08 September 2017

၂၀၀၂ ခုနှစ် နအဖ လက်ထက် ဖြစ်ပွားခဲ့သော ယိုးဒယား-မြန်မာ စစ်ပွဲ



၂၀၀၂ ခုနှစ် နအဖ လက်ထက် ဖြစ်ပွားခဲ့သော ယိုးဒယား-မြန်မာ စစ်ပွဲ

၂၀၀၂ ခုနှစ် ဇွန်လ (၁) ရက်နေ့ မှာ ..တပ်မတော် အစိုးရဟာ .ပြည်တွင်း ပြည်ပ သတင်းစာ ဆရာများနဲ့ သံရုံး အသီးသီးမှ သံတမန်များ စစ်သံမှူးများ အားလုံးကို ဖိတ်ခေါ်ပြီး သမိုင်း တစ်လျောက် သဘောထား တင်းမာလွန်း တဲ့ ထုတ်ပြန်ချက်တစ်ခုကို တိတိ လင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီ ထုတ်ပြန်ချက်ကတော့ ....တပ်မတော်အနေနဲ့ ကျဆုံး သွားတဲ့ ပန်မိုင်ဆွန်ဒေသ စခန်း အားလုံးတို့ ကို ..

.ပြန်လည် တိုက်ခိုက်တော့မှာဖြစ်ပြီး ၊ အကယ်၍ ယိုးဒယားတပ်တွေ အနေနဲ့ .မိမိတို့ ကို ပစ်ခတ်လာမယ်ဆိုရင် ချက်ချင်း ပြန်လည် တုံ့ ပြန် ပစ်ခတ် တိုက်ခိုက်ဖို့ တပ်တွေကို အမိန့်ပေးလိုက်ပြီ ဖြစ်တဲ့အကြောင်းပါ။

ဒီထုတ်ပြန်ချက်ဟာ ..ယိုးဒယား အပေါ် တိတိ လင်းလင်း စိန်ခေါ်လိုက်တာဖြစ်သလို လိုအပ်ရင် စစ်ဖြစ်ဖို့  အသင့် ရှိတယ် ဆိုတဲ့ ..... သဘောလဲ သက်ရောက်တဲ့ အတွက် ..သံတမန်များရဲ့  အာမေဋိတ်သံ ဟာ .....ခန်းမ ထဲမှာ တော့ အတော်ပဲ ကျယ်လောင်သွားခဲ့ပါတယ်။


၂၀၀၂ ခုနှစ်၊ မေလ (၂၀) ရက်နေ့ နံနက် ၉ နာရီ မှာ ရန်ကုန်မြို့ အမှတ် (၂၀) အင်းယားလမ်း တပ်မတော် 

ဧည့်ဂေဟာထဲကို ဒုတိယ တပ်မတော်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်း နဲ့ ပြည်တွင်း ထောက်လှမ်းရေးဌာန၊ ဒုတိယဌာနကြီးမှူး ဗိုလ်မှူးကြီးစန်းပွင့် တို့ဟာ ..မျက်နှာထား ခပ်တင်းတင်း နဲ့ ဝင်ရောက်လာပါတယ်။ 

ခန်းမထဲမှာတော့ ပြည်တွင်း /ပြည်ပ သတင်းစာ ဆရာတွေနဲ့ ပြည့်နှက်နေပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်ကျော် ၀င်း ဟာ ဒီကနေ့ မနက် ၄ နာရီ ၁၅ မိနစ်မှာ နယ်စပ် တစ်လျောက်မှာ ရှိနေတဲ့  တပ်မတော်ရှေ့ တန်းစခန်း အများအပြားကို SURA နဲ့  ယိုးဒယား စစ်တပ် ပူးပေါင်းပြီး .၀င်ရောက် စီးနင်း တိုက်ခိုက်နေပြီဖြစ်ကြောင်းနဲ့ လူ၊ လက်နက် အင်အား မမျှပေမယ့် ..တပ်မတော် စခန်းငယ် တွေဟာ အခု လက်ရှိ အချိန် အထိ အပြင်း အထန် ကာကွယ် ခုခံနေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့်လဲ အခြေအနေဟာ .တစ်ဖက်က အသာစီး ရနေခဲ့ပါပြီ…. ၂၁.၅.၂၀၀၂ ရက်နေ့  နံနက် ၃ နာရီ ၃၀ ချိန်မှာ နယ်စပ် ခံစစ် ဘီပီ-၅ စခန်း အပါအ၀င် ပန်မိုင်ဆွန် ၊ ပန်ကန့် ကော်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထစခန်းများ အားလုံးနီးပါး ကျဆုံးသွားခဲ့ပြီး၊ အဲဒီ ဒေသက ရွာတွေ အားလုံးလဲ မီးရှို့ ဖျက်ဆီး ခံခဲ့ရပါတယ်။


