24 August 2016

သမ္မတ အနေနဲ့ သေဒဏ်တွေ ပြန်အတည်ပြုဖို့  အချိန်တန်ပြီလား


““၁၉၈၈ ခုနှစ်ကတည်းက အခု အချိန်အထိ သေဒဏ် ကို တစ်ခါ မှ အတည်ပြုစီရင်ခဲ့တာ မရှိဘူး””  ဟု အကျဉ်း ဦးစီးဌာနမှ ညွှန်ကြားရေး မှူးး တစ်ဦးကပြောသည်။
ကြိုးစင်တွေလား...ရှိတယ်။ ထောင်တိုင်းမှာ ရှိတယ်။ ကြိုးပေးဖူးတဲ့ ထောင်ဝန်ထမ်းတော့ တော် တော်ရှားသွားပြီ။ ပင်စင်ယူကုန်ကြ ပြီလေ၊မရှိတော့ဘူး။ ကြိုးမပေး တော့တာ အနှစ်သုံးဆယ်နီးပါးဆို တော့ တကယ်လုပ်ဖူးတဲ့သူ ရှား ကုန်တာပေါ့။ အခု သေဒဏ်ပြန်စီ ရင်မယ် ဆိုရင်တောင် ထောင်ဝန် ထမ်းတွေကို သင်   တန်းပြန်ပေးရဦး မယ်ဟု ထိုအရာရှိကပင် ဆက်လက် ပြောဆိုသည်။
မျက်မှောက် ခေတ်လက်ခံ ကျင့် သုံးနေသည့် တရားစီရင်ရေး စနစ်ပြစ်မှုနှင့်ပြစ်ဒဏ် များတွင် သေဒဏ်သည်အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်သည်။ လက်ရှိ ကမ်္ဘာပေါ်တွင် သေဒဏ် ကို လက်ခံကျင့်သုံးနေ သော နိုင်ငံပေါင်း ၅၈ နိုင်ငံ ရှိပြီး သေဒဏ်စနစ် ကို ဖျက်သိမ်းထား သောနိုင်ငံ ပေါင်း ၁၀၂ နိုင်ငံရှိ သည်။ 

နိုင်ငံ ၆ နိုင်ငံတွင် အရေး ပေါ်အခြေအနေမျိုးမှ အပ ကျန် အခြေအနေတွင်သေဒဏ် ကို မ ကျင့်သုံးတော့ပေ။ နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် သေဒဏ်စနစ် ရှိသော်လည်း အတည်ပြုစီရင်ခြင်း မပြုသည် မှာအနည်းဆုံးဆယ်နှစ်ခန့်  ရှိပြီ ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ စာရင်းဇယားများအရ သိရသည်။
၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံခန့် က သေဒဏ် စီရင်မှု ပေါင်း ၁၆၃၀ နှင့် အထက်ပြုလုပ် ခဲ့သည်။ တရားဝင် ထုတ်ပြန်သည့် စာရင်းများ အရ အီရန် တွင် ၂၀၁၅ တစ်နှစ်တည်းတွင် သေဒဏ်စီရင်မှု ပေါင်း ၉၇၇ မှုနှင့် အထက် ပြုလုပ် ခဲ့သည်။ 

တရုတ်နိုင်ငံမှာ သေဒဏ် စီရင်မှု အများဆုံးပြုလုပ်သည့်နိုင်ငံ ဟု ယူဆရသော်လည်း စာရင်းဇ ယား အချက်အလက်များ တရားဝင် ထုတ်ပြန်ခြင်း မပြုပေ။  တရုတ်ကဲ့သို့ မထုတ်ပြန်သည့်နိုင်ငံ အချို့ မှာ မ လေးရှား၊  မြောက်ကိုရီးယားနှင့်  ဗီ ယက်နမ်  တို့ဖြစ်ကြသည်။ 

