08 October 2017

ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက်ကိစ္စ ဖြေရှင်းကြစဉ်က



ဘင်္ဂလားဒေ့ရှ် နဲ့ ရေပိုင်နက် ကိစ္စ ဖြေရှင်းကြစဉ်က မြန်မာဘက်က တိုင်းတာရေး ပညာရှင် အဖြစ်ဆောင် 
ရွက် ခဲ့တဲ့ ရေတပ် တိုင်းတာရေးတပ်မှုး ဗိုလ်မှူးချုပ် မင်းသိမ်းတင့် (ဗိုလ်ရွှေမင်းသိမ်း) ရဲ့ အတွေ့ အကြုံ အကျဉ်း ရေးသားထားချက်ကို ပြန်လည်ဝေမျှ တင်ပြပေးလိုက်ပါတယ် ။

ဘကုန်း အကြောင်း သိမှတ်ရန် ၊

စာမရေးဖြစ်တာကြာပါပြီ ။ ရေးစရာပေါ်လာတော့ ရေးမှဖြစ်မယ် ဆိုပါတော့ ။ ဘကုန်း အကြောင်းပါ ။


စင်္ကာပူကို စလုံး ၊ ယိုးဒယား ကို ယပလက် ၊ ကိုရီးယား ကို ကကြီး လို့ ကျွန်တော် တို့ ရွှေမြန်မာတွေက ခေါ်နေ ကြမို့ ဘင်္ဂလားဒေ့ရှ် ကို ဘကုန်းပေါ့ဗျာ၊ ဘကုန်း အကြောင်းတော့ ကျွန်တော့် လုပ်ငန်း တာဝန်နဲ့ ဆက်စပ်ပြီး ဆက်ဆံရ၊ ငြင်းခုံရ၊ တရားရုံးရင် ဆိုင်ရမို့ သူတို့စရိုက်၊ သူတို့ အထာလေးတွေ သိသလောက် အ များ သိအောင်ဝေငှပေးတဲ့ သဘောပါ။

သူတို့နဲ့ ကျွန်တော်တို့ ပင်လယ်ပြင် နယ်နိမိတ် ခွဲခြားသတ်မှတ်ရေး ကိစ္စမှာ ကျွန်တော် က မြန်မာနိုင်ငံဘက်က နည်းပညာပိုင်း ကျွမ်းကျင်မှု ကော်မတီဥက္ကဌ တာဝန်ယူခဲ့ရပါတယ် ။ ရေတပ်တိုင်းတာရေး တပ်မှူး ဆိုတော့ လည်း လူကြီးတွေကလည်း တာဝန်ပေးခဲ့တာပါ ။


တစ်ကယ်တော့ တပ်မှူးတာဝန် မယူခင်ကတည်းက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ၁၉၇၄ ခုနှစ်က စပြီး ဒီနယ်နိမိတ် ကိစ္စကို သတ်မှတ်ဘို့ ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ၁၉၈၆ ခုနှစ်ထိ အကြိမ်ပေါင်း (၈) ကြိမ် ဆွေးနွေး ခဲ့ကြပါတယ် ။ 

၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ (၆) ကြိမ် ထပ် ဆွေးနွေးပါတယ် ၊ အဆင်မပြေပါဘူး ။ သူတို့ လိုချင်တဲ့မျဉ်း သူတို့တောင်း ၊ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ လိုချင်တဲ့မျဉ်း ကိုယ်တောင်းပေါ့ ။ အပြန် အလှန်ပေါ့ဗျာ ။ ဒါပေမဲ့ နိုင်ငံ တစ်ကာမှာ ကျင့်သုံးတဲ့၊ လက်ခံတဲ့ နည်းစနစ်ဖြစ်ရပါမယ် ။ ဒီမှာလည်း ကုလသမဂ္ဂ ဆိုင်ရာ ပင်လယ်ပြင် ဥပဒေက သတ်မှတ်ချက် တစ်ခုက တရားမျှတမှု ရှိရမယ်ဆိုတဲ့ အချက် ပါတာပေါ့လေ ။ 

ဒီအချက်ကို သူတို့က ကိုင်ပြီး သူတို့ဟာ အိန္ဒိယနိုင်ငံ နဲ့ မြန်မာနိုင်ငံကြား ခွက်ဝင် နေတဲ့ ကမ်းရိုးတန်း ပုံစံ ရှိနေ တာမို့ နိုင်ငံတစ်ကာ လက်ခံတဲ့ အကွာအဝေး မျဉ်းတူနဲ့ ပိုင်းခြားရင် နစ်နာပါတယ် ။ မြန်မာနိုင်ငံဟာ 
ကမ်းလွန် ရေတိမ်ပိုင်း ပိုင်ဆိုင်ခွင့် မရှိပါဘူး ။ 

