06 April 2016

မလေးရှား အလည် ဗီဇာ အတွက် (အဲဗားဖိုင်း) သို့ပေးရသော (၅၇) ဒေါ်လာ အတွက် သက်ဆိုင်ရာ အေးဂျင့်နှင့် တာဝန်ရှိ သူများ သိစေလို...

U CHIT KAUNG's photo.
ယနေ့ ၅.၄.၂၀၁၆ မြန်မာပြည် မှ နံက် (၈း၃၀) အဲယားအေးရှ လေယာဉ်ဖြင့် အလည် လာရောက်ကြသော ရဟန်းတော် (၃) ပါး အား မလေးရှား (KILA 2) လေဆိပ် အင်မီဂရေးရှင်း အရာရှိများ မှ စာရွတ်၊ စာတမ်း အချက် အလက် အားလုံး ပြနိုင်ပါသော်လည်း (အဲဗားဖိုင်း) အေးဂျင့် မှ တစ်ဆင့် ထုတ်ပေးလိုက်သော ပြည်ဝင်ခွင့် ဗီဇာ များအား (အတု) ဟု သံသယဖြစ်၍ ရုံးခန်း ထဲတွင် (၄) နာရီကျော်မျှ ဖြေရှင်းခွင့် မပြုပဲ ထိုင်ခိုင်း ထားကာ အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားခြင်း ခံခဲ့ရပါသည်။

မလေးရှား အရာရှိများ အား စပွန်ဆာ ပို့ပေးသော နိုင်ငံသားနှင့် ဖုံးပြောပေးပါဟု တောင်းပန်သော်လည်း လက်မခံ ပဲ၊ အတူ လာသူ ရဟန်း (၃) ပါး ထဲမှ (၁) ပါး ကို လေဆိပ် အချုပ်ခန်း ထဲ ထည့်လိုက်ပါသည်။ ကျန် (၂) ပါး အားလည်း အချုပ်ခန်း ထဲ ထည့်ကာနီး မှ အတိုက်အခံ လုပ်၍ စပွန်ဆာပေးသော သူ့တို့နိုင်ငံ သားနှင့် ပေးပြော ပါသည်။ 

ရုံးခန်း အတွင်း (အဲဗားဖိုင်း) အေးဂျင့် မှ တစ်ဆင့် (၅၇) ဒေါ်လာပေးရသော ဗီဇာ အား အပြန်ပြန် အလှန်လှန် လက်သဲ များဖြင့် ကုတ်ခြစ်လိုက် အင်တာနက် ကနေ ပြန်စစ်လိုက် လုပ်ပြီး နောက်ဆုံး အချုပ်ခန်းထဲ ထည့်ထား ရန် စီစဉ်နေချိန် မှ နိုင်ငံသား တရုတ် (၂) ဦး မှ ကွန်ပလိန်း တက်လိုက်၍ (၃) ပါးလုံး အား နေ့ခင်း (၁) နာရီ မှ ထိုင်ခိုင်း ထားကာ ညနေ (၆) နာရီကျော်မှ သာ ထွတ်ခွင့် ပေးလိုက်ပါသည်။

 နောက်နောင် အမှန်အကန် အလည် လာကြမည့် မြန်မာများ အတွက် စိုးရိမ်မိ ပါသည်။ (အဲဗားဖိုင်း) အေးဂျင့် အား (၅၇) ဒေါ်လာ သေချာပေါက် ပေးရမည်ဖြစ်သော်လည်း မလေးရှား လေဆိပ် လူဝန်မှုကြီးကြပ်ရေး အရာရှိ များမှ ယနေ့လို မယုံ သင်္ကာဖြင့် အစစ်ဆေး ခံရလျှင် မည်သို့ ဖြေရှင်းပေးနိုင်ပါမည်နည်း၊ 

(၅၇) ဒေါ်လာပေး ရပြီး ကိုယ်ဖြစ် ကိုယ်ခံ ဆိုရင်တော့ အလွန် မတရား လွန်းရာ ကျပါသည်။ (အဲဗားဖိုင်း) အေးဂျင့် အနေဖြင့် ယခု ကိစ္စ အတွက် မလေးရှား သံရုံး မြန်မာပြည် သို့ အသိပေးသင့်ပါသည်။ ယင်းသို့ မလုပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများ မှ တာဝန်ယူမှု  တာဝန်ခံမှု ရှိအောင် ကြားဝင်ဖြေ ရှင်း ပေးစေ ချင်ပါသည်။


 
မလေးရှား သို့ အလည် လာရောက် လိုသော ရဟန်း (၁) ပါး အတွက် ဆောင်ရွတ်ရသော လုပ်ငန်း အဆင့်ဆင့်..

