23 October 2015

အကြမ်းဖက် များ၏ မွန့်တည့်ချိန် မှာ ဝင်သည့်နေ



8th October 2015
ခရုဇ် ဒုံးပျံတင် သင်္ဘော ကို အရန် သင်္ဘောငယ် သုံးစင်း နဲ့ ခြံရံ လာပြီး ကက်စပီယံ ပင်လယ်ပြင် ကနေ ရေပြင် မှ မြေပြင်ပစ် ဒုံးပျံ (၂၆) စင်း ကို ရုရှားတွေ ပစ်လွှတ် လိုက်ခဲ့တယ်၊ မြေပြင် ကို ရှပ်ပျံပြီး သီးခြား မှတ်တမ်း တင်ထားတဲ့ ပစ်မှတ် (၂၆) ခု ကို တိတိ ကျကျ ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက်ခဲ့တယ်။ 

မိုင်ပေါင်း (၁ဝဝဝ) နီးပါး အကွာ ပင်လယ်ထဲ က ပစ်လွှတ် လိုက်တဲ့ ဒုံးပျံတွေ ဟာ အီရန်၊ အီရတ်နိုင်ငံတွေ ကို ဖြတ်ကျော်ပြီး ဆီးရီးယား မှာ သောင်းကြမ်းနေတဲ့ ကမ္ဘာ့ အကြီးဆုံး အကြမ်းဖက် အဖွဲ့ IS ရဲ့ အဓိက ပစ်မှတ် (၁၁) ခု ကို တစ်ပြိုင်နက် ချေမှုန်း လိုက်ခဲ့တယ်၊

ပစ်မှတ် ကို ဒတ်ထိ ကျ ပစ်ခတ်နိုင်ပြီး၊ ကြီးကြီး မားမား လည်း ပျက်စီးစေ ခဲ့တယ်၊ အရပ်သားတွေ ထိခိုက်သေကြေ မှုလည်း မရှိခဲ့ပါဘူး၊ အကြမ်းဖက် သမားတွေရဲ့ခေါင်း ကို မိုးကြိုး ထိမှန်သလို ခံစားစေ ခဲ့တာ တွေ့ရတယ်၊ 

အကြမ်းဖက် သမားတွေသာ အတော် တုန်လှုပ် သွားတာ မဟုတ်ဘဲ ပဲ့ထိန်းကောင်းမှု၊ ပစ်မှတ် ကို တိတိ ကျကျ ပစ်ခတ်နိုင်ခဲ့ မှုတွေကြောင့် အမေရိကန် ကပါ ရုရှား ကို အတော် တုန်လှုပ်သွားခဲ့တယ် လို့ သတင်းတွေ က ဆိုလာခဲ့ပါတယ်။


အကြမ်းဖက် နဲ့နောက်ကွယ်က လူ
**************************


အစ္စလာမ် ကမ္ဘာ ထူထောင်ရေး ဆိုတဲ့ ကြွေးကြော်သံ နဲ့ IS တွေ သောင်းကြမ်း လာတာ အတော် ကြာနေပါပြီ၊ အာဖဂန်နစ္စတန် မှာ ရုရှား-အာဖဂန် စစ်ပွဲ အတော်ဖြစ်လိုက်ခဲ့ ပါတယ်၊ အမေရိကန်တွေ က အာဖဂန်တွေ ကို အကြီး အကျယ် ပံ့ပိုးပေးခဲ့တယ်၊ ငွေအား၊ လူအား၊ နည်းပညာ အားတွေအပြင် အကြမ်းဖက် ပညာတွေ ကိုပါ သင်တန်းတွေပေးခဲ့တယ်။ 



 အဲဒီ ကပဲ အိုစမာဘင်လာဒင် စတင် သန္ဓေတည် ခဲ့တာလည်း ဖြစ်ပါ တယ်၊ အမေရိကန်တွေမွေး ခဲ့တဲ့ မျောက် က အမေရိကန် ကို ပြန်ခြောက်ကြတဲ့ အနေနဲ့ ဘင်လာဒင် က ၉/၁၁ မှာ အမေရိကန် ရဲ့ ကမ္ဘာ့ ကုန်သွယ်ရေး ညီနောင် ကို လေယာဉ် အပိုင်စီး အကြမ်းဖက် တိုက်ခိုက် ခဲ့ကာ ကမ္ဘာ့ သမိုင်း မှာ အမည်း စက်ဖြစ်သွားတယ် ။ 