ပင်လယ် အောက်ခံကြမ်းပြင်က မြေသား အနည် အနှစ်တွေဟာ သူတို့မြစ်တွေက မြောက်ဘက်မှ တောင်ဘက်ကို အနည်ကျလို့ ဖြစ်လာတာမို့ သူတို့ ပိုင်ဆိုင်တာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း က ကျတဲ့ အနည် အနှစ် မဟုတ်ဘူးပေါ့ ။ ဒါကြောင့် ရခိုင် ကမ်းရိုးတန်းရှေ့က ရေပြင်ဟာ မြန်မာနိုင်ငံ မပိုင်ဘူးလို့ ဆိုပါ တယ်။

ဒီမှာတင် ကျွန်တော်တို့ ဘူမိဗေဒ ပညာရှင်တွေက သမုဒ္ဒ ရာကြမ်းပြင် Plate အချပ်တွေ နဲ့ စာတမ်းတွေ နဲ့ 
ရှင်းပြရတယ် ။ ကမ္ဘာ့နိုင်ငံတွေ ဘေးချင်း ကပ်နိုင်ငံတွေကို နိုင်ငံတစ်ကာ တရားရုံးက သတ်မှတ်ပေးတဲ့ အကွာ အဝေးတူ မျဉ်းစနစ်နဲ့ သတ်မှတ်ပေးခဲ့တဲ့ Case များစွာနဲ့ တင်ပြရပါတယ် ။


နတ်မြစ်ဝ အပြင်ဘက်မှာ သူတို့လိုချင်တဲ့ မျဉ်းအတိုင်း မြန်မာ-ဘကုန်း နယ်နိမိတ်မျဉ်း ရှိ တယ် ဆိုတာ ဒေသခံသူတို့ ငါးဖမ်းလှေတွေ သိကြောင်း၊ ငါးမဖမ်းမီ သူတို့ ရေတပ် အရာရှိတွေ ကပြောကြားပြီး လက်မှတ် ထိုးစေကြောင်း စာရွက် စာတမ်းတွေနဲ့ ခုံရုံး တင်ပါတယ် ။ ကျွန်တော်တို့ ဘက်က စစ်လိုက်တော့ ငါးဖမ်းသမားအားလုံးရဲ့ လက်ရေးတွေ အားလုံး တူနေတာ၊ ငါးဖမ်းသမား မွေးသက္ကရာဇ်က မနှစ်ကမှ ဖြစ်နေတာတွေ နဲ့

 ပြန်တင်ပြတော့ အရှက်ကွဲကုန် တာပေါ့ ။

အခု ရခိုင် ကိစ္စမှာလည်း သတိပြုစရာပါ...ကလိမ်ကကျစ်တွေပါ ။ သူတို့မှာ ကျွန်တော်တို့ကို မနာလို မရှု့စိမ့်တာတွေရှိပါတယ် ။ .နေပြည်တော်မှာ သူတို့ လာတည်းပြီး ဆွေးနွေးပွဲ လုပ်တဲ့ အခေါက်ကဆို ကျွန်တော့် Countepart ကပြောတယ်...“ကြည့်စမ်းပါ အုံး...အဆောက်အဦ အသစ်တွေနဲ့ မြေ အကျယ်ကြီးနဲ့ မင်းတို့နိုင်ငံက တို့ထက် (၃) ဆကြီးပြီး တို့လူဦးရေက မင်းတို့ထက် (၃) ဆ များတယ် ။ 


မုန်တိုင်း၊ ရေကြီးတာ တို့ဆီမှာ နှစ်စဉ်ဘဲ...” ဆိုပြီး မနာလိုသံ တစ်ဝက် ညည်းသံ တစ်ဝက် နဲ့ ပြောနေတာမို့. ..ဘုရားပေးတဲ့ အတိုင်းရတာ ကံတရားပေါ့ကွာလို့ ပြောပစ်လိုက်တယ် ။ တစ်ကယ်တော့ ဒီခုံရုံး ရောက်ရတာ လဲ .ငြိမ်းချမ်း စွာ ညှိနှိုင်းဖြေရှင်းနေတုန်းမှာ...ဘာမပြော ညာမပြော အနုညာတ ခုံရုံး (Arbitration) နဲ့ ဖြေ ရှင်းမယ် ဆိုပြီး လှမ်းညှိပါတယ်။ သူတို့က ဒီလို အကျင့်မျိုးပါ။ 




