13 September 2017

နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ရခိုင်ဒေသအတွက် ငွေသား လှူဒါန်း



နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် က ရခိုင်ဒေသ အတွက် ကူညီရန် ငွေသား ပါဝင် လှူဒါန်း
လိုက်ကြောင်း သိရှိရရသည်။ ငွေကျပ် ၃ သိန်း ကို လှူဒါန်း လိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်သည် စစ်အာဏာရှင် လက်ထက်က ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ပြီး

 နောင်အခါ စစ်ခေါင်းဆောင်ကြီများ အချင်းချင်း ဖယ်ရှား ခံခဲ့ရကာ ဘဝပြောင်းလဲခဲ့တာ ယခုအချိန်ထိပင်ဖြစ်သည်။

ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ဦးခင်ညွန့် တစ်ယောက် ရခိုင်ပြည်နယ် အကြမ်းဖက်ခံ အပြစ်မဲ့ပြည်သူများ အတွက် ငွေကြေး အချို့ ထည့်ဝင် လှူဒါန်းလာတာဖြစ်ပါတယ်။

ဒီအကြောင်းကို ဖိုးဇော် ဖေ့စ်ဘွက် စာမျက်နှာ အသုံးပြုသူက ဓာတ်ပုံများနှင့် တစ်ကွ တင်ထားတာဖြစ်ပါ
တယ်။










‘’ ရခိုင်ပြည်နယ် မောင်တော-ဘူးသီးတောင် -ရသေ့တောင်မြို့နယ် များ၌ သြဂုတ်လ ၂၅ ရက် ၂၀၁၇ ခုနှစ် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် ကျူးကျော်သူများကြောင်း ရခိုင် လူမျိုးများနှင့် ရခိုင် မျိုးနွယ်စုများ စစ်ဘေးရှောင် ဒုက္ခသည်များ အပြစ်မဲ့ ပြည်သူများ -အသက်ပေး ကာကွယ်နေကြတဲ့ တပ်မတော်သားများ -
ရဲတပ်ဖွဲ့ဝင်များ အတွက် ယနေ့ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်မိသားစု အလှူငွေ (၃) သိန်းကျပ်  အလိုတော်ပြည့် ဆရာတော်ကြီး ၏ တပည့် တစ်ကာ၊ တစ်ကာမဖြစ်သော ဒေါ်စောသီင်္ဂီအား (၁၂.၉.၂၀၁၇) ရက်နေ့က လာရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။’’

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ရဲ့ မျက်နှာက လောကဓံ ထောင်းထောင်း ထုထု ခံခဲ့ရတာကို အံ့ကြိတ်

တုန့်ပြန်ဟန် အဓိပ္ပါယ်မျိုး၊ မာန်မလျော့တန်း အမူအရာမျိုး ဖြစ်လျှက်ရှိသည်ကို တွေ့ရသည်။





Source

No comments:

Post a Comment