12 October 2015

ခရီးသည်နဲ့တက္ကစီ သမားတို့သတိထားစရာများ



ယနေ့ရန်ကုန်မြို့ပေါ် ရဲ့လမ်းမများပေါ်မှာ ကားတွေ နဲ့ပြည့်ကျပ်လျက်ရှိနေ ပါတယ်။ တက္ကစီကားတွေ ဆိုရင် အရင်ထက် ပိုလို့များလာ ပါပြီ။ တက္ကစီကားတွေ က အရင်ထက်ပို လို့များလာ တာကြောင့်လူတွေ အတွက် တက္ကစီ ငှားစီး ရတာဟာ အရင်ထက် ပိုလို့အဆင်ပြေလာတယ် လို့ ပြောရပါမယ်။

၂၀၁၂ ခုနှစ်နောက်ပိုင်းတုန်း က တက္ကစီ ကားတွေဟာ အခုလို မများသေးပါ။ တက္ကစီ တစ်စီးမောင်းနိုင် ဖို့ အတွက်လည်း လူတိုင်း အဆင်မပြေနိုင်ကြပါ။ တက္ကစီ တစ်စီးမောင်းနိုင်ဖို့ စပေါ်ငွေ ၁၀ သိန်း အထက် တင်ကြ ရတာကြောင့် အခုလို အလွယ်တကူမောင်းနိုင်ဖို့အတွက် အခွင့်အရေးမရခဲ့ကြပါဘူး။ 


၂၀၁၂ ခုနှစ်နောက်ပိုင်း မှာ နိုင်ငံရေး အခြေအနေ ပွင့်လင်း တိုးတက်လာတာ နဲ့အမျ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ဝင်ရောက်လာကာ နိုင်ငံခြား မှ ကားတင်သွင်းမှုလည်း များပြားလာခဲ့ပါတယ်။ လက်ထဲ မှာ ပိုက်ဆံ ၃ သိန်းလောက် ရှိနေရင် တက္ကစီမောင်းနိုင်တဲ့ အခွင့်အရေးတွေ ရှိလာကြပါတယ်။

ဒါကြောင့် ကျပ်တည်းမှုတွေ များလွန်းတဲ့ခေတ်ကာလ မှာ လူတွေ ဟာ မိသားစု စားဝတ်နေရေး အတွက် ကိုယ် ပိုင် စီးပွားရေး တစ်မျိုးလည်းဖြစ် သလို ဝင်ငွေ မဆိုးလောက်ဘူး လို့ထင်ရတဲ့ တက္ကစီမောင်းတဲ့ အလုပ် ကိုပိုမိုပြောင်းလဲ လုပ်ကိုင်လာကြပါတယ်။

ဒါကြောင့် တက္ကစီကားတွေ အရင်ထက် ပေါများလာရာ လူတွေ လည်း တက္ကစီ စီးရတာ အဆင်ပြေလာကြ ပါ တယ်။  ဒါပေမယ့်လောက နိယာမ တရားအရ အကြောင်း အရာကိစ္စတိုင်း မှာ ကောင်းတဲ့ သက်ရောက်မှု ရှိ သလို ဆိုးတဲ့ သက်ရောက်မှု ဆိုတာလည်းရှိကြပြန်တယ်။



အရင်ထက် တက္ကစီတွေပေါလာ လို့တိုးတက်မှု တစ်ရပ် အနေနဲ့ဝမ်းသာ စရာကောင်းပေမယ့် တစ်ဘက် မှာတော့ တက္ကစီ ကို အသုံးချပြီး မကောင်းမှု၊ လုယက်မှု တို့ဖြစ်ပွား လာကြပြန်တယ်။ ခရီးသည် ကို အန္တရာယ်ပြုခြင်း ၊ လုယက်ခြင်း၊ အကြမ်းဖက်ခြင်း အစ ရှိတဲ့ဖြစ်ရပ်များဖြစ်ပေါ်လာကြတဲ့ အခါ အမြဲတမ်း သွားလာ လှုပ်ရှားနေကြရတဲ့ လူ အများစုမှာ စိတ်မလုံခြုံမှု တစ်ခု ခံစားလာကြရပါတယ်။

တက္ကစီ သမား များအနေ နဲ့လည်း တက္ကစီတွေပေါများ လာတာကြောင့် ကား ဆွဲရတာက အရင် နဲ့ မတူတော့ ကာ တစ်နေ့ စာ အုံနာခ ၊ အိမ်စရိတ် အတွက် မနည်း အလျင်မှီအောင် ရုန်းကန်ကြရပါတယ်။ 


အဲဒီ အခါမှာ မိမိ ကားကို ငှားလာတဲ့ ဘယ်ခရီးသည် မဆို လိုက်တတ်ကြရာ အန္တရာယ် ရှိတဲ့ ခရီးသည်တွေ နဲ့ဆုံမိ ကြရာမှ ကားကို လုယက် တာတွေ၊ တက္ကစီဆွဲ ထားတဲ့ ပိုက်ဆံတွေ ကို လုယက်တာတွေ အစရှိတဲ့ အန္တရာယ်တွေနဲ့ ကြုံကြရပြန်တယ်။ 

