06 April 2016

စကားကြီး (၃) ခွန်း




 မြစ်ကြီးလဲ မခမ်း ပါစေနဲ့။
သစ်ပင်ကြီးလဲ မလဲ ပါစေနဲ့။
ထုံးအိုးကြီးလဲ မကွဲပါစေနဲ့။



မြစ်ကြီးလဲ မခမ်းပါစေ နဲ့ ဆိုတာ အေးမြတဲ့ စမ်းရေလို ကြည်ကြည် လင်လင် တစ်သွင်သွင် စီးဆင်းနေ တဲ့ မေတ္တာမြစ်ကြီး ကို ဆိုလိုတာလေ။ လူလူ ချင်း မေတ္တာ ထားကြ။ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ ဆိုတဲ့ အဓိပ္ပါယ်ပဲ။


သစ်ပင်ကြီးလဲ မလဲပါစေနဲ့ တဲ့။ သစ်ပင်ကြီး ဟာ အခက်အလက် အရွက်တွေ ဝေေ၀ဆာဆာ နဲ့ အရိပ် အာဝါသ ကိုပေးတယ်။ ထို့အတူပဲ ... ဘုရား တရား သံဃာ ရတနာသုံးပါး ရဲ့အရိပ် အာဝါသကောင်းကို ခိုလှုံ ရလို့လည်း ကြီးပွား ချမ်းသာခြင်းကို ရတယ်။ 

ဒီ အရိပ် အာဝါသတွေ ကို အမိ အရ ခိုလှုံဖို့ လိုသလို၊ အရိပ် အာဝါသတွေ ကို မဖျက်ဆီး မိဖို့ ကျေးဇူး မကန်း မိဖို့ သတိထားရလိမ့်မယ်။
 

သစ်ပင်ကြီး ကို ခုတ်လှဲ ပစ်ခြင်းဟာ အရိပ်အာဝါသ ကို ဖျက်ဆီးရာ ရောက်တာပဲ။ ဒါကြောင့် သစ်ပင်ကြီး မလဲအောင် ကြိုးစား ထိန်းသိမ်းကြပါ။


ထုံးအိုးကြီး မကွဲပါစေနဲ့ ဆိုတာ ကတော့ ရိုးရာ ဓလေ့ ထုံးစံတွေ ကို ပြောတာပါ။ မိဘ ဘိုးဘွား လက်ထက် ကတည်း က လိုက်နာ ကျင့်သုံး လာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်း စဉ်လာကောင်းတွေ မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာ ဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ။


( ရွှေဥမင်ဆရာတော်ဘုရားကြီး )
credit:3 Treasures: Buddha, Dhamma & Sangha
c/o ( မူကြိုဆရာ )



 Than Tun Aung
ဓမ္မ

No comments:

Post a Comment