16 October 2015

ဘုရား အနေကဇာ တင်ခြင်း အကြောင်း သိကောင်းစရာများ


 

★ မေး။ ။ ဆရာတော် အရှင်ဘုရား တပည့်တော် သိချင်တာတစ်ခုလောက် လျှောက်တင်မေးမြ န်းခွင့်ပြုပါဘု ရား။ ဘုရား အနေကဇာတင်ြ ခင်းကို သိချင်လို့ပါ ဆရာတော်ဘုရား။ လူနေအိမ်မှာပြုလုပ်လို့ရပါသလား ဘုရား။ အချိန်ရရင် တပည့်တော် သိချင် တာလေးကိုဖြေပေးတော်မူပါ ဆရာတော်ဘုရား။

★ ဖြေ။ ။ မြတ်ဗုဒ္ဓ ဘုရားဖြစ်တော်မူ သောအခါ ပဌမပလ္လင်္ကသတ္တာဟ အပရာဇိတ ပလ္လင်တော်တွင် စံတော် မူလျက် -
 

(၁) အနေကဇာတိသံသာရံအစရှိသော ဂါထာတော်တို့ကို စိတ်ဖြင့် ဥဒါန်းကျုးခဲ့သည်။
 

(၂) ပဋိစ္စသမုပ္ပါဒ်ကို အနုလုံပဋိလုံ သုံးသပ်ဆင်ခြင်တော်မူခဲ့သည်။
 

(၃) ယဒါဟဝေအစရှိသော သုံးဂါထာကို နှုတ်ဖြင့်ရွတ်ဆိုခဲ့သည်။
 

(၄) စတုတ္ထ ရတနာဃရသတ္တာဟ-နတ် တို့ ဖန်ဆင်းအပ်သော ရတနာ စံအိမ်တော်ေ ကျာင်းတွင် အဘိဓမ္မာ ခုနစ်ကျမ်းကို သုံးသပ်တော်မူသည်။ ထိုအခါ ကိုယ်တော်မှ ရောင်ခြည်တော်ြေ ခာက်သွယ် ကွန့်မြူးလေ သည်။
 

(၅) ပဉ္စမအဇပါလ သတ္တာဟ အဇပါလညောင်ပင်ရင်းတွင် ယောဗြဟ္မဏောဗာဟိ တပါပ ဓမ္မောအစရှိသော ဂါထာတော်ကိုဥဒါန်းကျုးရင့်ခဲ့သည်။
 

(၆) ဆဋ္ဌမ မုဉ္ဇလိန္ဒသတ္တာဟ မုဉ္ဇလိန္ဒအိုင် မုဉ္ဇလိန္ဒာနဂါးမင်း ပါးပျဉ်းမိုးသော နဂါးအခွေပေါ်တွင် သုခေါ ဝိပါကော တုဋ္ဌဿအစရှိသော ဂါထာ(၂)ခုကို ဥဒါန်းကျုးတော်မူခဲ့သည်။


 
ထိုကဲ့သို့ ဥဒါန်းကျုးဂါထာ (၄) မျိုး၊ သုံးသပ် ဆင်ခြင်သော တရားတော် (၂) မျိုး တို့ကို ဘုရားဖြစ်တော်မူသော အခါ ရွတ်ဆို သုံးသပ် ဆင်ခြင်တော်မူခြ င်း ကို သတိရကြည်ညိုစေခြ င်းအကျိုး ငှာ ရှေးဆရာတော်များ သည် ပုဂံခေတ်မှ စပြီး ဘုရားစေတီတော် ရုပ်ပွားတော်ပြု လုပ်ပြီးစ အခါ တို့၌ အထက်ပါ (၆) မျိုးတို့ကို ရွတ်ဆို ပူဇော်ခြင်း၊ လှူဒါန်းဖွယ်အစုစုတို့ဖြင့် ပူဇော်ခြင်းများ ဗုဒ္ဓပူဇာမင်္ဂလာကို ပြုလုပ်ကြသည်။ 