သူတို့ပြောတဲ့ ဖြေရှင်းနည်းကို လက်မခံဘဲ ပိုပြီး စိတ်ချရတဲ့ ကမ္ဘာ့နယ်မြေ အပိုင်းအလိုက် အချိုးကျ ပါဝင်တဲ့ တရားသူကြီး (၂၁) ဦး ပါဝင်တဲ့ နိုင်ငံတစ်ကာ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ခုံရုံးကို လူကြီးတွေက ရွေးချယ်ခဲ့ပြီး ဆောင်ရွက်ခဲ့တာပါ ။

ဒီလိုဗျ...ခုံးရုံး မရောက်ခင် စဖြစ်လာတာက ကျွန်တော်တို့ ရေပြင်မှာ သတ်မှတ်ထားတဲ့ ရခိုင် ကမ်းလွန်လုပ်ကွက် အမှတ် (AD 7) နားကို သူတို့ စစ်သင်္ဘောရောက်လာပြီး ဒီနေရာ ရေပြင်ဟာ သူတို့ ရေပြင်ပိုင်နက်ဖြစ်တာမို့၊ ရေနံ ရှာဖွေရေး တိုင်းတာရေး လုပ်နေတဲ့ ရေယာဉ် တွေကို ထွက်ခွာခိုင်းတယ် ။ ကျွန်တော်တို့ စစ်သင်္ဘောတွေလည်း အဲဒီနေရာမှာ သင်္ဘော ချင်းဆိုင်ပြီး မဖယ်ပေးနိုင်ကြောင်း၊ ဒါ ဒို့ရေပြင်ဆိုပြီး အခြေအနေအတော် တင်းမာခဲ့ပါတယ်...စစ်ဖြစ်သွားနိုင်တယ်ပေါ့ဗျာ ။ .ရေတပ်စစ်ပွဲ ကနေ နိုင်ငံချင်း စစ်အထိ ကျယ်ပြန့် သွား နိုင်တာလည်း သတိပြုစရာပါ ။

နောက်တော့ နှစ်နိုင်ငံ စစ်ရေယာဉ်များ အဲ့ဒီ ဧရိယာမှာ မရှိဘို့ သဘောတူကြတယ် ။ ဒီ AD 7 လုပ်ကွက် ဆိုတာ ကလည်း သူတို့နဲ့ Friend Ship Line ဆိုပြီး သတ်မှတ်ထားတဲ့ မျဉ်းရဲ့ မြန်မာဘက်က ဧရိယာပါ...စားပွဲဝိုင်း ညှိနှိုင်းဆွေးနွေးပွဲမှာ သူတို့ရဲ့မတရား လိုချင်မှုကို လက်မခံလို့ စစ်ရေးနဲ့ စတဲ့သဘောပါ ။


နောက်ဆုံးတော့ တရားရုံးမှာ အဆုံးသတ်တာပါဘဲ ။ မျှမျှတတ ဆင်ခြင် ဆုံးဖြတ်တဲ့ တရားရုံးက ဆုံးဖြတ် သတ်မှတ်ပေးလိုက်တဲ့ ပင်လယ်နယ်နိမိတ် မျဉ်းအရ အဲ့ဒီ AD 7 က ကျွန်တော်တို့ ပိုင်သွားပါတယ် ။  ဒါကို ဘယ်သူတွေက မြန်မာတွေ ရှုံးတယ်ပြောနေရတာလဲ၊ အဲ့ဒီ အချိန်တုန်းက အတိုက်အခံ ပါတီ ကလည်း ဘာပဲဖြစ်ဖြစ်၊ မျက်စိမှိတ်ပြီး အဲ့ဒီတုန်းက အစိုးရကို အပြစ်တင် ချင်နေတော့ ၀ါဒဖြန့်တာပေါ့ဗျာ...ဒါနိုင်ငံရေးလားဗျာ ။

သတိရလို့ ပြောရအုန်းမယ်... ဘကုန်း ဘက်ကလည်း နိုင်ငံရေး ကောင်းကောင်းသုံး တယ်ဗျာ...မီဒီယာ ကို အသုံးချတာလေ ။

