20 April 2016

ခေတ်ပေါ် စကြာဝဠာ အစ ယူဆချက်များ


ပရလောကမှ ရှားပါးမှတ်တမ်းများ's photo.


 ခေတ်ပေါ် ကော်စမိုလော်ဂျီ ပညာရပ်တွင်  စကြ၀ဠာကြီး စတင်ဖြစ် ပေါ်လာပုံ သီအိုရီ တစ်ရပ် မှာလည်း ထင်ထင် ရှားရှား ပင်တည်ရှိနေသည်။ ယင်း သီအိုရီ သည်ကား ဘစ်ဂ်ဘန်း (Big Bang) ခေါ် ပြန့် ကားနေသော စကြ၀ဠာ သီအိုရီ ပင်ဖြစ် သည်။ 

ယင်း သီအိုရီသည် အက်ဒွင် ပိုးဝယ်ဟတ်ဘယ်လ် (Edwin Powell Hubble) ၏လေ့လာမှုများမှ ဖြစ် ပေါ် လာခြင်း ဖြစ်သည်။ ဟတ်ဘယ် ၏ လေ့လာမှုများမှ ယခုမြင်တွေ့ နေရသော ကြယ်များ၊ ကြယ်စုကြီး များ သည် တစ်ခုနှင့် တစ်ခုခွဲဖြာကာ ဝေးရာဘက်ဆီ များသို့ အလွန် ကြီးမား သော အလျှင် များဖြင့် ပြန့် ကားရွေ့ လျား နေကြသည်ဆိုသည်။ 

ယင်း အချက် မှ မူတည်လျက် ပြန့်ကားနေသော စကြ၀ဠာ သီအိုရီပေါ် ပေါက်လာခြင်း ဖြစ်သည်။ ယင်း သီအိုရီ အရ စကြ ၀ဠာကြီး သည် လွန်ခဲ့သည့် (၁၅) ဘီလီယံ မှ အစပြုခဲ့သည် ဆိုသည်။ စကြ၀ဠာကြီး ၏ မူလ အစတွင် အချိန်နှင့် အာကာသ ဟင်းလင်းပြင် တို့သည် လည်း တည်ရှိ မနေပေ။ 

ထိုစဉ် တွင် အလွန့်အလွန်သေးငယ် (အက်တမ် တစ်လုံးထက် အဆပေါင်းမြောက်မြား စွာသေးငယ်သည်) ပြီးဒြပ်ထု အားဖြင့် အနန္တ ရှိကာ အနန္တ စကြာဝဠာ အတွင်းရှိ အရာ အားလုံး ပါဝင်သည့် မီးလုံးငယ် (Fire Ball) တစ်ခု သည် ပြင်းထန်စွာပေါက်ကွဲခဲ့သည်ဆိုသည်။ 

ယင်း သီအိုရီ အရ စကြာဝဠာ သည် မည်သည့် အတွက်ဖြစ်ပေါ်လာ သည်ကို လည်းကောင်း၊ စကြာဝဠာ မဖြစ်ပေါ်ခင် က မည်သို့ တည်ရှိနေခဲ့သည်ကို လည်းကောင်း၊ ရှင်းပြနိုင်ခြင်း မရှိပါ။ သို့သော် စကြ၀ဠာကြီး မည်သို့ စတင်ဖြစ်ပေါ်လာသည် ကို အတိုင်း အတာ တစ်ခု ရှင်းပြနိုင်ခြင်းရှိပါသည်။ 



ယင်းပေါက်ကွဲမှု မှ လွင့်စင် ထွက်လာသော ရုပ်ဝတ္ထု ပစ္စည်း မှန်သမျှသည် ဦးတည်ရာ ဘက် အားလုံးသို့ လွင့် စင်ပြန့်ကားနေသည် မှာ ယနေ့တိုင်ပင်ဖြစ်သည်။ တစ်နည်း ဆိုသော် ယခု လွင့်စင်ပြန့်ကားနေသော စကြ၀ဠာ အတွင်း ရှိ ရုပ်ဝတ္ထု မှန် သမျှသည် မူလရွှေ့လျား ရာလမ်းကြောင်း သို့ နောက်ပြန် လှည့်လာ မည် ဆိုပါက အမှတ်စက်တစ်ခု ၌ြ ပန်လည် စုဆုံကြမည်ဟု ဆိုသည်။ 

မူလ အစတွင် မီးဘောလုံး အဆင့်တွင် တည်ရှိနေချိန် ၌ စကြာဝဠာ ဟူ၍ မတည်ရှိ သေးသည့်နည်းတူ အချိန် (Time)နှင့် ဟင်းလင်းပြင် (Space) တို့သည်လည်း တည်ရှိနေခြင်း မရှိသေးပေ။ (တစ်စက္ကန့် ၏ (၁) နောက် တွင် သုည (၃၄) လုံး ပုံ တစ်ပုံ) အချိန်အတွင်း မှ စ၍ စကြာဝဠာကြီး စတင် ဖြစ်ပေါ်လာခဲ့သည်ဆိုသည်။ 

ထို အခါမှ စ၍ အချိန်နှင့် ဟင်းလင်းပြင် တို့သည် လည်း စတင်ပေါ်ပေါက်လာခဲ့သည်။ ထို အချိန်၌ စကြာဝဠာ ၏ အပူချိန် မှာလည်း ၁၀၃၂ ဒီဂရီ ဆဲလ်စီးယတ် အထိ ပူပြင်းနေသည်။ ထိုမှ (၁၀) ဘီလီယံ ဆဲလ်စီးယတ် သို့ အေးလာသည်။ 

