17 September 2017

နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခြင်း


‘‘ လုံခြုံရေးကောင်စီ အစည်းအဝေး ဆိုသည်မှာ နိုင်ငံတစ်ကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်တြဲ့ ပဿနာတွေ ပေါ်ပေါက်လာမှသာ လုံခြုံရေးကောင်စီ အစည်းအဝေးက ခေါ်ယူပြီးတော့ ဒါကို စဉ်းစား ရတဲ့ အခြေအနေဖြစ်တယ်။ အခုမြန်မာနိုင်ငံရဲ့ အခြေအနေသည် နိုင်ငံတစ်ကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်နေပြီလား။ ဘာမှ မဖြစ်သေးဘူး’’




ဦးဝဏ္ဏမောင်လွင် (ဓာတ်ပုံ-ဝဏ္ဏအောင်)

ရခိုင်အရေးနှင့် ပတ်သက်၍ ပြည်ပရှိ မြန်မာသံရုံး အချို့တွင် ဆန္ဒပြမှုများ ကြုံတွေ့နေရသည်။ ထို့ အပြင် အချို့သောနိုင်ငံများ ကလည်း လူ့အခွင့်အရေး ရှုထောင့်မှနေ၍ ရခိုင်အရေး အပေါ် ဖိအားပေး နေကြသည်။ 

လတ်တလော အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ယခင် အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့်လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ၊ နိုင်ငံတစ်ကာရေးရာ ကော်မတီ ဥက္ကဋ္ဌ 
ဦးဝဏ္ဏမောင်လွင်နှင့် စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံစဉ် မေးမြန်းထားမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ရခိုင်အရေးဖြစ်စဉ်မှာ နိုင်ငံတစ်ကာရဲ့ ဖိအားပေးမှုတွေကို ဘယ်လို သုံးသပ်လိုပါသလဲ။
အခုချိန်မှာ ဒီကိစ္စသည် ပြည်တွင်းရေးကိစ္စ အဖြစ် တို့ကတော့ သတ်မှတ်တယ်။ အခုလည်းပဲ ဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ မီဒီယာ တွေမှာ ပြတဲ့အခါ ဒီ ရခိုင်တိုင်း ရင်းသားတွေ၊ မြိုတွေ၊ ခမီ၊ ဟိန္ဒူ ဘာသာဝင်တွေ  သတ်ဖြတ်ခံရ တာတွေ အစိုးရက ဒါနဲ့ ပတ်သက် ပြီးတော့ တိတိကျကျ ထုတ်ပြန်ဖို့ အားနည်းတာကို တွေ့ ရတယ်။ 

အလားတူပဲ နိုင်ငံတစ်ကာတွေကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြတာ မတွေ့ရဘူး။ နိုင်ငံတစ်ကာ မီဒီယာ တွေကို ရခိုင်ဖြစ်စဉ်တွေဆီခေါ် သွားတယ်။ မောင်တောဘက်က မီးလောင်သွားတဲ့ ဘင်္ဂါလီတွေဆီ ကို ခေါ်သွားတယ်။ 

အဲဒီလိုခေါ် သွားတဲ့ အချိန်မှာ မြိုတွေ၊ ခမီ တွေ၊ ရွှေ့ပြောင်းနေတဲ့ ဟာတွေ မပါဘဲနဲ့ ဒီရွာက ဘင်္ဂါလီတွေ က ထွက်ပြေးတယ် ဆိုတဲ့ဟာကိုပဲ ဖော်ပြတယ်။ တစ်ကယ့်ဖြစ်စဉ်မှာ အဲဒီနေရာမှာ ရှိနေတဲ့ တိုင်းရင်း သားတွေက အိုးပစ်၊ အိမ်ပစ်၊ လယ်ယာတွေ ပစ်ပြီး အကုန်လုံး ထွက်ပြေးလာခဲ့ကြရတယ်။ 

