12 October 2017

စစ်သား ပီသသူများ တိုက်ကြတဲ့ စစ်ပွဲ (သို့) မဲသဝေါ တိုက်ပွဲ


၁၉၈၈ အရေးအခင်း ကာလအတွင်း မြန်မာနိုင်ငံ အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်စီးနေချိန်ကာလ အတွင်း ဗကပ ကွန်မြူနစ် တို့က ရှမ်းပြည်နယ် အရှေ့ပိုင်းမှ မိုင်းယန်း ကို လည်းကောင်း၊ KNU တို့က မဲသဝေါ ကိုလည်းကောင်း တစ်ချိန်တည်း တစ်ပြိုင်တည်း ချိန်ကိုက် တိုက်ခိုက်ကြခြင်းဖြင့် မြန်မာ့ စစ်သမိုင်းတွင် ရက် အရှည်ကြာဆုံး မဲသဝေါ တိုက်ပွဲကြီး စတင်ဖြစ်ပွားလေသည်။

တိုက်ပွဲ စတင်ဖြစ်ပွားခြင်း ၊

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့


မဲသဝေါစ ခန်းကြီး တစ်ခုလုံးအား ဒုဗိုလ်မှူးကြီး သီဟသူရကျော်ညွန့် ဦးစီးသည့် အမှတ် (၇၆)ခြေလျင်တပ်ရင်းက စခန်းထိန်း တာဝန်ယူထားရသည့် အချိန်ကာလ။


တပ်ရင်း တစ်ရင်းလုံး ဆိုသော်လည်း တပ်ခွဲ တစ်ခွဲမှာ ရှမ်းရွာသစ် ဆီသို့ ခရီးသွားနေရသဖြင့် ထိုအချိန်က မဲသဝေါ၌ တပ်ခွဲ ၄ ခွဲ မျှသာရှိ၏ ။ ထို တပ်ခွဲလေးခွဲအား မဲသဝေါ စခန်းအသီးသီး၌ ဖြန့်ခွဲ နေရာချထားရ၏။


စက်တင်ဘာ ၂၇ ရက်နေ့ နံနက်တွင် KNU အင်အား ၆၀၀ ခန့်သည် အံ့ကျော်ကုန်း ၏ ရှေ့ကာ တပ်စုအား လက်နက်ကြီး ပစ်ကူများဖြင့် တရစပ် ရုတ်တရက် အတင်းဝင်ရောက် တိုက်ခိုက်ကြတော့၏။


တစ်ချိန်တည်း တစ်ပြိုင်တည်း မှာပင် အင်အား ၁၀၀၀ ခန့်က ကဆာနလီကုန်း နှင့် မဲသဝေါ ပင်မစခန်းကြီးအား လက်နက်ကြီး ပစ်ကူများနှင့် အတင်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ KNU တို့သည် မြောက်ဘက်ရှိ ကုန်းများမှ ဝင်ရောက် တိုက်ခိုက်ကြသည်သာ မက သောင်းရင်းမြစ်ကြောင်းကို အသုံးပြုပြီး စက်လှေများ ၊ မော်တော်များဖြင့် တပ်များ စေလွှတ်ကာ မဲသဝေါအား လေးဘက် လေးတန်မှ ဝိုင်းဝန်း တိုက်ခိုက်ကြလေ သည်။ 


၎င်းတို့၏ အင်အားများမှာ KNU တပ်မ (၁) ကွပ်ကဲမှုအောက်မှ အမာခံ တပ်မဟာများသာ မက မဒတ (အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု) တပ်ဖွဲ့များပါ ပါဝင် တိုက်ခိုက်ခြင်းဖြစ်လေရာ တိုက်ပွဲ အစမှာပင် အင်အား ၂၀၀၀ ( ၅၀၀၀ ခန့် ရှိသည်ဟုလည်း သိရသည် ) ကျော်မျှ ရှိခဲ့လေသည်။

