10 April 2016

အရာရာတိုင်း ကို အပေါ်ယံဘဲ ကြည့်ပြီး အလွယ် တစ်ကူ ဝေဖန် ပိုင်းခြားလို့ မရပါဘူး

 သက်တန့်လင်း's photo.


လင်မယား စုံတွဲ တစ်တွဲ ပါလာတဲ့ သင်္ဘော တစ်စင်း နစ်မြှုပ်သွားတယ်… အချိန်တော်တော်ကြာမှ အသက် ကယ်လှေ တစ်စင်းရောက်လာတယ်…

အသက်ကယ်လှေပေါ်မှာ နေရာ ဆိုလို့ တစ်နေရာဘဲ ကျန်တော့တယ်… အဲဒီ အချိန်မှာ ယောက်ျားဖြစ်သူ က သူ့မိန်းမ ကို သူ့ အနောက် ဆွဲချလိုက်ပြီး သူ ကိုယ်တိုင် အသက်ကယ်လှေပေါ် ခုန်တက် လိုက်တယ်…

အဲဒီ အမျိုးသမီး ကတော့ တစ်ဖြည်းဖြည်း ချင်း နစ်မြှုပ်နေတဲ့ သင်္ဘောပေါ်မှာ ရပ်ပြီး သူ့ယောက်ျား ကို စကား တစ်ခွန်းအော်ပြောလိုက်တယ်…

ဒီနေရာ အထိပြောပြီးတော့ ဆရာမ က ကျောင်းသားတွေကို မေးလိုက်တယ်… “မင်း တို့ ခန့်မှန်းကြည့်…
အမျိုးသမီး က ဘာအော်ပြောလိုက်သလဲ?” ကျောင်းသားတွေ ကတော့ အလုအယက် ဒေါနဲ့ မော နဲ့ အော်ပြော ကြတယ်…
 

“ငါ နင့်ကို မုန်းတယ်… ငါကို ထားပစ်ရစ် ခဲ့တယ်… ”

အဲဒီ အချိန်မှာ ဆရာမ က ကျောင်းသူလေး တစ်ယောက်ကို ဘာမှ မပြောတာကို သတိထား မိတော့
ဆရာမ က သူ့ကိုမေးလိုက်တယ်… အဲဒီကျောင်းသူလေး က ပြန်ဖြေလိုက်တယ်…
 

“ဆရာမ… သမီး ထင်တယ်…
အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာ က …
ငါတို့ ကလေး ကို ကောင်းကောင်း ဂရုစိုက်ပေးပါ လို့”…


ဆရာမ က အံ့သြသွားတယ်… သူ့ကို ပြန်မေးလိုက်တယ်…
“အဲဒီ ပုံပြင်ကို နားထောင်ဖူး လို့လား?”


 ကျောင်းသူလေး က ခေါင်းကို ခါပြီး ပြောလိုက်တယ်…
“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီး ဆုံးခါနီး မှာ ဒီ စကားဟာ သူ ဖေဖေ့ ကို ပြောခဲ့တဲ့စကားပါ…”




ဆရာမ က ပြန်ပြောလိုက်တယ် ….
“အဖြေ မှန်ပါတယ်ကွယ်…”


သင်္ဘော နစ်မြှုပ်သွားပါတယ်…
ယောက်ျား က သူ့ မြို့ကို ပြန်ရောက်ပြီး သမီးလေးကို ကြီးပြင်းလာတဲ့ အထိ ကိုယ်တိုင်ပြုစု စောင့်ရှောက်ပေး ခဲ့တယ်…


 နှစ်ပေါင်း များစွာကြာပြီးနောက် အဲဒီယောက်ျား ဟာလဲ ရောဂါ နဲ့ ဆုံးပါးသွားတော့ သမီးဖြစ်သူ က သူ ကျန်ရစ် ခဲ့တဲ့ ပစ္စည်းတွေ ကို ရှင်းတော့မှ သူ့ဖေဖေ ရဲ့ နေ့စဉ် မှတ်တမ်း စာအုပ်ကိုတွေ့တယ်…
အဲဒီ အချိန်ရောက် မှ သူသိလိုက်တယ်…
 