ဘင်လာဒင် ကို ထိန်းချုပ်လို့ မရတော့တာ နဲ့ နောက်ဆုံး ပါကစ္စတန် နယ်စပ် အနီး သူ့ အိမ်မှာ ဒရုန်း နဲ့ တိုက်ခိုက်ပြီး စီအိုင်အေ အစတုံး လိုက်ပါတယ်၊

ဘင်လာဒင် က ခွဲထွက် လာခဲ့တဲ့ အဖွဲ့တစ်ခု က နေ့ချင်း ညချင်း နတ်ရေကန် ထဲ ကန်ချ လိုက်တဲ့ အလား IS ဆိုပြီး ကြီးထွား လာခဲ့တယ်၊ အရန်ငွေဒေါ်လာ (၅) ဘီလီယံလောက် ချမ်းသာပြီး အင်အား (၃ဝçဝဝဝ) ကျော် ရှိတဲ့ IS ဟာ အရှေ့အလယ်ပိုင်း မှာ ကောင်းကောင်း ဒုက္ခပေးလာခဲ့ပါတော့တယ် ။

 လူအင်အား၊ လက်နက် အင်အား၊ ငွေကြေး အင်အား၊ နည်းပညာ အင်အားတွေ အပြင် လေတပ်ပါ ပိုင်ဆိုင် လာတဲ့ သူပုန် အဖွဲ့ကြီးဟာ Hell hounds at large ဆိုသလို ငရဲခွေးကြီး လွတ်နေသလို အားလုံး က ကြောက်နေ ရပါတော့တယ် ။

 နောက်ဆုံး ဆီးရီးယား မှာ သမ္မတ အာဆတ် ဖြုတ်ချရေး အတွက် အကြီးအကျယ် ထိုးစစ်ဆင်နေတာမှာ ဘတစ်ပြန် ကျားတစ်ပြန်ဖြစ်နေလို့ အားလုံး က မချင့်မရဲ ဖြစ်နေခဲ့ကြတယ်၊ IS လို အဖွဲ့မျိုးကို ဆီးရီးယား တပ်မတော် က အမြစ်ပြတ် မချေမှုန်းနိုင်ဘဲ တစ်ခါ တစ်လေ မှာ IS တွေ ကတောင် ဆီးရီးယား ရဲ့ အဓိက ကျတဲ့မြို့ တွေ ကို သိမ်းပြလိုက်သေးတာ တွေ့ရတယ် ။

IS တွေ ကို ရေနံထွက်နိုင်ငံကြီး တစ်ခုက အထောက် အပံ့ပြုနေတယ် လို့ ယူဆကြတယ်၊ အဲဒီ နိုင်ငံ တစ်ခု ထဲ ကပဲ အကူ အညီပေးနေတာလား၊ အဲဒီနောက်ကွယ် က အမေရိကန် ကရော မပါဘူး လို့ ပြောနိုင်သလား ဆို တဲ့မေးခွန်းတွေ လည်း ခပ်ကျယ်ကျယ် ထွက်ခဲ့တယ်၊

IS ချေမှုန်းရေး အနည်းဆုံး (၃) နှစ်မက-ကြာနိုင်
***************************************
IS တွေ ဟာ အတော် ရက်စက်ကြတာ တွေ့ရတယ်၊ ခရစ်ယာန်တွေ ကို ဘာသာပြောင်းခိုင်းတယ်၊ ဘာသာ မပြောင်းရင် ခေါင်းဖြတ် သတ်တယ်၊ အမျိုးသမီးတွေ ကို မုဒိမ်း ကျင့်တယ်၊ တွေ့သမျှ ပစ္စည်းသိမ်းတယ်၊ မိန်းမတွေ ကို သူတို့ ရဲ့ သန္ဓေသားတွေ ထားခဲ့တဲ့ အစီအစဉ် လည်း ပါတယ် ။


 အချို့  မိန်းမတွေကို ခေါ်သွားပြီး စစ်ပွဲ ပြီးလို့ ခဏ အနားရတဲ့ အချိန်မှာ လိင်ဖျော်ဖြေမှု အတွက် စေခိုင်းကြ တယ်၊ ဒီနေရာ မှာ လူ့အခွင့်အရေး သမားတွေ ပါးစပ် ပိတ်နေကြတယ်၊ ကုလသမဂ္ဂ လည်း ဘာမှ ထိထိရောက်ရောက် လုပ်ပေးခဲ့တာ မတွေ့ရဘူး ။