ဒေသခံတွေလည်း အများအပြား ထိခိုက်သေဆုံးခဲ့ ရပြီး ပညာရေး နဲ့ ကျန်းမာရေး ၀န်ထမ်း ဆရာမ အချို့ ကိုလဲ SURA က သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ ဒါဟာ ၂၀၀၁ ခုနှစ်က နာကျည်း ချက် ဒဏ်ရာ အကင်းမသေသေးတဲ့ တပ်မတော်အစိုးရအပေါ် သွားပြီး စနက်တံ မီးရှို့ လိုက်သလို ဖြစ်သွားစေနိုင်တဲ့ အချက်လဲဖြစ်ပါတယ်။


အခြေအနေကတော့ တပ်မတော် အစိုးရဟာ တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်ပြီး ဖြစ်ပုံရပါပြီ။ နောက်ထပ် နာရီ အနည်းငယ် အတွင်းမှာတော့ အမှတ် ၃၃ ခြေမြန် တပ်မ လက်အောက်ခံ တိုက်ခိုက်ရေး တပ်ရင်းတွေဟာ တိုက်ပွဲ ဖြစ်ပွားရာ နယ်မြေ အတွင်းကို ဒေါသ တစ်ကြီးနဲ့  တစ်ဟုန်ထိုး ချီတက်လျက် ရှိသလို တြိဂံဒေ သတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေ ဟာလည်း အမြန်ဆုံး စစ်ကူ လိုက်လာနေပါပြီ။


ရန်ကုန် အမှတ် ၃ အမြန် လမ်းမကြီး တစ်လျောက်မှာတော့ ....တပ်ရွေ့ ပြောင်းမှု အများအပြားကို တွေ့ မြင်ရပြီး အမြောက်တပ်မ တစ်ခုဟာ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တင် စစ်ယာဉ် အများအပြား နဲ့ တစ်လကြမ်း ချီတက်သွားတာကို လဲမြင်တွေ့လိုက်ရမှာဖြစ်ပါတယ်။ 


တပ်မတော် (ရေ) ရဲ့ ဒုံးပျံတင် ကော်ဗက် စစ်ရေယာဉ် ၃စီး အပါအ၀င် စစ်သင်္ဘော ၈ စီး ဟာလဲ မြန်မာ့ရေ ပိုင် နက် နယ်နိမိတ်ဆီ ကို မိုင်ကုန်တင် ခုတ်မောင်းနေသလို နမ့်စန် လေတပ် စခန်းက တိုက်ခိုက်ရေးလေယာဉ် အုပ်များ အားလုံးလဲတိုက်ပွဲဝင်ရန် အသင့် အနေအထား တပ်လှန့် အမိန့်ဝင်လာပါတယ်။

ယိုးဒယားနိုင်ငံ အနေနဲ့တော့ အခြေအနေဟာ ယခင် အကြိမ်ပေါင်းများစွာလိုပဲ နယ်စပ်ဒေသ ကန့်သတ်စစ်ပွဲအဆင့်ကို ရည်မှန်းရန်စလို့ မရနိုင် လောက်တော့ပါဘူး။


