09 October 2015

သက်သတ်လွတ် ဆိုတာ




 



တစ်ချိန်တုန်းက ဘုန်းကြီး တောထဲနေစဉ် အခါက ကျောင်းဆရာ တစ်ဦးက ” သတ်သက်လွတ် ဆိုတာ ဘာ အဓိပ္ပါယ် ရှိလဲ ” တဲ့ သူက လာမေးတယ်။ 

 မေးလိုက်တဲ့ အချိန် မှာ သူ ဘာဦးတည်ချက် နဲ့ မေးနေတာ ဘုန်းကြီးလည်း နည်း နည်းသဘောပေါက်ပါ တယ်။ ဘုန်းကြီးက ” ဘာမှ အဓိပ္ပါယ် မရှိပါဘူး ” လို့လဲပြန်ဖြေလိုက်တော့ သူကဈေး ဆစ်တတ် တဲ့ ပုဂ္ဂိုလ်ဖြစ်လေတော့ ” ဘာဖြစ်လို့ လဲတဲ့ ” သူက ထပ်မေးပါတယ်။

ဒီတော့ဘုန်းကြီး က မလွဲမရှောင်သာ တဲ့ပြဿ           နာလေးတွေ သူ့ကို ရှင်းပြပါတယ်။ အသား ငါး ကို မစား ဘူး လို့ ပြောရင် အဓိပ္ပါယ် ရှိတန် သလောက် ရှိပါတယ်။ သို့သော်လည်း သက်သတ်လွတ် စားနေပါတယ် ဆိုရင်တော့ အဓိပ္ပါယ် နဲနဲ ကင်းမဲ့တဲ့ သဘောရှိတယ်လို့၊  ဘာဖြစ်လို့လဲ ဆိုတော့ ခုလိုပေါ့ ယင်နား စာတွေ ကို စားလိုက်ရင် သတ်သက် လွတ်တယ်လို့ ပြောနိုင်ပါတော့မလား။ မပြောနိုင်ဘူး။
 
ဘုန်းကြီး တို့ ဆွမ်းခံ တဲ့ အခါ ယင်တွေက မည်းနေတာဘဲ ရှိတတ် ပါတယ်။ ဒီ ယင်တွေက ဘယ်က လာလဲ ဟိုဘက်က အိမ်သာ စတဲ့ မကောင်းတဲ့နေရာတွေ က လာတာ ရှိလေတော့ သူတို့ ဆီမှာ မမြင်နိုင်တဲ့ ဘက် တီးရီးယားတွေ ပါ မနေဘူးလား။ 

တစ်ချို့ခေတ်မှီတဲ့နိုင်ငံတွေ မှာတော့ ဒီလို ယင်နားစာတွေ ကို မစားသုံး ကြပါဘူး။ဘုန်းကြီး တို့လောင်းလိုက် တဲ့ ဆွမ်း ထဲကော ဒီလို ယင်နားစာတွေ ပါမနေဘူးလား။ ပါနေမှာဘဲ။
 
အိမ်ရှင်မတွေ တစ်ခါ တစ်လေ ဆန်ထဲမှာ ဆန်ပိုး ပါနေတာမရွေးဘဲ ရောချက် လိုက်တယ်။ဘုန်းကြီးကိုလောင်း လိုက်လေတော့ သပိတ် ထဲလဲ ဒီပိုးတွေ ပါမလာဘူးလား။ ပါလာတယ်။ 


သတ်သက် တစ်ကယ် လွတ်တယ် ပြောနိုင်ဦး မလား။ မပြောနိုင်ဘူးနော်။ သူများ အသား ငါးတွေ သတ်ပြီး စားရမယ် လို့ ဘုန်းကြီး ဆိုလိုရင်း မဟုတ်ဘူး။ အဓိပ္ပါယ် ကို ဆန်းစစ်ပြနေတာပါ။ 

 နောက်တစ်ခုကြည့် ဟင်းသီး ဟင်းရွက်တွေ မှာ ဘက်တီးရီးယား ဆိုတဲ့ ပိုးတွေ ပါလေတော့။  ပကတိ  မျက်စိနဲ့မြင်ဖို့ရန် ခက်ခဲ တယ် ။ ခက်ခဲလေတော့ အဲ့ဒိမှာ ပိုးတွေက စားမိရင် တကယ့် သတ်သက် လွတ် တယ် ဆိုတာ မပြောနိုင်ပါဘူးလို့။

