26 October 2015

ရွှေဆိုင်ကြီးများ က တရားဝင်ရောင်းနေတဲ့ ပေါင်မရ ရောင်းမရ ရွှေထည် များနှင့် လုပ်စား ခံနေရ သူများ




မြန်မာနိုင်ငံတွင် ခိုင်မာသည့် ရင်းနှီးမြုပ်နှံမှု စီးပွားရေး ဈေးကွက် မရှိသည့် အတွက် ၂၀၁၅ ခုနှစ် အစောပိုင်း မှ စတင်ပြီး၊ ပြိုဆင်း လာသော အိမ်ခြံမြေဈေးကွက်ကြောင့် ရင်းနှီးမြုပ်နှံသူ များ အနေဖြင့် နိုင်ငံခြားငွေကြေး ဒေါ်လာဈေးကွက် အတွင်း သို့ ၀င်ရောက် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လာကြသည်။

ထိုသို့ ရင်းနှီးမြုပ်နှံမှု များကြောင့် ဒေါ်လာဈေးနှုန်း များ တရိပ်ရိပ် တက်လာ ခဲ့၍ အစိုးရ အနေဖြင့် ထိန်းချုပ်မှု များ ပြုလုပ် လာခဲ့သောကြောင့် ရင်းနှီးမြုပ်နှံ သူများ အနေဖြင့် အခြားဈေးကွက် တစ်ခုဖြစ်သော ရွှေဈေးကွက်သို့ မြှားဦးလှည့်လာပြန်သည်။ 

ယင်း အတွက်ကြောင့် ရက်သတ္တပတ် နှစ်ပတ်ခန့် အတွင်း ရွှေတစ်ကျပ်သား လျှင် ငါးသောင်းခန့် အထိ ဈေးနှုန်း များ မြင့်တက် လာခဲ့သည်။

ဈေးတက်လည်း ရှုံး၊ ဈေးကျ လည်း ရှုံး၊ ရွှေ ဆိုတာ အရှုံးပဲလား….
ရွှေ စုဆောင်းသူများ အနေဖြင့်လည်း ရွှေ စုဆောင်းရန် ၀ယ်ယူခြင်း များကြောင့် ရွှေဈေး များ တတ်လာခဲ့ချိန် တွင် အခြေခံ လူတန်းစား တစ်ချို့ မှာ ယခင် စုဆောင်း ၀ယ်ယူ ထားသော ရွှေလေးများ အား ထုခွဲရောင်း ချဖြင်းဖြင့် အမြတ် ရလိုရငှား ပြန်လည် ရောင်းချခြင်းများ ရှိလာ ခဲ့သည်။

သို့သော် ယင်း ကဲ့သို့ ပြန်လည်ရောင်းချ ရာတွင် ယခင် ၀ယ်ယူထားသော ရွှေဆိုင် မှာ မူလဆိုင် နေရာတွင် မရှိတော့ သဖြင့် နီးစပ်ရာ ရွှေဆိုင် များတွင် ၀င်ရောက် ရောင်းချခဲ့ ရာမှ ပြဿ         နာပေါင်းစုံ စတင်လာ ခဲ့တော့ သည်။

ရွှေများ မှာ ရွှေရည် မပြည့်မှီခြင်းနှင့် အရောင် အဆင်း မွဲနေခြင်း များကြောင့် မည်သည့် ရွှေဆိုင် ကမျှ လက်ခံ လိုခြင်း မရှိ သလို ပေါင်နှံ ရာတွင်ပင် အပေါင်ဆိုင် မှ အဆမတန် ဈေးနှိမ်ခြင်းများ ကို ချိုးချိုး ဖဲ့ဖဲ့ ခံလိုက်ရသော အခါ ရွှေ ၀ယ်ခဲ့ မိသည် မှာ မှားနေပြီလားဟု ပင် ထင်မြင်ဖွယ်ရာ ရှိနေသည်။









