01 October 2017

ဘင်္ဂါလီ ခိုးဝင်ပြဿနာနှင့် သမိုင်းဝင် စာရွက်စာတမ်း အထောက်အထားများ




၁၉၇၁ ခုနှစ် က ဘင်္ဂလားဒေ့ရှ်မှာ စစ်ဖြစ်တော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် မြန်မာနိုင်ငံဘက်ကို ၅သိန်း ဝင်လာတယ် ။ ဒီ ဒုက္ခသည် ၅သိန်း ဝင်လာတယ် ဆိုတာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးထံ ဝန်ခံထားခဲ့ပြီးဖြစ်ပါတယ် ။
အဲဒီ ဒုက္ခသည် တွေမြန်မာပြည်မှ ပြန်ထွက်သွားသည့် အထောက်အထား မတွေ့ရဘူးလို့ အမေရိကန်
ပါမောက္ခ VOA မှ တစ်ဆင့်ပြော ။
ဒီသတင်း မှန်ကန်ကြောင်း အထောက်အထားများကို အောက်တွင် ဦးကိုကိုလှိုင် မှ တင်ပြထား။


ဘင်္ဂါလီ ခိုးဝင်ပြဿနာနှင့် သမိုင်းဝင် စာရွက်စာတမ်း အထောက်အထားများ
ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာနှင့် ပတ်သက်၍ အနောက် အုပ်စုနှင့် တစ်ချို့သော နိုင်ငံတစ်ကာ အဖွဲ့ အစည်း များက မြန်မာ ပြည်သူတို့၏ အောက်ပါ ရပ်တည်ချက်များ အပေါ် လုံးလုံး လျားလျား ငြင်းပယ်ခြင်း၊ အရေးမကြီး သယောင် ဘေးဖယ်ထားခြင်း နှင့် မဖော်ပြဘဲ ဖုံးကွယ် ချန်လှပ်ထားခြင်း စသည့် နည်းလမ်း များဖြင့် သေးသိမ်မှေးမှိန် ၍ ပျောက်ကွယ်သွားအောင် ပြုလုပ်ထားကြ သည်။ 

ယင်းတို့မှာ- ရိုဟင်ဂျာ လူမျိုး ဟူသော အမည် မှာ ဗြိတိသျှ ကိုလိုနီ ကာလတစ်လျှောက်လုံး တရားဝင် စာရွက် စာတမ်းများတွင် လုံးဝ မပါရှိသော အမည်ဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက် ပိုင်း နိုင်ငံရေး အရ လူမျိုးသစ် တစ်ခုအဖြစ် ဖန တီးရန် တီထွင်လာခဲ့သော အမည်တစ်ခု ဖြစ်သည်။ ထို အသိုက်အ၀န်းကို ဗြိတိသျှတို့ က စစ်တကောင်းသားများ Chittagonian ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။

မြန်မာနိုင်ငံ၌ တောင်အာရှ ဒေသမှ ၀င်ရောက်လာသူများနှင့် ပတ်သက်၍ 
ပန်ဂျပ် ဒေသမှ လာလျှင် ပန်ချာပီ၊ 
မဒရပ်မြို့မှ လာလျှင် မဒရာစီ၊ 
တမီလ်နာဒူး မှ လာလျှင် တမီလ်၊ 
နီပေါမှ လာလျှင် နေပါလီ၊ 
ပူရ်နေး မှ လာလျှင် ပုဏ္ဏား ဟူ၍ ခေါ်ဝေါ်ကြသည်။

ထို့အတူ ဘင်္ဂလားဒေသမှ လာသူများကို လည်း ဘင်္ဂါလီ ဟု ခေါ်ခဲ့ကြသည်။ ဘင်္ဂါလီ ဆိုသည်မှာ အိန္ဒိယ 
တိုက်နယ် အရှေ့ပိုင်း ရှိ ဘင်္ဂလား ဒေသတစ်ခုလုံး၌ နေထိုင်သူများ ဖြစ်ကြပြီး အရှေ့ ဘင်္ဂလား၌ မွတ်စလင် ဘင်္ဂါလီများ၊ အနောက် ဘင်္ဂလား၌ ဟိန္ဒူဘင်္ဂါလီများ ဟူ၍ လူမျိုးတူ၊ ဘာသာ ကွဲ အုပ်စုနှစ်ခု ရှိသည်။