တစ်ချို့အိမ်ရှင်မတွေ လည်း ရှိပါတယ်။ တစ်ခါ တလေ အိုး မဆေးဘဲ ထမင်း ချက်လိုက် တယ်။ဒီထဲ ပုရွက် ဆိတ်တွေ ကပါလာ တယ်။  ဟင်းထဲလည်း ပါလာ တတ်တယ်။  အဲ့ဒါကြောင့် သတ်သက်လွတ် အစစ်ရယ် လို့ပြော လို့ သိပ်မလွယ်ဘူး လို့။ဘုန်းကြီး က သူ့ကို ရှင်းပြပါတယ်။

သို့သော် ပိုဆိုး တဲ့ပြဿ         နာတစ်ခု က အင်္ဂလိပ် လက်ထက်လောက် က ဆိုကြပါစို့ နာမည်ကျော်ဖြစ်တဲ့ ဒီ သစ်သီးကျောင်း ကို စပြီး တည်ထောင်သွား တဲ့ သစ်သီး ဆရာတော် ရဲ့ ဆရာဖြစ်တော်မူ တဲ့ မဟာဂန္ဓာရုံ ဆရာတော် ဘုရား ဆိုတာ စစ်ကိုင်းမှာ ထင်ရှားပါတယ်။

အင်္ဂလိပ် အမျိုးသား တစ်ဒကာ တစ်ဦးက ဆရာတော်ကြီးထံ ချဉ်းကပ်ပြီးတော့ အရှင်ဘုရားတို့ ဘုရားရှင် ကနေပြီးတော့ သူတစ်ပါး ရဲ့အသက်ကို မသတ်ရဘူး ဆိုပြီးတော့ ဒီလို ပညတ်ထားတယ် တဲ့။  

အဲ့ဒီလို ပညတ် ထားတဲ့ အပိုင်းမှာ အရှင်ဘုရားတို့သောက်သုံးနေတဲ့ ရေတွေ ကို သိပ္ပံပညာ နည်း နဲ့  သေသေ ချာချာ စမ်းစစ် ကြည့်လိုက်တဲ့ အချိန် အခါ မှာ အဲ့ဒိ ထဲမှာ ပိုးတွေ များစွာပါနေတယ်တဲ့။  ”  အဲ့ဒါ သူများ အသက် ကို သတ်နေတာ မဟုတ်ဘူးလား” တဲ့။   ဒီမေးခွန်းလေး  မေးလာတယ်။
 
မေးလိုက်တဲ့ အခါ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး က ” တို့  ဘုရားရှင် က ရေကို စစ်ပြီးတော့သောက် သုံးစေ ဆိုပြီး ခွင့်ပြု  ထားတယ်။  တို့လည်းစစ်ပြီးတော့သောက်တာ ၊ သောက်လိုက်တဲ့ အခါရေ က စစ်ထား တယ် ပိုးရှိတယ် ဆိုတာလည်း မသိဘူး။ မြင်လည်း မမြင်နိုင်ဘူး။  

မမြင်နိုင်တဲ့ အတွက်ကြောင့် မမြင်နိုင်တဲ့ ဒီပစ္စည်းတွေ အတွက် ဆိုရင် အာပါတ် ရဲ့အင်္ဂါ မခေါ်လေတော့။ အာပါတ် မသင့်ပါဘူးလို့” ပြန်ဖြေလိုက် တယ်။
 
အဲ့ဒိတော့ ရေတောင်မှ သတ်သက်လွတ်သေးလား?။  မလွတ်ဘူး ။ရေတောင် သတ်သက် မလွတ်ဘူး ဆို အခြားကော သတ်သက်လွတ် ဆိုတာ ရှိနိုင်ပါတော့မလား။  ဒိထက်  ပိုဆိုးတဲ့ ပြဿ          နာတစ်ခု  ကို ဘုန်း ကြီး စဉ်းစား မိတာ သိပ္ပံ ပညာနည်း အရပြောမယ်ဆို အသက် ရှူလိုက်တဲ့ လေထဲမှာ လည်း ကူးစက်တတ် တဲ့ ပိုးမွှားတွေရှိနေတယ်။

