02 August 2016

အသက် ၂၀ မကျော်ခင် လမ်းမှားမရောက်စေဖို့

(၁) အိမ်ထောင် မပြုပါနဲ့
အသက် ၂၀ မကျော်ခင် အိမ်ထောင်ပြုတဲ့ သူတွေ အများကြီး ရှိပါတယ်။ သို့သော် အနည်းဆုံးတော့ အသက် ၂၀ ကျော်မှ အိမ်ထောင်ပြုတာ အကောင်းဆုံးပါ။ အဲဒီအချိန် ဆိုရင် မိမိမှာ အစစ အရာရာ အဆင် သင့်ဖြစ်နေပါလိမ့်မယ်။

(၂) ဘွဲ့ တစ်ခုခု အရယူ
အသက် ၂၀ မကျော်ခင် ဘွဲ့ တစ်ခုခုကို ကြိုးစားပြီး အရ ယူထားပါ။ ဘွဲ့ရပြီးပြီး ဆိုရင် မိမိနှစ်သက်တဲ့ အလုပ်လေးတွေ ဝင်လုပ်နိုင်တယ်။ အခြားသော ကျောင်းတွေကို ဆက်တက်ချင်ရင်လည်း အလွယ်တစ်ကူ တက်နိုင်တာပေါ့နော်။

(၃) အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခု တတ်အောင်သင်
အသက် ၂၀ မကျော်ခင်မှာ မိမိ ဘဝအတွက် အသက်မွေးဝမ်းကျောင်း ဖြစ်စေနိုင်သော ပညာရပ် တစ်ခုခုကို တတ်မြောက်အောင် သင်ကြားသင့်ပါတယ်။ သို့မှသာ ၂၀ ကျော်တဲ့ အခါမှာ မိမိအနေ နဲ့ လုပ်ငန်း များကို
အလွယ်တစ်ကူ လုပ်ကိုင်နိုင်သူ ဖြစ်နေပါလိမ့်မယ်။



(၄) အချစ်ကို မယုံစားမိစေနဲ့
ဆယ်ကျော်သက် အရွယ်ဖြစ်တော့ အချစ် ကို မယုံစား မိပါစေနဲ့။ ၂၀ မကျော်ခင်မှာ အချစ် နဲ့ ပတ်သက်ပြီး အမှားတွေ အများကြီး လုပ်မိနိုင်ပါတယ်။ ဒါကြောင့် သတိထားပါ။


(၅) မိမိ ရည်မှန်းချက်ကို မမေ့နဲ့
မိမိဖြစ်ချင်တဲ့ ရည်မှန်းချက် များကို ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်နဲ့ အတတ်ပညာ များကို သင်ပါ။ ငယ်ရွယ်စဉ် မှာ မိမိ ရည်မှန်းချက်က ဝေးချင် ဝေးနေမယ် ဒါပေမယ့် တစ်ချိန် ကျရင် ဖြစ်လာကို လာရမယ် ဆိုနဲ့ စိတ်ကိုအမြဲမွေးထားပါ။


 Kyaw Lin Naing
 http://yoyarlay.com/knowledge/article/416-2016-03-05-07-22-22

No comments:

Post a Comment