30 June 2016

လောက မှာ ...




 
 
 
 
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
'' ကိုယ်ပါပဲ ''

ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
'' ကိုယ်ပါပဲ ''

ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
'' ကိုယ်ပါပဲ ''

ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
'' ကိုယ်ပါပဲ ''

'' အဓိက '' က ကိုယ့်ရဲ့ '' စိတ် '' ပါပဲ
စိတ် ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။

'' စိတ် ''ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့
'' ဆေးတစ်ခွက် '' ဖြစ်နိုင်ပြီး ……
မကောင်းတဲ့ '' စိတ် ''တွေ ထားမယ် ဆိုရင်တော့
ကြောက်စရာကောင်းတဲ့ '' ဘေး '' အန္တရာယ်
တစ်ခု ဖြစ်သွားနိုင်ပါတယ် ……

ကဲ…… အဲ့ဒီတော့ အရေး အကြီး ဆုံးက …
မိမိကိုယ် မိမိ စိတ်ချမ်းသာအောင် ထားဖို့ နဲ့
တန်ဖိုး ရှိအောင်နေထိုင်ဖို့ ပဲ မဟုတ်လား……

ဥပမာ - ရေနွေးပူ တစ်ခွက် ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ ။
သင် ကိုင်ထားသ၍ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ ……
သင် လွှတ်ချ နိုင်လိုက်မှသာ သင် အပူဒဏ် နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ် ……

ဒီလိုပဲ …… သင့်မှာ ရှိတဲ့ စိတ်ညစ်စရာတွေ ကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး … သင် ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ……
ဒါတွေကို မတွေးတော့ပဲ … ဖြေရှင်းဖို့ နည်းလမ်း ရှာမှသာ ………အဆင်ပြေမှာပါ ……

တစ်ချို့က အိမ် အတွက် စိတ်ညစ်ကြတယ် ။ တစ်ချို့က ချစ်သူရည်းစား အတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာ အတွက် အစရှိတဲ့ …… စိတ်ညစ်မှု့ မျိုးစုံပေါ့။

ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ……
ကိုယ့် ကို ကိုယ် ……
'' ပြစ်ဒဏ် '' ပေး အကျဉ်းချနေတာပါ ……
'' အဓိက '' ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ ပါပဲ ။
'' အကျိုး ရှိရင် အကြောင်း ရှိသလို ''
အခက်အခဲ ရှိရင် ဖြေရှင်းလို့ ရမဲ့ နည်းလမ်း ဆိုတာရှိစမြဲပါ …
 
 
 
သင်တို့ လွန်ခဲ့တဲ့ ၂ / ၃ နှစ် တုန်းကလည်း စိတ်ညစ်ဖူး မှာပါ ။
ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ ဖြစ်သွားတာပဲလေ ……
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။

အပျော်တွေ နဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။ ……

'' လောက '' ကြီးက '' စိန်ခေါ်မှု့'' တွေ အရမ်းများတယ် …… ဆုံးရှုံးမှု့ဒဏ်တွေ / ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေ / ကို သင်မခံနိုင် ရင် '' စိန်ခေါ်မှု့'' တွေ များတဲ့ '' လောက'' ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလည်း ………??? စဉ်းစားပါ

'' ကိုယ့် ကို ကိုယ် '' သေကြောင်းကြံတဲ့ နည်းနဲ့ ဖြေရှင်းမှားလား ……??
ဒါဆို သင် '' လုံလောက်တဲ့ '' ရင့်ကျက်မှု့မရှိသေးလို့ ဆိုတာ မမေ့ပါနဲ့

" လုံလောက်တဲ့ " ရင့်ကျက်မှု့ရှိသူတိုင်းဟာ '' ကိစ္စတိုင်း ''ကို ထည့်တွက်မနေကြပါဘူး ။

'' ပူလောင်မှု့'' ကို ခံစားနေရတယ် ဆိုတာ ''မေတ္တာ'' စိတ် မရှိလို့ ပါ ။
ပြီးတော့ ''အတ္တ'' စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ / မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ / မိမိ မာန ကို ''ရှေ့ တန်း ''တင်ပေးနေတာ ။

ဒီတော့ ဒါတွေမဖြစ်အောင် / သင် စိတ်ညစ်စရာတွေ နဲ့ ဝေးသွားအောင် …… ဒီလို စိတ် ထားကြည့်ပါ  ။………

{ ၁ }ခွင့်လွှတ်နားလည်ပေးကြည့်ပါ ။
{ ၂ }ကိုယ်ချင်းစာစိတ် နဲ့ကြည့်ပါ ။
{ ၃ }အကောင်းမြင်စိတ်လေး နဲ့ အကောင်းမြင်ပေးပါ ……

အရင်ငြိမ်းချမ်းသွားမှာက သင်ပါ ။
လူတစ်ယောက်ရဲ့ '' အမှား ''ကို မေ့ပစ်ခြင်းဟာ လည်း
အကောင်းဆုံး ''ဂလဲ့စား'' ချေခြင်း တစ်မျိုးပါပဲ ……

'' ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ '' တဲ့
မိုးလည်း ( ၁၂ ) ရာသီ လုံး လိုက်မရွာ နိုင်ပါဘူး …
( သူလည်း အားချင်မှအားမှာလေ )

'' မုန်တိုင်း '' ပြီးရင်တော့ '' လေပြေ '' ရောက်လာစမြဲပါ ……

'' အကောင်းဆုံး ''တွေ လာဖို့  အဆိုးတွေ အရင် လာလည်တာပါ ……

'' နေရိပ် '' ကို လိုချင်လို့ နေပူထဲ ရပ်စောင့်နေရပါလားလို့ အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ ။

ငါ '' ပေ '' ဖြစ်နေလို့ ခံနေရတာ '' တူ ''ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ ..……

လူ့ဘဝ ဆိုတာ တစ်ကယ်တော့ '' ခဏတာ '' လေးပါ အဲ့ဒီ အထဲမှာ
သင်က ……
ထမင်းစားဖို့ အသက်ရှင်နေတာလား ……?
အသက်ရှင်ဖို့  ထမင်းစားနေတာလား …… ?
ဆိုတာ အရင်တွေးပါ .……

''ကာဗွန် '' ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့ ……
တန်ဖိုးရှိတဲ့ '' စိန် '' ပဲ ဖြစ်အောင်ပဲကြိုးစားပါ ……

သင် အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေ ဆက်ရှာပါ / အမြဲ မပြတ် လေ့လာပါ / သင်ယူပါ /

ပြီးတော့ လူသားတွေ ကို အကျိုးပြု နိုင်တဲ့ '' ပရဟိတ '' တွေ များများလုပ်ပါ ။
များများ လှူပါ / ကူညီပါ / ဖေးမပါ / စိတ်ကောင်းထားပါ / "ရိုးသားစွာ" ကြိုးစားပါ ……

ကဲ .… ဒါဆို သင် ဘဝ တစ်ခုလုံးအတွက် "တန်ဖိုး" ရှိစွာနေထိုင်နိုင်တဲ့ '' လူ '' တစ်ယောက်ဖြစ်သွားနိုင်ပါပြီ ။

 
 
 
 
Credit to Original Uploder
k,k,k,
 

No comments:

Post a Comment