12 August 2016

Pokemon ( သို့မဟုတ်) ပျားရည်အောက်က ဓားသွားလား



Pokémon GO Company ကို Niantic Company က ပွဲထုတ်ပေးခဲ့ တယ်။ သူ့ ရဲ့  တည်ထောင်သူ နဲ့  CEO John Hanke ရဲ့ နောက်ကြောင်း ရာဇ၀င်ကို လိုက်ကြည့် လိုက်တော့ အောက်ပါအတိုင်းတွေ့ ရတယ်။
(၁) John Hanke ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေးရာ နဲ့ ပတ်သက်တဲ့  section မှာအလုပ် လုပ်ဖူးတယ်။
(၂) John Hanke ဟာ Keyhole, Inc. ရဲ့ တည်ထောင်သူ နဲ့  CEO လဲဖြစ်ခဲ့ တယ်။ Keyhole ဟာ geospatial data visualization applications တွေကို အဓိက ထုတ်တယ် ။ (အဓိကက Satellite image တွေ တည်နေရာတွေကနေ စစ်သုံးမြေပုံတွေ တည်နေရာတွေ အဓိကကြည့် တာဖြစ်တယ် နောက်ပိုင်း  Google က ၀ယ်ပြီး Google Earth ဖြစ်လာတယ်) ။ 
Keyhole Inc ကို Google က ၀ယ်ပြီးနောက်ပိုင်း Google Earth Division ဖြစ်လာတယ်။ နိုင်ငံဒေသ ကမြေပုံ အသီးသီး Satellite View တွေ နဲ့ ကြည့် လို့ ရအောင် စတင် လုပ်ဆောင်ခဲ့ တဲ့ Company ပဲ ။
(၃) အဓိက မသင်္ကာစရာက John Hanke တည်ထောင်ခဲ့ တဲ့  Keyhole, Inc ရဲ့ နောက်ခံ အကြောင်းပဲ ။(အခု သူက Google က ၀ယ်သွားတော့ နောက်ခံ အကြောင်းတွေ နဲနဲမှေးမှိန်သွားတယ်) ရသလောက်ပြောရမယ် ဆိုရင် Keyhole, Inc ရဲ့ မတည်ထည့် ဝင်ငွေ ကို In-Q-Tel လို့ ခေါ်တဲ့  CIA       နဲ့ အခြားထောက်လှမ်းရေး အေဂျင်စီတွေ ကို သတင်းနည်းပညာ ပံ့ ပိုးပေးရတဲ့  Company က Backing အများကြီးပေး     တည်ထောင်ထားခဲ့ တာတွေ့ ရတယ်။
(၄)Pokémon GO တည်ထောင်သူ John Hanke ဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန National Geospatial-Intelligence Agency (NGA) ရယ် US Department of State လို့ ခေါ်တဲ့  နိုင်ငံခြားရေး ၀န်ကြီးဌာန နဲ့ ပေါ်တင်ကော နောက်ကွယ်ကကော  ပတ်သတ်မှုတွေ  အများဆုံးသူဖြစ်တယ်။