 ယင်းတို့ ကဲ့သို့ ရွှေ ၀ယ်ယူသူများ မှာ ငွေပိုလျှံ လွန်းနေ၍ မဟုတ်ပဲ ၀တ်လဲ ၀တ်ချင် စုလဲ စုချင် ၍ ၀ယ် ယူ ကြသူ များဖြစ်ရာ ယင်း ကဲ့သို့ ရွှေရည် ပါတယ်ဆိုရုံ ဖြစ်နေသော ရွှေထည် ပစ္စည်း များကြောင့် အရှုံးများ စွာဖြင့် ရင်ဆိုင် ရသောအခါ တာဝန်ယူမှု ကင်းမဲ့နေသော ရွှေထည် များကို သိမ်း ၍ ပြန်ရင်ပြန်၊ သို့မဟုတ် ပါက ရွှေဝယ် ယူချိန် ဈေးနှင့် အင်မတန် ကွာဟ နေသော ရွှေထည် များနှင့် ပတ်သက်ပြီး ကိုယ့်ကိုကိုယ် အပြစ် တင်ရုံမှ လွဲ၍ မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်ပေ။



အရည်အသွေး မပြည့်မီတဲ့ ရွှေဈေးကွက် ဘယ်က စတာလဲ
မြန်မာနိုင်ငံ ၏ ရွှေဈေးကွက် အတွင်း သို့ အရည် အသွေး မပြည့်မီ သည့် ရွှေထည် ပစ္စည်းများ ပြုလုပ်ရောင်း ချသော ဈေးကွက် မှာ  လွန်ခဲ့သော ၈ နှစ်၊ ၂၀၀၇ ခုနှစ်ခန့် က စတင် လာခဲ့ခြင်းဖြစ်သည်။

ရွှေဆိုင် ဖွင့်လို သူများ အနေဖြင့် မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များ အသင်း၏ ထောက်ခံချက် တစ်စုံ တစ်ရာ မလို အပ်တော့ဘဲ မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ ခွင့်ပြုချက်ဖြင့် တရားဝင် ဖွင့်လှစ်ခွင့် ရရှိနေသောကြောင့် ယခု ကဲ့သို့ အရည်အသွေး မပြည့်မီ သည့် ရွှေထည် ပစ္စည်းများ ရောင်းချသော ဆိုင်များ များပြား လာခဲ့ခြင်း ဖြစ်သည် ဟု ရွှေလုပ်ငန်းရှင် များ အသင်းမှ တာဝန်ရှိသူ တစ်ဦး က ဆိုသည်။

ယင်းရွှေဆိုင် များ အနေဖြင့် အခြေခံ လူတန်းစား အများဆုံး နေထိုင်သည့် မြို့ဆင်ခြေဖုံး ရပ်ကွက် များနှင့် နယ်မြို့ များတွင် အများဆုံး ဖွင့်လှစ်ပြီး အရောင်း အ၀ယ် ပြုလုပ်နေကြသည်ဟု ရွှေ လုပ်ငန်းရှင် အသိုင်း အ၀ိုင်း များထံမှ သိရသည်။

ဈေးက နည်းနည်း ရွှေက ကြီးကြီး
မြန်မာနိုင်ငံ ရွှေဈေးကွက် အနေဖြင့် အရောင်းအ၀ယ် ပြုလုပ် ရာတွင် (၁) အခေါက်ရွှေ (၁၆ ပဲ အကယ်ဒမီ)၊ (၂) ၁၄-၁၅ ပဲရည်၊ (၃) အရည်အသွေး မပြည့်မီသော ရွှေ ဟူ၍ သုံးမျိုး ခန့်ဖြင့် ပြုလုပ်နေ သည်ကို တွေ့ ရသည်။

အခြေခံ လူတန်းစား များ ၀ယ်ယူ စုဆောင်းသည့် ရွှေထည် ပစ္စည်းများမှာ ဈေးနှုန်း သက်သာပြီး၊ နီးစပ် ရာ ရွှေဆိုင် များမှ ၀ယ်ယူခြင်းဖြစ်သည့် အတွက် အရည် အသွေး မပြည့်မီသော ရွှေထည် ပစ္စည်း အမျိုးအစား များ အများဆုံး ဖြစ်နေသည်ကို တွေ့ရှိရသည်။

