26 June 2016

အိပ်ယာပေါ် စမတ်ဖုန်းကြည့်ပြီးနောက် အမျိုးသမီးနှစ်ဦး မျက်လုံးကန်း



အမှောင်ထဲ စမတ်ဖုန်း မနားတမ်း ကြည့်ရှု စစ်ဆေးနေရာက အမျိုးသမီးနှစ်ဦး ခေတ္တ မျက်စိကန်း သွားကြောင်း ဆရာဝန်တွေ က ဆိုပါတယ်။  

လ နဲ့ ချီ စမတ်ဖုန်းကြောင့် ယာယီ မျက်လုံးကန်း မှု တွေ့ကြုံ ခံစားခဲ့တဲ့ အသက် ၂၂ နဲ့ ၄၀ အရွယ် အမျိုးသမီးနှစ်ဦး အဖြစ်အပျက် ကို ဆရာဝန်တွေ New England Journal of Medicine မှာ အသေးစိတ် ရှင်းလင်း ခဲ့ပါတယ်။

အဲဒီ အမျိုးသမီးနှစ်ဦး စလုံး က မီး အမှောင်ထဲ အိပ်ယာပေါ် ဘေး တစ်စောင်းလှဲ အိပ်ရင်း မျက်လုံး တစ်ဖက် တည်း နဲ့ ဖုန်း ကို ပုံမှန်ကြည့်ခဲ့ ကြပြီး မျက်လုံး တစ်ဖက်ကို ခေါင်းအုံး နဲ့ အုပ်ထားတယ်လို့ ဆိုပါတယ်။  

ဒီတော့ တစ်ဖက် က ဖုန်းကြည့်လို့ အလင်း နဲ့ အသား ကျပြီး နောက် တစ်ဖက်က အမှောင် နဲ့ ကျင့်သား ရ တယ် လို့ ဆရာဝန်က ဆိုပါတယ်။

ဖုန်းချတဲ့ အခါ ဖုန်း အမြဲကြည့်တဲ့ ဘက်က မမြင်ရတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အမှောင် နဲ့ နေနေ ကျဖြစ်တဲ့ ဘက် ကို လိုက် မမီတော့ခြင်းကြောင့် လို့ ဆရာဝန်က ရှင်းပြပါတယ်။  



စမတ်ဖုန်း ကို မျက်လုံးနှစ်ဖက် နဲ့ကြည့်ပါက ယာယီ မျက်စိကန်းမှု အန္တရာယ် မရှိဘူး၊ တစ်ကယ် ရှောင်လွှဲနိုင် တယ်လို့ ဆိုပါတယ်။


ဖြေရှင်းနည်း - အမှောင်ထဲမှာ မဖြစ်မနေ စမတ်ဖုန်း ဖန်သားပြင်ကြည့်ရမယ် ဆိုရင်တောင် ကြည့်တဲ့အခါ မျက်လုံးနှစ်ခုလုံး အသုံးပြုပါ။ 


Ref: Independent

No comments:

Post a Comment