အနေကဇာတိ သံသာရံ အစရှိသော ဥဒါန်းဂါထာ ကို အနေကဇာ ဟု အတိုကောက်သတ်မှတ်ပြီး အနေကဇာ တင်ခြင်းလို့ သတ်မှတ်ခေါ်လာကြ ခင်း ဖြစ်သည်။

 မြတ်ဗုဒ္ဓ ပဌမပလ္လင်္က သတ္တာဟစံတော်မူပြီး၍ ရှစ်ရက်မြောက်နေ့ ၌ နတ်ဗြဟ္မာအချို့သည် ဗုဒ္ဓကား မိမိ၏ ပလ္လင်ဌာန ကို စွဲလန်းနေယောင်ပါတကား။ ဥပါဒါန် မကင်းသေး ယောင်ပါတကား ဟု ယုံမှား သံသယဖြစ်ကြ သဖြင့် ထို ယုံမှားသံသယ ကို ပယ်ဖျောက်ခြင်းငှာ မြတ်ဗုဒ္ဓ သည် ကောင်းကင်ထက် ၌ ရေ မီး အစုံ တန်ခိုးပြာဋိဟာ ကို ပြတော်မူသည်။ 

ထိုကို ရည်ရွယ်၍ ရှေးခေတ် ကတည်းက အနေကဇာ တင်ပွဲ တို့၌ ရေချမ်းအိုး၊ ဆီးမီးခွက် တို့ကို အပြန် အလှန် ရေမီး အစုံ တန်းစီး၍ လှူဒါန်းပူဇော်ကြသည်။

ထိုကဲ့သို့ မြတ်ဗုဒ္ဓ က တန်ခိုးပြာဋိဟြာ ပတော်မူသော အခါ နတ်ဗြဟ္မာတို့သည် နတ်ပန်းပေါက်ပေါ က် ကြဲဖြန်း ပူဇော်ြ ခင်း၊ တံခွန် ကုက္ကား၊ မုလေး၊ ပန်းဆိုင်း တို့ဖြင့် ပူဇော်ခြင်း၊ နံ့သာ အခိုးအလျှံ တိြု့ ဖင့် ပူဇော်ခြင်း ၊ နတ်တူရိယာ တို့ကို ပူဇော်ခြင်း၊ ပဉ္စသီခ နတ်သား ၏ ဗေလုဝပဏ္ဍု  နတ်စောင်း ကို တီး၍ ပူဇော်ခြင်းစသော အံ့ဖွယ်ထူးဆန်း ခမ်းနားသော ပူဇော်ပွဲကြီး ပြုလုပ်ကြကုန်သည်။

ထို နတ်ဗြဟ္မာ တို့ ပူဇော်ပုံကို ရည်ရွယ်၍ အနေကဇာ တင်ရာ၌ ..........
 (၁) အနေကဇာတင် ရဟန်း သံဃာတော် တို့၏ လက်၌ တံခွန်ကုက္ကား တို့ ကိုင်ဆောင်ပူဇော်ကြခြင်း။ (၂) ပေါက်ပေါက် ပန်း တို့ကို ကြဲဖြန်းပူဇော်ြ ခင်း။ 
(၃) ဘုရားရှေ့ ၌ ပန်းအိုး ပန်းဆို င်း ပန်းခိုင်တို့ လှူဒါန်းခြင်း။ 
(၄) နံ့သာထင်း၊ အခိုး နံ့သာတိုင် အမွှေးအထုံ တို့ဖြင့် ပူဇော်ခြင်း။ 
(၅) ဆွမ်းခဲဖွယ်ဘောဇဉ် တို့ကို ရဟန်းသံဃာ တို့၏ ရှေးဦးစွာ ဘုရားဆွမ်းတော်ြ ကီးပွဲ ကပ်လှူခြင်း တို့ ပြု လုပ်ကြသည်။


အနေကဇာတင် ရွတ်ဆိုခြင်းနှင့် ပတ်သတ်၍ အင်းဝခေတ်နောက်ပိုင်း တွင် ........