“အပိုငွေ လေးငါးခြောက်သောင်း နဲ့ ရွှေဝယ် ၀တ်တာပါ။ ရှိ တန်ဆာ မရှိ ၀မ်းစာပေါ့။ လိုတဲ့ အချိန်မှာ ထုတ်ရောင်း လို့ ရတယ်လေ။  သွားရတာလည်း မဝေး သလို ဈေးနှုန်း မှာလည်း မြို့ထဲက ဆိုင်ကြီးတွေ ထက် လျော့တယ်။ အဲဒီတော့ အနီးနား က ရွှေဆိုင်တွေမှာပဲ ၀ယ်ဖြစ်ပါတယ်”ဟု တောင်ဒဂုံ မြို့နယ် မှ ရွှေ ၀ယ်ယူ သည့် အမျိုးသား တစ်ဦး က ဆိုသည်။

 “ပိုက်ဆံ လေးငါးသောင်းလောက် နဲ့ အဲလို ဆိုင်မျိုးတွေ မှာ ရွှေထည် လုပ်လို့ရတယ်။ ကျွန်တော်တို့ ဆီမှာ ဆိုရင် ခုနှစ်သောင်း ရှစ်သောင်းလောက် မှ ပစ္စည်း လုပ်လို့ ရမှာပါ။ ရွှေရည် မပြည့်မီ တဲ့ အတွက် ပစ္စည်းကို လိုသလို ပုံသွင်းပြီး စိတ်ကြိုက်ပြုလုပ်လို့ရတယ်။ 

အဲဒီ အတွက် အခြေခံ လူတန်းစား များတဲ့ နေရာတွေမှာ အဆင်ပြေတယ်”ဟု ရန်ကုန်မြို့လယ်ခေါင် တွင် ရွှေ ဆိုင် ဖွင့်လှစ်ထားသည့် အမျိုးသား တစ်ဦးက ဆိုသည်။




                                          ဒီလိုလဲ လိမ်ညာေ၇ာင်းတတ်ကြတာ သတိပြုပါ  .....  ၇င်ခွင်လမ်း  



အရည်အသွေး မမီ ရွှေရည်ခြုံ  များနှင့် ဒုံး နှင့် အရှုံး
အရည် အသွေး မပြည့်မီသော ရွှေ ဆိုသည်မှာ ၁၄-၁၅ ပဲရည် ရှိသည် ဟု အာမခံ ရောင်းချထား သော်လည်း ယင်း အရည်အသွေး အား ပြည့်မှီခြင်း မရှိသော ရွှေများ ကို ဆိုလိုခြင်းဖြစ်သည်။

“ကျွန်မတို့ ဆီမှာ ရွှေနှစ်မျိုး ခွဲပြီးရောင်းချ ပါတယ်။ အောက်ထပ် မှာ ရောင်းတာ က ၁၅ ပဲရည်တွေပါ။ အပေါ်မှာ ရောင်းတာက အပေါင်ဆုံးပေါ့နော်။ သူ ကတော့ ဒုံးလို့လည်း ခေါ်တယ်။ ရွှေရည် ကတော့ ၁၄ပဲ ၂ပြား လို့ ခေါ်တယ်။ အပေါ်မှာရောင်းတဲ့ ပစ္စည်းတွေ က အပေါင်ဆုံး ရွှေတွေ ကို ပြန်ပြီးတော့ ပစ္စည်း ပြန် လုပ်ထားတာပါ။ 

ကျွန်မတို့ ဆိုင်က ၀ယ်ထားတဲ့ရွှေ ကို ပြန်လာရောင်းရင် ၀ယ်ရင်းဈေး ရဲ့  ၁၀ ရာခိုင်နှုန်း ကိုနုတ်ပြီး ပြန်လည် ၀ယ်ယူ ပေးပါတယ်။ ဘောင်ချာ ပျောက်သွားရင်တော့ လက်မခံပါဘူး”ဟု   သင်္ဃန်းကျွန်းမြို့နယ် အတွင်း ရှိ ရွှေဆိုင် တစ်ဆိုင်မှ ရွှေရောင်းသူ တစ်ဦးက ပြောသည်။

