24 August 2016

အသက် ရှည်ချင်ရင် စာဖတ်ပါ



ဝတ္တုရှည် ကဲ့သို့ စာအုပ်များ ဖတ်လေ့ရှိသူတွေဟာ အသက် ပိုရှည်ကြကြောင်း သုတေသန တစ်ခုက တွေ့ရှိ ခဲ့ပါတယ်။ စာအုပ် ဖတ်သူတွေဟာ စာဖတ်လေ့ မရှိသူတွေ ထက် ပျမ်းမျှ အားဖြင့် အသက် ၂ နှစ် ပိုရှည်လေ့ရှိတယ် လို့ ဆိုပါတယ်။

တစ်ပတ်မှာ သုံးနာရီခွဲကျော်ကြာ စာဖတ်လေ့ ရှိသူတွေဟာ လေ့လာမှုပြုလုပ်ခဲ့တဲ့ ၁၂ နှစ်ကြာ ကာလ  အတွင်း သေဆုံးနိုင်ခြေ ၂၃ ရာခိုင်နှုန်း လျော့နည်းကြောင်း သုတေသီတွေ က တွေ့ရှိခဲ့ပါတယ်။ သတင်းစာ၊  မဂ္ဂဇင်း နဲ့ အခြား အခါအားလျော်စွာ စာဖတ်လေ့ရှိခြင်း ကလည်း သက်တမ်း ပိုရှည်မှုနဲ့ ဆက်နွယ်နေပေမဲ့ ဝတ္တု စာအုပ်တွေ ဖတ်ခြင်းလောက်တော့ သက်တမ်း ရှည်ကြာမှုအပေါ် သက်ရောက်မှု အားမကောင်းဘူးလို့ ဆိုပါတယ်။

ယခု သုတေသန ကို ယေးလ် တက္ကသိုလ်မှ သုတေသီတွေက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ နှစ်နဲ့ အ  ထက် လူပေါင်း ၃,၆၃၅ ဦး ရဲ့ အချက်အလက်တွေ ကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ သုတေသီတွေက  လေ့လာမှုမှာ ပါဝင်သူတွေရဲ့ ကျန်းမာရေး အခြေအနေ အပြင် စာဖတ်တဲ့ အလေ့အထ ကိုလည်း မေးမြန်းခဲ့ကြပြီး သုတေသနပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လေ့လာမှုမှာ ပါဝင်သူတွေကို စာအုပ် မဖတ်တဲ့ အုပ်စု၊ တစ်ပတ်လျှင် သုံးနာရီခွဲကြာ စာအုပ်ဖတ်တဲ့ အုပ်စုနဲ့ အပတ်စဉ် အချိန်သုံးနာရီခွဲထက် ပိုပြီး စာဖတ်တဲ့ အုပ်စု အဖြစ် အုပ်စုသုံးစုခွဲပြီး လေ့လာခဲ့ကြပါတယ်။ သုတေသီတွေ ရဲ့ ကောက်ချက်ချမှု အရ စာအုပ်ဖတ်လေ့ရှိသူတွေဟာ စာအုပ် မဖတ်သူတွေထက် ၂၃ လ  ကြာ အသက်ပိုရှည်ကြကြောင်း သိရပါတယ်။



ယေးလ် တက္ကသိုလ် မှ သုတေသီတွေ ရဲ့ သုတေသနတွေ့ရှိချက် ကို Social Science and Medicine ဂျာ  နယ်မှာ ဖော်ပြထားပြီး စာအုပ်ဖတ်ခြင်း နဲ့ အသက်ပိုရှည်ခြင်း ဘာကြောင့် ဆက်နွယ်နေကြောင်းကိုတော့ သုတေသီတွေ က အသေးစိတ် ရှင်းမပြခဲ့ဘူးလို့ ဆိုပါတယ်။

Source & Photo: DLML
Duwun
http://www.lwinpyin.com/wp-content/uploads/2016/08/wp-1471783475381.jpg


No comments:

Post a Comment