၂၁.၅.၂၀၀၂ ရက်နေ့ မှာပဲ ယိုးဒယား တီဗွီ ချာနယ် 7 ဟာ တပ်မတော် စခန်းတွေ နဲ့ ဒေသတွင်း “၀” တပ်ဖွဲ့ စခန်းတွေ ကို SURA က ၀င်ရောက် သိမ်းပိုက်ရာမှာ မူးယစ်ဆေးဝါး အများအပြား ဖမ်းမိခဲ့တယ်လို့  ကြေငြာကာ စစ်ပွဲ ကို ပုံဖော်ခဲ့ ပြီး၊ ဒီဖြစ်စဉ်မှာ ယိုးဒယား စစ်တပ်က လုံးဝ ပါဝင်ခဲ့ ခြင်းမရှိကြောင်း၊ အမှတ် ၃ တပ်တော်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ၀ပ်တနာချိုင်း က ငြင်းဆို ခဲ့ပါတယ်။ 


တစ်ချိန်တည်းမှာပဲ .... ယိုးဒယား တပ်မတော် ကြည်းတပ် ဦးစီးချုပ် .ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ က ..မြန်မာနိုင်ငံ အနေနဲ့ ယိုးဒယားကို ထိပါးလာရင် အင်အား သုံးပြီး ဖြေရှင်းမယ်လို့တိတိ လင်းလင်း ထုတ်ပြော ခဲ့ပါတယ်…..။

နောက်ရက်မှာ တွေမှာတော့..နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေဟာ သံအမတ် နှစ်ဦးလုံးကို ခေါ်ယူပြီး .ပြင်းပြင်း ထန်ထန် ကန့် ကွက် သတိပေးခဲ့ ကြသလို ဗန်ကောက် ပို့ စ်၊ နေရှင်း စတဲ့ ယိုးဒယား သတင်းစာတွေနဲ့.မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာတို့ရဲ့ မီဒီယာ တိုက်ပွဲကြီးလည်း စတင်ပါပြီ။ 


လတ်တလော ထုတ်ဝေနေတဲ့ ယိုးဒယား သတင်းစာများမှာ မြန်မာ မုန်းတီးရေး ဆောင်းပါး များနဲ့ ပြည့်နှက်နေ သလို၊ မြန်မာ့သတင်းစာ များကဖော်ပြနေတဲ့ ဒေါက်တာ မတင်ဝင်း ရဲ့  " ဗြနရာဇ် လူမဖြစ်ပါ " ဆိုတဲ့ 
အခန်း ဆက်ဆောင်းပါးတွေဟာ ဘုရင် ကို အထွတ်အမြတ်ထားလှတဲ့ ယိုးဒယားတို့ကိုတော့ အတော့်ကို  ယမ်းပုံ မီးကျ ဖြစ်စေခဲ့ ပါတယ်။






မကြာခင်ပဲ ယိုးဒယား ရဲတပ်ဖွဲ့ ဟာ ဒေါက်တာ မတင်ဝင်း ၊ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာ အယ်ဒီတာတွေကို ....Black List စာရင်းသွင်းကာ ပြည်ဝင်ခွင့် ပိတ်ခဲ့ပြီး မြန်မာနိုင်ငံကလဲ ဘန်ကောက်ပို့ စ် နဲ့ နေရှင်း သတင်းစာ အယ်ဒီတာများ အပါအ၀င် ယိုးဒယား ဆောင်းပါးရှင် ၁၇ ဦးကို ပြန်လည်ပြီး Black List 
သွင်းကာ ပြည်ဝင်ခွင့် ပိတ်ခဲ့ ပါတယ်။

၂၀၀၂ ခုနှစ် ဇွန်လ (၁) ရက်နေ့ မှာ ..တပ်မတော် အစိုးရဟာ .ပြည်တွင်း ပြည်ပ သတင်းစာ ဆရာများနဲ့ သံရုံး အသီးသီးမှ သံတမန်များ...စစ်သံမှူးများ အားလုံးကို ဖိတ်ခေါ်ပြီး သမိုင်း တစ်လျောက် သဘောထား တင်း မာလွန်း တဲ့ ထုတ်ပြန်ချက်တစ်ခုကို တိတိလင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီ ထုတ်ပြန်ချက်ကတော့ ....