ရွှေလောက အခေါ် အဝေါ် ဒုံး ရွှေ ဆိုသည်မှာ နေရာဒေသ အသီးသီး တွင် ပြုလုပ်လာသော ရွှေထည် ပစ္စည်း များအား န၀လီ (သောင်းပြောင်းဝယ်သည့်) လက်ခံ ၀ယ်ယူပြီး ရွှေထည် ပစ္စည်းများ ပြုလုပ် ကာ ပြန် လည်ရောင်း ချသော ပစ္စည်းများဖြစ်ပြီး၊ ယင်း ပစ္စည်းများ အနေဖြင့် အာမခံချက် တစ်စုံ တစ်ရာ မရှိဘဲ ယင်း ပစ္စည်း များအား လိုအပ်၍ ပြန်လည် ရောင်းချ မည် ဆိုပါက ၀ယ်ယူသည့် ဆိုင်တွင်သာ ပြန်လည်ရောင်း ချနိုင်ပြီး၊ အခြား ဆိုင်များတွင်မူ ရောင်းချ ရန် ခက်ခဲပေသည်။

“နယ် ကနေ ဆေးလာ ကုတာ  ပိုက်ဆံ လိုတယ် ဆိုပြီး ကျွန်တော့်ဆီ ကို ရွှေလာရောင်းတယ်။  ကျွန်တော်က မ၀ယ်ချင် ပါဘူး။ ဒါပေမယ့် ကျန်းမာရေး အတွက် လိုတယ် ဆိုတာနဲ့ ဈေးဖြတ်ပေးတယ်။ သူ့အနေနဲ့ ကလည်း ၀ယ်ရင်းဈေး နဲ့ အတော် ကွာသွားလို့ မရောင်းဘူး။ ကျွန်တော့် မှာလည်း ဖြတ်ပေးတဲ့ ဈေးမှာတင် ရှုံးနေပါ တယ်။ ရွှေရည် က ၁၀ပဲရည်လောက် ပဲ ရှိတယ်”ဟု ဦးထုံ ရွှေဆိုင် ပိုင်ရှင် ဦးကျော်ဝင်း က အရည်အသွေး မပြည့်မီသော ရွှေနှင့် ပတ်သက်၍ သူတွေ့ကြုံခဲ့ရသည်ကို ပြောသည်။

ယင်းကဲ့သို့ အာမခံချက် အနေဖြင့် ၀ယ်ယူသည့် ဘောင်ချာ တစ်ရွက်သာ ရှိသည့် ရွှေလောက အခေါ် ဒုံးရွှေ ၀ယ်ယူ သည့် သူများ အနေဖြင့် ၀ယ်ယူသည့် ပစ္စည်းအား ယင်းဆိုင် မှာပင် ပြန်လည်ရောင်းချ ရမည် ဖြစ်ပြီး အခြား ဆိုင်များမှ လက်ခံဝယ် ယူမှု မရှိခြင်း၊ ပြန်လည် ရောင်းချရာတွင် ၁၀ရာခိုင်နှုန်း ဖြတ်ခြင်း ၊ 

 ရွှေဝယ် ယူချိန်တွင် လည်း  အရည် အသွေး မမီသော ရွှေ များအား အရည်အသွေး ပြည့်မီသည့် ၁၄-၁၅ ပဲရည် ဈေးနှုန်း အတိုင်း ၀ယ်ယူရခြင်း၊ ကာလ သက်တမ်း တစ်နှစ်နီးပါး ရှိလာသည့်အချိန်တွင် မိမိ၏ အဆင်း တန်ဆာ အတွက် ၀တ်ဆင်သည့် ပစ္စည်းမှာ ကြေးရောင်များ ပေါ်ပေါက်ကာ ဂုဏ်ရှိန် မတင့်သည့် အနေ အထား မျိုး ကြုံတွေ့ရခြင်း ၊

