13 June 2016

အားလုံး သတိထားရမည့် ကော်ဖီ ခွက်ထဲက အဆိပ်




ကိုယ်သောက်မည့် ကော်ဖီခွက်ထဲ ကို အဆိပ်ခတ်၍ မသောက်မိကြပါစေနဲ့ ။ Coffee Mix ဖျော်ဖို့ ဇွန်း မရှိရင်ဒါမျိုး လွယ်လွယ် မလုပ်လိုက်ပါနဲ့ ။ တစ်ချို့သော ပစ္စည်းတွေက အပူနဲ့တွေ့ဆုံ ဓါတ်ပြုလိုက်တဲ့ အခါ
ကင်ဆာ ဖြစ်စေတတ်တဲ့ Chemical တွေဖြစ်လာတတ်ပါတယ်။

 


Coffee Mix သောက်တဲ့ အခါ Coffee mix ကို ထည့်ပြီးရင် ရေနွေးထည့်...မွှေဖျော်လိုက်ရုံ ပါဘဲ..
တစ်ကယ့် လွယ် လွယ်လေးပါ. ။ ခက်တာက မွှေစရာ ဇွန်းက အဆင်သင့် မရှိချိန်. ။  ဒီ အခါမျိုး ဆို Coffee mix အိတ်လေး ကိုသေးသေးလေးခေါက်ပြီး တုတ်တံလေး အဖြစ် အသုံးပြု ပြီးမွှေ တတ်ပါတယ်.. ။ ဒါကို သတိ ထား ရမှာပါ.။

 


အဲဒီလို ready made စားသောက်စရာတွေကို ထုပ်ပိုး ဖို့လုပ်ထားတဲ့ အိတ်တွေမှာ formaldehyde (ဖေါမယ်လ်ဒီဟိုက် ) လို့ခေါ်တဲ့organic compound ပါဝင်နေပါတယ်။ အဲဒီ formaldehyde က ကင်ဆာ ကိုဖြစ်စေ တတ်ပါတယ်။ 

အဲဒီ ဓါတ် ပါဝင်တဲ့ အိတ်လေးကိုခေါက်ပြီး ကော်ဖီ ပူပူ ထဲ ထည့်ပြီး မွှေလိုက် တာဟာ ကိုယ်သောက် မဲ့ ကော်ဖီကို ကိုယ့်ဘာသာ ကိုယ် ပြန်ပြီး အဆိပ် ခတ်လိုက်တာနဲ့ အတူတူပါဘဲ ။ တစ်ခါနှစ်ခါ က ကိစ္စ မရှိပေမယ့် အဲဒီလို မျိုး မကြာခဏ လုပ်မိနေရင် ဘာဖြစ်လာနိုင်လည်း ဆိုတာ တွေးကြည့် ရုံနဲ့ သိနိုင် ပါတယ်။


ကိုယ်သောက်မယ့် ကော်ဖီခွက်ထဲကို အဆိပ် ထည့်ပြီးသောက်လိုက်ဖို့ကိုယ်တိုင် ကိုယ်ကျ ဖန်တီးထားတဲ့
ကော်ဖီ တစ်ခွက် အဖြစ်တော့ မှားယွင်း စီမံ မဖန်တီး မိပါစေနဲ့ ။


အားလုံး ကော်ဖီသောက်ရင်း အလွယ်မလုပ်မိကြပါစေနဲ့..ဒါ သင့်ကျန်းမာရေးအတွက်မို့ပါ။
 


ဖိုးသူတော်
Credit :  မိုးမင်း(ကောင်းကင်)

 http://www.myanmarcnn.com/2015/01/blog-post_69.html

No comments:

Post a Comment