ထိုအခါ တွင် လေးလံသောဒြပ်များ စတင်ဖြစ်ပေါ်လာသည်။ ပေါက်ကွဲမှုဖြစ်ပြီး နောက် အနှစ် (၃၀၀၀၀၀၀၀) ခန့် အကြာတွင် ကား စကြာဝဠာ ၏ အပူချိန်သည် (၃၀၀၀) ဒီဂရီ ဆဲလ်စီးယတ် ခန့် အထိ ကျဆင်းလာ သည်။

 ပေါက် ကွဲမှုဖြစ်ပြီး (၁) ဘီလီယံနှစ် အကြာ တွင် စကြာဝဠာ ၏ အပူချိန်သည် (-၂၀၀) ဆဲလ်စီးယတ် ခန့် အထိ ကျဆင်း သွားခဲ့ပြီး ပထမဦးဆုံးသောကြယ် များနှင့် ကြယ်စု (Galaxy) များ စတင်ဖြစ်ပေါ်လာ သည်။ 

ထို့နောက် ဆက်လက် အပူချိန် ကျဆင်း ကာ နောက်ဆုံးဂြိုဟ် များဖြစ်ပေါ်လာခဲ့သည်ဆိုသည်။ ဤ ကား ခေတ်ပေါ် သိပ္ပံပညာ ၏ လေ့လာ ဆန်းစစ်မှုများမှ ထွက်ပေါ်လာခဲ့သော အယူအဆဖြစ်သည်။ 

ယင်း သီအိုရီနှင့် ပတ်သက်၍ ကမ္ဘာကျော် သိပ္ပံပညာရှင် အမေရိကန်နိုင်ငံသား စတီဖင်ဟော့ကင်း ၏ အမြင် သည် လည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း အမြင်
ကျွန်တော့် အမြင် အရတော့ စကြ၀ဠာကြီး ဟာ အလွန် ပူပြင်းတဲ့ ပေါက်ကွဲမှုကြီးက စလာ တာ ဆိုတာ ကတော့ သေချာ ပါတယ်။ ဒီ စကြာဝဠာကြီး ဟာ အမြဲ တမ်းပြန့်ကားနေမှာလား၊ ဒါမှ မဟုတ် ဘယ်လို အဆုံး သတ်မှာလဲ၊ ဆိုတာတွေ နဲ့ပတ်သက် လို့တော့ ကျွန်တော် အသေ အချာမပြောနိုင်ပါဘူး။ 


ဒါပေမဲ့ စကြ၀ဠာ ပြန့်ကားနေတဲ့အတွက် အရာအားလုံး ကို လွင့်စင် ထွက်စေလျက် ရှိပါတယ်။ အဲဒီဖြစ်စဉ် နဲ့ တစ်ဆက်တည်း မှာဘဲ စကြ၀ဠာ အတွင်းဒြပ်ဆွဲအား ကလည်း ယင်းပြန့်ကားလွင့်စင်နေတဲ့ အရာတွေ ကို ပြန်လည်ပေါင်းစည်း ဖို့ အမြဲတန်း ဆွဲငင်နေတာလည်းဖြစ်ပါတယ်။ 

ဒါကြောင့် ကျွန်တော်တို့ လူသားတွေ ရဲ့ အနာဂတ် ကတော့ ဒီ လွန်ဆွဲနေတဲ့အားနှစ်ခု ဘယ် သူကနိုင်မလဲ ဆိုတာပေါ်မှာ ဘဲ တည်မှီနေပါတယ် ဟုဆိုခဲ့သည်။

ရင်ဝ သို့ စူးဝင်နေသောမြား အား လှစ်လျှူရှု ထားခဲ့သူ
အထက်ဖော်ပြပါ တို့မှာ စာရေးသူလေ့လာ သိရှိရသော ဘာသာရေး ဆိုင်ရာ ဖန်ဆင်းခြင်း အယူအဆ များနှင့် အာကာသ သိပ္ပံပညာရပ် တို့တွင် တည်ရှိနေသော သီအိုရီတို့ဖြစ်သည်။ 


စကြာ ၀ဠာကြီး စတင်ဖြစ်ပေါ်လာပုံ အား ဘာသာရေးဆိုင်ရာ အယူ အဆများနှင့် မိရိုးဖလာ ယုံကြည် ကိုးကွယ် မှု များကား အများအပြားပင် ကျန်ရှိနေသေး သည်။ သို့သော် စာရေးသူ ကား အထက်ဖော်ပြပါ အတိုင်း ရင်ဝ သို့ စူးဝင်နေသောမြား အား ထုတ်ယူရန် မကျိုးစား ဘဲမြား ၏ လားရာ၊ မြား အား ပစ်လွှတ်သူ တို့ကို သာ ရှာဖွေမြဲ ရှာဖွေလျက်ရှိနေတော့သည်။ 

သို့အတွက် ဤဆောင်းပါး အား မြတ်စွာဘုရား ၏ ဟောဖော်ညွှန်ပြခဲ့သောမင်္ဂလာ တရား တစ်ခုနှင့်သာ နိဂုံးချုပ် ရမည်ဖြစ်ပါ သည်။ 

ဗဟုသစ္စဉ္စ မင်္ဂလံ။ များပြားသော အကြားအမြင် ရှိခြင်းသည် မင်္ဂလာ မည်၏။


မှီငြမ်း ကိုးကား စာအုပ်များနှင့် ၀က်ဘ်ဆိုက်များ
- http://www.cs.williams.edu/~lindsey/myths/myths_16.html
- http://www.painsley.org.uk/re/signposts/y8/1-1creationan denvironment/c-hindu.htm

‪#‎ကိုဆွေ‬

ပရလောကမှ ရှားပါးမှတ်တမ်းများ

No comments:

Post a Comment