KNU တို့က သာလွန် အင်အားနှင့် အငိုက်ဖမ်း တိုက်ခိုက်သောကြောင့် ထိုနေ့မှာပင် အံ့ကျော်ကုန်း ၊ ပွိုင့် ၉၆၂ ၊ ကဆာနလီကုန်းနှင့် မဲသဝေါ ပင်မစခန်းကြီးတို့ ကျဆုံးသွားခဲ့ပြီး တပ်ရင်းမှူးနှင့် ရတခလရ ၇၆ အင်အားစုများမှာ မောရလီတောင်ကျောကို စွန့် ခွာ စစ်ဆင်ကာ ရန်သူကို ခုခံခဲ့ကြရ၏။


ဆုတ်ခွာသွားသော တပ်ဖွဲ့များအား KNU တပ်များက မောရလီတောင်ကျော၌ ဝိုင်းပတ်ပြီး တိုက်ခိုက်ကြပြန် ၏။ လက်နက်ကြီးများကို မိုးသီး မိုးပေါက် ပမာ ပစ်ခတ်ကြ၏။






သို့ရာတွင် ခလရ ၇၆ ၏ ကြံ့ကြံ့ခိုင်သော စိတ်ဓါတ်ကြောင့် ရန်သူများ အကြိမ်ကြိမ် ကျားထိုးကြသော်လည်း ရှေ့တိုး မလာနိုင်ဘဲ နောက်ပြန် ဆုတ်သွားကြရသည် ။ တိုက်ပွဲမှာ ပြင်းထန်လှ၍ နှစ်ဖက် စလုံး အကျ အဆုံး များပြားလေသည်။


တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သီဟသူရကျော်ညွန့် မှာ ၁၉၈၆ စီစီဝန်တာပန် တိုက်ပွဲကြီး၌ သီဟသူရ စွမ်းရည်ဘွဲ့ကို ရရှိထားသူဖြစ်ရာ အလွန် စိတ်ဓါတ်မာကျောသော တပ်မှူးကြီးဖြစ်ပြီး သူမသေဘဲ ဤ မဲသဝေါဒေသမှ မိမိတပ်များ လုံးဝ ခွာမသွားစေရဟု စိတ်ပိုင်းဖြတ်ထားသူဖြစ်၏။ တိုက်ပွဲ အလွန်ပြင်းထန်နေစဉ် ကာလ၌ လက်အောက်မှ ဆုတ်ခွာရန် အကြံပြုရာ ငါမသေဘဲ လုံးဝ မဆုတ်ရဟု အပြတ်အမိန့်ပေးခဲ့သည်ဆို၏။


စစ်ကူ လာခြင်း


မဲသဝေါ ဒေသသို့ ပထမဆုံး စစ်ကူအဖြစ် အမှတ် (၇၅) ခြေလျင် တပ်ရင်းမှ စစ်ကြောင်း တစ်ကြောင်းနှင့် တပ်ခွဲ သုံးခွဲရောက်ရှိလာသည်။ KNU တို့ ထုံးစံအတိုင်း စစ်ကူစစ်ကြောင်းများ တက်မလာနိုင်စေရန်ပိတ်ဆို့ထားသော ပိတ်ဆို့ရေး အဖွဲ့များကို ဖြတ်ကျော်ကာ ရောက်ရှိလာခြင်းဖြစ်လေသည်။


ရန်သူ အင်အားမှာ များပြားလာကာ စစ်ကြောင်း တစ်ခု တိုးလာရုံမျှဖြင့် ရန်သူနှင့် ရေရှည် ရင်ဆိုင်ရန် မဖြစ်နိုင်ချေ။ ထိုမျှသာမက မဲသဝေါ ပင်မစခန်းကြီး ကျခဲ့ပြီးဖြစ်၍ စုပုံ ရိက္ခာနှင့် ခဲယမ်းများ မီးလောင်ပျက်စီးသွားခြင်းကြောင့် မိမိတပ်များတွင် ရိက္ခာနှင့် ခဲယမ်းများပြတ်လပ် လာလေသည်။ တိုက်ပွဲ ကာလမှာလည်း အချိန် တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်သည် ။