ဒီဘက်က ဘင်္ဂါလီတွေ ဒုက္ခရောက် တဲ့ကိစ္စကိုပဲ ဟိုက်လိုက် လုပ်လာ ကြတယ်။ ဒါ သွေးရိုး သားရိုးဟုတ် လို့ လား။ အဲဒီဟာတွေနဲ့ နိုင်ငံ တစ်ကာက ဖိအားပေးမှုတွေလုပ် လာတယ်။ ကိုဖီအာနန် ဘက်ရီပို့ ကြီးပေါ့။ ဒီရီပို့ကြီး အပေါ် မူတည် ပြီးတော့ ဒီ ရီပို့သည် မူလ အကြံ ပေးမှုပဲလို့ ဖော်ပြထားတယ်။ 

ဒီ ကြားဖြတ် ရီပို့ကို လိုက်နာဆောင် ရွက်ပါမယ်လို့ အာမခံပေးပြီး တော့ ပြောလာတယ်။ နောက်ဆုံး ရီပို့တင် လိုက်တော့ ထောက်ခံပါ တယ် လို့ ချက်ချင်း လုပ်လာတယ်။ အဲဒီအချိန်မှာ ယူကေ က အစည်း အဝေးခေါ်ခိုင်းတယ်။
ဒီလူတွေကိုနိုင်ငံသားဖြစ်ခွင့်ပေးပါ။ ဒီလူတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးပါ ဆိုတာကိုပြောတယ်။ အလားတူပဲ တခြားနိုင်ငံကြီးတွေကလည်း ဒီအတိုင်းပဲပြောတယ်။ ဒီ အစီရင်ခံစာက တို့နိုင်ငံ အတွက်ပဲ
 ပြောတာ မဟုတ်ဘူးလား။ သူက ဒီအစိုးရကိုပဲ ပေးရမှာ။ ကော်မရှင်သည် သူ့ကို ခိုင်းရတဲ့ အစိုးရကိုပဲတင်ရမှာ။ ဘာဖြစ်လို့ ကုလသမဂ္ဂ မျက်နှာစာထိရောက်သွားလဲ။ ကုလသမဂ္ဂ မျက်နှာစာမှာ နိုင်ငံကြီးတွေက ဒီ အတိုင်း လုပ်ဖို့ ဖိအားပေးလာတာလဲ။ 

ဒါဆိုလို့ ရှိရင် ဒီအစီရင်ခံစာကြီးက မှန်ပြီလား။ သူတို့ အကြံပြုချက်တွေကကော တို့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ဘောင်ထဲက ရှိမှာလား။ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုဘောင်ကို ကျော်နေပြီလား။ ဒါကို ပြန်ဆန်း စစ်ရမယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်၊ ဆိုပါတော့ အစိုးရ အပိုင်း၊ လွှတ်တော် အပိုင်းက ဒီတွေ့ ရှိချက်နဲ့ အကြံပြုချက်တွေကို ဟုတ်၏၊ မဟုတ်၏ လိုက်နာနိုင်၏။ ပြည်တွင်းမှာ ရှိတဲ့ ဥပဒေတွေနဲ့ ဆန်းစစ်ဖို့ အချိန်မယူတော့ဘူးလား။  

အလားတူပဲ အာဏာပိုင်ထဲမှာ မပါတဲ့ အထူးသဖြင့် ရခိုင်တိုင်းရင်းသား တွေကော တွေ့ပြီးပြီလား၊ ရခိုင် တိုင်း ရင်းသားတွေကကော ဒါကို လက်ခံနိုင်ဖွယ်ရာ ရှိရဲ့လား။ ဒီမိုကရေစီ စနစ်မှာ ဒီလိုပဲ သွားရမှာ။ ဒီဟာ တစ်ခုမှ မရှိဘဲနဲ့ လက်ခံလိုက်ပါပြီတဲ့။ အဲဒီလို လက်ခံလိုက်ရင် နိုင်ငံတစ်ကာက နေပြီးတော့ ဒီလိုလုပ်ရပါ မယ် ဆိုရင် ဒါသည် တို့ရဲ့ အချုပ်အခြာအာဏာကို ကျော်သွားပြီ။ သူတို့ပြောတိုင်းလုပ်ရမှာလား။ သူတို့ ဖိအားပေးတိုင်း လုပ်ရမှာလား။ 

