02 October 2017

သတိထား စောင့်ကြည့်ဖို့ လိုအပ်မယ်



ပြီးခဲ့ တဲ့ အပတ်လောက်ကဖြစ်မယ်ထင်တယ် ။ ရုရှား ဂျာနယ်လစ် မီခေးလ် ကာရာစကျင်ကော့ဗ် (Михаил Коростиков ) ရေးတဲ့ “ မြန်မာ့ ရခိုင်အရေး ဘာကြောင့်များ ကမ္ဘာ့ မီဒီယာမှာ တစ်ရှေ့ပြေးခဲ့ သလဲ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ရတယ် ။

ဆောင်းပါး ရဲ့ ပထမပိုင်း မှာတော့ ၂၀၁၂ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခမှာ ဒုက္ခသည် ၂ သောင်းကျော်လောက် လှေစီးပြီး ထွက်ပြေး တိမ်းရှောင်ကြရသော်လည်း အာရပ်နွေဦး ဖြစ်စဉ်တွေကြောင့် ကမ္ဘာ့ မီဒီယာလောက က သတိ သိပ်မထားမိကြပဲပြီးသွားခဲ့တယ်လို့ ဆိုတယ် ။ 

အရှေ့ အလယ်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ၊ ဒုက္ခသည်တွေ လက်ခံထားတဲ့ အနောက် ဥရောပနိုင်ငံများအတွင်း အကြမ်းဖက်မှုတွေ ၊ ဘာသာရေး သွတ်သွင်းလိုမှုတွေ နဲ့ ကမ္ဘာ့အလယ်မှာ နာမည်ပျက် လာတဲ့ အစ္စလာမ် ရဲ့ ပုံရိပ်ကို ပြန်လည် အဖတ်ဆယ်ဖို့ ပစ်မှတ်ဖြစ်လာတာ ကတော့ အရှေ့တောင် အာရှ နိုင်ငံက 
မွတ်စ်လင် တွေ လို့ ဆိုပါတယ် ။

ရခိုင်ပြည်နယ် ပြဿနာမှာ ပြည်တွင်းပြည်ပ သုံးသပ်သူ အတော်များများဆီမှာ သိပ်မတွေရတဲ့ အချက်တွေကို အဲ့ဒိ ဆောင်းပါးမှာ တွေ့ရပါတယ်။ ပြဿနာပေါ်မှာ ပြည်တွင်းပြည်ပ က သုံးသပ်ကြတာတွေကို ယေဘူယျခွဲခြားကြည့်မယ် ဆိုရင် ၂ မျိုး ၂ စား ရှိနေပါတယ် ။ 

very high and very low ဆိုတဲ့ အယူအဆ ၂ မျိုးပါ ။ 
very high ဆိုတာ ကတော့ တရုတ်နိုင်ငံ ရဲ့ OBOR လို မဟာ စီမံကိန်းတွေ နဲ့ အမေရိကန်နိုင်ငံ ရဲ့ အာရှ 
ပစိဖိတ် ဒေသ ပါဝင်ပက်သက်မှု ၊ တရုတ်နိုင်ငံ ရဲ့ စူပါ ပါဝါ ဖြစ်လာနိုင်ချေတွေကို ထိန်းချုပ်လိုမှု ၊ အိန္ဒိယနိုင်ငံ ရဲ့ အရှေ့မျှော် ၀ါဒ စတဲ့ နိုင်ငံကြီးများရဲ့ နိုင်ငံရေး မဟာဗျူဟာအရ ပါဝင် ပတ်သက်မှု ဆိုတဲ့အယူအဆပါ။

ဒုတိယ အယူအဆ ကတော့ very low လို့ ပြောနိုင်မဲ့ မျက်မြင် ဒိဌတွေ့နေရတဲ့ role player တွေရဲ့ ပါဝင် လုပ်ဆောင်နေမှုတွေပါ ။ ဥပမာ ၀ါကာအူဒင်တို့ ၊ အာတာအူလာတို့ ၊ မောင်ဇာနည် တို့ ၊ ဆိုရှယ်နက်ဝေါ
့ပေါ်က ရိုလော်ဘီ တို့လိုမျိုး ပုဂ္ဂိုလ်တွေပါ ။