ဥပမာ တီဘီရောဂါ ရှိတဲ့သူတွေ ချောင်းတံတွေး ကနေ ကူးနိုင်တယ်။ သူချောင်းဆိုး လိုက်တဲ့ အခါ သူချောင်း ဆိုး တဲ့လေ မှာ ပိုးတွေ ပါတယ်။ မိမိက ရှူ     ခဲ့မိမယ် ဆို ကူးစက်နိုင်ပါတယ်။   ဒီလိုဆို   အသက်ရှူလိုက်ရင် အဲ့ဒိ ပိုးကောင်တွေ ပါမသွားဘူးလား။  တကယ့် သတ်သက်လွတ် အစစ်ဖြစ်ပါ့မလား?။
 
မဖြစ်နိုင်ဘူးနော်။ ဒါကြောင့်နည်းနည်းလေး အစွန်း တစ်ဖက် ကိုရောက်နေတဲ့ စိတ်ထား ဘုန်းကြီးက မရှိစေ ချင်လို့ပြောတာပါ။
 
အရင်တုံး က ကျန်းမာရေး အရ လက်ဖက် ထဲမှာ စမ်းသပ် လိုက်တော့ ပိုးတွေ များစွာ ပါနေဆိုတော့ ဘုန်းကြီး လည်း ဒါကိုကြားပြီး လက်ဖက် မစားတာနှစ်နဲ့  ချီကြာပါတယ်။  နောက်တော့ပြန် စဉ်းစားမိ တယ် ရေသောက်နေ လဲပိုးက ပါတယ်။ အသက်ရှူ    ရင်လည်း   ပိုးက ပါတယ်။ 

 နောက်ဆုံး ကျင်ကြီး  ကျင်ငယ် ထဲလည်း ပိုးက ပါနေလေတော့ ၊ ကျင်ကြီး ကျင်ငယ် စွန့်လိုက်ရင်  ဒီ ပိုးတွေသေကြေ ပျက်စီးကုန်မှာ ဆိုးလို့ မစွန့်ဘဲနေမလား လို့ စဉ်းစားကြည့်နော်။  တစ်ဖက်စွန်းကို မရောက်စေ ချင်လို့ ဘုန်းကြီးပြောတာပါ။
 
ဥပါလိ  သူကြွယ်  ကို ဘုရားရှင်ဟောကြားထားတာ တစ်ခု ရှိပါတယ်။  ကာယကံ နဲ့ မနောကံနေရာ မှာ လမ်းလျောက်တဲ့  အခါမှာ ကိုကမြင်လဲ မမြင်ဘူး သိလည်း  မသိဘဲ ပိုးမွှားတွေကို နင်းမိတယ်။ သေကြေပျက် စီးကုန်တယ်။

ဒီလိုနေရာမျိုး  မှာတော့ သေစေ လိုတဲ့ စိတ်  စေတနာ ထင်ရှား ရှိမှ သာလျှင် ပါဏာတိပါတ ကံ ထိုက်ပါတယ် ။ လုံ့လ ပယောဂ  စသည်  အင်္ဂါရပ်တွေလည်း ပါတယ် အဲ့ဒိ  မှာ အဓိက ကသေစေလိုစိတ်  စေတနာ ပါ။ 

ခုလို  သွားလာရင်း သတ္တဝါတွေ  ကို သေစေ  လိုတဲ့ စိတ်  မထားဘဲ နှလုံးသွင်း  မှန်နေမယ်ဆို အပြစ်မဖြစ် ပါဘူး။  အကယ်၍ ဒီလိုဟာသာ အပြစ်ဖြစ် ပါတယ် ဆို လမ်းမသွားဘဲနေရတော့မလား။
 
ဒီနေရာ မှာ အဋ္ဌကထာ၊ ဋီကာတွေ  ဖွင့်ဆိုထားတာ ဘုရားရှင် ရဲ့အလို အတိုင်း တကယ့် သတ်သက်လွတ် ဆိုတာ စမ်းစစ် ကြည့်ရင်လွယ်ပါ့ မလား?။   မလွယ်ဘူးနော်။  ဘုရားရှင် က စားသုံးတဲ့  အခါမှာ နိဿ        ရဏ သံသရာမှ ထွက်မြောက်ကြောင်း တရား နှလုံးသွင်းပြီး  စားသုံးဖို့  ညွှန်ကြားထားပါတယ်။