တို့က လွတ်လပ်တဲ့ နိုင်ငံ၊ ပြည်သူကကော ဒါကို လက်ခံရဲ့လား။ ကျန်တဲ့ အဖွဲ့အစည်း တွေကော၊ အဖွဲ့ အစည်းတွေဆို တာ ဒီမှာ ရှိတဲ့ နိုင်ငံရေးပါတီတွေ ကော၊ တိုင်းရင်းသား အဖွဲ့အစည်း တွေကော၊ ရခိုင် တိုင်း ရင်းသား အဖွဲ့တွေ ကကော၊ ရခိုင် မဟုတ်ဘဲနဲ့ ပြည်ထောင်စုထဲမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေကကော ပြည်သူလူထု ကကော ဒါကြီးကို လက်ခံပြီလား။ ဒါတွေ မရှိသေးဘဲနဲ့ နိုင်ငံတစ်ကာက ဖိအားပေး တယ်ဆိုရင် ဒါ သဘာဝမကျဘူး။


နိုင်ငံခြားမှာ ရှိတဲ့ မြန်မာ သံရုံးတွေ ကို ဆန္ဒပြတဲ့ အခါမှာ အန်ကယ့် တုန်းက ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ အ တွေ့အကြုံပြောပြပေးပါ။
သံတမန် ထုံးစံ ကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ လုံခြုံရေး အဖွဲ့အစည်းကနေပြီးတော့ အနည်း ဆုံး ၄၈ နာရီ
ကြိုတင်ပြီး အ ကြောင်းကြားရတယ်။ မြန်မာသံရုံး (သို့မဟုတ်) သံရုံး တစ်ခုခုရဲ့ ရှေ့မှာ ဘယ်နေ့ ဘယ်ရက်မှာ လူ ဘယ်လောက်၊ ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ဆန္ဒပြပါမယ်။ သူ့သက်ဆိုင်ရာ အစိုးရကနေပြီး တော့ လုံခြုံရေးနဲ့ ဆိုင်တဲ့ အဖွဲ့အ စည်းတွေဆိုပါတော့။ 

တစ်ချို့နိုင်ငံကြီးတွေမှာ သံတမန် လုံခြုံရေးဆို တာရှိတယ်။ သံတမန် လုံခြုံရေး ဌာနကနေပြီးတော့ သက်ဆိုင်ရာ သံရုံးကို အကြောင်းကြားရတယ်။ ပြီးလို့ရှိရင် သံရုံးရဲ့ လုံခြုံရေးကို လုံးဝ တာဝန်ယူ။ ပြီးရင် ဘယ်နေ ရာကမှ မကျော်ရဘူး။ သတ်မှတ် တဲ့နေရာ အတွင်းမှာပဲ ပြရမယ်။ ဒီလို သတ်မှတ်ပေးတယ်။ ဒါက လုံခြုံရေး အတွက် အိမ်ရှင်နိုင်ငံက တာဝန်ယူပေးရတယ်။ 

