသည်လည်း ကိုယ်အထက်ပိုင်း ကို အဝတ် သိပ်မဝတ်ကြ မြို့ပေါ်တက် ကာ ဆား ဝယ်၊ ဆီဝယ် မှသာ အဝတ်ဆင်ကြသည်တဲ့။ ယခုတော့ ဘယ်လိုနေကြမည် မသိ လွန်ခဲ့သော (၁၃)နှစ်ခန့် ကတော့ သူတို့တွေ မြို့တက်လာလျှင်မြေပြန့်ပြန့် ကို လမ်း သိပ်မလျောက်တတ်ကြ တန်းစီပြီးလျောက်
ကြသည်။ (တောင်တက်နေသူတွေရဲ့ဓလေ့ အတိုင်း)။

မြို လူမျိုး အများစု၏ အသားအရောင်မှာ အတော်လတ်သည်။ မြို အမျိုးသမီးလေးများမှာ အတော်ကို ချောမောလှပကြသည်။

အကျဉ်းချုပ် ဆိုရသော် ၊မြို လူမျိုးများသည် ၊ရိုးသားကြသည်။ နည်းပညာ မတိုးတက်သောနေရာတွင် အခြေချကြသဖြင့်တောင်ယာသည်သာ သူတို့ အသက်သွေ့းကြောပင်ဖြစ်သည်။ ဆင်းရဲနွမ်းပါးကြသည်။ 

ကျန်းမာရေးနှင့် ပညာရေးမှာ ဒေသ အခက်အခဲ  ၊လမ်းပန်းဆက်သွယ်ရေး နှင့် စီးပွားရေး နိမ့်ကျမှု့ကြောင့် အဆင့်မမှီပါ။ သို့သော် '' ငါတို့ တောင်မှာ ငါတို့ပျော်သည် '' တဲ့။

မြို တို့ရဲ့ ဒေသကို ဖွံဖြိုး တိုးတက်အောင် လုပ်ဆောင်ပေးသင့်သည်။ အချိန်တွေလဲကြာခဲ့ပြီ။





Posted by ရိုးရိုး
(Powng Rierl Mro).
credit မြိုတိုင်းရင်းသားများ

17-9-2017 / 7:33 AM /SUN
ကမ္ဘာ့ စွယ်စုံကျမ်းကြီး

No comments:

Post a Comment