11 June 2016
မိမိ ဖေ့စ်ဘုတ် အကောင့် ကို ပြုလုပ်ထားသင့်တဲ့ အချက်များ
ပို့ စ်တင်တဲ့ အခါ Puble နဲ့ တင်မှ လူတစ်ကာ မြင်ရမှာပါ။ 
ဒါကြောင့်မို့ ပထမဆုံး ပို့စ်တင်တဲ့နေရာ သွားပါ။
မိမိ နာမည် ရဲ့အောက်က အင်္ဂလိပ်စာ ကို နှိပ်ပါ။
public ဆိုတဲ့ စာကို အမှန်ခြစ်ပါ။
…………………………………………
Like များများရအောင် Followers ဖွင့်နည်း
Account Setting ကို သွားပါ
Followers ထဲကို ၀င်ပါ (Facebook Birthday မှာ 18 နှစ်ပြည့်ဖို့ တော့ လိုတယ်နော် )
Friends ဆိုတဲ့နေရာမှာ Public ကို ပြောင်းလိုက်ပါ ။
အဲ့ဒါဆို Followers ဖွင့်ပြီးသား ဖြစ်သွားပါပြီ ။
.................................................
 မိမိ နဲ့ သူငယ်ချင်း မဟုတ်သူများ ကွန်မန့်ပေးမရအောင် ပိတ်နည်း
Who can like and comment on your public post? မှာ Friends ထားလိုက်ပါ ။
……………………………………………………
Tag ပိတ်နည်း (Timelime အမှိုက်ရှင်း သက်သာစေနည်း )
Account Setting ထဲကို ၀င်ပါ ။
Timelime and Tagging ဆိုတဲ့ထဲ ၀င်ပါ ။
Review posts friends tag you in before they appear on your timelime? ဆိုတဲ့ စာတန်းလေး ကို နှိပ်လိုက်ပါ ။
off နေရာ On ပြောင်းလိုက်ပါ (ဘယ်သူမှ ကိုယ့် Timelime ထဲ ကို အမှိုက်ရှုပ်လို့ မရတော့ပါဘူး ။ )
ပြီးရင် နောက်တစ်ဆင့် ပါ ထပ်လုပ်လိုက်ပါ ။
Review tags people add to your own posts before the tags appear on Facebook?
ဆိုတဲ့ စာတန်းလေးထဲ ၀င်ပြီး off နေရာမှာ on ပြောင်းလိုက်ပါ။
............................................................................................
အဟက်မခံရအောင် ကာကွယ်နည်း
Account Setting ထဲက General ထဲဝင်ပါ ။
Email ထဲဝင်ပါ Friends ဆိုတဲ့ နေရာမှာ Only me ပြောင်းထားပါ ။
 ပြီးရင် Back တစ်ချက်နှိပ်ပြီး Security ဆိုတဲ့ထဲ ၀င်ပါ ။
Login Alerts ဆိုတဲ့ထဲ ၀င်ပါ ။
Notifications ဆိုတဲ့ထဲ ၀င်ပါ ။ Don't get notifications ကနေ Get Notifications ပြောင်းလိုက်ပါ ။ (Browser or Other Device က လက်ရှိ ကိုယ်သုံးနေတဲ့ Acc ကို ၀င်လိုက်တိုင်း ယခု Acc ၀င်တာ သင် လား တစ်ခြား သူလား noti ပေးပြီး မေးမှာ ဖြစ်ပါတယ် ။ )
Save လုပ်ပါ ။
Back တစ်ချက်ပြန်ထွက်ပြီး Email ဆိုတဲ့ထဲ ထပ်ဝင်ပါ ။
Don't get email alerts ကနေ Get email alerts ပြောင်းလိုက်ပါ (အထက်မှာ ပြောခဲ့သလို တစ်နေရာရာက မိမိ Acc ကို ၀င်လိုက်ပြီဆိုတာနဲ့ Email ကို စာလှမ်းပို့ ပေးမှာပါ)
Save လုပ်ပါ ။