တပ်မတော် အနေနဲ့ ကျဆုံးသွားတဲ့ ပန်မိုင်ဆွန်ဒေသ စခန်းအားလုံးတို့ ကို ...ပြန်လည် တိုက်ခိုက်တော့  
မှာဖြစ်ပြီး ၊ အကယ်၍ ယိုးဒယားတပ်တွေ အနေနဲ့ .မိမိတို့ ကို ပစ်ခတ်လာမယ် ဆိုရင် ချက်ချင်း ပြန်လည် 
တုံ့ ပြန်ပစ်ခတ် တိုက်ခိုက်ဖို့ တပ်တွေကို အမိန့်ပေးလိုက်ပြီ ဖြစ်တဲ့အကြောင်းပါ။

ဒီထုတ်ပြန်ချက်ဟာ ..ယိုးဒယား အပေါ် တိတိလင်းလင်း စိန်ခေါ်လိုက်တာဖြစ်သလို လိုအပ်ရင် စစ်ဖြစ်ဖို့ အသင့် ရှိတယ်ဆိုတဲ့ ..... သဘောလဲ သက်ရောက်တဲ့ အတွက် ..သံတမန်များရဲ့  အာမေဋိတ်သံဟာ .....ခန်းမထဲမှာ တော့ အတော်ပဲ ကျယ်လောင်သွားခဲ့ပါတယ်။....


ယိုးဒယား စစ်သံမှူး အနေနဲ့တော့ သတင်းထောက်များ ၀ိုင်းဝန်းမေးမြန်းမှုတွေ ကို မျက်နှာ မကောင်းစွာနဲ့ပဲ ပြောစရာ မရှိကြောင်းပြောကြားခဲ့ပြီး၊ သံရုံးကို အလျင်အမြန် ထွက်ခွာသွားပါတယ်။ သူဟာ ဒီ ရာဇသံကို သူ့ နိုင်ငံ အစိုးရဆီ အမြန်ဆုံး သတင်းပို့ ရမှာဖြစ်သလို ....မြန်မာ လူထုရဲ့ ဒီပြသနာ အပေါ် သဘောထားကိုလဲ ထောက်လှမ်းရေး အစီရင်ခံစာ အများအပြား ရရှိပြီးဖြစ်တဲ့ အတွက် မျက်နှာမကောင်းတာ လဲဖြစ်နိုင်ပါတယ် ….။


ပြီးခဲ့တဲ့ ၃/၄ ရက်က စလို့ ရန်ကုန်မှာရှိတဲ့ ယိုးဒယား သံရုံးကို...လုံခြုံရေး တိုးမြှင့်ပေးထား ရပြီး နိုင်ငံ အနှံ့ အပြား က ယိုးဒယား ပစ္စည်းများရဲ့ရောင်းအား ဟာလဲ ဒလဟော ထိုးကျလို့နေ နေပါပြီ။ မြန်မာပြည် အနှံ့က အလံတွေ လွှင့်ထူထားလို့ရဲရဲတောက်နေတဲ့ အိမ်တွေရဲ့ မျက်နှာစာကို တိုင်းမ် မဂ္ဂဇင်း က မျက်နှာဖုံး သတင်း အဖြစ်ဖော်ပြခဲ့သလို၊ ရွှေရောင် ပစ်မှတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်း ထဲက ....


" ကျွန်တော့်ကို အချိန် ၃ ရက်သာပေးပါ ဘန်ကောက်မြို့ ပေါ် လမ်းလျောက်ပြပါမယ် ဗိုလ်မှူး "
ဆိုတဲ့  စကားဟာ တစ်ပြည်လုံး အနှံ့က လူငယ်တွေ တစ်ဖွဖွ ရေရွတ်လို့နေနေပါပြီ……" ...