(၁) အနေကဇာတိ အစရှိသော ဥဒါန်းဂါထာ၊
(၂) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံပါဠိတော်၊
(၃) ယဒါဟဝေ အစရှိသော သုံးဂါထာ၊
(၄) ပဋ္ဌာန်း ဥဒ္ဒေသ ပါဠိ တော်။

အထက်ပါ (၄)  မျိုး  ကိုသာ အနေကဇာတင် ပါဠိတော် အဖြစ် သတ်မှတ် ရွတ်ဆိုကြသည်ဟု မှတ်သားရ သည်။

အနေကဇာ တင်ခြင်းနှင့် ပတ်သတ်ပြီး ဝိနည်း မဟာဝါ လာရှိသည်နှင့် ဥဒါန်း ပါဠိတော်လာ ရှိသည်တို့ ကွဲပြားနေကြသည်ကို တွေ့ရှိရသည်။

ဝိနည်း မဟာဝါ၌.................
(၁) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ ပဌမဂါထာ၊ 
(၂) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ ဒုတိယဂါထာ၊ 
(၃) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ တတိယဂါထာ၊ ......ထိုတွင် ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ သုံးကြိမ် အကျဉ်း ချုပ်၍ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ တစ်ကြိမ်သာ ရွတ်ဆို ပူဇော်ပြီးနောက် ယဒါ ဟဝေ သုံးဂါထာ ကို ဆက် ရွတ်ဆို ပူဇော်ကြသည်။ 

ဤအစဉ်အလာ ကို ရှေးခေတ်မှ စ၍ ယနေ့ အချိန်ထိ ပူဇော်ကြသည် ကို တွေ့ရသည်။


တစ်ဖန် ဥဒါန်း ပါဠိတော်၌ လာရှိသည်ကို ဖော်ပြရလျှင်....................

(၁) ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ယဒါဟဝေ ပဌမဂါထာ၊
(၂) ပဋိစ္စသမုပ္ပါဒ် ပဋိလုံ၊ ယဒါဟဝေ ဒုတိယဂါထာ၊
(၃) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ တတိယဂါထာ။


ဤနည်း ကိုလည်း အချို့အသုံးပြုသည် ကို တွေ့ရှိရသည်။ မိမိတို့ မြို့ရွာကျောင်းတိုက် အစဉ်အလာပေါ် မူတည် ၍ အလျဉ်းသင့် သကဲ့သို့ ရွတ်ဆိုကြရပါမည်။


တစ်ခါ အနေကဇာ တင်ပုံ အစဥ်ကို တင်ပြပေးရမည်ဆိုလျှင်.................

(၁) နမောတဿ သုံးကြိမ်၊ 

(၂) အနေကဇာတိ ဂါထာ သုံးခေါက်၊
(၃) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊
(၄) ယဒါဟဝေ သုံးဂါထာ၊
(၅) ပဋ္ဌာန်းဥဒ္ဒေသ၊
(၆) ပုဗ္ဗဏှသုတ် ယံကိဉ္စိဝိတ္တံ သုံးဂါထာ၊
(၇) မဟာကာရုဏိကော ဂါထာမှ စ၍ ပုဗ္ဗဏှသုတ် အဆုံးထိ ရွတ်ပြီး တေအတ္ထလဒ္ဓါ သုခိတာ နောက်ဆုံး ဂါထာ ကို သုံးကြိမ်ရွတ် ဆိုကြသည်။
(၈) အချို့ အရပ်၌ သဗ္ဗေသတ္တာ သဗ္ဗေပါဏာ အစရှိသော မေတ္တာပို့ရွတ် ၍ အချို့အရပ် တွင် မေတ္တာသုတ် ရွတ်ကြသည်။