အမေရိ ကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ် အတွင်း သေဒဏ်စီရင်မှု ၂၈ ခု ပြုလုပ်ခဲ့ သည်။ သေဒဏ် စီရင်ရာတွင် အ များအားဖြင့် ကြိုးပေးခြင်း၊  လျှပ်စစ် ကုလားထိုင် တင်ခြင်းနှင့် ဆေးထိုး ခြင်းစသည့်  နည်းလမ်းများကို အ သုံးပြုစီရင်လေ့ရှိသည်။
မြန်မာနိုင်ငံတွင် ချမှတ်လေ့ ရှိသောပြစ်ဒဏ် များတွင် ငွေဒဏ်၊ ထောင်ဒဏ်၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၊ တစ်သက်တစ်ကျွန်း ဒဏ်၊ သေဒဏ်  ဟူ၍ ချမှတ်ကျင့် သုံးလေ့ရှိသည်။ အမြင့်ဆုံးပြစ်ဒဏ် ဖြစ်သည့် သေ  ဒဏ်  ကို  ချမှတ်ရာ တွင် ““လည်ပင်းကြိုးစွပ်၍ မသေ မချင်းသတ်စေဟု စီရင်ချက်တွင် ရေးသားဖော်ပြလေ့ရှိပြီး မနီလာ ကြိုးဖြင့် ကြိုးစင်တွင် ကြိုးပေးသည့် နည်းကို အသုံးပြုစီရင်လေ့ရှိသည်။ 

တရားခံအား ကြိုးပေးပြီးလျှင် သက်ဆိုင်ရာထောင်ပိုင်မှ “ကောင်း မွန်သပ်ရပ်စွာ သေဒဏ်ပေးပြီး ကြောင်း” တရားသူကြီးထံ စာရေး သားပေးပို့ရသည်။ သေဒဏ် ချမှတ် ခံရသူမှာ ကိုယ်ဝန်ဆောင် အမျိုး သမီးဖြစ်လျှင် ကလေးမွေးဖွားပြီး ချိန်အထိ သေဒဏ်ကို ဆိုင်းငံ့ထား ရသည်။
မြန်မာနိုင်ငံတွင် သေဒဏ် ချမှတ်လေ့ရှိသည့် မှုခင်းများမှာ နိုင်ငံတော် သစ္စာဖောက်မှု၊ စစ်ပုန်ကန်မှု အားပေးကူညီခြင်း၊ လူသတ် မှု၊ လူသတ်မှု ပါဝင်သော ဓားပြမှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ဥပဒေ၊ အ ရေးပေါ် စီမံမှုအက်ဥပဒေ အစရှိ သည့် မှုခင်းများဖြစ်ပြီး မြန်မာနိုင်ငံ တွင် နောက်ဆုံးစီရင်ခဲ့သည့်သေ ဒဏ်မှာ ၁၉၈၈ ခုနှစ်က ပြင်ဦးလွင် အအက မှ ဗိုလ်မှူးး ခင်မောင်တင့် အား သတ်မှုတရားခံ တပ်သားအုန်း ထွန်းအားကြိုးပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သေဒဏ်စ နစ် ကို ဖျက်သိမ်းခြင်း မပြုသေးပေ။ တရားရုံးများတွင်လည်းသေဒဏ်များ ချမှတ် စီရင်နေဆဲဖြစ်သည်။ သို့သော် ထိုသေဒဏ် ချမှတ်ခံရ သည့် အကျဉ်းသားများအားသေ ဒဏ် ကို အတည်ပြုစီရင်ခြင်းမပြု သည်မှာ အနှစ် သုံးဆယ်နီးပါးကြာ မြင့်တော့မည်ဖြစ်သည်။ 