ဒီအစိုးရ က လုံခြုံရေးကို ပြည့်ပြည့် ဝဝ တာဝန်မပေးနိုင်ဘူး ဆိုရင် ဒီအစိုး ရနဲ့ စကားပြောရမယ်။ ခဲတွေနဲ့ ထုလာမယ်။ အကြမ်းတွေဖက် လာမယ်။ ဆိုင်းဘုတ်တွေ ရိုက် ချိုးမယ်။ ဒါတွေကို လက်ခံလို့ မရ ဘူး။ ဒီ
ဥစ္စာတွေ မဖြစ်အောင် သက်ဆိုင်ရာနိုင်ငံက တာဝန်ယူ ပေးရတယ်။ ပြီးရင် အထဲမှာ ရှိနေ တဲ့ သံတမန်တွေရဲ့ လုံခြုံရေးကို အဲဒီ အစိုးရက လုံးဝ အာမခံရ မယ်။ တစ်ခုခုဖြစ်လို့ မရဘူး။ ဖြစ် သွားရင် သံတမန်နည်း
လမ်းဖြတ်တာ။ သံတမန် ရုံးပိတ်တာ ဒီအထိ လုပ်လို့ရတယ်။ ဒါက သံတမန် လုပ်ထုံး လုပ်နည်းနဲ့ နိုင်ငံ
တိုင်း လိုက်နာရတဲ့ ကျင့်ဝတ်ပဲ။
အခု လာမယ့် ရက်ပိုင်းအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံ ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီညီလာခံ မတိုင်မီ ကုလသမဂ္ဂလုံ ခြုံရေးကောင်စီမှာ ရခိုင် အရေး အရေးပေါ် အစည်းအဝေးခေါ်ဖို့ ကြိုးစားခဲ့တာကို တရုတ်နိုင်ငံက ကန့်ကွက်လို့ မဖြစ်မြောက်ခဲ့တာ လည်း ရှိထားတော့ ကုလ ညီလာခံ မှာ
 မြန်မာ အစိုးရကြုံတွေ့ရနိုင် တဲ့ အခြေအနေကိုလည်း သုံးသပ် ပြောကြားပါဦး။
ကုလသမဂ္ဂ အထွေထွေညီလာခံ ကတော့ စက်တင်ဘာမှာ စပြီပေါ့နော်။ အဲဒီလို စပြီးလို့ လေး၊ ငါးရက်လောက် ဆိုရင်တော့ နိုင်ငံ့ ခေါင်းဆောင်တွေ၊ နိုင်ငံ့ အကြီး အကဲတွေ၊ အစိုးရအဖွဲ့ အကြီး တွေနဲ့ သူတို့ 
သက်ဆိုင်ရာ နိုင်ငံ တွေနဲ့ မူဝါဒ ပိုင်း ဆိုင်ရာ ပြောကြမယ့် အစီအစဉ်တွေရှိကြတယ်။ 

အဲဒီ အထဲမှာလည်း အထူးသဖြင့် တော့ ဘာသာ မတူတဲ့ ဘင်္ဂါလီ တွေဘက်ကနေ ဘာသာတူတဲ့ နိုင်ငံတွေက ဝေဖန်ပြောကြားမှု၊ ဖိအားပေးမှုတွေ ပါလာနိုင်တယ်။ ရှိလာနိုင်တယ်။ အလားတူပဲ အ နောက်နိုင်ငံကြီးတွေ ကလည်း ဒီ အစိုးရနဲ့ ဆက်ဆံမှုကောင်းနေ သည်ဆိုသည့်တိုင်အောင် ပြီးခဲ့တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး မှာ ပြောကြားခဲ့တဲ့ နိုင်ငံတွေက လည်း ဒီလို ကိစ္စတွေ ထည့်ပြီးပြော မယ့် အခြေအနေရှိတယ်။ 

သို့ သော် လုံခြုံရေးကောင်စီ အစည်း အဝေးဆိုသည်မှာ နိုင်ငံတစ်ကာ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးကို ထိခိုက်
တဲ့ပြဿနာတွေ ပေါ်ပေါက်လာ မှသာ လုံခြုံရေးကောင်စီ အစည်း အဝေးက ခေါ်ယူပြီးတော့ ဒါကို စဉ်းစားရတဲ့ အခြေအနေဖြစ် တယ်။ 

အခု မြန်မာနိုင်ငံရဲ့ အခြေ အနေသည် နိုင်ငံတစ်ကာငြိမ်းချမ်း ရေးနဲ့ လုံခြုံရေးကို ထိခိုက်နေပြီ လား။ ဘာမှ မဖြစ်သေးဘူး။ ဒီ ပြည်တွင်းထဲမှာ ဒီလို လူအုပ်စု တွေနဲ့ တိုက်ခိုက်ကြတယ်။ ဒါ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကနေပြီးတော့ လုံခြုံရေးရရှိ အောင်၊ တရားဥပဒေ စိုးမိုးရေးရရှိ အောင် လုပ်နေရတယ်။တစ်ဖက် နိုင်ငံကို နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးတယ် ဆိုတာ ရှိကောင်း ရှိနိုင်တယ်။ 