ဒီမှာက ဘယ်လိုပြဿ          နာပေါ်လဲ   ဆိုတော့ သတ်သက်လွတ်  စားတဲ့ အလေ့ အကျင့် သည် မွန်မြတ်တဲ့ ကျင့်ဝတ်ဖြစ်တယ်  လို့ ယူဆ  ခဲ့ရင် မိစ္ဆာဒိဋ္ဌိဖြစ်တယ်  လို့  ဆိုပြီး အဋ္ဌကထာ၊   ကာတွေ  ဖွင့်ဆို ထားတယ်။ 

ဘာဖြစ်လို့လည်း   မှားယွင်းနေတဲ့ အယူအဆ  မို့ပါ။  အခု  စမ်းစစ်ပြသလို တကယ့် သတ်သက်လွတ် ဆိုတာဖြစ်နိုင် ပါ့လား?။ မဖြစ်နိုင်ပါဘူးနော်။
 
သို့သော် သိလျက် နဲ့ လွန်ကြူး လိုတဲ့ စိတ်စေတနာဖြင့် သတ္တဝါတွေ ကို သတ်ဖြတ်ပြီး စားသောက်တာ ဘုရားရှင် နှစ်ခြိုက်သလား။ မနှစ်ခြိုက်ပါဘူး။  ဒီနေ့ စားနေတဲ့ အသားငါးတွေ က မသတ်ဘဲဖြစ်ပေါ်လာ သလား? ။ ရှားပါတယ်နော်။

သတ်သက်လွတ်  စားတဲ့ အလေ့အကျင့် သည် မွန်မြတ်သော ကျင့်ဝတ်ဖြစ်တယ် လို့ ယူဆ ခဲ့ရင် မိစ္ဆာဒိဋ္ဌိဖြစ် သလို သတ်သက် မလွတ် မှ အသား ငါး ကို စားမှ သာလျှင် သမ္မာဒိဋ္ဌိဖြစ်တယ်လို့ ယူဆမယ် ဆိုရင် မမှားဘူး လား?။  

မှားနေတယ်   ဘာဖြစ်လို့လဲ အသား ငါး  မစားတဲ့နေ့ က အပြစ် ရှိရမယ် ပုံဖြစ်နေတော့မယ် ဘုရားရှင် က သတ်သက်  လွတ်ခြင်း အသားငါး စားခြင်း မစားခြင်း  ထက် အစွန်း  ၃ ပါး လွတ်ဖို့ရန်သာ အဓိကပါ။ အားလူး ဘဲ စားတယ်ထား ဘဝ မှ လွတ်မြောက်ဖို့ နိဿ           ရ   ဏ  သံသရာ က ထွက်မြောက် ဖို့ ဉာဏ်အမြင် နဲ့မစား ခဲ့ရင် ဆင်းရဲ ဒုက္ခမှ လွတ်နိုင်ဖို့ မလွယ်ပါဘူး။

အပ်စပ်နေတဲ့ အသားငါးဘဲ စားချင် စားပါစေ။  ဘဝ မှ လွတ်မြောက်လို တဲ့ နိဿ         ရဏ ပညာဉာဏ် အမြင် ရှိခဲ့ရင် သံသရာ ဝဋ်ဆင်းရဲ က မလွတ်နိုင်ဘူးလား။  လွတ်နိုင်ပါတယ်။
 
ဘုရားရှင်သည် လည်း နိဿ           ရဏ   နဲ့ အပ်စပ်သော အသားငါးကို မစားဘူးလား။ သံသရာဝဋ် ဆင်းရဲက မလွတ်နိုင်ဘူးလား။ လွတ်မြောက် သွားပါတယ်။  တစ်ချို့တွေ သတ်သက်လွတ် စားနေတယ် နိဿ         ရ ဏ ဉာဏ် ပညာ  မရှိလေတော့ သံသရာ ဝဋ်ဆင်းရဲက လွတ်နိုင်လား။ မလွတ်နိုင်ပါ ။သံသရာ  ဝဋ်ဆင်းရဲက လွတ်ဖို့ နိဿ        ရဏဉာဏ် အညှာ ကို ဘုရားရှင်က သင်ပေးနေတာပါ။
 


” ဖားအောက်တောရ ဆရာတော် “



No comments:

Post a Comment