15 October 2017

အင်တာနက် ကနေ အသေးစား စီးပွားရေး လုပ်တော့မယ်ဆိုရင်



အင်တာနက်ကနေ အသေးစား စီးပွားရေးလုပ်ငန်းတွေ လုပ်တော့မယ်ဆိုရင် မိမိ ကိုယ်ပိုင် ဝက်ဘ်ဆိုက်ထောင်ထားပါ ။ ရောင်းချမယ့် ထုတ်ကုန်နဲ့ ပတ်သက်တဲ့ ပုံ၊ အကြောင်းအရာတွေကို သုံးစွဲသူတွေရဲ့ အီးမေးလ် ဆီ အမြဲပို့ပေးနေပါ။ Boost လုပ်ပါ။

ဝက်ဘ်ဆိုက်မှာ ဆိုရင်လည်း နောက်ခံ ဘက်ဂရောင်း အဖြူရောင်ပေါ်မှာ မိမိရဲ့ လုပ်ငန်းနာမည်ကို ဖောင့်စာလုံးကြီးကြီးနဲ့ ရှင်းနေအောင် တင်ထားပါ။ ဝင်ရောက်တဲ့ Home/about us ပေ့ခ်ျတိုင်း ကို တစ်ခုနဲ့တစ်ခုအနည်းငယ် ကျဲပြီး ပေ့ခ်ျ တစ်ခုတိုင်းကို ဝင်လိုက်တိုင်း အကြောင်းအရာတွေကို ရှင်းအောင်ဖော်ပြထားပါ။ 
ဂရပ်ဖစ်၊ အော်ဒီယို၊ ဗီဒီယိုကို သာသုံးပါ။

အီးမေးလ်ကနေ ကြော်ငြာတာ သုံးစွဲသူတွေဘက်က မိမိ ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်တဲ့အခါ ၀င်လာတဲ့ အီးမေးလ်တွေ စုဆောင်းထားပါ ။ opt-in list တွေကို တည်ဆောက်ထားပါ ။ ရှိသမျှ အီးမေးလ် အကောင့်တွေ ကို မိမိရဲ့လုပ်ငန်း ထုတ်ကုန်အကြောင်းကိုသေချာ ရှင်းပြ မိတ်ဆက်ပြီး အီးမေးလ်ပို့ပါ။

အီးမေးလ် နဲ့ မာကတ်တင်း လုပ်ဆောင်တာက လက်ကမ်းစာစောင်တွေ၊ တီဗီ ချန်နယ်တွေနဲ့ ရေဒီယိုတွေကနေ ကြော်ငြာတာထက် ပိုပြီး ထိရောက်မှုရှိကာ အချိန်ကုန် လူပင်ပန်းငွေကုန် သက်သာစေတဲ့ နည်းဖြစ်ပါတယ်။

အီးမေးလ် ပို့မယ်ဆိုရင် ကိုယ့်ရဲ့ ထုတ်ကုန်ကို ဆွဲဆောင်မှု ရှိစေတဲ့ logo ဒီဇိုင်းနဲ့ ရုပ်ပုံ အပါအဝင် ပို့ပါ ။ 
စာချည်းပဲ သီးသန့် မပို့ပါနဲ့။ ကုန်ပစ္စည်းအသစ် ရောင်းမယ်ဆိုတိုင်း ဝက်ဘ်ဆိုက် လင့်ခ်နဲ့ တွဲလျက် အမြဲပို့ပါ။


မိမိရဲ့ ဝက်က်ဆိုက်ထဲ ဝင်ရောက်လာနိုင်အောင် ဆွဲဆောင်မှု ရှိတဲ့ animation ဗီဒီယိုလေးတွေနဲ့ ကြော်ငြာ တစ်ခု လုပ်ပြီး ချက်ဘောက်စ်တွေကနေ ပို့ပေးနေပါ။



ဆိုရှယ်မီဒီယာမှာ ဆိုရင် friend list ထဲမှာ ရှိတဲ့ သူတွေဆီကို မိမိရဲ့ ဝက်ဘ်ဆိုက်လင့်ခ် ကို မာကတ်တင်းဆင်းဖို့ အတွက် တောင်းဆိုမှု တစ်ခုအနေနဲ့ သေချာ ရှင်းပြပြီး ဝင်ကြည့်ပေးဖို့ပို့ပြောပါ။ ကျေးဇူးတင်ကြောင်းအမြဲရေးပို့ပါ။

