22 August 2016

ဝန်ထမ်းတွေ ရဲ့ လစာ ကို လက်ရှိ ရနေတဲ့ လစာ ကို အခြေခံပြီး ရာခိုင်နှုန်းနဲ့ တွက်ချက်တိုးပေးတယ် ဆိုတာ



ဝန်ထမ်းတွေ ရဲ့ လစာ ကို လက်ရှိ ရနေတဲ့ လစာ ကို အခြေခံပြီး  ရာခိုင်နှုန်း နဲ့ တွက်ချက်တိုးပေးတယ် ဆိုတာ ဘာနဲ့တူသလဲ ဆိုတော့ ပြည့်တဲ့အိုးတွေ ပြည့်လျှံစေပြီး  ခမ်းတဲ့အိုးတွေ ဖင်ကပ်လေးဖြည့်ပေးတဲ့ သဘောပါ ။ အရင်းရှင်စနစ်ခေတ် က သီအိုရီ လက်ကျန်တွေ နဲ့ တူနေတာပါပဲ ဆိုပါတော့ ။
လက်ရှိ ငါးသိန်း ရနေတဲ့ လူတစ်ယောက် အတွက် သူရနေတဲ့လစာ ရဲ့   20% တိုးမယ် ဆိုရင် သူဟာ ဒီနှစ် အတွက် လစာ တစ်သိန်း ထပ်တိုး ပါတယ် ။
ဒါဟာ တစ်နှစ်ပတ်လုံး အတွက် သူမျှော်လင့်ထားသလောက် မဟုတ်ပေမယ့် တစ်သိန်း ဆိုတဲ့ တိုးငွေဟာ သူ စိတ်ကို ကျေနပ်စေပါလိမ့်မယ် ။ 
ဒါပေမယ့် လစာ တစ်သိန်း ရတဲ့ ဝန်ထမ်း ဆိုပါတော့ သူရနေတဲ့ လစာ ရဲ့ 20% (အမြင့်ဆုံးမျှော်လင့်ချက်ပါ) တိုးတယ် ဆိုပါတော့ ဒါဟာ တစ်နှစ်ပတ်လုံး အတွက် သူ့လစာက နှစ်သောင်း တိုးပါတယ် ။
အဲ့ဒီတော့ လစာ ငါးသိန်းရတဲ့ ဝန်ထမ်း နဲ့ လစာ တစ်သိန်းရတဲ့  ရတဲ့ ဝန်ထမ်းရဲ့ တိုးငွေ ကွာဟမူက ငါးဆလောက် ကွာသွားပါတယ် ။
နောက်ဆုံး 10% ပဲ တိုးမယ် ဆိုပါတော့ လစာ ငါးသိန်း အတွက် ငါးသောင်း ဖြစ်သွားပြီ တစ်သိန်း ရတဲ့    ဝန်ထမ်း ဟာ တစ်သောင်း တိုးပါတယ် ။
ပိုက်ဆံတစ်သောင်း ဆိုတာ တစ်နှစ်ပတ်လုံး ကြိုးစားအားထုတ် အလုပ်လုပ်ခဲ့မူ အတွက် ဝန်ထမ်း         တစ်ယောက်  ရဲ့ တိုးငွေဖြစ်ပြီး ကျန်တဲ့ တစ်နှစ်လုံး အတွက် ဒီ တစ်သောင်းနဲ့ နှစ်ပါးသွားရတော့မှာပါ ။
ဟုတ်ပြီ     လစာကို ရာခိုင်နှုန်း နဲ့ ဝန်ထမ်းတစ်ယောက်ကို ဘယ်လို တွက်ချက်မလဲ ။ တစ်ဦးချင်းစီ ရဲ့         စွမ်းဆောင်မူ (individual performance ) ကို ဘယ်လို  တွက်ချက်တာလဲ ။
ဆိုပါတော့ ဝန်ထမ်းတစ်ဦး ရဲ့ လစာ ကို သူ့အပေါ် ခန့်အပ်ထားတဲ့ တာဝန်ကျေပွန်မူ ဝန်ထမ်း အချင်း    ချင်း (teams work) ပူပေါင်းဆောင်ရွက်တတ်မူ ၊ အခါအားလျော်စွာ သတ်မှတ်ထားတဲ့ company ရဲ့    စည်းကမ်းတွေ ကို လိုက်နာမူ  company ရဲ့ vision mission တွေနဲ့အတူ လိုက်ပါ ကြိုးစားဆောင်ရွက်တတ်မူ ၊ 

အထက်လူကြီးရဲ့ စကားကို နာခံလိုက်နာတတ်မူ ၊ ဒါတွေအားလုံး ကို ဝန်ထမ်းတစ်ဦးချင်းစီ ရဲ့ သက်ဆိုင်ရာ manager ရဲ့ အမြင်သုံးသပ်မူ ၊ HR ရဲ့ စောင့်ကြည့်လေ့လာ အကဲခတ်မူတွေ ကို data       ကောက်ပြီး အချိုးချ ထွက်လာတဲ့ result အလိုက် ကို individual performance ဆိုပြီး grade ခွဲပြီး ပေးတာလား ။
လူတစ်ယောက် ရဲ့ စွမ်းဆောင်ရည် နဲ့အတတ်ပညာ ဟာ computer  screenပေါ်က power point graph ကိုကြည့်ပြီး ဒီလူတော်တယ်  ဒီလူ မတော်ဘူး ဆုံးဖြတ်လို့မရပါဘူး ။
လက်ဝှေ့သမားတစ်ယောက်ရဲ့ သတ္တိနဲ့ကျွမ်းကျင်မူက ကြိုးဝိုင်းထဲကသတ်ကွင်းမှာပဲ ရှိပါတယ် ။ ဘယ်သူမှ အဖက်ဖက် က ပြီးပြည့်စုံ တတ်ကျွမ်းမနေပါဘူး ။ no one is perfect လို့ ဆိုကြပါတယ် ။ ဒါပေမယ့် လူတိုင်း မှာ တစ်ဦးချင်းစီ ရဲ့ ပညာ ကျွမ်းကျင်မူနဲ့  စွမ်းဆောင်ရည်တွေ ရှိကြပါတယ် ။
ရထားတစ်စင်း မောင်းနှင်ဖို့ engine က အဓိက ကျပေမယ့် ရထား စတင်ရွေ့ဖို့ idler wheel အများကြီးက တစ်ချိန်တည်း တစ်ပြိုက်နက်တည်း လိမ့်ပေးမှ ရထားဟာ သံလမ်းပေါ် ရွေ့သွားနိုင်တာပါ ။ ဒါဟာ union တစ်ခုလုံး အားထုတ်ကြိုးပမ်းမူပါ ။ individual ကြိုးစားမူ သက်သက်မဟုတ်ပါဘူး ။
individual ကြိုးစားအားထုတ်မူ အားလုံးကို စုပြီးမှ union ကြိုးစားမူ    ဖြစ်လာပြီး လိုချင်တဲ့ goal ကို သွားနေကြတာပါ ။ ဒါကိုမှ တစ်ဦးချင်းစီရဲ့  ကြိုစားအားထုတ်မူကို ဆွဲထုတ်ပြီး အဆင့်အလိုက် ခွဲခြား   ဆုချီးမြှင့်မယ် ဆိုရင် ပုံပြင် တစ်ပုဒ်ပြောပြချင်ပါတယ် ။



တစ်ခါက တိရိစ္ဆာန်တွေရဲ့ လောကမှာ ဖားဟာ အတွေးအခေါ် ပညာရှင်လို့ဆိုပါတယ်။ တစ်နေ့မှာ ပညာ  ရှင် ဖားဟာ လောကရဲ့ အလှ သစ္စာတရားတွေကိုတွေးခေါ်စဉ်းစားနေပါသတဲ့ ။
အဲ့လိုတွေးနေရင်းပဲ ဗြုန်းဆို ကင်းခြေများ တစ်ကောင်ကို တွေ့လိုက်ရတယ်။ ဖားဟာ ကင်းခြေများ         လမ်းလျှောက်တာကို ကြည့်ပြီး အရမ်းအံ့သြသွားပါတယ်။
ဘာကြောင့်လဲဆိုတော့ ကင်းခြေများမှာ ခြေထောက်တွေ ရာချီပြီး ရှိနေပြီး အဲ့ဒီခြေထောက်တွေ အားလုံးက ရှေ့ကို ရွေ့တဲ့ခြေထောက်တွေက ရှေ့ကို ရွေ့နေတယ် ။ နောက်ကို ကန်တဲ့ခြေထောက်တွေက နောက်ကို ကန်နေတယ် လှမ်းတဲ့ခြေထောက်တွေက လှမ်းနေတုန်း ။

တစ်ကယ့်ကို ညီညီညာညာနဲ့ ခြေထောက်အားလုံးက သူ့အလုပ်ကို သူ လုပ်နေကြတယ်။ ကင်းခြေများရဲ့ တစ်ကိုယ်လုံး ကတော့ ရှေ့ကို မှန်မှန်ပဲ ရွေ့လျားနေပါတယ်။
ဖားဟာ အဲဒီခြေထောက်တွေ ရဲ့ အလုပ်လုပ်ပုံကို ကြည့်ပြီး အတော်အံ့သြနေမိတယ်။ ကင်းခြေများဟာ သူရဲ့ ဒီလောက် များပြားလှတဲ့ ခြေထောက်တွေကို ဘယ်လိုလုပ် စီမံခန့်ခွဲနေပါလိမ့် ဆိုပြီးတော့ပေါ့။
ဒါနဲ့ ဖားဟာ ကင်းခြေများကို ရပ်တန့်ခိုင်းပြီး.....
''' ဒီမှာ ဒီမှာ ခဏလောက် နေစမ်းပါဦး .....  ကျွန်တော်မေးချင်တာ
တစ်ခုရှိလို့ပါ '''
ကင်းခြေများက
''' ဗျားးးး ဘာများ သိချင်လို့လဲ ''''


ဖား က..........
'''' ဒီလိုဗျာ ကျွန်တော့်ကို တစ်ခုရှင်းပြစမ်းပါ ။  ခင်ဗျား လမ်းသွားတဲ့အခါ ဘယ်ခြေထောက်က အရင်လှမ်း   ပြီး နောက်ထပ် ဘယ်ခြေထောက်ကို ဘယ်လို လှမ်းတာလဲ  ပြီးတော့ ဘယ်ခြေထောက် အားစိုက်ပြီး        ဘယ်ခြေထောက်က မြေကြီးနဲ့ လွတ် ရေသာခို လိုက်နေတာလဲ ဆိုတာ ''''
အဲဒီလို မေးလိုက်တဲ့အခါ ကင်းခြေများက ခဏတွေဝေသွားပြီး......
'''' နေပါဦးဗျာ ...  ကျွန်တော် မွေးကတည်းက ဒီအတိုင်းပဲ လမ်းလျှောက် လာတာ ။ ခင်ဗျားမေးတဲ့ မေးခွန်းကို တစ်ခါမှ မစဉ်းစားကြည့်ဖူးဘူး '''


'''' နည်းနည်းလောက် စဉ်းစားကြည့်ပါလား  ကိုကင်းခြေများရယ် ခြေထောက်တွေ အလုပ်လုပ်ပုံ ကို           တစ်ချောင်းချင်း သိချင်လို့ပါ  '''


ဖား  က တောင်းတောင်း ပန်ပန် ဆိုတော့....
''' ကောင်းပြီလေ ''' လို့ ပြောရင်း သူ့ခြေထောက်တွေဆီ အာရုံပြုရင်း ခြေလှမ်း စလှမ်းပေါ် ကြိုးစားပါ  တယ်။ 
လမ်းလျှောက်ကြည့်လိုက်တဲ့အခါ ဘယ်ခြေထောက် အရင် ဘယ်ခြေထောက်က နောက်             ဘယ်ခြေထောက်က အားပိုစိုက်လဲ ဆိုတာ သတိပြု မိအောင်ပေါ့ ။
ဒါပေမယ့် ခြေထောက်တွေ ရာ နဲ့ချီ ရှိနေတော့ မရပါဘူး ။ ကင်းခြေများဟာ သူ့ခြေထောက် တစ်ချောင်းစီရဲ့ လှုပ်ဆောင်အားထုတ်မူ ကို အာရုံ ညွတ်လိုက်တာနဲ့ တစ်ပြိုင်နက် လုံးဝ လမ်းလျောက်လို့ မရတော့ပါဘူး ။ အားထုတ်ရလွန်ူလို့ ချွေးသာ တစ်ပေါက်ပေါက် စီးကျလာတယ်။
နေရာ ကတော့ လုံးဝ မရွေ့လျားတော့ပါဘူး။     နောက်ဆုံးမှာ ကင်းခြေများဟာ လက်လျော့အရှုံးပေးလိုက်ရပြီး................
''' တော်ပါပြီ ကိုဖားရယ်  ...  မစဉ်းစားပါရစေနဲ့တော့  ခြေထောက် တစ်ချောင်းစီ ရဲ့ ရွေ့လျား အားထုတ်မူကို စဉ်းစား အဖြေရှာခြင်းဟာ ရွေ့လျားမူကို သတ်လိုက်တာပါပဲးး
ကျူ ပ် ခင်ဗျားကို တစ်ခုပဲ တောင်းပန်ချင်တယ်းးး
နောက်တစ်ခြား ကင်းခြေများတွေကို ဒီမေးခွန်း မမေးပါနဲ့တော့ဗျာ ''''
ပုံပြင် ကတော့ ဒါပါပဲ ။
အရှိန် နဲ့သွားနေတဲ့ ရထားတစ်စင်း သံလမ်းပေါ် က လမ်းချော်ပြီး ရပ်သွားခြင်းဟာ ရထား တစ်စင်းလုံး ရဲ့ လုပ်ဆောင်မူ ရပ်သွားတာ မဟုတ်ပါဘူး သံလမ်းပေါ် ရွေ့နေတဲ့ idler wheel တစ်လုံးနှစ်လုံး ဘေးချော်  ထွက်နေလို့ ရထားရပ်သွားတာပါ ။
ဝန်ထမ်း တစ်ဦးချင်းစီတိုင်းဟာ သူ့ စွမ်းဆောင်ရည် သူ့တတ်ကျွမ်းရာ ပညာ နဲ့ တစ်ထောင့်  တစ်နေရာက ကြိုးစားလုပ်ဆောင်နေကြတာပါ ။

အတော်ဆုံးတွေကို ဇကာစစ်ရွေးချင်လို့ တစ်ဦးချင်းစီ ရဲ့ စွမ်းရည်ကို ယှဉ်ပြိုင်စေမူဟာ တစ်ခါတစ်လေမှာ အဖွဲ့အစည်းတစ်ခု ရဲ့ စည်းလုံး ညီညွတ်စွာ ရွေ့လျားနေမူကို ရပ်တန့်လိုက်သလို ဖြစ်တတ်ပါတယ် ။

Credit to သူ၇ိန် (bank staff)

No comments:

Post a Comment