 မျိုးတုံး သတ်ဖြတ်မှု က အဲဒီ အရှေ့အလယ်ပိုင်း မှာ တကယ်ဖြစ်နေတာပါ၊ တကယ့် မင်းမဲ့ စရိုက်ဖြစ်နေ တဲ့နေ ရာတွေမှာ ကမ္ဘာ့ လူ့အဖွဲ့အစည်း၊ အထူး သဖြင့် အသွင် အမျိုးမျိုး ယူထားကြတဲ့ INGO တွေက လူ့ အခွင့် အရေးနဲ့ ပတ်သက် ပြီး ထမင်းစားကောင်းရုံ တစ်ခွန်းနှစ်ခွန်းလောက်ပဲ ပြောကြပြီး၊ အဲဒီနေရာတွေ နဲ့ယှဉ်ရင် ဘာမှ မဖြစ်လောက်တဲ့ မြန်မာနိုင်ငံ အရေးမှာတော့ ရေးကြီးခွင်ကျယ် ဒေါ်လာ-စားကောင်းအောင် ဟစ်တိုင် တက်ပြနေတာနဲ့ နှိုင်းယှဉ် ကြည့်နိုင် ပါလိမ့်မယ်။

နိုင်ငံ အချို့ ရဲ့ မြို့ရွာ အချို့မှာ လူမဆန် တဲ့ IS တွေရဲ့ လုပ်ရပ်ကြောင့် အသံတွေ အတော် ထွက်လာခဲ့ပါ တယ်၊ လူ့အခွင့်အရေး သမား အမေရိကန် အေးအေးဆေးဆေးနေလို့ မရတော့ပါဘူး၊ အမေရိကန် နဲ့ ဥရောပ နိုင်ငံ အချို့  ပါတဲ့ ပူးပေါင်း အဖွဲ့က IS တွေ ကို ကူညီ တိုက်ခိုက်ပေးပါ့မယ် လို့ ကမ္ဘာကြီး ကို ပြောပါတော့တယ် ။

မတိုက်ခိုက်ခင် မှာ IS တွေရဲ့ အင်အားကို ကမ္ဘာ သိအောင် ထုတ်ဖော်ပြသပေး ခဲ့ပြီး၊ IS တွေ ဦးကျိုး သွားအောင် တောင် အချိန် အနည်းဆုံး (၃) နှစ်ကြာမယ် လို့ ပြောခဲ့တော့ … ကမ္ဘာ လူထုကြီးက ]ဟာ} ကနဲ ဖြစ်သွားရပါတော့ တယ်။ 

 နည်းပညာ၊ စစ်လက်နက်၊ အတောင့် တင်းဆုံးနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်လိုနိုင်ငံ က တိုက်ခိုက်ရေး အင်အား (၃ဝçဝဝဝ) ကျော်လောက် ရှိတဲ့ IS လို အကြမ်းဖက် ကိုတောင် (၃) နှစ်ကြာအောင် တိုက်ယူ ရမယ် ဆိုတဲ့ အပေါ်မှာ နားလည် ရမှု အတော် ခက်ခဲသွားခဲ့ခြင်းပါ။


ပူတင်-အိုဘားမား
**************
အမေရိကန် သမ္မတ ရော်နယ်ရီဂင် လက်ထက် မှာ စစ်အေးခေတ် အဆုံးသတ် သွားခဲ့ပြီး ဆိုဗီယက် ပြည်ထောင်စု ကြီး လည်း အစိတ်စိတ် အမြွာမြွာ ကွဲပြား သွားခဲ့တယ်၊ ပင်မဖြစ်တဲ့ ရုရှား အတော် အားနည်းသွား တယ်၊ 


ယဲလ်ဆင် အပြီး တက်လာတဲ့ ပူတင် ဟာ KGB ရဲ့ အကြီး အကဲ ဖြစ်ပါတယ်။ ပူတင် လက်ထက် မှာ အစစ အရာရာ ရုရှား ကို ပြန်လည် တည်ဆောက်ပြီး အမေရိကန် နဲ့ ရင်ဘောင်ပြန်တန်းနိုင်အောင် ကြိုးစား ခဲ့တာ တွေ့ရ တယ်၊ 