 နောက်ထပ် တက်လာသော စစ်ကူကား...............
 တပ်ရင်း (၃) လာပြီ


ထိုနေ့ ည ၁၁ နာရီ. . . နှစ်ဖက်လုံးငြိမ်နေသည်. . . အမှောင်ရိပ်ကို ခို၍ လှုပ်လှုပ် သွားနေကျသည် ။  တစ်ချို့ အသက်ကိုပင်ပြင်းပြင်း မရှုရဲ ၊ တွားသွားလိုက် ကြောင်သွား သွားလိုက်နှင့် သွားနေကျသည်. . . ထိုသူတို့ကား အမှတ်(၃) ခြေမြန် တပ်ရင်းပင်ဖြစ်သည် ။


မောရလီ သို့ ယနေ့ညမှ မရောက်လျင် မောရလီ ကျပြီ ဆိုတာ အမှတ် ၃ တပ်ရင်းမှုး သိသည်. . ထိုကြောင့် မိမိနေရာနှင့် ကိုက် ၆၀၀ လောက်သာ ရှိတော့တဲ့ မောရလီကြောကို အမှောင်ထု ကွယ်ကာ မိမိကိုယ်တိုင်ဦးဆောင်ပြီး ကတုတ်ကျင်းမှ ထွက်ကာ တိတ်တစ်ဆိတ် ချီတက်ခြင်းဖြစ်သည် ။ 


သို့သော်. . .
တပ်ရင်မှူးကြီးခြေထောက် မရဏမင်း ခေါင်းကို နင်းမိသည်. . . . ဝုန်း. . . . .ဆိုသည် တိတ်ဆိတ်မှု ကို ဖြိုခွင်းသည့် အသံကြီးနှင့် အတူ တပ်ရင်မှုးကြီး လေပေါ်မြောက်သွာသည် ။  ပြန်ကျလာတော့ ခြေသလုံးမပါ ။
ချက်ချင်း ဆိုသလို မော်တာများ လက်နက်ကြီး လက်နက်ငယ်များ ထို နေရာသို စုပြုံကျလာသည် ။ 


မထူးတော့ ဒုတပ်ရင်းမှူး ၏ အမိန့်သံ ထွက်လာသည်. . .
” ပြေး မောရလီထိပ် ရောက်အောင်ပြေးးးးး ”


သူကိုယ်တိုင် တပ်ရင်းမှုးကို ထမ်းပြေးသည်. . . လက်နက်သေတ္တာများ ရိက္ခာများကို ရဲဘော်တွေ မနိုင် မနင်းဖြစ်နေသော်လဲ မထားခဲ့ . . . ခလရ ၇၆ အတွက် ဆွဲပြေးသည် ထမ်းပြေးသည်. . . လဲကျသူ ကျကုန် သည် ။ မိုင်းနင်းသူ နင်းကုန်သည်. . နောက်ဆုံး မောရလီကျော် ထိပ်သို့ ရောက်ကျလေပြီ ။


ခမရ ၃ ရောက်ချိန်တွင် ခလရ ၇၆ ၏ တိုက်ခိုက်နိုင်မှု အင်အားက တစ်ဝက်ပင် မရှိတော့ ၊ အလားတူပင်စစ်ကူရန် ရောက်လာသည့် တပ်ရင်း ၂ ရင်း အင်အားမှာလဲ အယောက် ၃၀၀ ပင် မရှိတော့ပေ ။

ထိုအချိန်တွင် ရန်ကုန်ရှိ စစ်ဦးစီးချုပ် ရုံးခန်းနှင့် စစ်ဆင်ရေး ရုံးများတွင် ဗိုလ်ချုပ်များ အရာရှိများ အလုပ် ရှုပ်နေ သည်. . . မိုင်းယန်းရော မဲသဝေါရော တစ်ပြိုက်နက်ဖြစ်နေသဖြင့် တပ်ချထားရေး အကျပ်ရိုက်နေသည်. . . .နောက်ဆုံး အဖြေတစ်ခု ထွက်လာသည် ။


တပ်မ ၄၄ ခြေမြန်တပ်မ ဌာနချုပ်နှင့် အတူ ခမရ ၄ ။ ခမရ ၆ ။ ခမရ ၇ ။ ခလရ ၇၈ ။ ခလရ ၈၀ ။ ခလရ ၈၁ ။ ခလရ ၈၂ တို့ အား မဲသဝေါ အား ပြန်လည် ထိုးစစ်ဆင်းရန် ညွှန်ကြားလိုက်သည် ။


