11 June 2016

သုံးခါပဲ ခေါ်ပါ သုံးခါဆို စားပါ


 ဘုရင်တစ်ပါး နဲ့  ပစ္စေက ဗုဒ္ဓါ တို့ ရှိနေကြ တဲ့ အချိန်မှာ စားစရာ မရှိကြလို့  လူက သူ့ မှာ ပါလာတဲ့ ထမင်း ထုပ် ကို ဘုရင်ကို ပေးလိုက်တယ် ။ 

ဘုရင် ကလည်း သူ မစားပဲ ပစ္စေကဗုဒ္ဓါ ကို လှုလိုက်တယ် ပစ္စေကဗုဒ္ဓါ က ဆွမ်း ကို တစ်ပါးတည်း ဘုန်းပေးနေတယ် အဲဒါကို လူက စဉ်းစားတယ် ။

အင်း ဒီ ပုဂ္ဂိုလ်ဟာ သူ့ ကိုကျွေးတဲ့ ဘုရင်ကို နဲနဲတောင် ပြန် မကျွေးဘူး တစ်ကယ် ဆို ပြန်ပြီးတော့ ဖိတ်ခေါ်ကျွေးမွေးသင့်တယ် ။ အဲဒီလို စဉ်းစား တာကို ပစ္စေက ဗုဒ္ဓါ က သိတယ် ဆွမ်းဘုန်းပေးပြီးတော့ မှ မိန့် တော်မူတယ် ။

သူများကျွေးတဲ့ အရာ ကို စားသောက်တဲ့ အခါ ပြန်ပြီး စားပါဦးလား လို့  ဖိတ်ခေါ် တာဟာ သဒ္ဓါ တရား ကို  ကြီးကြီး ကျယ်ကျယ် ဖျက်ဆီးမှု့ ပါတဲ့ သူများ တစ်ကာ စားဖို့ ဖိတ်ခေါ်ရင် သုံးခါ အထိပဲ ငြင်းပယ် ပါတဲ့ လေး ခါမြောက်ခေါ်လို့ မှ မစားရင် မစားတဲ့သူမှာ အပြစ်ရှိပါတယ်တဲ့ ။

ဒါ့ကြောင့် လေးခါမြောက်ခေါ်ရင် ဆာဆာ မဆာဆာနည်း နည်းဖြစ်ဖြစ်တော့ စားရပါမယ် ။ ခေါ်တဲ့သူက လည်း အခြေအနေ ကိုကြည့်ပြီး လေးခါမြောက် မခေါ်ဖို့ အရေးကြီးပါတယ် ။

ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကလည်း ဘာပဲပြောပြော ဘာပဲလုပ်လုပ် သုံးကြိမ် သုံးခါပဲ ခွင့်ပြုခဲ့ပါတယ် ။ ညီတော် အာနန္ဒာ လျောက်လို့  သုံးခါကျော်ပြီး လေးခါမြောက် ကျရင် အာနန္ဒာ ငါဘုရားရှင်ကို မယုံလို့ လားလို့  မိန့် တော်မူတတ်ပါတယ် ။



တစ်ကယ်တော့ မြန်မာတွေ ရဲ့ အားနာ တတ်တဲ့ ဓလေ့က ဆင်းသက်လာတဲ့ အိမ်ရှင် ကို တစ်ခါတည်း ဝင်စားလိုက်ပါလား ဆိုတာ သဒ္ဓါတရားစော်ကားမှု ဖြစ်တဲ့ အတွက် ဆင်ခြင်သင့်ပါတယ် ။

ဒါ့ကြောင့် သူများကျွေးရင် သုံးခါပဲငြင်းပါ ။
သူများကိုခေါ်ရင် သုံးခါပဲခေါ်ပါ ။

အိမ်ရှင် (ကျွေးတဲ့သူ) ကို တစ်ခါတည်း စားပါလား ရော့ မင်းရော စားအုံးလေ တို့ ကို မပြုလုပ်နိုင်အောင် ဆင်ခြင်ကြပါ ။

ဦးမြင့်ခိုင်

No comments:

Post a Comment