15 April 2016

ထမင်းကောင်း တစ်အိုး ရဲ့ လျို့ဝှက်ချက်များ

 Lwin Pyin's photo.


 ၁ ။ ရှာလကာရည်
 

ထမင်း ချက်ရာတွင်ရှာလကာရည် တစ်စက်နှစ်စက် ထည့်ပေးရုံဖြင့် အနံ့ အရသာ ကို
ပိုမို ထင်ပေါ်မွှေးပျံ့စေ သည့် အပြင်ရာသီဥတု အလွန် ပူပြင်း၍ ထမင်း သိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
 

၂ ။ ဘီယာ
 
ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ် ရာမှာ အနံ့ အရသာ ဆန်သစ်လောက် မကောင်းတဲ့ ချိန်မှာ
စိတ်ပူစရာ မလိုပါဘူး ၊ ထမင်း ချက်ချိန်မှာ ဘီယာ အနည်းငယ်သာ ထည့်ပေးလိုက်ပါ ပေါ်ဆန်းမွှေး ကဲ့ သို့မွှေးပျံ့ တဲ့ ထမင်း ကို ရရှိမှာဖြစ်ပါတယ်။
 

၃ ။ မြေပဲဆီ
ထမင်း ချက်ရာမှာ ဆား အနည်းငယ် နဲ့မြေပဲဆီ အနည်းငယ် ထည့်ပြီး အသာမွှေပေး လိုက်ပါ
ဆန် ဖွာခြင်း မရှိပဲ ခံတွင်းတွေ့စေမယ့် ထမင်း ကိုရရှိ မှာဖြစ်ပါတယ်။
 


၎ ။ ဆား
လက်ကျန် ထမင်း ကိုပြန်နွှေးရာတွင် ဆား အနည်းငယ် ထည့်ပေးခြင်းဖြင့် အနံ့ ဆိုးများကို ပျောက်စေ မည့် အပြင် ထမင်း ကိုလည်းနူး ညံ့စေပါတယ်။
 

၅ ။ ဆန် အရက် ( အရက်ဖြူ )
ထမင်းကြော်ရာတွင် အရက်သုံးလေးစက် အနည်းငယ် ထည့်ကြော်ပေးပါက နတ်သုဒ္ဒါ ပမာ ထမင်း အရသာ ကို ရရှိစေမှာဖြစ်ပါတယ် ။






အကယ်၍ ထမင်းကျက် တ၀က် မကျက် တ၀က်အခြေနေမျိုးတွေ့ကြုံနေပါက ဆန်အရက် ဇွန်းနှစ်ဇွန်းစာ
ထည့်ပြီးနွှေးပေးခြင်းဖြင့်ထမင်းကို လုံးဝကျက်စေမှာဖြစ်ပါတယ်။



 

Lwin Pyin's photo.

၆ ။ ရေကျက်အေး
ထမင်း ချက်ရာတွင်ရေကျက်အေးဖြင့် ချက်ပေးပါက ဆန်မှာ ပါဝင်တဲ့ ဗီတာမင် B1 ဓာတ်ကို အပြည့် အ၀ ရရှိစေမှာဖြစ်ပါတယ်။
 

၇ ။ ကြက်သွန်မြိတ်
ထမင်းတူးသွား ပါက ထမင်းကြားထဲ ကိုကြက်သွန်မြိတ် တစ်ပင် ခဏ ဖုံးအုပ် ထားလိုက်ပါ တူးနံ့ များ ယူပစ် သလိုပျောက်သွားစေပါတယ်။
 

၈ ။ လက်ဖက်ရည် ကြမ်း
ရေနွေးကြမ်း ကို ထမင်း ချက်ရာမှာ ထည့်ပြီးသာမာန် အတိုင်း ထမင်းရေ ငှဲ့ချက်လျှင် ရရှိလာတဲ့ ထမင်းက
အနံ့ အရသာ ကိုပြည့်စုံစေရုံသာမက အဟာရလည်း အလွန်ဖြစ်စေပါတယ်။
 

၉ ။ သံလွင်ဆီ
ထမင်းချက်ရာတွင် သံလွင်ဆီ အနည်းငယ်ထည့်ပေး ပါက ဆန်ထဲရှိ သကြားဓာတ် တိုးမြှင့်မှုကို
ထိန်းချုပ်နိုင်စေ သည့် အပြင်အစာအိမ်ကို လည်း ဥပါဒ် မဖြစ်စေပါဘူး ဆီးချို သမားများ အတွက် အထူး သင့်လျော် ပါတယ်။
 

 Lwin Pyin's photo.




* အိမ်ရှင်မများ အရသာပြည့်ဝတဲ့ မိသားစု ထမင်းဝိုင်းလေး ဖန်တီးနိုင်ကြပါစေ *

 Lwin Pyin

No comments:

Post a Comment