၁။ မလေးရှား နိုင်ငံ ဖက်မှ နိုင်ငံသားသော်၎င်း၊ မြန်မာနိုင်ငံသား (ပါမစ် ရှိသူ) ဖြစ်ပါက သက်ဆိုင်ရာ သူဌေး မှ ၄င်း ပင့်ဖိတ်စာ (စပွန်ဆာ) ပို့ပေးရပါမည်။
 

၂။ အဆိုပါ စပွန်ဆာ စာရွတ်ပေါ်တွင် ကွာလာလာမ်ပူ မြန်မာသံရုံး အရာရှိ မှ ဟုတ်မှန်ကြောင်း သံရုံ တံဆိပ် တုံးနှင့် လက်မှတ် ထိုးပေးရပါသည်။
 

၃။ မြန်မာသံရုံး တွင် ကြွရောက် လိုသော ရဟန်းတော် ၏ သာသနာဝင် မှတ်တမ်း မိတ္တူ  တစ်စုံ၊ ပါတ်စပို့ မိတ္တူ တစ်စုံနှင့် ပင့်ဖိတ်သော သူ၏ နိုင်ငံသားကတ် မိတ္တူ တစ်စုံပါ သံရုံးသို့ ပေးခဲ့ရပါသည်။
 

၎။ စပွန်ဆာ ရရှိပါက ကျောင်းထိုင် ဆရာတော်မှ ထောက်ခံစာရေးပေးရကာ သာသနာရေး ၀န်ကြီးဌာနသို့ ပြည်ပ ထွတ်ခွါခွင့် အတွက် ထောက်ခံစာ သွားရောက် လျှောက်ထားရပါသည်။
 

၅။ သာသနာရေးထောက်ခံစာ ရရှိ ပါက (အဲဗားဖိုင်း) အေးဂျင့် ရုံးသို့ သွား၍ (တဖန်) ကျောင်းထိုင် ဆရာတော် ၏ ထောက်ခံစာ၊ သာသနာဝင် မှတ်တမ်း မိတ္တူ  တစ်စုံ၊ အဆိုပါ သာသနာဝင် မှတ်တမ်း ကို ရှေ့၊ နောက် နိုတြီ ပြန် တစ်စုံ၊ လေယာဉ် လက်မှတ် အသွား အပြန်၊ စပွန်ဆာ စာရွတ် အပြည့်အစုံ ကို (အဲဗားဖိုင်း) အေးဂျင့်ရုံး တွင် လျှောက်ထားရပါသည်။
 

၆။ လေယာဉ် လက်မှတ် အသွား၊ အပြန် ၀ယ်ရ ပါသည်။
 

၇။ အလည် ဗီဇာ စတစ်ကာ ထဲတွင် (၆) ဒေါ်လာ ဟု တရားဝင်ရေးထားသော်လည်း (၅၇) ဒေါ်လာ (အဲဗားဖိုင်း) အေးဂျင့် ထံပေးသွင်း ရပါသည်။

 
ဤမျှရှုတ်ထွေးပွေလီ လှသော လုပ်ထုံး လုပ်နည်း များအား ဆောင်ရွတ် ၍ မလေးရှားနိုင်ငံသို့ လာရောက်သော် လည်း ပြည်ဝင်ခွင့် ပါမစ် အား (အတု) ဟုသံသယ အ၀င် ခံရခြင်းမှာ မည်သူ့တွင် အပြစ် ရှိပါသနည်း။




Crdt
Cariya Rama


U CHIT KAUNG
 

No comments:

Post a Comment