11 October 2015

တစ်ခါ တစ်လေ ကျွန်တော်တို့တွေဟာ လောကကြီး ကို တစ်ခြား ရှု့ထောင့်ကနေ မကြည့်တတ်ကြပဲ ကိုယ့် ရှု့ထောင့် ကိုယ့် အမြင် ကနေပဲ ကြည့်တတ်ကြတယ်

 လယ်တွင်းသားစောချစ်'s photo.




အကြောင်းကြောင့် မြို့ကြီး ကနေ ပြောင်းလာတဲ့ အပျိုမကြီး တစ်ယောက်ဟာ...သူအိမ်သစ်လေး မှာ နေရာ တကျ ရှိတော့မှ သူ့ဘေးကပ်ရပ်အိမ် က ခပ်နွမ်းနွမ်း မုဆိုးမ သားအမိကို သတိထား လိုက်မိတယ်…
………………
ညနေ တော်တော်လေး လည်းမှောင်ရော သူတို့မြို့လေးက မီးပျက်ရော...ဒါနဲ့အပျိုကြီးလည်း ဖယောင်းတိုင် ထုပ်ကို ရှာပြီး ဖယောင်းတိုင် ထွန်း ရော .....
…………………
အဲ့အချိန်မှာပဲ ဘေးအိမ် က ကောင်ကလေး က သူ့အိမ်ရှေ့ ကို ကုတ်ကုတ်လေးရောက် လာပြီး အော်တယ်..
"အမကြီး အမကြီး ဖယောင်းတိုင်း အပို ရှိသေးလား"တဲ့...
 

အပျို  မကြီး က စဉ်းစား တာ သူ့ဆီက ဖယောင်းတိုင် လာတောင်း မလို့ပဲလို့ တွေးမိတယ် စိတ်ထဲကလည်း ဒီတစ်ခါပေးလိုက်ရင် နောင်လည်း အကျင့် ပါပြီး လာလာတောင်းနေမှာ ပါပဲလို့ တွက်ပြီး " မရှိတော့ဘူး " လို့ ပြောလိုက်တယ်....
(တကယ်တမ်းတော့ သူ့မှာ တစ်ထုပ်လုံး ကျန်နေသေးတယ်)



…………………
ဒါနဲ့ ကောင်ကလေးက အမှောင်ထဲ မှာ ရိုးသားစွာနဲ့ ပြုံးပြရင်း " ထင်သားပဲ…အမကြီး ဖယောင်းတိုင် အပို မရှိ ဘူးဆိုတာ ဒါကြောင့် ကျွန်တော် တို့ အိမ်က ဖယောင်းတိုင် ယူလာပေးတာပါ" ဆိုပြီး… သူ့အိတ်လေးထဲက ဖယောင်းတိုင် ၂ တိုင်ကို ထုတ်ပြီး လှမ်းပေးတယ်.
…………………
အပျိုကြီး ခမျာ ရင်ထဲ ဆို့သွားပြီး ကောင်ကလေး ကို လှမ်းဖက် ထားလိုက်မိတော့တယ် မျက်လုံး ကလည်း မျက်ရည်တွေ ဝဲလာတော့တယ်.
……………………
တစ်ခါ တစ်လေ ကျွန်တော်တို့တွေဟာ လောကကြီး ကို တစ်ခြား ရှု့ထောင့်ကနေ မကြည့်တတ်ကြပဲ ကိုယ့် ရှု့ထောင့် ကိုယ့် အမြင် ကနေပဲ ကြည့်တတ်ကြတယ်… ပြီးတော့ သိမ်းကြုံးပြီး တွေးတတ် ထင်နေတတ်တာ တစ်ပါးသူတွေကို လည်း ကိုယ်တွေး ထင်ထားသလို ဖြစ်နေလိမ့်မယ်လို့ ထင်နေ မှတ်ယူနေတတ်ကြတယ်…
……………………
တကယ်လို့ ကိုယ့်ရဲ့အတွေး ကိုယ်အထင် ကိုယ့်ခံယူချက် ကိုယ့်ယုံကြည်မှု အတိုင်းပဲ အသေဆုပ်ကိုင်ထားပြီး တစ်ပါးသူ ရဲ့ဆိုးကွက်တွေ မကောင်းတာတွေ ကိုပဲ မြင်နေတတ် ရှိနေတတ်မယ် ဆိုရင်…
………………………
ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်မှု မရှိနိုင်မှာဖြစ်သလို တစ်ပါးသူဆီက စိတ်ရင်းစေတနာတွေကိုလည်း မရရှိနိုင်မှာ အသေအချာပါပဲ...
 

ကိုယ့်ကိုယ် ကို အထင်တွေကြီးနေရင်တော့ ပိုဆိုး မှာဖြစ်ပြီး.. တစ်ပါးသူက ကိုယ့်ထက်တော် တာ တတ်တာ ကိုလည်း သိနိုင်တော့မှာ မဟုတ်တော့ပါဘူး..
………………………
ကိုယ့် မှာ စိတ်ရင်းကောင်း စေတနာ ရှိတဲ့ အခါ ကိုယ်ပြန်လည် ရရှိ မှာက စိတ်ရင်းစေတနာတွေတင် မက ပါဘူး ဘဝ တစ်ခုလုံး ပါ နွေးထွေး လုံခြုံတယ်ရယ် လို့ ခံစားရမှာဖြစ်ပါတယ်ခင်ဗျာ…



Credit ~ မူရင်းပိုင်ရှင်

 လယ်တွင်းသားစောချစ်

No comments:

Post a Comment