ဒါပေမဲ့ တို့နိုင်ငံပိုင် သတင်း မီဒီယာတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မရှိဘူး။ နှစ် နိုင်ငံက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာရှိသလား။ သံတမန် နည်းအရ ဘာတွေ လုပ်နေတာရှိ လဲ မတွေ့ရသေးဘူး ဆိုရင် သံ တမန်ပိုင်း ဆိုင်ရာ ပြဿနာမရှိဘူး လို့ ယူဆရတယ်။ 

ဒီလို မရှိသေး ဘူးဆိုရင် ဒီကိစ္စသည် လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်တဲ့ ပြဿနာ လို့ ယူဆလို့မရဘူး။ အဲဒီလို ယူဆလို့မရလို့ ရှိရင် လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်လို့ မရဘူး။ အဲဒါကို ရှင်းရှင်းလင်း လင်းနားလည်ရမယ်။ တစ်ချို့နိုင်ငံ ကြီးတွေက ဥပမာ ယူကေ ပေါ့။ ယူကေ (ကုလ လုံခြုံရေးကောင် စီ) အဖွဲ့ဝင်ဖြစ်နေတော့ အစည်းအဝေးခေါ်တယ်ပြောတယ်။ ပြော ပြီးတော့ အစည်းအဝေးမှာ တစ်စုံ တစ်ရာ ထုတ်ပြန်နိုင်ခြင်း မရှိဘဲနဲ့ အစည်းအဝေးတော့ လုပ်လိုက် တယ်လို့ ပြောတယ်။ 

ဆိုတော့ ဘယ်အကြောင်းပြချက်နဲ့ ခေါ်ခိုင်း တာလဲ။ အကြောင်းပြချက်နဲ့ ခေါ် မယ် ဆိုရင် ကာယကံရှင် ကို နယူး ယောက်မှာ ရှိနေတဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ပြောလား။ မင်းနိုင်ငံနဲ့ ပတ်သက် လို့ ငါတို့က အစည်းအဝေးလုပ် တော့မယ်။ ဒါမှမဟုတ် ဒီမှာ ရှိနေ တဲ့ အင်္ဂလိပ် သံအမတ်ကြီးက ဒီ က နိုင်ငံခြားရေး ဝန်ကြီးဌာနကို ခင်ဗျားတို့နိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စ နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ မှာ ဆွေးနွေးတော့မယ်။ အဲဒီလို ပေါ့ သက်ဆိုင်ရာနိုင်ငံကို အသိ ပေးအကြောင်းကြားရမယ်။ 

နိုင်ငံ တစ်ကာလုံခြုံရေးကောင်စီ အစည်း အဝေးတွေခေါ်ရမယ် ဆိုတာကို က သူက နိုင်ငံတစ်ကာ လုံခြုံရေး နဲ့ ငြိမ်းချမ်းရေးကို ထိခိုက်တဲ့ ပြဿ နာပဲ။ ဒါကိုပဲ ဆွေးနွေးရမှာ။ ဒါ ကို မိမိနိုင်ငံက နေပြီးတော့ ဒါကို ခ
င်ဗျားတို့ ဆွေးနွေးစရာမလိုဘူး။ ဘယ်အတိုင်းအတာ ဘယ်ကို သက်ရောက်မှု ရှိနေလို့ ခင်ဗျားတို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးမှာလဲ။ ဒါကို ပြတ်ပြတ်သားသား ငြင်းဆန်နိုင်ရမယ်။ မလုပ်ဖို့ပြောရဲရ မယ်။ 