 နောင်တွင် အနောက် ဘင်္ဂလားသည် အိန္ဒိယ သမ္မတနိုင်ငံ၏ ပြည်နယ် တစ်ခုဖြစ်သွားပြီး အရှေ့ဘင်္ဂလား မှ အရှေ့ပါကစ္စတန်၊ ယင်းမှ ဘင်္ဂလားဒေ့ရှ် ဟူ၍ ဖြစ်လာသည် ။ ထို့ကြောင့် ဘင်္ဂါလီ ဟု ခေါ်ခြင်းမှာ အရှေ့နှင့် အနောက်နှစ်ခုပေါင်း ဘင်္ဂလားဒေသမှ လာသူများကိုသာ ဆိုလိုသည်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (ဘင်္ဂလားဒေ့ရှီ) များကို ဆိုလိုခြင်းမဟုတ်။ စစ်တကောင်း သည် ဘင်္ဂလားဒေသ အ ရှေ့ တောင် စွန်း၌ တည်ရှိ၍ ယင်းဒေသမှ လာသူများကိုလည်း ဘင်္ဂါလီ သို့မဟုတ် စစ်တကောင်းဘင်္ဂါလီ ဟု ခေါ်ခဲ့ကြသည်။

စစ်တကောင်းဒေသမှ ဘင်္ဂါလီများသည် ကိုလိုနီ ကာလအတွင်းက လူဦးရေနည်းပါး ၍ မြေဆီ သြဇာ ကောင်း မွန်သော ရခိုင်ဒေသ သို့ လုပ်အားခ ချိုသာသော အလုပ်သမား များ အဖြစ် အလုံးအရင်းဖြင့် ၀င်ရောက်ခဲ့ ကြသည်။ နယ်မြေ နီးစပ်သော ဘူးသီး တောင်နှင့် မောင်တောဒေသ၌ လူများစု ဖြစ်လာပြီး ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် ဂျပန်အ၀င် အင်္ဂလိပ် အဆုတ်ကာလ တွင် ကြီးမားသော လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ 

ဘူးသီးတောင်နှင့် မောင် တောဒေသ၌ ရခိုင်ရွာ အများစု လုံးဝ ဖျက်ဆီး ခံခဲ့ရသည် ။ စစ်ကြီးပြီးသော အခါ ယင်းဒေသသို့ အင်္ဂလိပ် တပ်များနှင့် အတူ ဘင်္ဂါလီများ ပြန်လည် ၀င်ရောက် အခြေချ ကာ လွှမ်းမိုးထားခဲ့ သည်။ 

အရှေ့ ပါကစ္စတန် နိုင်ငံသစ် အတွင်းသို့ ဘူးသီးတောင်နှင့် မောင်တောဒေသ တို့အား ထည့်သွင်း ပူးပေါင်း ရန် လက်နက်ကိုင် မူဂျာဟစ် လှုပ်ရှားမှု ကို မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီကပင် စတင် လုပ်ဆောင်၍ ပုန်ကန်ခဲ့ကြသည်။










လွတ်လပ်ရေး ရပြီးနောက် ကိုလိုနီခေတ် အတွင်း ၀င်ရောက် အခြေချနေထိုင်ခဲ့သူ အားလုံးကို မြန်မာနိုင်ငံ သားအဖြစ် ဆက်လက် နေထိုင်လိုပါက နိုင်ငံသား အဖြစ် ရွေးချယ် ခံယူခွင့်ပြုခဲ့သည်။ သို့သော် ထိုကာလ နောက်ပိုင်းတွင် တရားမ၀င် ခိုးဝင်လာသူ များကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်ရန်သာ ဖြစ်တော့ သည်။ 

အရှေ့ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အဖြစ်ရောက်ရှိခဲ့ချိန် များတွင် ယင်း ဒေသမှ စစ်တကောင်း 
ဘင်္ဂါလီ အများအပြား သည် သဘာဝဘေးနှင့် စစ်ဘေးတို့ကြောင့် မြန်မာနိုင်ငံ ရခိုင်ဒေသ အတွင်းသို့ ထွက် ပြေး ခိုးဝင်လာမှုများရှိခဲ့သည်။ 

၁၉၇၁ ခုနှစ် တွင် စစ်ဘေးကြောင့် ၀င်ရောက် လာသူများ ကို နှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြန်ပို့ ခဲ့သော် လည်း အများအပြားမှာ မျိုးနွယ်တူ၊ ဘာသာတူ လူ့အဖွဲ့အစည်းအတွင်း ရောနှော ၍ နေထိုင် ကျန်ရစ်ခဲ့ကြသည်။ ယင်းတို့ကို ခွဲခြား စိစစ်ရန် မြန်မာနိုင်ငံ အစိုးရက ကြိုးပမ်း သောအခါ အစစ်ဆေး မခံလို သူများ နယ်စပ် 
တစ်ဖက်သို့ အလုံးအရင်းဖြင့် ထွက်ပြေးခဲ့ကြရာမှ ပြဿနာဖြစ်ခဲ့ပြီး နိုင်ငံတစ်ကာ ဖိအားကြောင့် ပြန်လည်လက်ခံခဲ့ရသည်။

