24 August 2016

အဆီ များတဲ့ ငါး ကို စားခြင်းက ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံ ချို့တဲ့နိုင်မှုကို လျော့ချပေးနိုင်



အဆီ များတဲ့ ငါး ကို တစ်ပတ်နှစ်ကြိမ် စားခြင်းဟာ သက်လတ်ပိုင်း နဲ့ သက်ကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးချိုသွေးချိုကြောင့် အမြင်အာရုံ ချို့ယွင်းနိုင်မှုကို လျော့ကျစေတယ် လို့ သုတေသန  တစ်ခုက ပြောကြား    ပါတယ်။


အဆိုပါ သုတေသန ကို စပိန်နိုင်ငံ မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး JAMA Ophthalmology ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 
အဆီ များတဲ့ ငါးမှာ ပါတဲ့ omega-3 polyunsaturated fatty acids ပေးကာ စမ်းသပ်ခဲ့တာဖြစ်ပြီး Omega 3 ပိုမို ရရှိသူ ၄၈ ရာခိုင်နှုန်း ဟာ ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံ  ချို့တဲ့မှုကို ပိုမိုလျော့ကျတာ ဖြစ် ပါတယ်။

လေ့လာမှုမှာ လူပေါင်း ၃၆၁၄ ယောက် ပါဝင်ခဲ့ပြီး ဆီးချိုရောဂါ Type 2 ရှိသူတွေဖြစ်ကာ လေ့လာချိန်ဟာ ၂၀၀၃ ခုနှစ် ကနေ ၂၀၀၉ နှစ်ထိ ကြာမြင့်ခဲ့ပါတယ်။

Photos & Source: Zee News
Duwun



No comments:

Post a Comment