21 October 2015

ကိန်းဂဏန်းတွေ က သင့် ဘဝကို အဆုံးအဖြတ်ပေးလိမ့်မယ်






၁ သင် စုဆောင်းထားတဲ့ငွေကြေးများ
၂ သင့်ရဲ့ အသက်
၃ ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်သော အချိန်
၎ သင် ချမှတ်ထားသော ပန်းတိုင် အတွက် အသုံးပြုချိန်
၅ သင့် ပညာရေး ရလဒ်များ


တော်တော်များ ဟာ ဝင်ငွေတွေ ကိုသာ ရေတွက်ကြပြီး ထွက်ငွေတွေ ကျတော့ မသိချင်ယောင်ဆောင် ထားကြတယ်။
 

နေ့စဉ် ထွက်ငွေတွေ ကို အမျိုးအစား အလိုက် မှတ်သားသွားဖို့ လိုတယ်။ လကုန်ရက် စာရင်းချုပ်ကြည့်ရင် အသုံးထက် အဖြုန်းများနေသလား၊ ဒီနေရာ မှာ မသုံးဘဲ ဟိုနေရာလေးသုံးလိုက်ရင် ပိုကောင်းမလား၊ သုံးသပ်ပြီး နောက်လတွေ အတွက် ပိုမိုကောင်းမွန်တဲ့ အစီအစဉ် တွေချနိုင်တာပေါ့။


 
သင့် ဘဝအောင်မြင် တိုးတက်ချင်ရင် ပန်းတိုင်တွေ ချမှတ်၊ ပန်းတိုင် အတွက် အစီအစဉ်တွေ ချမှတ်၊ အစီ အစဉ်တွေ အတွက် လိုအပ်တဲ့ အချိန်တွေ မြှုပ်နှံရမယ်။

တစ်နေ့တာ အချိန်တွေ ဘယ်လို ကုန်လို့ ကုန်မှန်းမသိတဲ့သူ အဖို့ ပန်းတိုင်တွေ အလှမ်းဝေးနေဦးမှာပဲ။
ကျန်းမာရေး ကိုလည်းမေ့ထားလို့ မရပြန်ဘူး။ စိတ်သွားတိုင်း ကိုယ်ပါနိုင်ဖို့ ကျန်းမာဖို့လိုတယ်။ 


တစ်နေကုန် ထိုင်ပြီး အလုပ် လုပ်နေရတာလား။ လှုပ်ရှားမှုတော့ ရှိပါရဲ့ စိတ်ဖိစီးမှုတွေနဲ့ လား။ ဒီလို ဆိုရင် ပိုကောင်းမွန်တဲ့ အစီအစဉ်လေးတွေတော့ လိုနေပြီ။

သင့် ပညာရေး အတွက် ကရော ဘယ်လို အစီအစဉ်တွေ ရှိသလဲ။ ညဘက် အိမ်ပြန်ရောက်ချိန်နောက်ကျလို့ ပင်ပန်းနေလို့ ဆိုတဲ့ ဆင်ခြေတွေပေးနေ မိလား။ 

facebook သုံးဖို့ အချိန် ရှိသလား။ တနင်္ဂနွေနေ့ တွေ လည်း ဒီ တစ်ရက်လေးပဲ နားရလို့ ဆင်ခြေ ပဲလား။ မနက် ၅နာရီ ထရင်ရော အိပ်ရေး ပျက်လို့လား။ ညဥ့်နက်ထိ တီဗီကြည့်တာ မလုပ်လို့ မရဘူးလား။ coc က ဘဝကြီးဖြစ်နေလို့လား။ ဆင်ခြေတွေ ကပဲ နည်းလမ်းတွေ ကို အမှောင်ဖုံးစေတယ်။

ဒီတော့ ဘယ်လိုတွေ လုပ်ရမလဲ.....................
သင့် ကိန်းဂဏန်းတွေ ကို စမှတ် ပါတော့။
ဝင်ငွေ ထွက်ငွေတွေ စမှတ်မယ်။ 

ဘတ်ဂျတ်တွေ သတ်မှတ်မယ်။ 
ပန်းတိုင်၊ အစီအစဉ်တွေ အတွက် အသုံးပြုတဲ့ အချိန်တွေ မှတ်မယ်။ 
 လေ့ကျင့်ခန်း လုပ်ချိန်တွေ မှတ်မယ်။ 
ပညာရေးအတွက် အသုံးပြုချိန်တွေ မှတ်မယ်။
 

တစ်လ တစ်ခါ ကိန်း ဂဏန်းတွေ ကို သုံးသပ် လိုက်ရင် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ ချမှတ်ဆောင် ရွက်နိုင် ပါလိမ့်မယ်။
 

ကိန်းဂဏန်းတွေ က သင့်ကို မလိမ်ပါဘူး။ မှန်မှန် မှတ်သွားဖို့ပဲ လိုတာပါ။



Credit to Success Way in Life
 http://www.searchmyanmar.com/link/frame/cid/54772


No comments:

Post a Comment