ခုံရုံး က ဟမ်းဘတ်မြို့၊ ဂျာမဏီ မှာပါ ။ ခုံရုံးမှာ အပြန်အလှန် ချေပကြရတာမို့ တစ်လ လောက်ကြာပါ တယ်။ကျွန်တော်တို့ အဖွဲ့ခေါင်း ဆောင်ကလည်း နိုင်ငံတော် ဘဏ္ဍာချွေတာလို့ ကျွန်တော်တို့ တစ်ဖွဲ့လုံး အလယ်အလတ် ဟိုတယ်လေးမှာ တည်းကြပါတယ် ။ ကျွန်တော်တို့ ငှားထားတဲ့ နိုင်ငံတစ်ကာ ရှေ့နေတွေကို တော့ သူတို့ရဲ့ စံနှုန်းအတိုင်း အကောင်းဆုံး ဟိုတယ်မှာ ထားပြီး ဆွေးနွေးစရာရှိရင် သူတို့ ဟိုတယ် သွားပြီးဆွေးနွေးပေါ့ ။ ဘကုန်းက အဖွဲ့တွေ အားလုံးနဲ့ သူတို့ ငှားထားတဲ့ ရှေ့နေကြီး တွေက 5 Star Hotel အဆင့်မှာဘဲ တည်းကြပါတယ် ။


တစ်ပတ်လောက်ကြာတော့ ကျွန်တော်တို့ ဟိုတယ်မှာ ဘကုန်း သုံးလေးယောက် နေတာ သတိထားမိ တယ် ။ မနက် Breakfast စားရင်း တွေ့တွေ့နေတာပေါ့...နောက်တော့ မှ သူတို့က ဗီဒီယို ကင်မရာ၊ ဓာတ်ပုံ ကင်မရာတွေနဲ့ ဘကုန်းက ခေါ်လာတဲ့ ဗီဒီယို ရိုက်ကူး ရေးသမားတွေဖြစ်နေတယ်...အချိန် နဲ့ တစ်ပြေးညီ ၀ါဒဖြန့်နေတာပါ ။

ခုံရုံး ဆုံးဖြတ်ချက်ချတဲ့ အခါကြတော့လည်း ပါလာကြတယ်...ခုံရုံး က ဆုံးဖြတ်ချက် ချတော့ သတ်မှတ်ပေး လိုက် တဲ့ ပင်လယ် နယ်နိမိတ် မျဉ်းညွှန်းရပ်က ၂၁၅ ဒီဂရီ ဆိုတာပါ တယ် ။ ဒါ့အပြင် ဒီ မျဉ်းရဲ့ညွှန်းရပ် စ တင် တဲ့ အမှတ်ရဲ့ တည်နေရာ လတ္တီတွဒ်၊ လောင်ဂျီတွဒ် လည်းပါတယ်...အဲဒါက အရေးကြီးပါတယ်...အဲဒါကိုလည်း မှတ်ထားပါတယ် ။ တရားရုံးထဲ မှာ ရေပုံပေါ် တင်ပြီး စစ်ဘို့ အခြေအနေ မပေးပါဘူး...ဒါပေမဲ့ ဒီ ၂၁၅ ဒီဂရီ ဆိုတာ ဘကုန်း တောင်းထားတဲ့ ဒီဂရီ ဆိုတာ ကျွန်တော်တို့ သိတယ် ၊ ဘယ်နေရာက စလဲက အရေးကြီး တယ် ။

ခုံရုံး ခဏနားတော့ ကျွန်တော်တို့နိုင်ငံအတွက် ပေးထားတဲ့ အခန်းထဲ ပြန်ပြေး၊ ရေပုံ ပေါ်မှာ အဲ့ဒီ အမှတ်ကိုတင် မျဉ်းကြောင်း ၂၁၅ ဒီဂရီကိုဆွဲ မျဉ်းရဲ့ကျွန်တော်တို့ ဘက်မှာ ကျွန်တော်တို့ ရေနံကွက်တွေ အကုန်လုံးအရင် အတိုင်းဘဲ...ရေနံ လုပ်ကွက်တွေ ရေပုံပေါ်မှာ နဂိုကတည်းက ဆွဲပြီးသားလေ...AD 7 အကွက် ကလေး က ကျွန်တော်တို့ ဘက်မှာ ပြုံးပြုံး လေးရယ်ပြနေသလို ။ 


ကျွန်တော်လည်း အဖွဲ့ခေါင်းဆောင်ကို အမြန်တင်ပြ၊ တရားရုံး ဆုံးဖြတ်ချက် တော်တော် များများက ကျွန်တော်တို့ ထင်တဲ့ အတိုင်းဖြစ်တာမို့၊ အားလုံးပြုံးပျော် နေကြပါတယ် ။ အဓိက ကတော့ ကျွန်တော်တို့ တင်ပြတဲ့နည်းလမ်း အတိုင်း ITLOS က ဆုံးဖြတ် လိုက်တာပါဘဲ ။ 