Back နှစ်ချက်ပြန်ထွက်ပြီး Login Approvals On ထဲ ၀င်ပါ ။ မိမိ အမြဲ သုံးတဲ့ Ph no တစ်ခု ထည့်လိုက်  ပါ ။
ph no ကို code ပို့ ပေးပါလိမ့်မယ် ။ အဲ့ဒီ code ရိုက်ထည့်ပြီး Login Approvals On တာအောင်မြင် သွားပါပြီ ။
Login Approvals Code တွေ တန်းချပြတတ် သလို တစ်ခါတစ်လေ တန်း ချမပြပါဘူး ။
တန်းချ မပြရင် Account Setting ထဲ က Security ထဲ ပြန်ဝင်ပါ ။
Login Approvals Codes ဆိုတဲ့ ထဲ ၀င်လိုက်ပါ ။ Codes ဆယ်ခု တွေ့ ရပါတယ် ။ အဲ့ဒီ Code ဆယ်ခု ကို သေချာ သိမ်းထားပါ ။
ကိုယ့် ထည့်ခဲ့တဲ့ Ph Network Server ကြောင်နေချိန် Acc ပြန်ဝင်ချိန်မှာ ဖုန်းကို Code မပို့ ခဲ့ရင် ခုန က Codes ဆယ်ခု ထဲက တစ်ခုခု နဲ့ ပြန်ဝင်နိုင်ပါတယ် ။
အဲ့ Code ဆယ်ခု ကုန်သွားခဲ့ရင် လဲ အောက်ခြေနားမှာ get new codes ဆိုတာပါပါတယ် ။ code ဆယ်ခု အသစ် ပြန်ယူနိုင်ပါတယ် ။
Third Parth Authenticator တော့ မပြောပြတော့ပါဘူး ။ အဲ့ဒီလောက်ဆို လုံလောက်နေပါပြီ ။ 60% လောက် ကောင်းကောင်း ကာကွယ်ထားနိုင်ပါတယ် ။
............................................................................................
အကောင့်ခိုင်ခံ့အောင် Facebook ID တင်နည်း ။
Facebook Acc ကို Report မိလို ဖြစ်ဖြစ် Server က စစ်ချချိန် Acc Name ကြောင့် Name Lock မိပြီ ဆို ID တင်ရန် အတွက်  ဒီ Link ကို သွားပါ ။
အထက်က Link မှာ မိမိ Acc Login ၀င်တဲ့ Email or Ph no ရေးပါ ။
နောက်ဆုံး ရလာတဲ့ Support Inbox Link ကို သိမ်းထားပါ ။
Gmail သုံးထားတယ်ဆို Gmail Inbox ထဲမှာလဲ ရှိနေမှာပါ ။ 100% မှာ 80% က မိမိ သုံးနေတဲ့
Facebook Password သာ သိတဲ့ အတွက် Support Inbox Link ကို သိမ်းထားတာ အကောင်းဆုံးပါ ။
အဲ့ဒီကနေ Server က ပြန်စာကို စောင့်ပြီး စာပြန်ပါ ။
စာပြန်ရမှာ က အရမ်းရိုးရှင်း ပါတယ် ။
Example  ......
Kyaw Soe Moe
8/9/1997
8/Sept/1997
Myanmar,Buddish
Magway
Yangon ဆို ရန်ကုန်ပေါ့ နယ်တွေက သိပ် အရေးမကြီးပါဘူး ။ အဲ့ဒီလို စာတိုရေးရေးပြီး အောက်က Photo တင်ပေးလိုက်ပါ ။ အဲ့ဒါဆို စာပြန်လာရင် ရပါပြီ ။
သုံးခါလောက် ရစ်ပါလိမ့်မယ် ။ အဲ့လိုပဲ ပြန်ရေးပြီး ပြန်တင်ပါ လေးခါ ငါးခါ ဆို တင်လိုက်တဲ့ မှတ်ပုံတင်ထဲက နာမည် အတိုင်း Facebook Name နဲ့  ID တင်ပြီးသားဖြစ်နေမှာပါ ။
………………………………………………
နောက်ဆုံး အထူးမှာချင်တာက .........................
စကားပြောပြီးရင် မက်ဆေ့ခ်ျတွေကို ချက်ချင်း ဖျက်ပစ်ပါ ။
သကျသီဟ အရှင်အရိယာလင်္ကာရ
No comments:
Post a Comment