ဒီနေ့ ရုရှားတွေ အတော်လေး တည်ဆောက်ယူပြီး ထားတဲ့ အခြေအနေကို ရောက်လာခဲ့ ပါပြီ၊ ဘာမှ မကြာ သေးတဲ့ ကုလသမဂ္ဂ ညီလာခံ အပြီး ဆီးရီးယား ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ ရုရှား သဘောထား ကွဲလွဲခဲ့ကြပါ သေးတယ်၊ 

အမေရိကန် က အာဆတ် ကို ဖြုတ်ချ လိုပြီး၊ ရုရှား က IS တွေရဲ့ ရန်ကို ဟန့်တားနိုင်ဖို့ အာဆတ် ရှိသင့် သေး တယ် ဆိုတဲ့ ကွဲလွဲမှု ပါ၊ ဒီနေရာ မှာ ဆီးရီးယား လို နိုင်ငံကြီး မျိုးရဲ့ အကြီးအကဲ ကိုတောင် နိုင်ငံကြီးတွေက သူတို့ လိုရာ ပုံသွင်းနိုင် ဖို့ ကြိုးစားနေကြတာ၊ ပါဝင်ပ တ် သက်နေကြတာ ကို လေ့လာ ရင် မြန်မာနိုင်ငံ လို နိုင်ငံလေး အတွက် ရှေ့ရေး ကို စဉ်းစားကြည့်နိုင်ပါတယ် ။

 နိုင်ငံငယ်တွေ ဟာ နိုင်ငံကြီးတွေ ရဲ့ ကစားစရာ အရုပ်တွေ ဖြစ်မှန်း မသိ ဖြစ်လာခဲ့တာ တွေ့ရပါလိမ့်မယ်၊ ဒါကြောင့် မို့ မြန်မာနိုင်ငံ ကို ဦးဆောင်မယ့် သူတွေဟာ တိုင်းတစ်ပါး ဩဇာခံ၊ အလွှမ်းမိုးခံ မဖြစ်သင့်ဘူး ဆိုတဲ့ အပေါ် ရပ်တည် လာကြသူတွေ ပိုပြီးများပြား လာခဲ့တာလည်း ဖြစ်ပါ တယ်။

ဆီးရီးယား ကိစ္စမှာ အမေရိကန် ရဲ့ ပါဝင် ပတ်သက်မှု ကို ရုရှား ပူတင် က မျက်လုံးဒေါက်ထောက် ကြည့် နေ ပါတော့တယ်၊ IS တွေ ရဲ့ ပစ်မှတ်တွေ ကို လေကြောင်း က အမေရိကန်တွေ ဗုံးကြဲ တိုက်ခိုက် ခဲ့တာ မှန်ပါ တယ်၊ ဒါပေမဲ့ IS တွေ မမှုခဲ့ပါဘူး၊ 

အာဖဂန်နစ္စတန် မှာဖြစ်နေတဲ့ စစ်ပွဲ အတွင်းမှာလည်း အမေရိကန်တွေ ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် KUNDUZ ဆေးရုံ ဗုံးထိ မှန်ခဲ့တယ်၊ ဆရာဝန်၊ သူနာပြု  အပါအဝင် လူ (၂၂) ဦး သေဆုံးခဲ့တယ်၊ အဲဒီဆေးရုံ မှာ တာလီဘန်တွေ ကုသမှု ခံယူနေတယ် ဆိုတဲ့ သတင်း အပေါ်မှာ တိုက်ခိုက် လိုက် ခြင်းပါ၊ 

အမေရိကန်ဘက် က ငြင်းချက် ထုတ်ပြန်တာ ကတော့ အာဖဂန် အစိုးရရဲ့ တောင်းဆို မှုကြောင့် လို့ ပြန် လည် ချေပ ထားတာတွေ့ရတယ်၊