မီခေးလ် ကာရာစကျင်ကော့ဗ် ရဲ့ ဆောင်းပါး မှာတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အုပ်စု ၃ ခု ကို ဆွဲထုတ်ပြ ထားပါတယ်။ middle stage လို့ သုံးသပ်လို့ ရနိုင်မဲ့ very high နဲ့ very low ကို ချိတ်ဆက်ပေးနိုင်မဲ့ linking တွေ လို့လည်းပြောနိုင်မယ်ထင်ပါတယ်။ 

အဲဒီ အုပ်စု ၃ စု ကတော့ အမေရိကန် အခြေစိုက် အုပ်စု ၊ ရုရှားနိုင်ငံ အခြေစိုက် အုပ်စု နဲ့ ပြည်တွင်း လက်နက်ကိုင် အုပ်စု တို့ပါ ။


အမေရိကန် အခြေစိုက် အုပ်စုထဲမှာ ဆိုရင် Burma Task Force ဆိုတဲ့ NGO အဖွဲ့စည်း တစ်ခုပါ။ ၄င်း NGO ဟာ Justice For All ဆိုတဲ့ အဖွဲ့ ရဲ့ လက်အောက်ခံ NGO တစ်ခုဖြစ်တယ်လို့ ဆိုပါတယ် ။ အမေရိ ကန် အခြေစိုက် Justice For All အဖွဲ့ကိုတော့ ပါကစ္စတန်ဖွား အမေရိကန်နိုင်ငံသား imam Abdul Malik Mujahid ဆိုသူက ဦးဆောင်တယ်လို့ ဆိုပါတယ်။ 

Imam ဆိုတာ ကတော့ ကမ္ဘာ့ မွတ်စလမ် ခေါင်းဆောင်တွေကို ခေါ်ဝေါ်တဲ့ ဂုဏ်ပုဒ် တစ်ခုဖြစ်ပါတယ် ။  ကမ္ဘာ့သြဇာ အရှိဆုံး မွတ်စ်လင်မ် ၅၀ ထဲမှာ ၆ ကြိမ် တိုင်တိုင် ပါဝင်ခဲ့တယ်လို့ဆိုတယ် ။ အမေရိကန် ဒီမိုကရက် ပါတီဝင်ဖြစ်ပြီး ၊ အမေရိကန် မွတ်စ်လင်တွေအကြား ဒီမိုကရက်ပါတီ မဲတွေ ရရှိဖို့ အဓိက စွမ်းဆောင်သူလို့ ဆိုပါတယ် ။ 

ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်က သမ္မတ ဦးသိန်းစိန် လက်ထက်က ..မြန်မာသမ္မတ ဦးသိန်းစိန်အပါအ၀င် ၊ မြန်မာဝန်ကြီး အတော်များများကို Federal Court of United State မှာ ဦးဆောင် တရားစွဲဆိုတာဟာ ၄င်း ပုဂ္ဂိုလ်ပါပဲ။ 

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက နော်ဝေနိုင်ငံ အော်စလို က နိုဗယ်ငြိမ်းချမ်းရေး စင်တာမှာ ကမ္ဘာ့ နိုဗယ် ငြိမ်း
ချမ်းရေး ဆုရှင်များဖြစ်ကြတဲ့ ဒက်စမွန်တူးတူး ၊ မာလာလာ ၊ အိုင်ယာလန် ငြိမ်းချမ်းရေးနိုဗယ် ဆုရှင် Mairead Maguire ၊ အမေရိန်ကန် က Jody Williams ၊ အီရန်က Shirin Ibadi စတဲ့ ပုဂ္ဂိုလ်တွေ ကနေ
 မြန်မာ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ဝေဖန် ကန့်ကွက်တဲ့ ထုတ်ပြန်ချက်တွေ ထွက်လာအောင် စွမ်းဆောင်သူကလည်း ၄င်းပုဂ္ဂိုလ်ပါပဲ ။ 

