13 September 2017

နောက်ဘဝမှာ မင်းသားဘဝကို လိုချင်ပါသလား .. မေးခွန်းကို ဖြေလိုက်တဲ့ ဦးဇင်းကျော်ဟိန်း



နာမည်ကျော် ရုပ်ရှင်မင်းသား တစ်ဦးဖြစ်ခဲ့သူ အကယ်ဒမီ ကျော်ဟိန်းတစ်ဖြစ်လဲ ဦးဇင်း ကိတ္တိသာရ က
 နောက်ဘဝမှာ ရဟန်း ဘဝကို လိုချင်လား၊ မင်းသား ဘဝကို လိုချင်လား ဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့
ပါတယ်။ ပရိတ်သတ် တစ်ယောက်က မေးမြန်းခဲ့တာဖြစ်ပါတယ်။

သက်တော် ၇ဝ ပြည့်တော့မှာဖြစ်တဲ့ ဦးဇင်းကျော်ဟိန်း က သြစတြေးလျနိုင်ငံတွင် သီတင်း သုံးနေသည်။ 
အိမ် တစ်အိမ်တွင် ကျောင်း အမှတ်ဖြင့် သတင်းသုံးနေကြောင်းလည်း ကျော်ဟိန်း ၏ သားဖြစ်သူက ပြော
သည်။

သြစတြေးလျ မှ မြန်မာများ ကိုလည်း တရားများ ဟောကြားလေ့ ရှိပြီး ပရိတ်သတ်က မေးမြန်းမှုကို ဖြေကြားလိုက်တာဖြစ်ပါတယ်။ ဦးကိတ္တသာရ က တရားကို ရိုးရိုး ရှင်းရှင်း စကားပြောဟန်ဖြင့် ဟောလေ့ရှိသည်။


ဦဇင်းကျော်ဟိန်း ကတော့ ‘’ဘာမှ မလိုချင်တော့ဘူး’’ ဟု ဖြေဆို လိုက်သည်။ သို့သော်လည်း အဖြေ ရှင်

 ကျေနပ်အောင် သူ့ဘဝ၊ သူ့ ခံယူချက်များဖြင့် အကျယ်ဖြေဆိုထားသည်။ 

၂၀၀၁ ခုနှစ်က ၂၀၀၈ ခုနှစ်တွင် ရဟန်းဝတ်မယ်လို့ တိုင်းပြည်ကို ကြေငြာခဲ့ကြောင်၊ ၂၀၀၈ ခုနှစ်တွင် 
အမှန်တစ်ကယ် စိတ်ပိုင်းဖြတ်ပြီ့း ဝတ်ခဲ့ကြောင်း၊ အဓိက ကတော့ စိတ်ပင် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။









မင်းသား ဘဝကိုလည်း ပြန်ပြီး သတိ မရတော့ကြောင်း ရဟန်း ဘဝ မရောက်ခင် ၈ နှစ်တည်းက အားလုံးကို ဖြတ်ခဲ့ကြောင်း အကယ်ဒမီကျော်ဟိန်း တစ်ဖြစ်လဲ ဦးကိတ္တိသာရ က မိန့်ကြားသည်။ 


အင်္ဂုလိမာလ က ဘုရားရှင်၏ တရားကို တိုတို နဲ့ ချက်ချင်း သဘောက်ခဲ့သလို သူလည်း စိတ် အကြောင်းကို သဘောပေါက်ခဲ့ သဖြင့် ရဟန်း ဘဝကို ယူလိုက်ခြင်းဖြစ်သည်။






လူ့ဘ၀ ရောက်တုန်း တရား မလုပ်ရသေးလျှင် လုပ်ဖို့ လိုကြောင်း၊ အချိန် သိပ်မရှိတော့ဘူး ဟုလည်းပြောသည်။ သားကြီး (ဒွေး) ရဲ့ အဖြစ် ကိုလည်း သံဝေဂ ယူဖို့ မိန့်ကြားသွားသည်။။ 

လူတွေက လိမ်နေကြောင်း ကြာလျှင် သတိမရကြတော့ကြောင်းလည်း မိန့်ကြားခဲ့သည်။ သြစတြေးလျတွင် တရာဟောကြားရင်း မေးခွန်းများ ပြန်လည်ဖြေဆိုနေတဲ့ ဗွီဒီယိုဖိုင်ကို Mahar Bodhi  ဖေ့စ်ဘွက် စာမျက်နှာက တင်လိုက်ပြီး လူကြည့်များနေတာဖြစ်ပါတယ် ။







Source


No comments:

Post a Comment