၁၉၉၁ ခုနှစ်တွင် စွမ်းအားပြင်းထန်သော စူပါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် စစ်တကောင်းဒေသ၌ လူသိန်းချီ သေဆုံးပြီး မြန်မာ နိုင်ငံဘက်သို့ ဘင်္ဂါလီ အများအပြားပြေးဝင် လာခဲ့ကြပြန်သည် ။ (နိုင်ငံတစ်ကာ ဒုက္ခသည် ကွန်ဗင်းရှင်း အရ သဘာဝဘေး ခံစားရ၍ တစ်ခြားနိုင်ငံသို့ ပြေးဝင် လာသူများကို ဒုက္ခသည် ဟု သတ် မှတ် ခံရခြင်းမရှိပါ) ထို့ ကြောင့် ၀င်ရောက်လာသူများ ပြန်လည်ပို့ ဆောင်ရန် စစ်ဆေးသောအခါ
နောက်တစ် ကြိမ် တစ်ဖက်သို့ ပြေးကြပြန်သည်။ 

တစ်ဖက်နိုင်ငံကလည်း ၎င်းတို့၏ နိုင်ငံသား များ မဟုတ်ဟု ဆိုကာ လက်ခံရန် ငြင်းဆို ခဲ့သည်။ ဤသို့ဖြင့် နောက်တစ်ကြိမ် ပြဿနာ ဖြစ်ရပြန်သည်။ နိုင်ငံတစ်ကာ ဖိအားကြောင့် နောက်တစ်ကြိမ် လက်ခံခဲ့ရပြန်
သည်။ ယခု တစ်ကြိမ်တွင် ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘော တူညီချက်ဖြင့် မြန်မာနိုင်ငံ၌ နေထိုင်ခဲ့ ကြောင်း အထောက်အထားပြနိုင်မှသာ စိစစ် လက်ခံခဲ့သည်။

အဓိက ပြဿနာမှာ အနောက် မီဒီယာ များက မြန်မာနိုင်ငံ အစိုးရသည် ဘင်္ဂါလီ အားလုံးကို ခိုးဝင်လာသူများဟု သတ်မှတ် ထားကြောင်း မမှန်မကန်ပြောဆိုကာ ဇာတ် နာအောင် လုပ်ကြံ ဖန်တီးထားခြင်းဖြစ် သည် ။ ထို့ပြင် ယင်း ဘင်္ဂါလီများသည် ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းရာနှင့် ချီကာ မြန်မာနိုင်ငံ ၌ နေထိုင်ခဲ့ 
ကြသူများဖြစ်သော်လည်း နိုင်ငံသားဖြစ်ခွင့်မှ ငြင်းပယ်ထားခြင်း ခံနေရသည်ဟု စွပ်စွဲလေ့ရှိသည်။ 

ယင်းမှာ အမှားနှင့် အမှန်ကို ရောထွေး၍ အများ အမြင်တွင် မြန်မာနိုင်ငံကို တစ်ဖက်သတ် တရားခံဖြစ်အောင် အကွက်ချ လုပ်ကြံခြင်း ဖြစ်သည်။ အဖြစ်မှန်မှာ မြန်မာနိုင်ငံ အစိုးရ သည် ကိုလိုနီခေတ်က နေထိုင်ခဲ့ကြသူများကို နိုင်ငံသား ခံယူခွင့်ပြုထားပြီးဖြစ်သည်။

 နောက် ပိုင်းမှ ခိုးဝင်လာသူများကို နိုင်ငံသားဖြစ် ခွင့် မပြုနိုင် ပါ။ ထိုသို့ ခိုးဝင်လာသမျှ ခွင့်ပြု လိုက်ပါက လူဦးရေ အများဆုံး ကမ္ဘာ့ထိပ် တန်းနိုင်ငံ နံပါတ်(၁) ၊ နံပါတ်(၂)နှင့် နံပါတ် (၈) တို့ကြား ရပ်တည်နေရသော မြန်မာ နိုင်ငံသည် နှစ်အနည်းငယ် အတွင်း လူမျို၍ လူမျိုးရော နိုင်ငံပါ ပျောက်သွားလိမ့်မည်။

ယင်းမှာ ကိုလိုနီထက် မြန်မာက ပိုဆိုးသော အခြေအနေဖြစ်သည်။ ထို့ကြောင့် နိုင်ငံသား ဥပဒေကို တင်း
တင်း ကျပ်ကျပ် ချမှတ်ထား ရခြင်းဖြစ်၏။

ဤတွင် အနောက် မီဒီယာများနှင့် အနောက်အုပ်စု၏ အမြင်အရ ဘင်္ဂါလီမှန် သမျှ ခိုးဝင်မရှိ၊ နှစ်ပေါင်းရာနှင့်ချီ၍ နေထိုင် ခဲ့ကြသူများဖြစ်သည် ဟူသော အချက်ကို ခိုင်ခိုင် မာမာပြန်လည်ချေဖျက်ရန် လိုလာ သည် ။ 