တည်ဆဲ ဥပဒေများအရ သေဒဏ် ချမှတ်ခံ ရသည့် တရားခံ အနေဖြင့် ခုနစ်ရက် အတွင်း အယူခံဝင်ရမည်ဖြစ် ပြီး အယူခံ ရှုံးနိမ့်လျှင် သေဒဏ်အ တိုင်း အတည်ပြုကွပ်မျက်ရမည် ဖြစ်သည်။ သေဒဏ်အား အတည် ပြုစီရင်ရန် နိုင်ငံတော်သမ္မတ ၏ အတည်ပြုချက် လိုအပ်သည်ဖြစ် ရာ ထိုအဆင့်တွင် အတည်ပြုချက် မရရှိခြင်းနှင့် အခြားပြစ်ဒဏ်များ သို့ လျော့ပေါ့ပြောင်းလဲပေးခြင်း များကြောင့် သေဒဏ်များအားလုံး ကွပ်မျက်စီရင်ခြင်းမပြုခဲ့ကြောင်း သိရသည်။
““ဦးသိန်းစိန် လက်ထက်မှာ ပြစ်ဒဏ်လျော့ပေါ့လွတ်ငြိမ်းခွင့် တွေပေးတော့ ဟိုး အဆက်ဆက် က သေဒဏ်ကျခံ အကျဉ်းသား ၅၆၃ ယောက်ထင်တယ်။ ထောင် တစ်သက်တစ်ကျွန်းကို ပြောင်းပေး လိုက်တယ်။ တစ်သက်လုံး ထောင် ထဲမှာနေသွားရမှာပေါ့။ သေဒဏ် တော့ မကျတော့ဘူး။ နောင်ထပ် ပေးမယ့် လွတ်ငြိမ်း   ချမ်းသာ ခွင့်တွေ နဲ့  အကျုံးဝင်ရင်တော့ ပြစ်ဒဏ်ထပ် လျော့ပေါ့သွားနိုင်တာပေါ့””ဟု အ ကျဉ်း  ဦးစီးဌာနမှ အရာထမ်းတစ်ဦး က ဆိုသည်။
ထောင်ကျလာတဲ့ အကျဉ်းသား အများစုက ရေးတတ် ဖတ်တတ် လောက်ပဲများတယ်။ ဆယ်တန်း အောင်တို့ ဘွဲ့ရတို့ ဆိုတာ လူနည်း စုပဲ။  ထောင်ထဲမှာ အသက်မွေးဝမ်း ကျောင်းသင်တန်းတွေ သင်ပေး တယ်။ ဦးဂိုအင်ကာ တရားစခန်း တွေ ဖွင့်ပေးတယ်။ သို့သော် ကျွန် တော့်အမြင် ကို ပြောရရင် လူနည်း စုလောက်ကလွဲလို့ ခုနကပြောတဲ့ သေစာ ရှင်စာလောက်ပဲ တတ်တဲ့ အကျဉ်းသားတွေ ပညာလည်းနည်း တယ်ပေါ့။ သူတို့က ထောင်ကို သိပ် မကြောက်ကြတော့ဘူးဖြစ်နေ တယ်””ဟု ၎င်းက ဆက်လက်ပြော ဆိုသည်။
ထောင်တွေ ပုံစံပြောင်းကုန် တာလည်း ဆိုင်မလားတော့မသိ ဘူး။ အခုနောက်ပိုင်းမှာ UN က ထောင်တွေလာကြည့်တယ်။ နိုင်ငံ တကာ စံချိန်စံညွှန်းတွေနဲ့ကိုက်၊ မ ကိုက် စစ်တယ်။ အကျဉ်းသားတစ် ယောက်ကို  ဘယ်လောက်  အကျယ် နေရာရှိရမယ်။ ရေ က ဘယ်လို၊ အ စားအသောက် က ဘယ်လို  စသဖြင့် ပေါ့လေ။ အဲဒီမှာ အကျဉ်းထောင် တွေဟာ ပုံစံတွေပြောင်းကုန်တယ်။
အခုဆို ထောင်တွေမှာ ရေလောင်း မိလ္လာစနစ် နဲ့။ ထောင်တိုင်းမှာရေ သန့်စက် ထားတယ်။ အားလုံးရေ သန့်သောက်ရတာ။ ရေ ကိုလည်း ပုံစံ စနစ်နဲ့ ချိုးရတာမဟုတ်တော့ ဘူး။ ထမင်းလည်း ဟိုးခေတ်တွေ တုန်းကလို လုံးတီးဆန် မဟုတ်ဘူး။ အချိန်မှန် စားရတယ်။ အိပ်ချိန်မှာ အိပ်ရတယ်။ အကျဉ်းသားတွေလွတ်လွတ် လပ်လပ်ကြိုက်တဲ့နေရာ ကြိုက်တဲ့ အချိန်သွားလို့ မရအောင် ကန့်သတ် ချုပ်ထားတဲ့ အနေအ ထားလောက်ပဲရှိတော့တာ။ ဆို တော့ ဒါဟာထောင်ကျ အကျဉ်း သားတွေအတွက် ထောင်ထဲမှာ အ တော်သက်တောင့်    သက်သာဖြစ် လာတာတော့ အမှန်ပဲဟု အဆိုပါ အရာရှိကပင် ဆက်လက်ပြောဆို သည်။
