30 June 2016

မြေကြီးမစားရ မနေနိုင်သူများ




မြေကြီးစားတဲ့ အကျင့် က ထူးဆန်းစွာ နဲ့ ကမ္ဘာ့ အစိတ်အပိုင်း အချို့မှာ ရှိနေပြီး မူမမှန်တဲ့ စားခြင်းလို့ သတ်မှတ် တဲ့ သူတွေ ရှိသလို လှိုက်လှိုက် လှဲလှဲကို အားပေးတဲ့ သူတွေလည်း ရှိပါတယ်။ ဘာကြောင့် လူတွေ က ညစ်ပတ် ပါတယ် ဆိုတဲ့ မြေကြီးကို စားလိုကြပါသလဲ။

အမေရိကန်နိုင်ငံ ကော်နဲ တက္ကသိုလ် က မြေကြီး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် Sera Young ကမြေကြီး စားတဲ့ အကျင့် က ကမ္ဘာ တစ်ဝန်းမှာ ရှည်လျားတဲ့ သမိုင်း ချီပြီး ရှိလာခဲ့ပါတယ်လို့ ဆိုပါတယ်။Young က ဒီ အပြုအမူ နဲ့ ပတ်သက်ပြီး လေ့လာခဲ့တာ ဆယ်စုနှစ်နှစ်ခုကျော် ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း က အလားတူ ဖြစ်ရပ်ပေါင်း ၅၀၀ ကျော်ကို အသေးစိတ် သုတေသနပြု လေ့လာနေသူတစ်ဦး ဖြစ်ပါတယ်။

 မြေကြီးစားတဲ့ အလေ့ ကို တွေ့ရှိရ အများဆုံးနိုင်ငံတွေ ကတော့ အာဂျင်တီးနား၊ အီရန် နဲ့ နမီးဘီးယား တို့ပဲ ဖြစ်ပါတယ်။ အပူပိုင်းဒေသ မှာ တွေ့ရများ သလို မြေကြီးစားတဲ့ သူတွေထဲမှာ ကလေးငယ်တွေ နဲ့ ကိုယ်ဝန်ဆောင်တွေ က အဓိကပဲ ဖြစ်ပါတယ်။

ဒီလို စားစရာ မဟုတ်တဲ့ အရာကို ချဉ်ခြင်းတပ် တာက တော်တော် များများ ဖြစ်လေ့ရှိပြီး မျက်စိအောက် မှာ တင် ဖြစ်နေတာတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။  

Young က နယူးရော့ခ်မြို့က နာမည်ကြီး အော်ပရာ အဆိုတော် တစ်ယောက်ရဲ့ လျှို့ဝှက်ချက် က ကိုယ်ဝန်ဆောင်ချိန် တုန်းက မြေကြီး စားချင်စိတ်ဖြစ်တယ်လို့ ကြားဖူးကြောင်း ပြောပြခဲ့ပါတယ်။ 

တန်ဇန်းနီးယားနိုင်ငံ က ရွာတစ်ရွာ မှာ သုတေသန လုပ်ခဲ့စဉ်က သွေးအားနည်း ရောဂါ ရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ကို ဘာကို ချဉ်ခြင်း တပ်ပါသလဲလို့ မေးတဲ့ အခါ အိမ်ရဲ့ နံရံပေါ် က မြေကြီးတွေ ကို စားလို စိတ်ဖြစ်ပြီး တစ်နေ့နှစ်ကြိမ် စားလေ့ ရှိတယ်လို့ ဆိုပါတယ်။

အနောက်တိုင်းဆေးပညာ အရ မြေကြီးစားတယ် ဆိုတာ ဖန်တွေ ကော်တွေ စတဲ့ အန္တရာယ် ရှိတဲ့ အရာတွေ ကို စား သလိုပဲ အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ် တစ်ခုလို့ သတ်မှတ် ထားပါတယ်။ ဒါပေမဲ့ ကင်မရွန်း နဲ့ ကင်ညာနိုင်ငံတွေ မှာတော့ မြေကြီးစားတဲ့ အကျင့်က မလုပ်အပ်တဲ့ အကျင့် လို့ သတ်မှတ်ထားပုံ မရပါဘူး။ 



ငရုတ်ကောင်း တို့ ဖာလာစေ့ တို့ ထည့်ထားတဲ့ ကြိုက်ရာ အရသာ ရွေးဝယ် လို့ရတဲ့ မြေကြီး အထုတ်လေးတွေ ကိုတောင် စားဖို့ အတွက် ဝယ်လို့ ရပါတယ်။ အာဖရိက ကုန်ခြောက် စတိုးဆိုင် တိုင်းမှာ လည်း စားဖို့ အတွက် ရွှံ့ထုတ်လေးတွေကို ရောင်းချလေ့ ရှိပါတယ်။

မြေကြီးစားတဲ့ သူတိုင်းမှာ အကြောင်းပြချက်တွေတော့ ရှိမှာပါ။ အရှင်းဆုံး အကြောင်းပြချက် တစ်ခု ကတော့ ပျို့အန်ချင်တာ နဲ့ အစာအိမ် နာတာ ကို ကုသဖို့ လို့ ဆိုကြပါတယ်။

ရွှံ့က အစာအိမ်ဆေးတစ်မျိုး လိုပဲ နာကျင် တာကို သက်သာစေတယ် လို့ ဆိုပါတယ်။ ဒီဖြစ်စဉ် ရဲ့ အသေးစိတ် အကြောင်းအရာ အားလုံး ကို နားလည်နိုင်ဖို့ နဲ့ မြေကြီး စားတာက ခန္ဓာကိုယ် အတွက် ကောင်းကျိုးပေးလား၊ ဆိုးကျိုးဖြစ်စေလား၊ ဒါမှ မဟုတ် ဘာ အကျိုးသက်ရောက်မှုမှ မရှိဘူးလားဆိုတာကို သိနိုင်ဖို့အတွက် သုတေသီတွေ က ဇီဝဆေးပညာ အရရော ယဉ်ကျေးမှု ဆိုင်ရာ အချက်အလက်တွေ အရရော စမ်းသပ်လေ့လာမှုတွေ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။


Ref:bbc

 Trend Myanmar


No comments:

Post a Comment