ဝယ်ယူ ထားသည့် ဘောင်ချာ ပျောက်ဆုံး သွားပါက မူရင်းဆိုင် မှ လက်မခံတော့ သဖြင့် သောင်းပြောင်း ၀ယ် ယူသည့် ဆိုင်များ တွင် ၀ယ်ယူသည့် ပေါက်ဈေး ထက် သုံးချိုး တစ်ချိုး ခန့်ဖြင့်သာ ပြန်လည် ရောင်းချရခြင်း စသည့် အချက်များ ဆုံးရှုံး နစ်နာလျက် ရှိသည်။



                                          ဒီလိုလဲ လိမ်ညာေ၇ာင်းတတ်ကြတာ သတိပြုပါ  ....   ၇င်ခွင်လမ်း




ရွှေတော့ရွှေ ပါပဲ...ဆိုတဲ့ တရားဝင် လိမ်တဲ့ ရွှေ ဈေးကွက်
“ရောင်းတာ ကတော့ ၁၄ ပဲ၊ ၁၅ ပဲ ပြောပြီးရောင်းတာပဲ။ ရွှေ ပါဝင်မှုက ၁၀ ပဲ၊ ၁၁ ပဲ လောက်ပဲ ရှိတယ်။ တချို့ ဆိုရင် ၉ ပဲရည်လောက် နဲ့ လုပ်တဲ့ ဆိုင်တွေတောင် ရှိတယ်”ဟု နဂါးညီနောင် ရွှေဆိုင် မှ ရွှေရောင်း အ၀ယ် ပြုလုပ်သူ ကိုသီဟစိုး မှ ပြောသည်။

ထိုသို့ ရွှေရည် နည်းပါးစွာ ပြုလုပ်ရောင်းချနေသော်လည်း ၀ယ်ယူသူ များ အနေဖြင့် မသိရှိရခြင်းမှာ နည်း ပညာများ မြင့်မား လာသည့် အတွက် ထိုကဲ့သို့ အရည် အသွေးနိမ့် ရွှေထည် များအား ဆေးရည် အသုံးပြုပြီး၊ အကယ်ဒမီရွှေ ကဲ့သို့ ပုံစံတူ ရွှေရောင် နီးပါး ပြုလုပ်ရောင်းချနေခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရသည်။

“အရင်တုန်း က နည်းပညာ သိပ်မမြင့်တဲ့ အတွက်  အရည် အသွေးနိမ့် တဲ့ ရွှေတွေ ကို အရောင် တင်ရင် နှစ် လလောက်ပဲ ခံတော့ ၀ယ်တဲ့ သူတွေ အနေ နဲ့ အချိန်တို အတွင်း သိရတယ်။ တစ်ချို့ရွှေ အကြောင်း နားလည် တဲ့ ၀ယ်ယူသူ ဆိုရင် ချက်ခြင်းသိတယ်။ 

အခု နည်းပညာ မြင့်လာတဲ့ အတွက် ရွှေ ကို အရောင်တင် ထားရင် နှစ်နှစ်လောက် ခံတယ်။ ၀ယ်ယူသူတွေ ချက်ခြင်း လည်း သတိ မထားမိဘူး။ ရောင်းတဲ့ ဆိုင်ကတော့ နှစ်နှစ် အတွင်းမှာ ကြီးပွား ချမ်းသာသွားတယ်။ ၀ယ်တဲ့ပြည်သူတွေ ပဲ အများကြီး ဆုံးရှုံးနစ်နာ ရတာ”ဟု နှစ်ပေါင်းများစွာ ဆယ်စုနှစ်ကျော် ရွှေ အရောင်း အ၀ယ် ပြုလုပ်နေသူ တစ်ဦး က ရှင်းပြသည်။