နေရတာ စိတ်ထဲမှာမလုံခြုံ ဘူး။ သတ်လိုက်ရင်လည်း တစ်အိမ် လုံးသတ်တာ၊ အိမ်ရှိ လူကုန်သတ် တာမျိုးတွေ ခဏခဏကြားနေရတယ် ဟု အသက် ၆၈နှစ် အရွယ်အငြိမ်း စားကျောင်းဆရာကြီးတစ်ဦးက ဆို သည်။ ဦးတို့လင်မယားနှစ်ယောက် တည်းနေတာ။ သားအငယ်က အ လုပ်မှာလိုက်နေတယ်။ အဲဒီမှာပဲ အိပ်ရတယ်။ သားကြီးက အိမ် ထောင်နဲ့ ဆိုတော့ သူ့မိန်းမ နဲ့ က လေးတွေနဲ့ အိမ်ခွဲနေတယ်။ တစ် ပတ်မှာ တစ်ရက်လောက်ပဲလာကြ တာ။ မှုခင်းသတင်းတွေဖတ်ရကြား ရရင် နေလို့တောင်မကောင်းဘူးဟု ဆရာကြီးကဆိုသည်။
မန္တလေးမှာတော့ နေ့ခင်း ကြောင်တောင်ကို ဆိုင်ကယ်နဲ့ လု တယ်။ ဆိုင်ကယ် က လိုင်စင်မဲ့။ အမှုအများစုက မပေါ်ဘူး။ အလုပ် သွားရင် ပိုက်ဆံအိတ်ထဲ လည်း ပိုက်ဆံ အများကြီး မထည့်ရဲဘူး။ လု ရင်လည်းအော်တာက လွဲ လို့ဘာမှ မလုပ်ရဲဘူး။ လိုက်လည်း မလိုက်ရဲ ဘူး။ တော်ကြာ ဓားနဲ့ ထိုးသွားရင် ဘယ်နှယ့်လုပ်မလဲဟု မန္တလေးမြို့ မှ မအိအိထွေး က ဆိုသည်။
၂၁.၈.၂၀၁၆  ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်၊ ရွှေ နံ့သာကျေးရွာအုပ်စု ပတ္တမြားမြို့ သစ်တွင်နေထိုင်သည့် ရဲအရာရှိ ဟောင်းတစ်ဦးနှင့် မိသားစုသုံးဦး သတ်ခံခဲ့ရရာ သုံးတန်း အရွယ်က လေးငယ်မှာ အိပ်ရာထဲတွင်ပင် ဓားဖြင့် သုံးချက် ထိုးသတ် ခံရပြီး၊ ၈ တန်းအရွယ် ကလေးငယ်မှာ ဧည့် ခန်းတွင် ဓားဖြင့်ခုနစ်ချက် ထိုးသတ် ခံခဲ့ရသည်။ ထိုနေ့ တစ်ရက်တည်း မှာပင် တောင်ကြီးမြို့၊ နယ်မြေ ၃၊ တောင်နီကျေးရွာတွင် နေအိမ်အ တွင်း၌ မိသားစုသုံးဦး သတ်ခံခဲ့ရရာ အသက်ဆယ်နှစ် အရွယ်ကလေး ငယ်တစ်ဦးနှင့် ဆယ်နှစ်နှစ်အရွယ် ကလေးတစ်ဦးပါဝင်ခဲ့သည်။
လူမဆန်တဲ့ ရာဇ၀တ်မှုကျူး လွန်သူတွေကို သေဒဏ် မပေးဘဲ ဘာဖြစ်လို့ထောင်ထဲမှာ ဒီအတိုင်း ထားရ  တယ်ဆိုတာ နားကို မလည် တာဟု အသက် ၂၈နှစ်အရွယ်  ကို ဝေဖြိုးကဆိုသည်။ နေပြည်တော် မှာ သမီးရည်းစားနှစ်ယောက်ချိန်း တွေ့တယ်။ ကောင်လေးကို ဓားနဲ့ ထိုးသတ်တယ်။ ကောင်မလေးကို မုဒိမ်း  ၀ိုင်းကျင့်တယ်။ သေဒဏ် တော့ပေးပါရဲ့။ တစ်ကယ်လည်း  မ သတ်ဘူး ဆိုရင် ဒီဥပဒေက ဘာဥပ ဒေလဲ။ ဒီ တရားစီရင်မှု စနစ်က ဘာတရားစီရင်မှု စနစ်လဲဟု ကို ဝေဖြိုးက ဒေါသတစ်ကြီး ဆက်လက် မေးခွန်း   ထုတ်သည်။
ကမ္ဘာပေါ်မှာ သေဒဏ် ကို လက်ခံ ကျင့်သုံးနေတဲ့နိုင်ငံ နည်း နည်းလေးပဲ ရှိတော့တယ်။ ၁၉၇၁ ခုနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ မှာ လူ တိုင်းတွင် အသက်ရှင်သန်ခွင့် ရှိရ မယ်။ အပိုဒ် ၅ မှာ မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း၊ ရက်စက် ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူသိက္ခာ ညှိုးနွမ်းစေသော ပြုမူ ဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမျိုးမ ပြုရဘူးလို့ ထည့်ဆွဲထားတယ်။ 

