06 April 2016

နား ထဲသို့..ရေ၀င်ပြီး ပြန်မထွက်ခဲ့ရင်


မြနန်းဆရာတော်'s photo.


★ မျက်စိ မှာ - - - ရေ
★ နား မှာ - - - ဆီ
★ ဒန္တီ မှာ - - - ဆား
★ ၀မ်း မှာ - - - ခါး   ...... ဆိုသည့် အတိုင်း နား အတွင်း တစ်စုံတစ်ခု ၀င်လျှင် ဆီ ထည့်ပေးရပါသည်။
.
စာရေးသူ ကိုယ်တိုင် သင်္ကြန်တွင်း ရေပူပေါင်းကြောင့် ညာဘက် နားထင် ထိပြီး..နားထဲ ရေ၀င်ကာ
နားအုံရောင်ပြီး.နားကိုက်ခဲ့သည်။

မိတ်ဆွေတစ်ဦး ၏ နည်းလမ်း အတိုင်း...

မုန်ညင်းဆီ စစ်စစ်..သို့ နှမ်းဆီ စစ်စစ်ကို သုံးပါ ။

 ကြေးဇွန်း တစ်ချောင်း တွင် ဆီ တစ်ဇွန်း ခန့် ခပ်ပါ...။
.
အောက်ခြေ မှ ဖယောင်းတိုင် မီးဖြင့် အပူပေးပါ။ တစ်မိနစ် အတွင်း ဆီများ ဆူပွက် လာပါမည်။
ပူနေသောဆီ ကို အအေး ခံပြီး..ခပ်နွေးနွေး အနေ အထား တွင် နား အတွင်း သို့လောင်းထည့်ပါ...။
.
ခဏကြာရင်..ပြန်စောင်းပြီး နားထဲမှ ဆီ ပြန်ထွက်အောင်ပြုလုပ်ပါ..။
.
 

မြနန်းဆရာတော်'s photo.


.
 
မြနန်းဆရာတော်'s photo.


ဝင်သွားသည့်ရေ မှာ ဆီနှင့် အတူရောပြီး .ပြန်ထွက်လာပါသည်..။
.
မသက်သာသေး ပါက .. တစ်နေ့နှစ်ကြိမ် အထက်ပါ အတိုင်းပြုလုပ်ပါ ။
.
စာရေးသူ ကတော့  တနေ့ ၃ ကြိမ်..၃ ရက် ဆက်တိုက် ပြုလုပ်သောအခါ - - - -
နား အတွင်း မှရေ များ အပြင်. .. . . .  .ရေပူပေါင်း မှ ရာဘာ အစလေးပါ ထွက် ကျလာပြီး သက်သာ သွားခဲ့ ပါသည် ။ 




 
မြနန်းဆရာတော်'s photo.


နားထဲကို တစ်စုံ တစ်ခု ၀င်ပါက.. နားကြပ်တောင် နားဖာ ကလော် များဖြင့် မကလိ သင့်ပါ..။
.
နဖာချေးခြောက် ၊ ပြင်ပ မှ ဖုန် ၊ ဂွမ်း ၊ ပလပ်စတစ် အစငယ် များ အတွင်း နားထိ ၀င်ခဲ့ပါက - - - - .
ရာသက်ပန် နားလေးသွားနိုင်ပါကြောင်း ဗဟုသုတ အဖြစ် တင်ပြ လိုက်ရပါသည်။

.


ကိုးကား...ကြည်လွင်မြင့် (မုဒြာ)
.
ကိုယ်တွေ့ လူနာများ စကား....
.
.
May Soe

မြနန်းဆရာတော်

 

No comments:

Post a Comment