ဆီးရီးယား မှာဖြစ်တဲ့ စစ်ပွဲ က ပြတ်ပြတ် သားသား မရှိဘဲ ဘတစ်ပြန် ကျားတစ်ပြန် အဖြစ် မျိုးပါ၊ အစိုးရ ရဲ့ အရေးကြီး တဲ့နေရာတွေ ကို IS တွေ က သိမ်းလိုက်၊ အစိုးရ ရဲ့ တန်ပြန် ထိုးစစ်ကြောင့် IS တွေ က နောက်ပြန် ဆုတ်လိုက်၊ တော်ကြာ ဆီးရီးယား အစိုးရပဲ ပြုတ်ကျ လုနီးပါးဖြစ်ပြီ ဆိုပြီး ဖြစ်လိုက်နဲ့၊ ကြား ကတော့ ပြည်သူ အများအပြား ဟာ ငရဲ အိုးထဲ ရောက်နေ သလိုပါပဲ။ 

အမေရိကန် ဦးဆောင် တဲ့ ပူးပေါင်း အဖွဲ့က IS တွေ ကို လေကြောင်း က တစ်နှစ်ကျော်လောက် တိုက်ခိုက် ဗုံးကြဲပေးနေမယ့် လည်း IS တွေ ခပ်ဖြုံဖြုံဖြစ်တာ ကို မတွေ့ရ တော့ အားလုံးက အားမလို အားမရ ဖြစ်ခဲ့ကြ ပါတယ်။ ကမ္ဘာ့ ထိပ်တန်းနိုင်ငံကြီး က အကြမ်းဖက် အဖွဲ့လေး ကို တောင် အပြတ် မရှင်းနိုင်ဘူးလား ဆို တဲ့မေးခွန်းတွေ မကြာ ခဏ ထုတ်ခဲ့ကြတော့တယ်၊


ပူတင် လက်စွမ်းပြ
***************
ဆီးရီးယား မှာ အာဆက် ပြုတ်ကျ သွားရင် ဘာဖြစ် လာမလဲ၊ ဒီမိုကရေစီ အစိုးရတော့ တက်မလာနိုင်ပါ ဘူး၊ အီဂျစ် လို၊ အီရတ် လို စစ်ပွဲတွေ နဲ့ပဲ နပန်း လုံးရပါလိမ့်မယ်၊ သေချာတာ ကတော့ အမေရိကန် ဩဇာအောက် ရောက်သွား ရမှာ ဖြစ်ပါတယ်၊ 


ရုရှား ကလည်း အမေရိကန်ဩဇာ လွှမ်းမိုးခံနိုင်ငံ တစ်ခု ထပ် မတိုးလာစေချင်တော့ ပါဘူး၊ သူ့ မှာလည်း အင်အား က ဖြည့်ဆည်း ထားပြီဖြစ်တာမို့ အာဆတ် ကို ဆက်ပြီး-ရှိနေစေချင်ပါတယ်၊ အဲဒီတော့ အာဆတ် နဲ့ ပူတင် ပူးပေါင်း ရပါတော့တယ်၊ 

IS –တွေကိုနှိမ်နင်း ဖို့ အာဆတ် က ပူတင် ဆီ အကူအညီ တောင်းတယ်၊ ကုလသမဂ္ဂ မှာ အိုဘားမား နဲ့ ပူတင် က ဆီးရီးယား အရေး ဆွေးနွေးမှု သဘောထားကွဲ တာက ရက်ပိုင်း ပဲ ရှိပါသေးတယ်၊ နောက်ဆုံး ပူတင် လက်စွမ်းပြ ဖြစ်သွား ပါတော့တယ်၊

ဆီးရီးယား အရေး ကို ရုရှားတွေ ဝင်ခဲ့တဲ့ လွန်ခဲ့တဲ့ (၃ဝ. ၉. ၁၅) နေ့က စပြီး ရုရှား ရဲ့ အကြမ်းဖက် တိုက် ခိုက်ချေမှုန်းရေး ဟာ တစ်ပတ် အတွင်း IS တွေ ဖိမ့်ဖိမ့် တုန်သွားအောင် ဆောင်ရွက်ပြခဲ့နိုင်ပါတယ်၊ IS တွေ သွေးလေချောက်ချား သွားခဲ့တယ်၊ ကာတွန်း တစ်ပုံမှာ ဆိုရင် ဝက်ဝံကြီးလျှောက်လာ လို့ တဲထဲက အကြမ်းဖက် သမားတွေ ကြက်သီး တဖျဉ်းဖျဉ်း ထ တုန်ပြနေတဲ့ ပုံတွေတောင် ထွက်လာခဲ့တယ်၊