(၅) Pokemon ကစားနည်း က GPS နဲ့ ချိတ်ဆက်ပြီး ကစားရသလို ၊ ဖုန်း ရဲ့ Camera ပါ ဖွင့်ပြီးဆော့ရတဲ့ ကစားနည်း လို့သိရပါတယ်။  ထိုင်ပြီးဆော့လို့ မရဘူး။ ဒါဆို စဉ်းစားစရာဖြစ်လာတာက ကိုယ်သွား သမျှကို GPS က တစ်ဆင့် မှတ်တမ်းတင် ထားနိုင်သလို ၊ ကင်မရာပါ ဖွင့်ရတဲ့ အတွက် ပတ်ဝန်းကျင် အခြေအနေကိုပါ မြင်နိုင်၊ မှတ်တမ်းတင်နိုင်တယ်။ ကိုယ်သွားသမျှ၊ ကိုယ့် ကင်မရာက မြင်ကွင်းမှန်သမျှ ကို ဂိမ်း ဆာဗာ က နေ မှတ်တမ်း တင်ထားလိုက်ရင်...ဒါဟာ Proxy Spy with game ( ဂိမ်း မှ တစ်ဆင့် သတင်းထောက်လှမ်းခြင်း) လုပ်သလို ဖြစ်သွားမယ်။ 
(၆) ဂိမ်းမှာ ထူးခြားမှု တစ်ခုက ပိုကီစတော့ Pokestop တွေဟာ ဆူးလေ လိုနေရာမျိုး၊ မြို့တော်ခန်းမ ၊  ဒေါ်အောင်ဆန်းစုကြည် အိမ်လို နေရာမျိုးမှာ ရှိနေတတ်တာတွေ ဖြစ်ပါတယ်။  ပိုကီစတော့ Pokestop ကို Pokemon ဆော့သူတွေက လာကြရတာဖြစ်တဲ့ အတွက် လူစုလူဝေးအဖြစ် အသင့်ဖြစ်နေ  အောင် Game နဲ့ စုစည်းပေးထားလိုက်တယ်။
(၇) ပိုကီစတော့(Pokestop)  တွေဟာ လုံခြုံရေးအဆင့် ရှိတဲ့နေရာတွေ ဖြစ်နေတဲ့ အတွက် ပြဿ      နာ ရှိနိုင်တယ်။  users တွေဟာ Game မှာ စွဲလမ်းမှုတွေဖြစ် လာပြီး Tempo မြင့်နေတဲ့ အချိန်မျိုး ၊ Government ရဲ့ လုံခြုံရေး ၊ NationalSecurity အဆင့်ရှိတဲ့ နေရာတွေ က Pokestop တွေကို သွားခွင့် မရခဲ့ရင်..ဒါဟာ
အစိုးရ နဲ့ Gamer ပြည်သူတွေ အကြား အဆင်မပြေမှုတွေကို မွေးဖွားပေးလိမ့်မယ်။
(၇) နောက်တစ်ခုက Pokemon နဲ့ မျှားပြီး အမေရိကန် ဟာ ဂိမ်းကနေ တစ်ဆင့်စိတ်ဓာတ် စစ်ဆင်ရေး တွေ လုပ်နေတယ် လို့ စိုးရိမ်စရာဖြစ်ကြောင်း ရုရှား ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီ (ကာလုံ) ဒုတိယ ဥက္ကဌ Mr. Klintsevich က ပြောသလို ၊ နိုင်ငံတော်လုံခြုံရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ စိုးရိမ်ပူပန်ချက် Mirror UK  က သတင်းတွေ ဟာလည်း စဉ်းစားစရာကောင်းပါတယ်။


