06 April 2016

ဘုရားရှင်တွေ ရဲ့ ဂုဏ်ကျေးဇူး ကွာတဲ့ အတွက် စော်ကားသူကို အကျိုး ပေးတာ လည်း ကွာခြားလိမ့်မယ်။

 ခင် မြတ်သူ's photo.


အမေရိကန် သမ္မတ ဘုရှ် ကို ဘာ့ကြောင့် ဘုရားကျောင်း မသွားတာလဲ ဆိုတော့ ငါ အလုပ်မအား လို့  မသွားနိုင် ဘူးတဲ့ ။ အဲဒီ ဘာသာရေးနဲ့ ပတ်သတ်တဲ့ စကားကို ပြောခဲ့ပေမဲ့ သူ ဘာမှ မဖြစ်ဘူး။

သခင် သန်းထွန်း ဟာ နိုင်ငံရေးသမားကောင်း တစ်ဦး ပဲ ။ ဒါပေမဲ့ ငါသာနိုင်ငံ့ခေါင်းဆောင်ဖြစ် ခဲ့ရင် ရွှေတိဂုံ ဘုရား ကရွှေတွေ ကိုခွါပြီုးပြည်သူလူထု အတွက် အသုံးချမယ် တဲ့ ။ အဲဒီ စကားတစ်ခွန်း က သူ့ ကို ကျရှုံးစေခဲ့ပြီး ပြည်သူလူထု ရဲ့ မုန်းတီးမှု ကို ရရှိစေခဲ့တယ်။

မိုးသီးဇွန် ဟာ မြန်မာနိုင်ငံ ပညာရေး နိမ့်ပါးတာဟာ ဗုဒ္ဓဘာသာတွေ ရဲ့ စာပေတွေ ကြောင့်လို့ ပြော ခဲ့တယ်။ သူ အခု မြန်မာ့ နိုင်ငံရေးလောက မှာ မဝင် ဆန့် တော့ဘူး ။

ဘင်လာဒင် ဟာ အာဖဂန်နစ္စတန် က ဗုဒ္ဓ ဆင်းတုတော်တွေ ကို ဖျက် စီးတော့  ဆင်းတုတော် ရဲ့နောက်ကျော နံရံမှာ  ဤ ဆင်းတုတော်ကို ဖျက်ဆီး သူသည် တစ်လ အတွင်း သေပွဲဝင်ပါစေ ဆိုတဲ့ စာတမ်း ကိုတွေ့ ရှိ ခဲ့ တယ် ။ ဒါပေမဲ့ သူ ဖျက်ဆီးခဲ့တယ် ။ ဆင်းတုတော် ဖျက်ဆီးပြီး တစ်လပြည့်တဲ့နေ့ မှာ သူ အသတ် ခံခဲ့ရတယ်။




ဘာသာတရား ကိုစော်ကားတာချင်း တူ ပေမဲ့ ပျက်စီးပုံချင်း အကျိုးပေး ကျတော့ မတူတော့ဘူး။
အဲဒါဟာ ဘာသာတရား ရဲ့မြင့်မြတ် ပုံချင်း ကွာခြားလို့ ပဲ။

 မြန်မာ့နိုင်ငံရေး လုပ်ရင် ဘာသာရေး ကို ဥပေက္ခာပြုလို့ မရဘူး ဘာဖြစ်လို့ လည်း ဆိုတော့ ဗုဒ္ဓ ဘာသာဝင်တွေ ဟာ သူတို့  ဘာသာရဲ့ စစ်မှန်မှူ့ နဲ့ အတိမ်အနက် ကို သိလို့ ပဲ။
ဒါဟာ မြန်မာ့နိုင်ငံရေး သမားတွေ သတိ ထားသင့်တယ်။

 နောက်ပြီး ဘုရားရှင်တွေ ရဲ့ ဂုဏ်ကျေးဇူး ကွာတဲ့ အတွက် စော်ကားသူကို အကျိုး ပေးတာလည်း ကွာခြား လိမ့်မယ်။

ဗုဒ္ဓ ဘာသာ ကိုစော်ကား မိရင်တော့ စော်ကား သူရဲ့ အကြောင်း မကောင်းနိုင်ဘူး။ ဘာ့ကြောင့်လဲ ဆိုတော့
တစ်ခြား ဘုရားတွေ လို လွယ်လွယ် ဘုရား ဖြစ်လာတာ မဟုတ်ပဲ လေးသင်္ချေ ကမ္ဘာ တစ်သိန်းပေးဆပ် ခဲ့ရတဲ့ မဟာ ကရုဏာတော်ကြောင့်ပဲ။



Cd>မူရင်း
 ခင် မြတ်သူ

No comments:

Post a Comment