တစ်ပတ် အတွင်း ပူတင် ရဲ့ လက်စွမ်းပြမှု ဟာ အတော် ထိရောက်ခဲ့ ပါတယ်၊ အရပ်သားတွေ ကို ထိခိုက် ဒဏ်ရာ မရစေဘဲ အကြမ်းဖက်တွေ ရဲ့ ပစ်မှတ်တွေ ကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့ လို့ အခုဆိုရင် အကြမ်း ဖက်တွေ ဟာ ညဘက်တောင် ကောင်းကောင်း မအိပ်ရဲတော့တဲ့ အခြေအနေ ကို ရောက်လာခဲ့ ပါတယ်၊ 

ပူတင် ကို ကမ္ဘာ က ဝိုင်းပြီး ချီးကျူးကြတယ်၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်ကာတာ (Ash Carter) ကတော့ ရုရှားတွေ ရဲ့ အကြမ်းဖက်တွေ အပေါ်ထားတဲ့ မဟာဗျူ ဟာ မှားယွင်းနေတယ်၊ အကြမ်းဖက် အဖွဲ့ ကို နှိမ်နင်း တာချင်း တူပေမယ့် အမေရိကန် က ရှရှား နဲ့ ပူးပေါင်းဆောင်ရွက် မှာ မဟုတ်ဘူး လို့ပြော ခဲ့ တာ တွေ့ရတယ်၊

ယူတတ်ရင် သင်ခန်းစာပါ
**********************
အရှေ့အလယ်ပိုင်း ဟာ ရေနံထွက်နိုင်ငံတွေ စုပေါင်း ထားတဲ့နေရာ ပါ၊ တစ်ချိန် က စွန်ပလွံသီး စား၊ သစ်ကုလားအုပ်စီးရာ ကနေ ရေနံကြောင့် အကြီး အကျယ် ချမ်းသာ လာခဲ့ကြတယ်၊ ရေနံ ဆိုတာလည်း မဟာ ဗျူဟာမြောက် သယံဇာတ ဖြစ်နေပြန်ပါတယ်၊ 


၁၉၇၃-မှာ အမေရိကန် ကို OPEC ရေနံရောင်းနိုင်ငံတွေ က အရေးယူ ပိတ်ဆို့ခဲ့ ဖူးတဲ့ အတွက် တစ်ချိန် ချိန် မှာ အမေရိကန်တွေ တစ်နည်း တစ်ဖုံနဲ့ ဝင်ရောက် စွက်ဖက်တော့မယ် ဆိုတာ ကို တွေးမိခဲ့ပါသေးတယ်၊ အမေရိကန်တွေ ဦးဆုံး တိုက်ရမှာက နိုင်ငံရေး စနစ် မတူတဲ့ ကွန်မြူနစ်တွေပါ၊ 

၁၉၈ဝ-ကာလတွေ မှာ ကွန်မြူနစ် စနစ် ကျဆုံး သွားခဲ့လေတော့ ဒုတိယ ပစ်မှတ် က ရေနံ ထွက်နိုင် ငံတွေ ဖြစ် လာ တယ်၊ ပိုပြီး ပံ့ပိုးပေးတဲ့ အရာက အစ္စလာမ်နိုင်ငံတွေ ဖြစ်နေတာပါပဲ၊ တစ်ဟုန်ထိုး တိုးပွား လာတဲ့ အစ္စလာမ် ဦးရေ ဟာ ခရစ်ယာန် အများစုဖြစ်တဲ့ အမေရိကန် အတွက် ခြိမ်းခြောက်မှု ဖြစ်လာခဲ့တယ်၊


ဒါကြောင့် အရှေ့အလယ်ပိုင်း အစ္စလာမ်နိုင်ငံတွေ မှာ တစ်နည်းနည်း နဲ့ စစ်ပွဲတွေဖြစ်စေပြီး အပြန်အလှန် တိုက်ခိုက်ကြရင်း လူဦးရေလျော့ပြီးသား၊ နိုင်ငံကြေမွသွားပြီးသား ဖြစ်စေတဲ့ နည်းကို များ သုံးလိုက် သလား လို့ ထင်ရအောင် တိုက်ဆိုင်နေတာ တွေ့ရတယ်၊ 