EU ဆိုရင် သူ့ အုပ်စုဝင်နိုင်ငံဖြစ်ဖို့ ဆိုရင် သေဒဏ် ဖျက်သိမ်းပြီး ဖြစ် ရမယ်လို့ သတ်မှတ်ထားတယ်။ သေ  ဒဏ်  က ကမ္ဘာပေါ်မှာနိုင်ငံ အ များစုက မကျင့်သုံးကြတော့ဘူးဟု နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့် ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။
မြန်မာ မှာက သေဒဏ် ကို တ ရားဝင်တော့ မပယ်ဖျက်သေးဘူး။ သို့သော် အတည်ပြု မစီရင်တော့ တာ      ကြာပြီ။ အယူခံမှာ သေဒဏ် အစား ပြစ်ဒဏ်ကိုလျော့ပေါ့ပေး လိုက်တယ်။ ထိုင်းနိုင်ငံလည်းဒီလိုပါ ပဲ။ ဗုဒ္ဒဘာသာနိုင်ငံတွေ ဆိုတော့ လူ့ အသက်သေတဲ့ အထိပြစ်ဒဏ်မျိုး နဂိုကတည်းက ပေးခဲပါတယ်။ အခုလဲသေဒဏ်တွေပြန်ပေးဖို့ အ တည်ပြုဖို့  အစီအစဉ်မရှိပါဘူးဟု ဦး ဇော်ဌေး က ဆက်လက်ပြောကြား သည်။
လက်ရှိ အချိန်တွင်လည်း သေဒဏ်ကျခံထားရသည့် အကျဉ်း သား ဆယ်ဂဏန်း အချို့ခန့်ရှိပြီး ထို အကျဉ်းသားများကိုလည်း ပြစ် ဒဏ်ချမှတ်စီရင်ရန် အတည်ပြု ချက်မရရှိကြောင်း အကျဉ်းဦးစီးဌာ နမှ စုံစမ်းသိရှိရသည်။
၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး တွင် လူသတ်မှုပေါင်း ၁၂၄၆မှု၊ ဓား ပြမှု ၁၀မှု၊ လုယက်မှု ၁၃၆မှု၊ မုဒိမ်း မှု ၆၈၂မှုဖြစ်ပွားခဲ့ပြီး လူသတ်မှုနှင့် မုဒိမ်းမှုများအများဆုံးဖြစ်ပွားခဲ့ သည်။ အစိုးရသစ် လက်ထက် ရက် ၁၀၀ စီမံချက်စတင်ချိန်တွင် မေလ အတွင်း လူသတ်မှု ၁၂၆မှု၊ ဇွန်လ အတွင်း လူသတ်မှု ၁၂၅မှု၊ ဇူလိုင် လအတွင်း လူသတ်မှု ၉၅မှုဖြစ်ပွား ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအ တွင်းတွင် ၂၀၁၆ခုနှစ် ဇန်န၀ါရီလ မှ ဇူလိုင်လအထိ လူသတ်မှု ၁၀၆ မှု၊ မုဒိမ်းမှု ၁၀၈မှု၊ လူယက်မှု ၃၄ မှု၊ ဓားပြမှု ၁မှု၊ ဖောက်ထွင်းမှုလေး မှုဖြစ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် စာရင်းများအရသိ ရှိရသည်။
အခုအချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒ က ရုရှားက ဗလာဒီမာပူတင် ဖြစ်ဖြစ်၊ ဖိလစ်ပိုင် က သမ္မတဒူတာတေ   ကိုဖြစ်ဖြစ် ခဏ လိုချင်မိတယ်။ ကျွန်တော်တို့ဆီက သမ္မတတွေ က လူဆိုးတွေ ကို ကိုင်တဲ့နေရာမှာ သူ တို့ တစ်ဝက်လောက်တောင် အ လုပ်မဖြစ်ဘူးဟု အသက် ၂၈နှစ် အရွယ်ကိုဝေဖြိုး ကစိတ်ပျက် လက်ပျက်ပြောဆိုသည်။


ရေးသားသူ - နေရီ
၂၄.၈.၂၀၁၆ရက်နေ့ ထုတ်
The Myanmar Review Journal
အတွဲ ၃ ၊ အမှတ် ၈ ပါ ဆောင်းပါး


The Myanmar Reviews Journal


No comments:

Post a Comment