(၈) နောက်တစ်ခုက စိတ်ဓာတ် စစ်ဆင်ရေး မဟာဗျူ ဟာပါ။  ဒုတိယ  ကမ္ဘာစစ်ပြီးလို့ စစ်အေး  ကာလမှာ တိုင်းပြည်  တစ်ပြည် ကို ယခင်လို စစ်ချီ သိမ်းတာမျိုး မရှိတော့ ပဲ အလိုလို နောက်ကျနေအောင်၊ အလိုလို အညံ့ခံလာအောင် စိတ်ဓာတ် စစ်ဆင်နည်းပေါင်းစုံ ကို သုံးလာကြတာ အားလုံးအသိပါ။ 
ဆွန်ဇု ကလည်း "စစ် မဟာဗျူဟာ နည်းအရ စစ်ဆင်းရာမှာ ရန်သူ့တိုင်းပြည် တစ်ခုလုံး ပကတိ အညံ့ခံလာခြင်းသည် အကောင်းဆုံး အောင်နိုင်ခြင်း " ဟု ဆိုတယ် မဟုတ်လား။ တိုင်းပြည် တစ်ပြည်ရဲ့ အနာဂတ် နဲ့ ခွန်အားဟာ လူငယ်တွေရဲ့ တွေးတော ကြံဆမှု ၊ လုပ်ကိုင်ဆောင်ရွက်မှု ၊ကြံစည်ကြိုးစားမှုတွေ ဟာ အဓိက မဟုတ်ပါလား။ 
ဒီလို အဓိကကျတဲ့ လူငယ်တွေကို တွေးတော ကြံဆမှုတွေ မလုပ်နိုင်အောင် ၊ အလုပ်အကိုင်တွေ ထိခိုက်   နေအောင် ၊ ကြံစည် ကြိုးစားအားထုတ်မှုတွေ မလုပ်နိုင်အောင် ပစ်မှတ်ထား ဆွဲဆောင်ခံနေရပြီ ဆိုရင်လည်း အဲ့ဒီနိုင်ငံရဲ့နစ်နာမှုတွေပါပဲ။ Pokemon ဟာ အမေရိကန်တွေ ရဲ့ စိတ်ဓာတ် စစ်ဆင်ရေးမဟာဗျူဟာ Tools တွေ ထဲက အရိုးရှင်းဆုံး တစ်ခုလား ဆိုတာတော့ စဉ်းစားသင့်ပါတယ်။
(၉) နောက်ဆုံး Pokemon ဂိမ်း ကစားတဲ့ နိုင်ငံက လူငယ်တွေဟာ အချိန် ကုန်မယ် ၊ ငွေကုန်မယ် ၊ ကိုယ်ရဲ့အချိန်တွေကို ဂိမ်းထဲမှာ နစ်မြှပ်လိုက်ရတာ ဖြစ်တဲ့ အတွက် ဘ၀ တိုးတက်ရာ တိုးတက်ကြောင်း၊ နိုင်ငံတိုးတက်ရာတိုးတက်ကြောင်းတွေ လုပ်ဆောင်ဖို့ လစ်ဟင်းသွားမယ်။ 
တန်ဖိုးရှိတဲ့ အချိန်တွေ အလှည့်စား ခံလိုက်ရတယ်။ အခြားတစ်ဖက်က လူတွေကတော့ ဘာရမလဲဆိုတော့ GPS ဖွင့်ပြီး သွားရတဲ့အတွက် အခြားနိုင်ငံရဲ့ မြေပြင် အချက်အလက်တွေကို Gamer ကတစ်ဆင့်    ခိုင်းပြီး Proxy spy လုပ်နိုင်တယ်။ 
Camera က တစ်ဆင့် မှတ်တမ်းတင်နိုင်မယ်။ အခြားနိုင်ငံ ရဲ့ အချက်အလက်တွေကို ဂိမ်းတစ်ခု ရင်း ပြီး သာသာ ယာယာ ပဲ ရယူလိုက်နိုင်သလို ၊အဲ့ဒီနိုင်ငံ ရဲ့ လူငယ်ထု ကိုလည်း တိုးတက်မှု
နှောင့်နှေးအောင် ၊ အချိန်တွေ ကို အကျိုးရှိစွာ အသုံးမချနိုင်အောင် ဂိမ်းတစ်ခု နဲ့ လှည့်စား ဟန့်တား ထားနိုင်မယ် မဟုတ်ပါလား..။
(၁၀) Pokemon ဂိမ်း ကစားတာဟာ လမ်းလျှောက် ကစားရတဲ့အတွက် ကျန်းမာရေးကောင်းတယ်လို့ ဆိုပါတယ်။ လမ်းလျှောက်တာဟာ ကောင်းပါတယ်။ သို့သော် Pokemon က ဟိုကို သွားပါ ဒီကို သွားပါ ခိုင်းမှ လမ်းလျှောက်တတ်တာလား ၊ ကိုယ့်ဘာသာ ကိုယ် ရော ကျန်းမာရေး အတွက် လမ်းလျှောက်လို့မရဘူးလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။
Pokemon ကစားတာ ပျော်ရတယ်၊ ကျန်းမာရေး ကောင်းတယ် ဆိုတဲ့ အချက်ကလေး တစ်ခု အတွက် ၊ ကျန်တဲ့ အရာတွေဖြစ်တဲ့ အချိန်တွေ ၊ လုပ်အား၊ တွေးတောကြံဆမှု ၊ မြေပြင် အချက်အလက်တွေကို ချိုးဖျက် ပေးအပ်သင့်သလား ဆိုတာ စဉ်းစားစရာပါပဲ ခင်ဗျာ။ 

Ref-
- Pokemon နဲ့ အမျိုးသား လုံခြုံရေး - ၀င်းသူ
- မြန်မာပြည်ရောက် Pokemon - စုမွန်
- Beginner's Guide- How to play pokemon Go !
- All the Pokemon Go News From Around the World
Photo Credit by Mi Thein


No comments:

Post a Comment