Economic Hitman ဆိုတဲ့ John Perkin ရေးတဲ့ စာအုပ်ထဲ မှာ ရေနံဝယ်ပြီး ၊ ရေနံရောင်းနိုင်ငံတွေ ဆီ က ဒေါ်လာ ကို မရ-ရအောင် ပြန်ထုတ် သွားတဲ့ နည်းတွေ ကို ရေးထားတာ စိတ်ဝင်စားစရာပါ၊ နိုင်ငံကို ဦးဆောင်ကြမယ့် သူတွေ သတိထားသင့် ပါတယ်၊

ဒီနေ့ တရုတ်ကြီး က တားမရ ဆီးမရ တစ်ဟုန်ထိုး တိုးတက် လာခဲ့ပါပြီ၊ အမေရိကန် ရဲ့ Supremacy ကို လည်း ပျောက်ပျက် မသွားစေ လိုတော့ တရုတ် ကို ထိန်းချုပ်ဖို့ အမေရိကန်တွေ ကြိုးစားကြရ ပါဦးမယ် ၊ မြန်မာနိုင်ငံ ဟာလည်း အပြောင်း အလဲပြုစ နိုင်ငံတစ်ခုဖြစ်လေတော့ တရုတ်-အိန္ဒိယကြား မှာရှိနေ တဲ့ မြန်မာ နိုင်ငံဟာ အမေရိကန်တွေ အတွက် မျက်စိ ကျစရာ ဖြစ်လာခဲ့တယ်၊ 

အာဆီယံ အဝေးပြေးလမ်းမ၊ ထားဝယ် အထူး စီးပွားရေးဇုန်၊ ကျောက်ဖြူ၊ သီလဝါ အထူး စီးပွားရေး ဇုန်တွေ အောင်မြင် ခဲ့ရင် မြန်မာနိုင်ငံ ဟာ စီးပွားရေး တစ်ဟုန်ထိုး ဖွံ့ဖြိုး တိုးတက်လာမယ့် အခြေ အနေ လည်း ရှိတာမို့ မဟာဗျူဟာ ပထဝီနိုင်ငံရေး အရ မြန်မာနိုင်ငံ ဟာ အခွင့်အလမ်းတွေ လည်း ရှိနေသလို၊ ခြိမ်းခြောက်မှုတွေနဲ့ လည်း ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်၊

အများကြီး သတိထားဖို့ လိုပါတယ်၊ ပါတီကြီး (၂) ခု ရဲ့ ခေါင်းဆောင်တွေ အနေနဲ့ရော တပ်မတော် အနေ နဲ့ရော နိုင်ငံတကာ ဗျူဟာ နဲ့ အခင်းအကျင်း ကို တကယ် နက်နက်နဲနဲ သိရှိကြဖို့ လိုပါတယ်၊ 

ဒီမိုကရေစီ ဆိုတာနောက်မှပါ၊ မတော်တဆ ခလုတ်တိုက် သွားရင် စစ်တလင်း ချက်ချင်း ဖြစ်သွားနိုင်ပါ တယ်၊ နိုင်ငံရေး ဦးဆောင်သူတွေ မြော်မြင်၊ ပညာကြီးကြဖို့ အထူး လိုအပ်တယ် လို့ ထောက်ပြချင်ပါတယ်။


 နို်င်ငံရေးဟာ ဒီနေ့ စည်းရုံးရေး ဆင်းနေတဲ့ အချိန်မှာ ပြောသလောက် မရိုးစင်းဘူး လို့လဲ ဆိုချင်ပါ တယ်၊ အထပ်ထပ် ဖုံးအုပ် ထားတဲ့ ပရိယာယ် အင်မတန်ကြီးမား လှတဲ့ နိုင်ငံတကာနိုင်ငံရေး ကို ခပ်ပါး ပါးလောက် ပြောကောင်း သလောက် မမြင်ကြဘဲ၊ ကန့်လန့်ကာ အထပ်ထပ်ရဲ့နောက်ကွယ် က ဇာတ်ရုပ်၊ ဇာတ်ကောင်၊ ဇာတ်ညွှန်းတွေ ကို မှန်မှန် ကန်ကန် ထုတ်ဖော်နိုင်ဖို့ လိုတယ် လို့လည်း အသိပေး မျှဝေ လိုပါတယ်။

 


 နေဇင်လတ် ၈-၁ဝ-၂ဝ၁၅ (၁၆၁၇)

 Wi Thay Tha21 October at 22:26 ·

No comments:

Post a Comment