“သူတို့ ကတော့ ၁၅ ပဲရည် ဆိုပြီး ရောင်းပေမယ့် တကယ်တမ်း သူတို့ လုပ်ပေးလိုက်တဲ့ရွှေ က ၁၀ပဲ ရည်လောက် ပဲ ရှိတယ်။ အဲဒီမှာ တင် ၅ ပဲလောက် မြတ်နေပြီ။ ပိုဆိုးတာ က နှစ်နှစ်လောက် ရောင်းပြီး သွားရင် ဆိုင်နာမည် ကို မေတ္တာ ကနေ သစ္စာ လို့ ပြောင်းလိုက်တယ်။ ပိုင်ရှင် က မပြောင်းဘူး။ ၀န်ထမ်းတွေ ပြောင်းလိုက်တယ်။ 

အဲဒီတော့ အရင် သူ့ဆိုင်က ၀ယ်ထားတဲ့ ရွှေထည် ကိုလာ ရောင်းရင်  လက်မခံတော့ ဘူး။ အဲဒီတော့ ၀ယ် သူတွေပဲ နစ်နာ ရတာပေါ့”ဟု မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ က ဆိုသည်။

ရွှေထည် ၀တ်ဆင် သူများ အတွက် ပြဿ          နာများ ပေါ်ပေါက်လာပါ က တိုင်ကြားရန် အဖွဲ့အစည်း မရှိသည့် အပြင် မတရား နည်းဖြင့် လုပ်ကိုင်နေပါ က အရေး ယူမည့် ဥပဒေမှာ လည်း ပြဌာန်းထားခြင်း မရှိသေးသည့် အတွက် ရွှေရည်လျှော့ ၍ လိမ်လည် ရောင်းချသည့် ရွှေဆိုင် များ ပေါ်ပေါက် လာပြီး ယင်း ဆိုင်များ အနေဖြင့်  တရား မ၀င်သည့် လုပ်ရပ် ဆောင်ရွက်နေသော်လည်း တရားဝင် သည့် လုပ်ငန်းမျိုး ဖြစ်နေသည်ဟု လည်း ရွှေ လုပ်ငန်း ရှင်များ က မှတ်ချက်ပြုကြသည်။

ဘယ်လို ထိန်းချုပ်မလဲ
“ရှန်ဟဲ တို့ ဟောင်ကောင် တို့မှာ ရောင်းတဲ့ရွှေဆိုင်တွေ ကို သူတို့ နိုင်ငံ က အသိအမှတ်ပြု လက်မှတ် ထုတ်ပေး မှ ရောင်းခွင့် ရှိတယ်။ လက်မှတ် မရှိဘူးဆိုရင် တရား မ၀င်ဘူး လိမ်တာလို့ ပဲ သတ်မှတ်ထား တယ်။ 

ဒီမှာ က ကုန် အမှတ်တံဆိပ် တန်ဖိုး ကို သတ်မှတ်ပေးတာ မျိုး မရှိဘူး။ ၀ယ်ယူသူတွေ ကလည်း ကုန်အမှတ် တံဆိပ် တန်ဖိုး ကို နာလည်မှု သိပ် မရှိသေးဘူး”ဟု ရွှေကုန် သည် တစ်ဦးမှ ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ဈေးကွက် အတွင်းတွင် အမျိုးမျိုး ရောင်းချနေသော ရွှေဆိုင် များ၊  ရွှေရည် မမီသော ရွှေ ထည် ပစ္စည်းများ  ရောင်းချခြင်းများ တားမြစ်နိုင်ရန်နှင့်  နိုင်ငံတကာ အဆင့်အတန်း တစ်ခု သတ်မှတ်နိုင်ရန် အတွက် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များ အသင်း တို့   ဆွေးနွေးလျက် ရှိသော်လည်း  ရွှေ လုပ်ငန်းရှင်များ အသင်း ထဲမှာပင် အရည်အသွေး မပြည့်မီသော ရွှေထည် ပစ္စည်း များ ရောင်း ချနေသည့် ပုဂ္ဂိုလ် များ ပါဝင်နေ သဖြင့် ဆွေးနွေးမှု ကြန့်ကြာနေသည် ဟုလည်း ရွှေ လုပ်ငန်းရှင် များ အသိုင်းအ၀ိုင်း မှ သိရသည်။