 ဖေဖေ နဲ့ မေမေ သင်္ဘော အတူစီးတဲ့ အချိန်မှာ မေမေ့ရောဂါဟာ နောက်ဆုံး အဆင့် ကိုရောက်နေပါပြီ…
အရေးပေါ် အချိန်မှာ ဖေဖေ ဟာ အသက်ရှင်ဖို့ တစ်မျှင်တာ ရှိတဲ့နေရာကို အရောက်ပြေးခဲ့တယ်…

သူ့ရဲ့ မှတ်တမ်း စာအုပ်မှာရေးထားတာက
“ငါ မင်း နဲ့ ဒီ ပင်လယ်အောက် ကို အတူတူ သာ နစ်မြှုပ်သွားလိုက် ချင်ပါတယ်…
ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး… သမီးလေးအတွက်ကြောင့်.. ဒီ ပင်လယ်ရေနက်အောက်မှာ..
နင်တစ်ယောက်တည်း ကိုဘဲ ထားခဲ့လိုက်ရတာပါ…”



ပုံပြင်ပြောလို့ပြီးသွားပါပြီ… အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်… ဆရာမ က သိတယ်…
သူ့ကျောင်းသားတွေ ဒီပုံပြင် ရဲ့ အနှစ်သာရကို နားလည် လိမ့်မယ်လို့…


ဒီလောကမှာ ရှိတဲ့ ကောင်းခြင်း ဆိုးခြင်း ဆိုတာတွေ… တစ်ခါ တစ်လေမှာ ပွေလီရှုပ်ထွေး လှပါတယ်…
ပိုင်းခြားရမှာ ခက်ခဲ လှပါတယ်… ဒါကြောင့် အရာရာတိုင်း ကို အပေါ်ယံဘဲကြည့်ပြီး အလွယ် တစ်ကူ ဝေဖန် ပိုင်းခြားလို့ မရပါဘူး…


ပိုက်ဆံ ရှင်းချိန်မှာ ပိုက်ဆံ အရင် ထုတ်ပြီး ရှင်းတဲ့သူဟာ… သူ ပိုက်ဆံ အရမ်း ချမ်းသာနေလို့မဟုတ်ဘူး…
သူက ဒီ သူငယ်ချင်း သံယောဇဉ် ကို ငွေကြေးထက် ပိုပြီး အလေးထား လို့ပါ…


အလုပ် လုပ်ချိန်မှာ အသိစိတ် နဲ့ ပိုပြီးကြိုးစား လုပ်တဲ့သူဟာ သူ အ နေလို့ မဟုတ်ဘူး… သူက တာဝန် သိတတ်လို့ပါ…

ရန်ဖြစ်တဲ့ အချိန်မှာ အရင်ဆုံး တောင်းပန်တဲ့ သူဟာ သူမှားနေလို့ မဟုတ်ဘူး… ကိုယ့်ဘေး က လူကို
သူ တန်ဖိုးထားရမှန်း သိနေလို့ပါ…


မင်းကို အမြဲ ကူညီနေတဲ့ သူဟာ မင်းဆီကနေ တစ်ခုခုပြန်ရဖို့ တောင့်တနေတာ မဟုတ်ဘူး…
မင်းကို သူငယ်ချင်း အစစ် တစ်ယောက် အနေနဲ့ တန်ဖိုးထားလို့ပါ…


မင်းကို အမြဲ မက်ဆေ့ခ်ျ့ ပို့ ဆက်သွယ်နေတဲ့ သူဟာ သူ အားယားနေလို့မဟုတ်ပါဘူး…
ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…




Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ................


 https://www.facebook.com/aungyunaing
Dr Shwe Tun ထံမှထပ်ဆင့်မျှဝေပါသည်။

No comments:

Post a Comment