ဒါပေမယ့် အဲ့ဒီအချိန် ဘကုန်း ခေါင်းဆောင်ရှေ့မှာ မီးတွေထိုး၊ မိုက်ခွက်တွေနဲ့ ဗီဒီယို အဖွဲ့ပေါင်းစုံ အင်တာဗျူးနေတာ သူတို့ အဖွဲ့ခေါင်းဆောင်က နိုင်ငံခြားရေး ၀န်ကြီး အမျိုးသမီးလေ...ပြုံးစစ ရယ်ကျဲကျဲ နဲ့ အိုက် တင် အပြည့် အမေးအဖြေ လုပ်နေတာ...သူတို့ နိုင်သွားပြီတဲ့လေ ။ အဲဒါကိုကြားတဲ့ ကျွန်တော်တို့ဘက်က ရှေ့နေတွေက ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင်ကို အင်တာဗျူး လက်ခံဖို့နဲ့ ကျွန်တော်တို့ Win-Win ဆိုတာဖြေဘို့ တိုက်တွန်းပါတယ် ။ ကျွန်တော်ကလည်း ကျွန်တော်တို့ ရေနံ လုပ်ကွက်တွေ အားလုံး AD 7 အပါ အ၀င် ကျွန်တော်တို့ဘက်မှာ ရတဲ့အတွက် နိုင်ကြောင်းပြောဘို့ တိုက်တွန်းပါတယ် ။

ကျနော်တို့ အဖွဲ့ခေါင်းဆောင်ကြီးလည်း အတော် တွေးဆပြီး အင်တာဗျူး လက်မခံပါ ။ မကြာပါဘူး ကျွန်တော်တို့ အဖွဲ့ဝင်တွေဆီ မြန်မာ မိတ်ဆွေတွေက E-mail တွေနဲ့ မြန်မာ ရှုံးသွားပြီ ဆို... ဘာလဲ...ညာလဲ... Internet မှာ ဘကုန်းက တက်နေပြီ ဆိုပြီး မေးကြမြန်းကြပေါ့ခင်ဗျာ ။ 


ကျွန်တော်လည်း မိမိဆိုင်ရာ အထက်ဌာနကို အကြောင်းရင်း တင်ပြပါတယ်...အကြီးအကဲ ကတော့ ရေတပ်ကဖြစ်တော့ ဘကုန်းတောင်းတဲ့မျဉ်း ဒီဂရီ တန်ဘိုးအတိုင်း ခုံရုံးက ဆုံးဖြတ် ပေမဲ့ ဒီမျဉ်းရဲ့ စတင် အမှတ်က ကွာခြား တာမို့ သူတို့ တောင်းတဲ့ မျဉ်းအတိုင်း မဟုတ်ဘူးဆို တာ သဘောပေါက်ပြီးသားပါ ။

အဲဒီလို ဘကုန်းက မဟုတ်မမှန်တဲ့ သတင်းကို မျက်နှာပြောင်ပြောင် နဲ့ပြောပြီး ကမ္ဘာ ကို အမြန်ဆုံးသိအောင် ဖြန့်တတ်တဲ့ အကျင့်စရိုက် ရှိပါတယ်...ယခု ရခိုင် အရေးအခင်း မှာလည်း ဒီတိုင်း ဆိုတာ သတိပြုသင့်ပါ တယ်။

ဘကုန်း က မီဒီယာနဲ့ ပေါင်း၊ သူတို့ အစိုးရ သက်တမ်းမှာ အောင်မြင်မှု ရှိတယ်... နိုင်တယ် ဆိုတာကို အသိ ပညာ အားနည်း ပညာတတ် နည်းတဲ့ ပြည်သူ လူထုပေါ် ညာပြ၊ လိမ်ကြရင်းနဲ့ စည်းရုံး၊ နောက်သက်တမ်း မဲရဘို့ ကြိုးစားကြနဲ့ လုပ်တတ်တဲ့ သူတို့ အဖို့ ရိုးနေပါပြီ ။ ကျွန်တော်တို့ နိုင်ငံမှာလည်း သတိပြုသင့်ပါတယ် ။


အခုအချိန် Google မှာ ခေါက်ကြည့်ပါ...သူတို့ရဲ့ လွှင့်တင် ထားတဲ့ မြန်မာ ကို ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေး ခုံရုံးမှာ အနိုင် ရကြောင်း Website တွေဘဲတွေ့နေရ မှာပါ ။

ဒါကြောင့် ကျွန်တော်ထင်တယ်...Media ကို မကြောက်ဖို့ လိုပါမယ် ။ အသုံးချဖို့ လိုပါမယ်လို့ အကြံပြုအပ်ပါတယ်...။ 




ဗိုလ်ရွှေမင်းသိမ်း

#NayMinMaung



No comments:

Post a Comment