ဝယ်ချင်လာအောင် သူများထက် အရင် ဦးအောင်ကြိုရောင်းပါ။ အခြေခံကျပြီး လေးနက်တဲ့ အရာတွေကို ဖိုးကပ်စ်ထားပါ။ နောက်ပြီး လူအများစု ကြိုက်နှစ်သက်တဲ့ popping (ခေတ်စကား ဖြစ်တဲ့ အရာတွေနဲ့ ပတ် သက်တဲ့ ပစ္စည်းအမျိုးအစားတွေကို သိအောင်လေ့လာပါ။ 

ဥပမာ...  အစားအသောက်ပိုင်းမှာ ဆိုရင် ကိုးရီးယားနိုင်ငံမှာ နာမည်ကြီးတဲ့ ကင်ချီ၊ ထမင်းလိတ်၊ ပဲခေါက်ဆွဲ စတာတွေကို ရောင်းချတဲ့ ဈေးနှုန်းထက် သိသိ သာသာလျှော့ရောင်းပြီး အိမ်အရောက်ပို့ စနစ်ဒါမှ မဟုတ် ပို့ခလျှော့ယူပါ။

အဝတ်အထည်ပိုင်းမှာ ဆိုရင်လည်း လက်ရှိ နာမည်ကြီးနေတဲ့ ခါးတို ဒီဇိုင်းတွေက စတဲ့ ပုံစံတွေကို အင်တာနက် ဘရောက်ဇာ ကနေ နာမည်ကြီးနေတဲ့ အဝတ်အထည်တွေကို ရှာရိုက်ပါ။

နာမည်ကြီးနေတဲ့ ဒီဇိုင်းတွေကို လင့်ခ်နဲ့ တွဲကြည့်နိုင်တဲ့ အပလီကေးရှင်းတွေလည်း ရှိပါတယ် ။ အဲသည် အက်ပ်တွေကနေ ဝင်ရောက်ပြီး အမြဲ အပ်ဒိတ်ဖြစ်တဲ့ ဒီဇိုင်းတွေကို ရှာဖွေပြီးရောင်းချဖို့ ဝယ်ယူတင်သွင်းထားပါ။

များများရောင်းပါ
လက်ဖြစ် (handmade) ပစ္စည်းတွေဆိုရင် လူတိုင်းလိုလို စိတ်ဝင်စားကြပါတယ်။ ကီးချိန်း၊ အဝတ်အထည်၊ ဘောင်းဘီ၊ ဖိနပ်တွေကို ဒီဇိုင်း ဆန်းပြားအောင် handmade တွေကို ယူကျူ့ဘ် ရဲ့ tutorial နမူနာတွေကိုဝင်ကြည့်ပြီး လက်တွေ့လုပ်ကြည့်ပါ။ Goo-gle ကနေလည်း ရှာဖွေပြီး hand-made လုပ်နည်းတွေလေ့လာနိုင်ပါတယ်။

ကိုယ်ပိုင် အိုင်ဒီယာနဲ့တွေးပြီး တွဲလုပ်ရင်တော့ ပိုကောင်းပါတယ် ။ နမူနာမတူတဲ့ သုံးထည်လောက်ကို စမ်းလုပ်ကြည့်ပြီး အွန်လိုင်းမှာ ရောင်းချပါ။ အရောင်းရဆုံး တစ်ခုကို အဓိကထားပြီး များများလုပ်ထားပါ ။ 

ဝယ်ယူတဲ့ သုံးစွဲသူတွေကိုလည်း ဘယ်လိုပုံစံ ကြိုက်နှစ်သက်လဲဆိုတာ မေးပြီး အနီးစပ်ဆုံး သူတို့လိုချင်တဲ့ပုံစံမျိုးကို စိတ်ကူး အိုင်ဒီယာထွင်ပြီး လုပ်ကြည့်ပါ။ မိမိရဲ့ရောင်းကုန်တွေကို သုံးစွဲသူတွေ အကြိုက်တွေ့လာမှာ ဖြစ်ပါတယ်။

Author – မေဘယ်လ်
Credit: Kumudra



No comments:

Post a Comment