ဒါဟာ ယိုးဒယား အဖို့ တော့ သူတို့ မျှော်လင့်မထားတဲ့ တုန့် ပြန်မှု ဖြစ်ပြီး ၊ ဒီနောက်ပိုင်း မှာတော့ ယိုးဒယားအနေနဲ့ ယခုလို အပြုအမှုမျိုးဟာ ....နောက်ထပ် လုပ်ရင် မြန်မာ နဲ့ စစ်ဖြစ်ပွားတဲ့ ထိ ...ဖြစ်နိုင်တယ် ဆိုတဲ့အနေအထားကို သဘောပေါက်သွားပုံလဲ ရပါတယ်။


၂၀၀၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ မှာပဲ တပ်မတော် ရဲ့ တန်ပြန် ထိုးစစ်ဟာ အပြင်းအထန် စတင်လာပါတယ် ။
ရန်သူများနဲ့ ရင်ဆိုင် ထိန်းချုပ်ထားတဲ့ တပ်တွေ အပြင် .နည်းဗျူဟာ (၅) ခု၊ တပ်ရင်း (၁၃) ရင်း ဟာ လက်
နက်ကြီး ပစ်ကူ အမြောက် အများနဲ့ စခန်းတွေကို ၀င်ရောက် လုံးထွေး ကုန်သလို .နှစ်နိုင်ငံ အမြောက်တပ် တွေကတော့.နယ်စပ်ဖြတ်ကျော်ပြီး မီးကုန် ယမ်းကုန် ပစ်ခတ် နေပါပြီ။

ဒီတိုက်ပွဲစဉ်တွေမှာတော့ ....SURA နဲ့ ယိုးဒယား စစ်သည်တွေ အဖို့ ....အတော်သွေးပျက်ဖွယ် အခြေအနေ တစ်ခုကိုလဲ စကြုံလာရပါပြီ။


….အဲဒါကတော့ တစ်လစပ် ပစ်ခတ်နေတဲ့ ကြားက ...မိုက်မိုက် ကန်းကန်း လှံစွပ် တက်ထိုးတဲ့ မြန်မာ စစ်သည်တွေနဲ့ အတူ ခေါင်းကြော မာလှတဲ့ အသေခံ “၀” တပ်ဖွဲ့ ဝင်တွေပါ ပါဝင် လာခြင်းပါ.။


တာချီလိတ် နဲ့ မယ်ဆိုင်မြို့ တွင်းကို လည်း ..အမြောက် ကျည်များ မကြာခဏ ကျရောက်နေသလို ....မယ်ဆိုင်မြို့ တွင်း နေရာယူထားတဲ့ ယိုးဒယား တင့်ကား တစ်စီးဟာ မြန်မာ အမြောက်တပ်က ပစ်ခတ်လိုက်တဲ့  .....ဗုံးသီး တစ်လုံးကို ၃၅ ပေါင်လေးတဲ့  ...၁၂၀ မီလီမီတာ MA6 စိန်ပြောင်းကြီး .....တိုက်ရိုက် ထိမှန်သွားတဲ့ အတွက် ...စက္ကူစုတ် တစ်ခုလို ရှုံ တွ မီးလောင် သွားပြီး ....ယာဉ်ပေါ်ပါ စစ်သည် အားလုံး သေဆုံးသွားပါတယ်။


ဒီ ထိမှန်ပေါက်ကွဲမှုဟာ ယိုးဒယား စစ်တပ်ကို အတော် တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီး ပဲ့ထိန်း စနစ်တပ်ဒုံးလက်နက် တစ်မျိုးနဲ့ ပစ်ခတ်ခံရတယ်လို့ယူဆတဲ့ အတွက် ယိုးဒယား တင့်ကား အားလုံးကို ...နောက် ဘက် ကိုက် ၄၀၀ လောက်ထိ ....ဆုတ်ခွာ သွားစေခဲ့ပါတယ်။ မကြာမီ ရက်ပိုင်း အတွင်းမှာတော့ ..SURA နဲ့ ယိုးဒယား တပ်ဖွဲ့ဝင်တွေဟာ စတင်ဆုတ်ခွာလို့ နေရပါပြီ…...။