ထိန်းချုပ်ပေးမည့် ကြားခံ အဖွဲ့ လိုနေပြီ

“တစ်ချို့မြို့ထဲ က ရွှေဆိုင် ကြီးတွေတောင် ဆိုင်တွေ ပိတ်ပြီး၊ မြို့ပြင်မှာ အရည် အသွေးနိမ့် ရွှေထည်တွေ လုပ်ပြီးတော့ ရောင်းချ တာမျိုးတွေတောင် ရှိလာပါတယ်။ ဘာလို့လည်း ဆိုတော့ သူက အမြတ် ပိုများတယ်။  ဒီထက်ကောင်းတဲ့ အလုပ် မရှိတော့ဘူး။

 မြို့ထဲမှာက အမြတ် နည်းနည် ကျန်ဖို့တောင် တော်တော်လေး အာပေါက်အောင် ပြောရပါတယ်”ဟု မြို့ထဲ တွင် ရွှေ ဆိုင် ဖွင့်ထားသော ရွှေဆိုင် ပိုင်ရှင် တစ်ဦးမှ ပြောသည်။
 

ယခုဖြစ်ပေါ်နေသော အရည်သွေး မပြည့်မီ သည့် ရွှေထည် ပစ္စည်းဈေးကွက် အား ထိန်းချုပ် အရေးယူနိုင် သည့် အဖွဲ့ အစည်း ဖွဲ့စည်းနိုင်ခြင်း မရှိ ပါက အာဆီယံ စီးပွားရေး အသိုက် အ၀န်း အသက်ဝင်ချိန် တွင် ပြည်ပနိုင်ငံ များမှ အရည်သွေး မပြည့်မီသော ရွှေထည်  ပစ္စည်းများ ၀င်ရောက် ရောင်းချမှု များ ပြုလုပ် လာနိုင်သည်ဟု လည်း ဦးကျော်ဝင်း က ဆိုသည်။

“ပြည်ပ ကနေ အရည်သွေး နိမ့်တဲ့ ရွှေထည်တွေ တင်သွင်းလာပြီး ပြည်တွင်း မှာ ရောင်းချသွား ရင် ပြည်တွင်း ကသူတွေ အများကြီး နစ်နာတယ်။ သူတို့ က တစ်ခါလာပြီး ငွေတွေ သယ်သွားမှာ။ အဲဒါ ကို ထိန်းချုပ်ပေးမယ့် အဖွဲ့စည်း တစ်ခု ကတော့ ရှိဖို့လိုတယ်”ဟု ၄င်းက ဆိုသည်။

ယခုဖြစ်ပေါ်နေသော အခြေအနေ အရ ရွှေ ၀ယ်ယူ စုဆောင်းသူများ အနေဖြင့် ၁၄-၁၅ ပဲရည် အဆင့်ရှိ ရွှေ ထည် ပစ္စည်းများ ၀ယ်ယူ ရာတွင် အရှုံးပေါ်နေသည့် အပြင် ယခုကဲ့သို့ ရွှေရည် အရည် အသွေး မပြည့်မီ သည့် ပစ္စည်းများ ရောင်းချနေခြင်းကြောင့် အောက်ခြေ အဆင့် ပြည်သူများ အတွက် များစွာ နစ်နာနေသည့် အပေါ် အသေးအမွှား ကဲ့သို့ သဘောမထားပဲ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံတော် တာဝန်ရှိ သူများ အနေဖြင့် ယင်းဈေးကွက် အား အမြန်ဆုံး ထိန်းချုပ်ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင် ရေးသား တင်ပြလိုက် ရပါသည်။


ကွန်းဇော်၊ Kမိုး
Submitted by Zay Thu on

 http://www.searchmyanmar.com/link/frame/cid/54992

No comments:

Post a Comment