တက္ကစီ သမားတွေ မှာလည်း မကောင်းတဲ့ ခရီးသည်တွေ နဲ့ဆုံတွေ့ကြရတဲ့ အခါ အန္တရာယ် နဲ့ရင်ဆိုင်ကြရ သလို ခရီးသည်တွေ မှာလည်း မကောင်းတဲ့ တက္ကစီ သမားနဲ့ကြုံကြရတဲ့ အခါ အန္တရာယ် နဲ့ရင်ဆိုင်ကြရပြန် တယ်။ ဒါတွေဟာ ခရီးသည် နဲ့ တက္ကစီ သမားကြား မှာ ဖြစ်ပျက်နေတဲ့ မမြင်ရတဲ့ အန္တရာယ်တွေ ဘဲဖြစ်ပါ တယ်။

ဒါကြောင့် ရန်ကုန်မြို့ပေါ်မှာ သွားလာနေကြရ တဲ့ ပြည်သူတွေ၊ လုပ်ကိုင် စားသောက်နေကြ ရတဲ့ တက္ကစီ သမားတွေ အနေနဲ့မိမိတို့ ရဲ့လုံခြုံရေး ကို အထူး ဂရုစိုက်နိုင်မှ အဆင်ပြေစေမှာဖြစ်ပါတယ်။ 


အသက် ကို ဥာဏ်စောင့် ဆိုသလို တက္ကစီ သမားတွေ အနေနဲ့လည်း ခရီးသည် ရဲ့အခြေအနေ ကို ကြည့်ပြီး ရှောင် ကြဉ် သင့်ရင်ရှောင်ကြဉ်ဖို့လိုပါတယ်။ ခရီးသည်တွေ အနေနဲ့လည်း တက္ကစီ သမားအနေ အထားကို ကြည့်ပြီး မစီးအပ်ဘူး ထင်ရင် မစီးတာ အကောင်းဆုံးဖြစ်ပါတယ်။

လူတွေ အနေ နဲ့တက္ကစီ စီးနေရင်း တက္ကစီသမား ရဲ့အနေ အထား မဟန်တာ ကို မြင်ရင် မိတ်ဆွေ အပေါင်း အသင်း၊ မိဘဆွေမျိုး များထံ ဖုန်း လှမ်းဆက်ပြီး ဘယ်ကား နဲ့လာနေတယ် ဆိုတာ အကြောင်းကြားထား သင့် ပါတယ်။ ဒါဟာ အခြေအနေ တစ်ခုကို မကြီးထွားရအောင် ဟန့်တားနိုင်တယ် လို့ဆိုလို့ရပါတယ်။

ငယ်ရွယ်သူ လူငယ်တွေ အနေနဲ့လည်း တက္ကစီ စီးနေစဉ် အင်တာနက် သုံးနေခြင်း ၊ဖုန်း သုံးနေခြင်းဖြင့် မိမိ သွားနေတဲ့ ပတ်ဝန်းကျင် အနေအထားကို အမှုအမှတ် မဲ့ လျစ်လျူ မရှုထားသင့် ပါ။ တက္ကစီ သမားတို့အနေ နဲ့လည်း မိမိ တင်ယူလာတဲ့ ခရီးသည်အနေအထား ကို အာရုံစိုက် သတိထားတတ်ဖို့လိုပါတယ်။ 


သွားလာနေစဉ် လမ်းခရီးအတွင်း ခရီးသည် အနေအထား မဟန်တာကို သတိထား မိရင် ခရီး ကိုရှေ့မဆက် ဘဲ မိမိလုံခြုံရေး အတွက် ဖြေရှင်းတတ် ဖို့လိုပါတယ်။ ဒီလို ကိစ္စရပ်တွေ နဲ့ပတ်သက်ပြီးလုံခြုံရေး အတွက် မိမိနဲ့ နီးစပ်ရာမှာ အကာအကွယ် တစ်စုံတစ်ရာဆောင်ထားသင့်တယ် လို့တက္ကစီ သမား အများစုကြားမှာ သတိပေး တတ်ကြပါတယ်။

ဒါကြောင့် ရန်ကုန်မြို့ပေါ်မှာ တက္ကစီ စီးပြီးသွားနေကြသူတွေ၊ တက္ကစီ ဆွဲပြီး အသက်မွေး ဝမ်းကျောင်းပြုနေ ကြ ရ သူတွေအနေ နဲ့ အရာရာ ကို သတိထား အကဲခတ်ပြီး သွားလာသင့်တယ် ဆိုတာဖော်ပြပေးလိုက် ပါတယ်။

Credit: yangon Life




No comments:

Post a Comment