သံတမန်ရေး အရ ကိုယ့် နိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုထဲ မှာပဲ ရှိတဲ့ ပြဿနာတွေကို ကိုယ့် နိုင်ငံထဲမှာ ဖြေ ရှင်း။ ပြင်ပက ဝင် ရောက် စွက်ဖက်တာကို လက်မခံရဘူး။ တားဆီးနိုင်ရမယ်။ ဒါမှ လွတ်လပ်တဲ့နိုင်ငံ၊ အချုပ်အခြာ အာဏာပိုင်နိုင်ငံ။
ကုလ လုံခြုံရေးကောင်စီ ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဆက် လက် ထောက်ခံသွားမယ် လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရခိုင်အရေး ဖြေရှင်းရာမှာ ကိုဖီအာနန်ကော် မရှင် ဖွဲ့စည်းပြီး လုပ်ကိုင်ဆောင် ရွက်ခဲ့မှုရဲ့ နောက်ဆက်တွဲ သက် ရောက်မှုလို့ ပြောနိုင်ပါသလား။
ဒါကလည်းပဲ လုပ်သည်ဖြစ် စေ၊ မလုပ်သည်ဖြစ်စေ၊ ပြီးခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင် အနောက်နိုင်ငံကြီးတွေက သူ့ (ဒေါ်အောင်ဆန်းစုကြည်) အ ပေါ်မှာ ဟိုးကတည်းက ပဲလည်း ထောက်ခံအားပေးမှု၊ ကျော ထောက်နောက်ခံဖြစ်မှု လုပ်ခဲ့တာ ပဲ။ အခုလည်း ဒါကို ကိုဖီအာနန် ကော်မရှင်ဖွဲ့တာကို ထောက်ခံ တယ်လို့ ဆိုတာက ကိုဖီအာနန် ကော်မရှင်ဖွဲ့တာက ဒီကိစ္စသည် မြန်မာနိုင်ငံ ရဲ့အရေး၊ ပြည်တွင်း မှာပဲ ရှင်းရမယ့် ကိစ္စပဲ။ ဒီကိစ္စကို နိုင်ငံတစ်ကာပြဿနာ အဖြစ် နဲ့ ဆွဲ တင်သွားတာကို ထောက်ခံမှာ လား။ အဲဒီလိုဆို နိုင်ငံတစ်ကာ ပြဿနာ အဖြစ် သူတို့က ဝင်ပြီး တော့ ဝင်စွက်ဖက်ဦးမှာလား။ ဒါက ပြန်စဉ်းစားဖို့ရှိတယ်။
ရခိုင် အရေးနဲ့ ပတ်သက်လို့ နိုင်ငံ တစ်ကာ အသိုင်းအဝိုင်းမှာ မြန်မာ နိုင်ငံ အနေနဲ့ ဖြစ်စဉ် အမှန်ကို ဒီ ထက် ပိုပြီး ထိထိရောက်ရောက် ရှင်းလင်းတင်ပြနိုင်ဖို့ ဘာတွေကြိုးစား အားထုတ်သင့်တယ်လို့ထင် ပါသလဲ။
ဖြစ်စဉ်လည်း ဖြစ်ခဲ့တာပဲ။ ဖြစ်တာလည်း အမှန်ပဲ။ အစိုးရမီ ဒီယာတွေက နောက်ကျတယ်။ အပြည့် အစုံဖော်ပြတာ မတွေ့ရဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး ပြည်သူလူ ထု အကုန်လုံး အချိန်နဲ့ တစ်ပြေး ညီ သိရှိဖို့ မ
လုပ်နိုင်သလို ပြည်ပ မီဒီယာ ကိုလည်း ထိုးဖောက်နိုင် ခြင်းမရှိဘူး။ 

သံတမန်တွေကို ခေါ် ပြီး ရှင်းလင်းတယ် ဆိုတာတွေ့ရ တယ်။ သို့သော် ဖြစ်စဉ် နဲ့ တစ် ပြေးညီ မဖြစ်ခဲ့ဘူး။ အဲဒီအပေါ် မှာ မူတည်ပြီးတော့ အစိုးရ အနေ နဲ့ မိမိနေရာမှာ တစ်ကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ကိုတော့ အများသိ အောင် လုပ်နိုင်ရမယ်။ လုပ်သင့် တယ်။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment