02 August 2016

မရှိမဖြစ် Winrar (winrar ဖြင့် ဖိုင်ဖြည်နည်း၊ ဖိုင်ချုပ်နည်း)



ကွန်ပျူတာ တစ်လုံး ရဲ့ မရှိမဖြစ် လိုအပ်တဲ့ ဆော့ဝဲလ်တွေ ထဲမှာ Winrar လည်း ပါပါတယ်..။ ဒါကြောင့် Winrar ကို အလွယ်သုံးတတ်အောင် ပုံလေးတွေနဲ့ ပြသွားပါ့မယ်..။ Winrar သုံးနည်းတွေ အများကြီးထဲက အဓိက နှစ်မျိုးဖြစ်တဲ့ ချုပ်၊ဖြည် သုံးနည်းလေးကို ပြောပြသွားပါမယ်..။

ကျန်ခဲ့တဲ့ ပိုစ့်မှာ ဆော့ဝဲလ် သွင်းတာ၊ ထုတ်တာ ကို ရေးခဲ့ပေမယ့် တpfကယ်ဆို Winrar သုံးတတ်အောင် အရင်ရေးသင့်တာပါ.. Winrar သုံးတတ်မှ ဆော့ဝဲလ်တွေ၊ ဖိုင်တွေကို Winrar နဲ့ဘယ်လို ချုပ်ရတယ်.. ဘယ်လိုပြန်ဖြည်ရတယ်ဆိုတာ နားလည် သဘောပေါက်မှာပါ..။ 
 
 မြန်မာ နည်းပညာဆိုဒ်တွေ က ဆော့ဝဲလ်တွေကို ဒေါင်းလော့ချတဲ့ အခါ သုတို့က သူတို့ တင်ပေး လိုက် တဲ့ ဆော့ဝဲလ်တွေ ကို ဗိုင်းရပ်စ့် မထိအောင်လို့ Winrar နဲ့ချုပ်ပေးလိုက်ပါတယ်..။ ဖိုင် size လည်း အနည်းငယ် ပိုသေးသွားသလို ကျနော်တို့ ဒေါင်းရတာလည်း အတော်လေး အဆင်ပြေပါတယ်..။
 
 ဆော့ဝဲလ်တွေ မှ မဟုတ်ပါဘူး.. ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ အားလုံးကို Winrar နဲ့ ချုပ်ပြီး သိမ်း ထားလို့ ရပါတယ်.. Winrar နဲ့ မချုပ်ပဲ ထားတဲ့ ဓါတ်ပုံ ဖိုင်တွေ ဆိုရင် ဗိုင်းရပ်စ် ဖုံးလိုက်လို့ ခဏ ခဏပျောက်တတ်ပါတယ်.. ဆော့ဝဲတွေ ဆိုရင်လည်း ဗိုင်းရပ်စ် ဖျက်လိုက်ရင် သုံးလို့ မရတော့ပါဘူး..။ ဒါက ကျနော့် စက်ထဲမှာ ခဏခဏဖြစ်တတ်တာကို ပြေပြတာပါ..။ 
 
မိမိတို့ စက်ထဲမှာ Winrar မရှိသေးဘူး ဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလော့ချလိုက်ပါ.. ဖရီးဆော့ဝဲလ်လေးပါ..။ 
 
ကျနော့် သူငယ်ချင်း တစ်ယောက်ဆိုရင် မြန်မာ နည်းပညာဆိုဒ်တွေ က ဆော့ဝဲလ်တွေက ဒေါင်းလို့တော့ ရတယ် ..။ သုံးလို့ မရဘူးတဲ့..။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါင်းလော့ ချလိုက်လို့ သူ့စက်ထဲရောက် လာ တဲ့ ဆော့ဝဲလ်တွေ အားလုံးက စာရွက်ဖြူလေး တစ်ရွက်ပဲ တွေ့ရတယ်တဲ့ ဘာမှ သုံးလို့မရဘူးတဲ့.. ဘယ်လို လုပ်ရမလဲဆိုပြီး ကျနော့်ကိုမေးလာပါတယ်..။ 
 
သူ့ စက်ကို သေချာ ဖွင့်ကြည့်လိုက်မှ Winrar ဆော့ဝဲလ် မရှိလို့ ထည့်ပေးလိုက်မှ အဆင်ပြေသွားပါတယ်..။ သူ့ကို တစ်ခါတည်း Winrar သုံးနည်းလေးပါ အောက်ကပုံလေးတွေ အတိုင်း ပြောပြလိုက်ပါတယ်.. 

 

ဒါကတော့ ချုပ်နည်းပါ..။ ပြန်ဖြည်တဲ့ နည်းကိုတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

 

 

winrar နဲ့ ချုပ်ထားတဲ့ ဖိုင်ကို ဘယ်နှစ်ခါပဲဖြည်ဖြည် ကုန်သွားတယ်လို့ မရှိပါဘူး..။ မူရင်းဖိုင် ကတော့ အထဲ မှာ ကျန်နေတုန်းပါပဲ..။


http://lwinminbo.blogspot.my/2012/02/winrar.html


No comments:

Post a Comment