Justice For All အဖွဲ့ကြီးဟာ အမေရိကန်နိုင်ငံ က Black Lives Matter နဲ့ Climate Change တို့လို အဖွဲ
့ကြီးတွေ နဲ့ ချိတ်ဆက် ထားပြီး ရိပတ်ဗလီကန် သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့် ရဲ့ နိုင်ငံရေး ပေါ်လစီတွေကို ဆန့်ကျင် ထိုးနှက်တဲ့ နေရာမှာ အဓိက ပါဝင်နေတယ်လို့ဆိုတယ်။

ဒုတိယ အုပ်စု တစ်ခုကတော့ ရုရှားနိုင်ငံ အခြေစိုက် ချေချင်ညာ ဒေသမှာ တည်ရှိတဲ့ Rohingya Alart ဆိုတဲ့ အဖွဲ့ပါ ။ ၄င်း အဖွဲ့စည်း ကိုတော့ ချေချင်လူမျိုး ရှေ့နေ တစ်ယောက်ဖြစ်တဲ့ မူရတ် မူဆာရဗ် (Murad Musayev) က ဦးဆောင်တယ်လို့ ဆိုတယ်။

ချေချင်ညှာ ဒေသ (Chachen) နဲ့ အန်းဂုရှ် ဒေသ (Ingush) အခြေစိုက် မွစ်လင်မ် အဖွဲ့စည်း တစ်ခုဖြစ်တဲ့ Salsabil အဖွဲ့ နဲ့ ချိတ်ဆက် ထားပြီး မြန်မာနိုင်ငံက ရခိုင်ပြည်နယ် ကို လူမှုရေး အဖွဲ့စည်းတစ်ခု အနေနဲ့ အကြိမ်ကြိမ် သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

၂၀၁၆ မတိုင်မီတည်း က ၄င်းပုဂ္ဂိုလ်တွေဟာ facts finding mission အနေနဲ့ သွားရောက် ခဲ့ပြီး ဒေသခံ
အဖွဲ့စည်းတွေ နဲ့ ချိတ်ဆက်ထားနိုင်ခဲ့တယ်လို့ ဆိုတယ် ။ ရလာဒ် အနေနဲ့တော့ မြန်မာ ဆိုတာတောင် သိသူ အတော်နည်းတဲ့ ရုရှားနိုင်ငံမှာ ရိုဟင်ဂျာ သတင်းတွေ က ခေါင်းကြီးအနေနဲ့ ပါဝင်လာခဲ့ပြီး မော်စကို 
သံရုံးရှေ့မှာ ဆန္ဒပြတာတွေ ဖြစ်လာခဲ့တော့တာပဲ ။ 

ရုရှားနိုင်ငံရေးမှာ သြဇာအတိုင်း အတာ တစ်ခုထိရှိတဲ့ ချေချင်ညှာ ခေါင်းဆောင် Ramzan Kadyrov ကိုယ်တိုင် “ ရုရှားနိုင်ငံ ခေါင်းဆောင်များ အနေနဲ့ မြန်မာပြည်က ရိုဟင်ဂျာတွေ အပေါ်မှာ အကြမ်းဖက်နေမှုကို 
မဆန့်ကျင်ဘူး ဆိုရင် ၊ ကျုပ်က ရုရှားနိုင်ငံကို ဆန့်ကျင်ရလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုလာတဲ့ထိပါပဲ ။

နောက်ဆက်တွဲ အနေနဲ့ တက္ကသိုလ် ကျောင်းသားဆောင်တွေ အနား ဗုံးလန့်တာတွေ ၊ ကျွန်တော်တို့ နေတဲ့ ယခင် အေးချမ်းတဲ့ နယ်မြို့ လေးက အစ တစ်ရက်ထဲ ဗုံး ၁၆ လုံး လန့်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ် ။ 