သူလာပြီ


၁၉၈၈ နိုဝင်ဘာ ၂၇ တွင် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင် ရုံးခန်းထဲသို့ လူ တစ်ယောက် ဝင်လာသည် ။ 

ထိုသူကား အခြားမဟုတ် ကရင်ပိုင်ကြီး ဟု ခေါ်ရလောက်အောင် ကရင်နယ်မြေ ကျွမ်းကျင်သူ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ် မောင်လှ ပင်ဖြစ်သည် ။ ၃ နာရီခန့် တံခါးပိတ် ဆွေးနွေးပြီးနောက် ထို့နေ့ ညနေ တွင် ဘားအံသို့ လေယာဉ်ဖြင့် သွားပြီး ၁၉၈၈ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရှေ့တန်း စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ကို ပွိုင့် ၈၆၅ ကုန်းတွင် တည်ပြီး ဗိုလ်ချုပ်မောင်လှ ကိုယ်တိုင် မဲသဝေါ တန်ပြန်ထိုးစစ်ကို အနီးကပ်ပြီး
ကြီးကြပ်လေသည် ။

စစ်ဆင်ရေး ကွပ်ကဲမှူ ခန်းမသည် အရမ်း မကျယ်လှ မြေအနက် ၈ ပေ တူးကာ သစ်လုံးများ ဖုံးထားပြီး အလင်း ဝင်ပေါက် အနည်းငယ် ချန်ထားသည် ။ ထို ခန်းမ အလယ်တွင် ခုံတန်းရှည်ကြီး တစ်ခု ရှိပြီး ထိပ်တွင် ဗိုလ်ချုပ်မောင်လှ ထိုင်နေသည်။ သူ့ဘေးတွင် တပ်မ ၄၄ တပ်မမှူး. .နည်းဗျူဟာမှူး များ. ယန္တရား တပ်မှူးများ အမြောက်တပ်မှူးများ ခုံတန်း တစ်ဖက်ဆီတွင် ထိုင်နေကြသည် ။


ဗိုလ်ချုပ် မောင်လှ သည် နံရံတွင် ချိတ်ထားသော ဆီစိမ် မဲသဝေါ မြေပုံအား မျက်တောင်မခတ် ကြည့်ပြီး အမှတ် ၃ ခေတ္တ တပ်ရင်းမှူးအား စောင့်နေသည် . . .၁၅ မိနစ်ခန့်ကြာသော ခေတ္တ တပ်ရင်းမှူး ရောက်လာပြီ ရန်သူများအား ဖောက်ထွက်ပြီး ၆ နာရီခန့် ခရီးနှင် လာရကြောင်း တင်ပြသည် ။


ထိုနောက် စစ်ဆင်ရေး အစီအစဉ်ကို စတင်ပြောကြားရာ ကစထမှူး က ကနဦး ထိုးစစ်ကို လက်ရှိ ခမရ ၃ ရင်ဆိုင်နေရသည့် ရန်သူများကို စတင် ထိုးစစ်ဆင်ပြီး လန်ကျသည်နှင့် တစ်ပြိုင်နက် နောက်မှ ထပ်ချပ် မကွာ တိုက်ထုတ် ရမည်ဖြစ်ကြောင်း။ နောက်ပြီး အမြောက်တပ်များကလဲ ရန်သူများကို အမြောက်မိုး ရွာပြီး ဦးနှိမ် ပစ်ခတ်ပေးမည်ဖြစ်ကြောင်း ၊ 


ကကကြည်းမှလဲ မိုင်းယန်း တိုက်ပွဲပြီးဆုံးပြီ ဖြစ်သဖြင့် မဲသဝေါ စစ်ဆင်ရေးကို လိုသလောက် လက်နက်သုံးစွဲခွင့်ပြုကြောင်း ။ တပ်မ ၄၄ နှင့် တပ်ရင်း ၇ ရင်း ကလဲ မနေ့ည ကတည်းက လှိုင်းဘွဲ့ တွင် စုစည်းပြီး  မဲသဝေါ သို့ အပြင်း ချီတက်လာကြောင်း ပြောပြီး စစ်ဆင်ရေး အစီအစဉ်ကို အသေးစိတ်မှာကြားပါတယ်။