ယင်း အတွက် ထိုစဉ်က အနောက် နိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန် ရှိသူများ ကိုယ်တိုင် မြန်မာနိုင်ငံ ၌ ခိုးဝင် ဘင်္ဂါလီ အမြောက်အမြား ရှိပါသည် ဟု ဖော်ပြ ထားသော စာရွက်စာတမ်း အထောက်အထား များ ရှိနေပါသည်။ ယင်းတို့ကို လူသိများနိုင် သမျှ များအောင် လုပ်နိုင်မှသာ မျက်စိမှိတ် ၍ ခြေစုံကန်ငြင်းနေသူများနှင့် မသိဟန် ဆောင်နေသူများကို မငြင်းနိုင်အောင် သတင်း အချက်အလက် အမှန်အကန် များဖြင့် လုပ် ဆောင်နိုင်ပါလိမ့်မည်။

ပထမဆုံး အထောက်အထားမှာ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး တဲရင့်စ် အိုဘရိုင်ယန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး က၀ါဂျာမိုဟာမက်ကိုင်ဇာ တို့ ၂၃-၁၂-၁၉၇၅ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံမှု မှတ်တမ်းကို အထက်ဌာနသို့ တင်ပြ ထားသည့် အတွင်းရေး စာတစ်စောင်ဖြစ် သည်။ 

အဆိုပါ စာတွင် ဘင်္ဂလားဒေ့ရှ်မြန်မာ ဆက်ဆံရေး နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး က “ ရခိုင်ဒေသ၌ ဘင်္ဂလားဒေ့ရှ် မှ ကျူးကျော် ၀င်ရောက်လာသူ ဦးရေ သန်းတစ်ဝက် (ငါးသိန်း) ခန့် အထိ 
ရှိပြီး မြန်မာဘက်မှ ယင်းတို့ကို နှင်ထုတ်ရန် အခွင့်အရေး ရှိပါသည်” ဟု ၀န်ခံကြောင်း ပါရှိသည်။ 

သို့သော် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၌ ဒုက္ခရောက် နေသည့် ယခုလို အချိန်တွင် (ထိုစဉ်က ဘင်္ဂလားဒေ့ရှ်၌ ၀န်ကြီးချုပ် ရှိတ်မူဂျီဘူရာမန် လုပ်ကြံခံခဲ့ရပြီးနောက် အာဏာသိမ်းမှု ဖြစ်ပွားပြီး ကာလဖြစ်သည်) ဘင်္ဂလားဒေ့ရှ် ကို ဤကိစ္စနှင့် ပတ်သက်၍ ဖိအားမပေး သင့်ကြောင်းနှင့် မိမိတို့နိုင်ငံ ကံဆိုးမိုးမှောင် ကျနေစဉ် ဤကိစ္စအပေါ် မြန်မာဘက်က အခွင့်ကောင်းယူ အမြတ်မထုတ်သည့် အတွက် ၀မ်းသာမိကြောင်း ၎င်းကပြော ကြားခဲ့သည်ဟုဆိုသည်။

အဆိုပါစာကို အပြည့်အစုံ ဖတ်ရှုနိုင်ရန် ရရှိထားသော ဓာတ်ပုံ မိတ္တူကို ပူးတွဲ၍ တင် ပြလိုက်ပါသည်။ 

ထိုစာကို ဖတ်ပြီးနောက် လိုအပ်သည်မှာ ယင်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက တိုင်ထားသည့် ကျူးဝင်သူ ဦးရေ ငါးသိန်း ဆိုသည်မှာ ယခုအခါ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီ ဖြစ်ရာ လူဦးရေ တိုးနှုန်းနှင့် တွက်ဆပါက 
ယင်း တို့မှ ပေါက်ဖွားလာသူ ရခိုင်ဒေသ၌ မည်မျှရှိနိုင်ပါပြီနည်း။ 

ယင်း ပုစ္ဆာကို လူဦးရေ သင်္ချာ ကျွမ်းကျင်သူများ ကသာ နီးစပ်စွာ အဖြေထုတ်နိုင်ကြဖွယ် ရှိပါမည် ။ ဆက် လက် ၍ ရှာဖွေ ရရှိသော စာရွက်စာတမ်း အထောက် အထား များဖြင့် ယင်း ခိုးဝင်ပြဿနာကို ဖော်ထုတ်တင်ပြ ပါဦးမည်။

 လေ့လာသူများ၊ သုတေသီများ နှင့် အမှန် တရား လိုလားသူများ ဆက်လက် လေ့လာနိုင်ပါစေကြောင်း ဆန္ဒပြု အပ်ပါသည်။ ။

ကိုကိုလှိုင်
 Thein Htoon

No comments:

Post a Comment