ဒီအခြေနေတွေအပြင် ၊ ကုလသမဂ္ဂ ညီလာခံမှာ ရုရှားနိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ် က ARSA ရဲ့ အကြမ်း
ဖက် လုပ်ရပ်တွေကို ရှုံ့ချ တာကို ကြည့်ခြင်းဖြင့် ရုရှားနိုင်ငံတွင်းက အစွန်းရောက် အဖွဲ့တွေ နဲ့ ရခိုင်ပြည်နယ်ပြဿနာဟာ ချိတ်ဆက်နေတဲ့ အချက်လက်တွေ ရုရှားမှာ ရှိနေတယ်လို့ ယူဆနိုင်မယ်ထင်ပါတယ် ။

ဆောင်းပါးရှင် တတိယ ဆွဲထုတ်ပြတဲ့ အုပ်စု ကတော့ အက်တာအူလာ ခေါင်းဆောင်တဲ့ ARSA အဖွဲ့ပါ ။
ဆော်ဒီ အခြေစိုက် ရိုဟင်ဂျာ အဖွဲ့စည်းတစ်ခု ကနေ funding ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ် ။ အရှေ့
အလယ်ပိုင်း တာလီဘန်တွေ ၊ ပါကစ္စတန် အခြေစိုက်အကြမ်းဖက် အဖွဲ့စည်းတွေ ၊ နီပေါနိုင်ငံ က Maoists လက်နက်ကိုင် အဖွဲ့တွေ နဲ့ ဆက်နွှယ်နေတယ်လို့ ယူဆရကြောင်းဖော်ပြထားပါတယ်။

ဆောင်းပါးရှင် က ARSA အဖွဲ့ ရဲ့ တွစ်တာ အကောင့် ကနေ ထုတ်ပြန်ချက်တွေကို လေ့လာကြည့်တဲ့အခါ သာမန် အင်္ဂလိပ်စာ ဖတ်သူတွေ နားလည်နိုင်ဖို့ ခက်ခဲတဲ့ UN လို အဖွဲ့စည်းတွေ က ထုန်ပြန်ချက်တွေမှာ သာ အသုံးများတဲ့ “ strongly encourages all concerned actors ”  “reciprocate this humanitarian pause” စတဲ့ အင်္ဂလိပ်စာ phrase တွေ ကိုလည်း highlight လုပ်ပြထားပါသေးတယ် ။

ဆောင်းပါး ရဲ့ နိဂုံးချုပ်မှာတော့ အချိန်ကိုက် ရွေးချယ်မှု အဖြစ် Arab News, Al-Jazeera တို့လို မွတ်စ်လင် မီဒီယာတွေ နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ မှုတွေကို တင်ပြထားပါတယ်။

ဆောင်းပါး တစ်ပုဒ်လုံးကို ဖတ်ပြီး ခြုံ ငုံ သုံးသပ်တဲ့ အခါ ကျွန်တော်တို့ မြန်မာတွေ (အစိုးရ ၊ လုံခြုံရေး ၊ ပြည်သူ) တွေ အနေနဲ့ သေချာ သတိထား စောင့်ကြည့်ဖို့ လိုအပ်မယ် ထင်ပါတယ်။ 

role player တွေက ဘယ်သူတွေလဲ ၊ နောက်ကွယ်က ကြိုးကိုင်နေသူတွေက ဘယ်သူတွေလဲ ၊ linking တွေ ဘယ်လို ချိတ်ဆက်ထားသလဲ ဆိုတာ သေချာ ဖော်ထုတ်ဖို့လိုပါမယ်။

ပြီးတော့ နိုင်ငံအတွင်းကို ခေါင်းစဉ် အမျိုး မျိုး နဲ့ ၀င်ရောက်လာမဲ့ သူတွေကို အလှူရှင်တွေပဲ ဖြစ်ဖြစ် ၊ charity group တွေပဲဖြစ်ဖြစ် ၊ NGO တွေပဲ ဖြစ်ဖြစ်သေချာ စိစစ်နိုင်မှ တော်ကာကျလိမ့်မယ် ထင်ပါတယ် ။

~ရုပ်ဆိုး~
Soe Htike 


No comments:

Post a Comment