20 June 2016

မင်း ကို ကွန်မြူနစ် မဖြစ်စေချင်လို့ပါ




တစ်ကယ်လို့
မင်း က သိမ်းငှက် တစ်ကောင် ဆိုပါစို့

ဘယ်သူ မှ လက်ခုပ် မတီးလည်း
မင်း အမြင့်ပေါ်မှာပျံသန်းနေရမယ် ။

တစ်ကယ်လို့
မင်းက မြက်ကလေး တစ်ပင် ဆိုရင်
ဘယ်သူ မှ တန်ဖိုး လာမထားလည်း
မင်း ရှင်သန်ရမယ်။

တစ်ကယ်လို့
မင်း က ချောက်ကမ်းပါးပေါ် က ပန်းတစ်ပွင့် ဆိုရင်
ဘယ်သူ မှ လာမွှေးမယ့်သူ မရှိလည်း
မင်း မွှေးကြိုင်သင်းပျံ့နေရမယ်။

တစ်ကယ်လို့
မင်း က ဒီဇိုင်နာ ဆိုရင်
ဘယ်သူ မှ အားပေးမည့်သူ မရှိလည်း
မင်း ရဲ့ ဖန်တီးမှု ကို အမြဲပြုလုပ်နေရမယ်။

အလုပ် လုပ်တာ...
လူတိုင်း အားပေးမှ မင်း အလုပ် လုပ်ရမှာ မဟုတ်ပါဘူး
အကောင်းဆုံး ရေကုန်ရေခမ်း လုပ်ဖို့  မင်းတာဝန်ပါ။
အသက်ရှင် ရပ်တည်ဖို့
လူတိုင်း အချစ်ခံဖို့ မလိုပါဘူး
အရိုးစင်းဆုံးနေသွားဖို့သာ မင်းတာဝန်ပါ။
( ဖြစ်ချင်တာ မဖြစ်ရတာ ဝမ်းနည်းစရာ မဟုတ်ဘူး)
( ကုသိုလ်က အကုသိုလ်ဖြစ်တာ ဝမ်းနည်းရမှာ)

ကိုယ့်ရဲ့ရည်မှန်းချက် အတွက် တစ်ပါးသူ ရဲ့ပျက်ရယ်လှောင်ဖွဲ့ခြင်း ကို ခံရမယ်၊
အဲဒီတော့ ဘာဖြစ်လဲ၊
သူတို့ပျက်ရယ်မှု ကို အောင်မြင်မှုဆီ တစ်ပါတည်းခေါ်သွားပြီး အလှဆင်လိုက်ပေါ့
( အဆင်ပြေသလောက် မင်း လုပ်နိုင်သမျှပေါ့ )

ဆင်းရဲ ကျပ်တည်းနေလည်း
ပါးစပ် က ထုတ် မပြောပါနဲ့
ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ အလကား ပိုက်ဆံ မထုတ်ပေးပါဘူး
( ဒီလိုပြောလိုက်လို့ မင်း ပဲ အတ္တ သမားဖြစ်သွားမှာ )

အလုပ် အကိုင် အရမ်း ပင်ပန်းနေလည်း
ထုတ်ဖော် မညဉ်းညူလိုက်ပါနဲ့
ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်းအစား မလုပ်ပေးဘူး
( မင်းပဲ ယောင်၆၀ ဖြစ်သွားမှာ)

အသက်ကြာကြာ မရှင်ရတော့လည်း
မကောင်းမှုကို မပြုပါနဲ့
ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်း အသက်ကို ပိုရှည်အောင် လုပ်နိုင်စွမ်းမရှိလို့ပါ
( ဝဋ် ဆိုတာ တိတိကျကျ လက်ဆောင် တစ်ခုပါ )

အသက်ရှင် ရပ်တည်မှု ခက်ခဲလည်း
မျှော်လင့်ချက် မသေဆုံး လိုက်ပါနဲ့၊
ဘာဖြစ်လို့လဲ ဆိုတော့ နောက် မနက်ဖြန်များစွာ ကျန်ရှိနေသေးလို့ပါ
( မင်းမှာ သံသရာ ရှိသေးတယ် မင်းမှာ နောက် ဘဝတွေ နောက် ဘဝတွေ ကျန်ပြီးရင်း ကျန်နေသေးတယ် )

မင်း ဘယ်လောက် ဆိုးသွမ်း ဆိုးသွမ်း
မိဘ ကိုတော့ ရိုသေရမယ်၊
ဘာဖြစ်လို့လဲ ဆိုတော့
မင်းမှာလည်း အိုရမယ့် တစ်ရက် ဆိုတာ ရှိလို့ပါ
( သတ္တဝါ မှန်သမျှ အိုနာသေရေးက ကြုံလာရစမြဲပေါ့)


တစ်ကယ်လို့ ၀မ်းနည်းစရာ တစ်စုံတစ်ခု ကိုကြုံတွေ့တိုင်း ကောင်းကင်ကြီးကို မော့ကြည့်ပါ၊
ကောင်းကင်ကြီး က ဒီလောက်ကြီးတာ .. မင်း ၀ှက်ထားစရာနေရာ တစ်ခုတော့ရှိမှာပါ။
" မင်း ကို ကွန်မြူနစ် မဖြစ်စေချင်လို့ပါ "

reader's digest မဂ္ဂဇင်း စာစုများမှ
 
 

No comments:

Post a Comment