10 April 2016

facebook မှာ သူငယ်ချင်း အဖြစ် လက်မခံ သင့်တဲ့ လူ ( ၈ ) မျိုး


 

လူမှု ကွန်ယက် Facebook မှာ တစ်ချို့ သူငယ်ချင်းတွေ ကို လက်ခံလိုက်မိ တာနဲ့ ကိုယ့်ပေါင် ကိုယ် လှန်ထောင်း သလို ဖြစ်တတ် ပါတယ်။ တစ်ခါ တစ်လေ မှာ လက်မခံသင့်တဲ့ သူကို လက်ခံမိ တာကြောင့် မလိုလား အပ်တဲ့ ပြဿ နာတွေ ဖြစ်တတ်ပါတယ်။

ဒီတော့ သင် facebook မှာ သူငယ်ချင်း အဖြစ် လက်မခံ သင့်တဲ့ လူ ( ၈ ) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. မိဘ

ကိုယ့် သူငယ်ချင်း စာရင်း ထဲမှာ မိဘတွေ က ပါနေပြီ ဆိုတော့ လူမှု ကွန်ယက်မှာ သင့်ကို တစ်ခုခု နဲ့ ချုပ်နှောင် ထားသလို ဖြစ်စေ မှာပါ။ ခေတ် ကို နားလည် လှပါပြီ ဆိုတဲ့ မိဘတွေတောင် သင့်ရဲ့ အမြင် မတော် စရာ Post တစ်ခုအောက် မှာ ကန့်ကွက် တဲ့ Comment မျိုး ၀င်ရေးမှာ မဟုတ်သော်လည်း အပြင် မှာ “ ဒီလို Post မျိုး မတင်ရဘူး … နောက်တင်ရင် တွေ့မယ် ”ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ခံရနိုင်ပါတယ်။

2. ရည်စားဟောင်း


ကိုယ် ကတော့ စိတ်ကောင်းနှလုံးကောင်းလေး နဲ့ ရည်းစားဟောင်း ကို လက်ခံမိပါတယ်။ ဒါပေမယ့် ညောင်မြစ် တူးရင်း ပုတ်သင်ညို ဥလည်း ပေါ်တတ်ပါတယ်။ တစ်ခါ တစ်လေ tag တွဲပြီး သူနဲ့သင် ဟာ အရင် က ပတ်သက် ခဲ့ဖူးပါတယ် ဆိုပြီး ချေးခြောက်ရေနှူး လုပ်တာ ခံရနိုင်ပါတယ် ။

3. အမျိုးတွေ

အမျိုးတွေ ဆိုတာလည်း ဒီလိုပါဘဲ။ ကောင်းတဲ့ အမျိုး ရှိသလို တို့မီး ရှို့မီး လုပ်ချင်တဲ့ သူတွေ ရှိပါတယ်။ သင် တင်သမျှ ကို ရပ်ကွက် ထဲ သန်းတုပ်ရင်း အတင်းပြန်ဖွ တဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ သင့် အားနည်းချက် ကို သူများတွေ ပြန်လည် ဖြန့်ဝေတဲ့ သူလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးတွေ ကိုလည်း မထားပါနဲ့။
 
 


4. သူငယ်ချင်း မဟုတ်တဲ့ သူငယ်ချင်း

သူငယ်ချင်း ထဲမှာ သင့်ကို အရှက်ခွဲမယ့် သူဟာ သူငယ်ချင်း မဟုတ်တဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူတို့ ဟာ သင်နဲ့ တွေ့တဲ့ အခါ ရင်းနီး သယောင် နဲ့ ရွှန်းရွှန်းဝေအောင် ပေါင်းပြသူများ ဖြစ်ပြီး
သင့်ကွယ် ရာမှာ အားနည်းချက်တွေ ရှာပြီး ခေါင်းမဖော်နိုင်အောင် တိုက်ခိုက် တတ်သူများ ဖြစ်ပါတယ်။

5. ဆရာ

ဒါကလည်း ကြုံရနိုင်ပါတယ်။ ဆရာ ဆိုတာကြီး ကိုယ့် friend list ထဲမှာ ရှိနေရင် အနည်းဆုံး သြဇာပြ တတ်တဲ့ ဆရာဆို Tag တွဲပြီး ဘာလို့ ကျောင်း မလာတာလဲ၊ ကျောင်းရောက်ရင် ဒဏ်ပေးမယ်-ဘာညာနဲ့ သင့်ကို မျက်နှာ ပူအောင်၊ လှုပ်မရအောင် လုပ်မဲ့သူတွေ ဖြစ်ပါတယ်။

6. သင့် ရင်သွေး

သင့်မှာ ကလေးရှိတယ် ဆိုရင်လည်း သူ့ကို သူငယ်ချင်း အဖြစ် လက်မခံပါနဲ့။ အကြောင်း ကတော့ သင်ဟာ ကလေး မရှိဘူး၊ အပျိုပါ-တို့ ဘာတို့ မြှုပ်ကွက်တွေ ရှိနေရင် ဘူးပေါ် သလို ပေါ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့် ကလေးတွေ အမြင် မှာ ပုံတင်တဲ့ အခါ ကလက်တက်တက် ဖြစ်နေရင်လည်း သင်တို့ မိသားစု ချင်း နောင်ဂျိန် ဆွဲရနိုင် ပါတယ်။

7. သူဌေး / လုပ်ဖော်ကိုင်ဘက်များ

ဒါကလည်း အများကြီးပါ။ သူတို့တစ်တွေရှိနေတော့ စောင့်ထိန်းနေရတာပဲ များပါ လိ့မ်မယ်။ ဥပမာ အလုပ်ရှင် အလုပ်သမား အရေး ရင်ဖွင့်ချင် တာတောင် ရဲရဲ မဖွင့် ရဲတဲ့ အခြေအနေပေါ့။ သူဌေးက သင့် Fri list ထဲမှာ မရှိဘူး ဆိုလည်း သင်နဲ့ လုပ်ဖော် ကိုင်ဘက်တွေ က သူဌေး မကောင်းကြောင်း Post တင်မိတာ ကို ပြန်ဖွ လို့ အချောင် အလုပ်ပြုတ်တတ် ပါတယ်။

8. သူစိမ်း

သူစိမ်း ဆိုတာက သူ လာ Add ပြီ ဆိုကတည်း က Mutual Friend ရှိမရှိ စစ်ပါ။ နောက် Pro Picture အမှန် မတင် တဲ့သူတွေ ဆိုလည်း မယုံပါနဲ့။ သူတို့ဟာ သင့် ကို Check up လုပ်နေသူများ ဖြစ်နိုင်သလို၊ သင့်ကို တစ်ခုခု ပြဿ        နာရှာတဲ့ အခါမျိုးမှာ လည်း သင် ခြေရာခံဖို့ ခက်ခဲနိုင်ပါတယ်။

 

နတ်စည်တော် (ShweMOM)

No comments:

Post a Comment