06 April 2016

ဖြစ်လာနှိုင်တာကို မဖြစ်ရလေအောင် သတိပေးနေတာ

Nay Zin Latt's photo.

Issue နဲ့ Event ရောထွေးနေပြီး လှုပ်လှုပ် ရမ်းရမ်းတွေဖြစ်နေကြ တယ်။

(၁) Event ကိုမြင်ပြီး တပ်မတော်သား (၂၅) % ကန်ကွက်မှု့ကိုထောက်ခံသူ တစ်ဖက် ကန့်ကွက်သူ တစ်ဖက် အကွဲအပြားဖြစ်စေတာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလို့ ဦးဆုံးပြောချင်တယ်။
.
(၂) Issue ကြောင့် event ဖြစ်လာရတာ၊ မတွေးနိုင်ကြတဲ့ သူတွေက event အပေါ် စိတ်ခံစားမှု့လွန်ကဲ သွားကြ တယ်။
.
(၃) Issue ကိုကြည့်ရင်..
"နိုင်ငံတော် အတိုင်ပင်ခံ နဲ့"
"သမ္မတ အတိုင်ပင်ခံ" ကွဲပြားမှု့


(၄) ဒီနေရာမှာ ထပ်ပြီး သရုပ်ခွဲရရင်..
" Spirit of Law ". နဲ့
" Letter of Law "


( ဥပဒေ ရဲ့အခြေခံ မှာ ဥပဒေရဲ့အနှစ်သာရ ဆိုတဲ့ Spirit of Law ကို ဦးစားပေးဖို့ ဖွင့်ဆို ထားတာ ဥပဒေ ရဲ့အခြေခံ အကျဆုံး)

(၅) အတိုင်ပင်ခံကို အကြံပေးထက်မြင့်တယ် လို့ status အရ သတ်မှတ်ချင်တာ အထိ လက်ခံတယ်၊ အဓိက function ကဘာလဲ ?
 


(၆) နိုင်ငံ့အတွက် အကြံပေးဖို့က အဓိကလား ? သမ္မတ အထက်ကနေပြီး ချုပ်ကိုင်ချင်တာက အဓိကလား ?
 

(၇) အကြံပေးဖို့၊ နိုင်ငံကောင်းဖို့ ရည်ရွယ်ချက် သန့်ရှင်းရင်...
" သမ္မတ အတိုင်ပင်ခံ " ပဲဖြစ်သင့်တယ်။
ထိမ်းချုပ်ဖို့ အဓိက ဆိုရင်တော့... " နိုင်ငံတော်" ဆိုတဲ့ အသုံး ကို သုံးဖို့ တွန်းပို့ခြင်း ခံရလိမ့်မယ်။
 

(၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ...
" သမ္မတသည်နိုင်ငံတော် ၏ အထွတ်အထိပ်" ဆိုတာပါပြီး သားမို့ အဲ့ဒီ အပိုဒ်ကို မပြင်နိုင် မခြင်း " နိုင်ငံတော် အတိုင်ပင် ခံ" ရဲ့သဘော ကို သမ္မတ အထက် ရှိစေမဲ့ ရည်ရွယ်ချက်က  သဲထဲ သွန်တဲ့ရေပဲဖြစ်နေ လိမ့်မယ်၊ အတင်းအကြပ် လုပ် ယူတာမျိုးပဲဖြစ်ပြီ Legitimate ဖြစ်မှာ မဟုတ်ဘူး။
( Spirit of Law အရ )
 

(၉) အကူးအပြောင်း ကာလ... အစိုးရသစ် ရဲ့စမ်းသပ်ခံ ကာလမှာ အခုလို Issue မျိုး ကရှေ့တန်းရောက်သင့် သလား ? အဲဒီလို issue ကြောင့် ရင်ကြားစေ့ရေးကို အထောက် အပံ့ဖြစ်စေသ လား ? ဆုတ်ယုတ် သွားစေ သလား ?
 

(၁၀) မှန်ကန်တဲ့ အချိန်မဟုတ်ပဲ ဘေးထွက် ဆိုးကျိုး ပိုများစေတ ယ် လို့ပဲမြင်တယ် ၊ အနှုတ်ဆောင် အခြေ အနေ တစ်ရပ်ဆီ ကို တွန်းပို့နေတယ်လို့ မြင်တယ် (အခုပဲ ဒီဘိတ်တွေမြင့်တက်ေ နပြီ)
 

(၁၁) အတင်းအကြပ် လုပ်ရင် ဘာဖြစ်လာမလဲ ?
Tyranny of majority ပဲဖြစ်လိမ့်မယ်၊ ပြည်ပ သတင်းစာတွေ ရေးထားတာ လေ့လာပါ၊ စတိန်းဘတ်၊ လာရီဒိုင်းမွန်း တို့ ဝေဖန် ထားတာတွေ သတိရပါ။
 

(၁၂) Legitimacy ရ-မရ ကို constitutional law firm နဲ့ consult လုပ်ကြည့်ရင် အဖြေ ရပါလိမ့်မယ်။
 

(၁၃) ခုံရုံး ကို စွပ်စွဲပြစ်တင် ကထဲ က လွှတ်တော်ဟာ ဥပဒေပြင်ပရောက်ခဲ့ပြီ လို့ သံတမန် အသိုင်း အဝန်း ကဝေဖန် ခဲ့တာတွေကို ကျွန်တော်တို့ကြိတ်မှိတ်ပြီး ခံခဲ့ပေးတယ်၊ တစ်လွဲ တစ်ချော်များ စွာကြား က ဒီမိုကရေစီ အလေ့အကျင့် ကို ကျင့်သုံးနှိုင်ပါစေ ဆိုပြီး လက်ညှိုးပေါင်း များစွာကို အပြုံး မပျက် ရင်ဆိုင်ပြီး ထုဆစ်ပေးခဲ့တယ်။
 

(၁၄) အခု issue ကြောင့် မတော်တဆ မမြင်ချင်တဲ့  မြင်ကွင်းမျိုးဖြ စ်လာခဲ့ရင် ဘယ်သူက တွန်းအားပေးခဲ့ သူ လဲ ဆိုနဲ့ သူ့ကြောင့်မြင်ကွင်းပြောင်းသွားရတာဆိုတာ သမိုင်းမှာ ကျန်ရစ်ပါလိမ့်မယ်၊
 

(၁၅) ဖြစ်လာနှိုင်တာကို မဖြစ်ရလေအောင် သတိပေးနေတာ၊  အပြုသဘောနဲ့ ၊ ဆက်တိုးရင်..ကိုယ့် ကိစ္စကိုယ်ပါပဲ။ လက်ရှိ အခြေအနေ က ပုံမှန် လမ်းကြောင်း ကနေ deviation ဖြစ်ေ န စေတယ်လို့ သုံးသပ် မိလို့။


( ကွက်ကွက်လေးကြည့်တတ်သူတွေဝင်မမန့်ပါနဲ့၊ အရေးကြီးလို့အနာခံပြီးဝင်ရေးနေတာ၊ ဘလော့ဖို့အမြဲအသင့်ဖြစ်နေတယ်)
.


Nay Zin Latt

 

No comments:

Post a Comment