ထိုနောက် ယန္တယားတပ် ညွှန်ကြားရေးမှူးက အပြင်ဖက်တွင် အမြောက် တပ်ရင်းမှူး စောင့်နေကြောင်း ပစ်မှတ် အတွက် အကဲကြည့် တပ်ခွဲ တစ်ခွဲ ထည့်ပေးလိုက်မည်ဖြစ်ကြောင်း ၊ ပစ်မှတ်များ သတ်မှတ် ထားပေးရန် လိုအပ်ကြောင်း ပြောကြားပါတယ် ။


နောက်ဆုံး ဗိုလ်ချုပ်မောင်လှ က ” မဲသဝေါက ပြန်မရလို့ မရဘူး မဲသဝေါ လုံးဝ ကျရင် ဖလူး မဲသဝေါ မာနေပလော ပေါင်းပြီး ကရင်ပြည် လွတ်လပ်ကြောင်း ကြေညာလိမ့်မယ် နိုင်ငံရေးပါတယ် ။ နောက်ပြီး တပ်မှူးတွေ အားလုံး ဒီတစ်ပွဲ ရှုံးရင် ခင်းဗျားတို့လဲ တာဝန်က ရပ်နား ကျုပ်လဲ နားမယ် ” ဟု ပြတ်သားစွာပြောကြား ခဲ့သည် ။


ဤသို့ဖြင့် တပ်ရင်း (၃) ၏ တန်ပြန် တိုက်စစ်နှင့် အတူ တပ်မတော်နှင့် KNU တို့ လှံစွပ်ထိုး တိုက်ပွဲ များ လက် တစ်ကမ်း တိုက်ပွဲများ ထွေးလုံး သတ်ပုတ်ပွဲများ ဖြစ်ပွားခဲ့ပြီး ၁၉၈၈ ဒီဇင်ဘာ ၂၇ တွင် တပ်မတော်သမိုင်းတွင် အရှည်ကြာဆုံး မဲသဝေါ တိုက်ပွဲကြီးသည် ၈၅ ရက် အကြာတွင် ပြီးဆုံးပြီး မဲသဝေါ ဒေသတစ်ခုလုံး ပြန်လည် သိမ်းပိုက် ရှိခဲ့လေသည်။


တိုက်ပွဲကာလ သုံးလကျော် ကြာမြင့်ခဲ့ပြီး တိုက်ပွဲစဉ် တစ်ခုလုံး တိုက်ပွဲကြီး ၈၅ ကြိမ် တိုက်ပွဲငယ် ၁၄၅ ကြိမ် နဲ့  အနီးကပ် လှံစွပ်ထိုး တိုက်ပွဲ ၄၇ ကြိမ် ဆင်နွှဲ ခဲ့ရပြီး တပ်မတော်ဘက်က အရာ ရှိ ၁၂ ဦး အပါအ၀င် ၂၄၂ ဦးကျဆုံး ခဲ့ရပါတယ်။ 


အရာရှိ ၄၉ ဦး အပါအ၀င် ၉၂၂ ဦး ဒဏ်ရာရ ရှိခဲ့ပါ တယ်။ ဒါဟာ တပ်မတော် အတွက်တော့ အမြဲတမ်းသတိရနေတော့မယ့် ကိန်းဂဏန်း အရေအတွက် တစ်ခု လည်း ဖြစ်ပါတယ်။



ယခုအချိန်မှာတော့ တစ်ချိန်က ရန်သူတော်ဖြစ်ခဲ့သူများလည်း အလင်းပေါ် ရောက်ရှိပြီး နိုင်ငံတော်နှင့် 

ပူးပေါင်း ဆောင်ရွက်နေကြပြီဖြစ်ပါသည်…..။

Crd  #သောင်းဝေဦး

No comments:

Post a Comment