၂၀၀၂ ခုနှစ် ဇွန်လ လယ်ရဲ့ သာမန် ည တစ်ညမှာ ....ညတိုက်ပွဲဝင် ၀တ်စုံ အပြည့်နဲ့ ....အမှတ် ၁၇၁ စစ်ဒေသ က “၀” တပ်ဖွဲ့ ဝင် ၃၀၀ ခန့် ဟာ ....တစ်ဂျိမ်းဂျိမ်း ပစ်ခတ်နေတဲ့  ယိုးဒယား အမြောက်စခန်းတွေရဲ့ ....ရှေ့ကာ တပ်စခန်းများဆီကို နယ်စပ်ဖြတ်ကျော်ပြီး တိတ်တိတ် ဆိတ်ဆိတ် ပဲ စိမ့်ဝင် ချီတက်သွားပါ တယ်။


အဲဒီည မှာပဲ ...နယ်စပ်မျဉ်းက ၂ ကီလိုမီတာ အကွာမှာ ရှိတဲ့ ....ယိုးဒယား ကာကင်း အတော် များများချေ 
မှုန်းခံရပြီး၊ ယိုးဒယား နယ်ခြားစောင့် တပ်စခန်း အတော်များများဟာ တိုက်ခိုက် ဖျက်ဆီး မီးရှို့ ခံခဲ့ရပါတယ်။ဒါဟာ ယိုးဒယား အမြောက်များနဲ့ ....မြန်မာခြေလျင်တပ်ဖွဲ့ များ အကြား ကြားခံတပ် အင်အား အတော်နည်းသွားတဲ့ သဘောဖြစ်ပြီး၊ ယိုးဒယား အမြောက်စခန်းများဟာ အကြီးအကျယ် ခြိမ်းခြောက်ခံနေရပြီ ဆိုတဲ့ 
အဓိပ္ပာယ်လဲ ဖြစ်ပါတယ်။

ဒါပေမယ့်လဲ စစ်ပွဲဟာ အဖြေပေါ်နေခဲ့ပါပြီ ။ နောက် ၂ ရက် အကြာမှာတော့ ....မြန်မာပြည်ကို အင်အားသုံးမယ် ဆိုတဲ့ ယိုးဒယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ ဟာ ရာထူးမှ အနားပေး ခံရပြီးနယ် 

စပ်မျဉ်းက ယိုးဒယား တပ်ဖွဲ့ဝင် အမြောက်အများဟာ ပြန်လည်ဆုတ်ခွာရပါတော့တယ်။ 

ဒါ့အပြင် အသစ်တက်လာတဲ့ ယိုးဒယား စစ်ဦးစီးချုပ်ဟာ .....SURA အပေါ် ထောက်ပံ့ ပေးနေမှုကို ရပ်စဲ လိုက်တဲ့ အတွက် ယိုးဒယားနယ်မြေထဲမှာ အခြေစိုက်နေရတဲ့ SURA အဖို့တော့ အနာဂတ်ကာလတွေမှာ အခက်အခဲ အတော်တွေ့ရ တော့မှာလည်း ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ကတော့ ဒီတိုက်ပွဲစဉ်တွေ အပြီးမှာ ....ပြန်လည် သိမ်းပိုက်ခဲ့တဲ့ နယ်စပ် ခံစစ်စခန်းများကို စစ်ကြောင်း အဆင့်ထိုင်တဲ့ မဆုတ်တန်း ခံစစ်စခန်းတွေအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ ပြီး ဒီနေ့အထိ 

အခိုင်အမာ ခံစစ်ပြင်ထားတော့တာကို ...တွေ့ ရ တော့မှာလဲ ဖြစ်ပါတယ်…….။


ဒီစာလေးဖတ်တိုင်း စစ်သွေးကြွစေပါတယ် ။ မျိုးချစ်စိတ်ဓာတ် ပိုမိုရင့်သန်စေပါတယ် ။

ရဲမိုး ဧ။် " တပ်မတော် ဘာလဲ ဘယ်လဲ (အပိုင်း ၁၄) " မှ ကူးယူဖော်ပြပါသည် ။



#သားကောင်းစစ်သည်
#ယမင်ထွန်း



No comments:

Post a Comment