အထက်ပါ အချက် အလက် တို့ကို ထောက်ဆကြည့်လျှင် အနေကဇာ တင်ခြင်းသ ည် .......
ဘုရား ရုပ်ပွားတော် အသက် သွင်းခြင်းဟု လည်းကောင်း၊
အနေကဇာ မတင်ဘဲ ဘုရား မကိုးကွယ်ရ ဟုလည်းကောင်း၊ 
အနေကဇာ တင်သောအခါ နမောတဿ        ကို အစဆုံး မရွတ်ရ ဟုလ ည်းကောင်း ပြောဆိုနေကြသော စ ကား များ သည် မမှန်ကန်ဟု သိရှိကြပါကုန်။ 

မိမိ ကိုးကွယ်သော ဗုဒ္ဓ ရုပ်ပွားတော် ထားရှိသည့် နေရာမှာ အနေကဇာ တင်၍ ရပါသည်။

ထို့ပြင် ရွှေထီးတော်၊ စိန်ဖူးတော်၊ မကိုဋ်တော်၊ စလွယ်တော် စသည်ကို အနေကဇာ တင်ခြင်း ကား မြတ်ဗုဒ္ဓ ၏ အသုံး အဆောင် ပရိဘောဂစေတီ ကို အနေကဇာ တင်ခြင်ြး ဖစ်၍ သင့်မြတ်ပါပေသည်။

အကျဉ်းချုပ် အာြး ဖင့် အနေကဇာ တင်ခြင်းသ ည် မြတ်ဗုဒ္ဓ၏ ကျေးဇူးတော်၊ တန်ခိုးတော်၊ ဂုဏ်တော်များကို ထပ်မံမွန်းတင်ပေးခြင်း ဖြစ်ပေသည်။ အနေကဇာ မတင်သော်လ ည်း မိမိ စိတ်က မြတ်ဗုဒ္ဓ သက်တော် ထင်ရှား ရှိသည်ကို အာရုံပြုပြီး ကိုးကွယ်ပူဇော် ဆည်းကပ် ၍ ရပါသည်။ 

အနေကဇာ တင်လျှင် လှူဒါန်းပူဇော်ခြင်း ကုသိုလ် တိုးသည်နှင့် ကုသိုလ် မတိုးခြင်းသာ ထူးပေမည်။ 

ဗုဒ္ဓ ရုပ်ပွားတော်များ ကို ကျောင်းကန် အိမ်များ တွင် ထားရှိ ရခြင်းမှာ သက်တော်ထင်ရှား မြတ်ဗုဒ္ဓ ကို အာရုံပြု လွယ်ကူရန် သာ အဓိက အကြောင်းရင်း ဖြစ်သည်။

 စေတီတော် များ တည်ထား ကိုးကွယ်ခြင်း သည် မြတ်ဗုဒ္ဓ ၏ ဓာတ်တော်၊ မွေတော်၊ တရားတော်၊ အသုံး အဆောင် စသည် များကို မြတ်ဗုဒ္ဓ ကိုယ်စား ကြည်ညို  ပူဇော်ရန် ဖြစ်ပေသည်။ (မဟာသုတဒီပနီကျမ်း၊ ပထမ အုပ်တွင် လာရှိသော အနေကဇာ တင်ခြင်း အကြောင်းများကို နည်းမှီ ၍ ရေးသားတင်ပြလိုက် ပါသည်)

ဤမျှလောက်တင်ပြပေးလျှင် ပြည့်စုံလောက်ပြီမို့  ဤမျှနှင့်ပင် ရပ်နားပြီး စာဖတ်သူများအား လုံး ဒါန၊ သီလ၊ ဘာဝနာ များဖြင့် နေ့စဉ်ဖြတ်သန်း၍ နိဗ္ဗာန် ချမ်းသာ ကို လျင်မြန်စွာ ရရှိကြပါစေသော်။


(အရှင်ကောမလ ဆန်နီနေမင်း)

 http://www.nanshaethar.blogspot.com/


No comments:

Post a Comment